Category: News
-

အင်းတော်မြို့အနီးတိုက်ပွဲ စစ်တပ်အထိနာပြီး ဗုံးကြဲနေ
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကနေ မဲဇာကျေးရွာဘက် ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အထိနာပြီး နောက် လေကြောင်းကနေ ဗုံးကြဲပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ စုံစမ်းသိရပါတယ်။ စစ်တပ် တပ်စွဲထားတဲ့ ပေပင်ကျေးရွာကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို မနေ့က မေလ ၁၃ရက်ညပိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။ ” စကစတွေက အင်းတော်ကနေ မဲဇာဘက်ကို ထိုးဖို့ ကြိုးစားနေတာ။မနေ့ညကလည်း တိုက်ပွဲပြင်းထန်ပြီး ဂျက်ဖိုက်တာသုံးစီးနဲ့ ဗုံးကြဲသွားတယ်”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်က ဂျက်ဖိုက်တာသုံးစီးနဲ့ ဗုံး ခြောက်လုံးကြဲသွားတာဖြစ်ပါတယ်။ ဒီနေ့ မေလ ၁၄ရက် မနက်ပိုင်းမှာလည်း စစ်ကြောင်း ပြန်ထွက်လာလို့ တိုက်ပွဲဆက်ဖြစ်နေသလို ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ်သတိပြုကြဖို့ကိုလည်း တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။ အင်းတော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကျောင်းသားတပ်မတော်(ABSDF)နဲ့PDF ပူးပေါင်းတပ်တွေက ၂၀၂၅ ဧပြီ…
-

၁၄ နှစ်အရွယ်ကောင်မလေးတယောက်အဖြစ်ဟန်ဆောင်ပြီး အလယ်တန်းကျောင်းသားတွေကိုလိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့သူ
၁၄ နှစ်အရွယ်ကောင်မလေးတယောက်အဖြစ်ဟန်ဆောင်ပြီး အလယ်တန်းကျောင်းသားတွေကိုလိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တဲ့ ၂၄ နှစ်အရွယ်အမျိုးသမီး လူမှုကွန်ရက် (Social Media) ဆိုတာ ကမ္ဘာကြီးကို ဆက်သွယ်ပေးတဲ့ နေရာတစ်ခုပါ။ ဒါပေမဲ့ တစ်ခါတလေမှာ အဲ့ဒီ”ဆက်သွယ်မှု” ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ လှည့်စားမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါ (Florida) ပြည်နယ်၊တမ်ပါ (Tampa) မြို့က သတင်းတစ်ပုဒ်ဟာ ပြည်သူတွေကို အကြီးအကျယ်တုန်လှုပ်သွားစေခဲ့ပါတယ်။ သာမန် အသက် ၂၀ကျော်အရွယ် အမျိုးသမီးတစ်ယောက်ဟာ၊ အွန်လိုင်းမှာ ၁၄ နှစ်အရွယ်ကျောင်းသူလေးအဖြစ် ဟန်ဆောင်ပြီးအပြစ်မဲ့တဲ့အလယ်တန်းကျောင်းသားလေးတွေကို လှည့်စားခဲ့တယ်ဆိုတဲ့ အဖြစ်အပျက်ပါပဲ။ သူမနာမည်က Alyssa Ann Zinger (အယ်လီဆာအန်း ဇင်ဂါ) ပါ။ အဖမ်းခံရချိန်မှာ သူမဟာ အသက် (၂၂) နှစ် (လက်ရှိ ၂၄…
-

Non-CDM ဝန်ထမ်းများ၏ ဖုန်းနှင့် ကွန်ပျူတာများကို MAC Address မှတ်ပုံတင်ခိုင်း
နေပြည်တော် စစ်ရုံးနှင့် ဝန်ကြီးဌာနအချို့တွင် သတင်းပေါက်ကြားမှုကို အရေးယူရန်အတွက် Non-CDM ဝန်ထမ်းများ၏ ဖုန်းနှင့် ကွန်ပျူတာများကို MAC Address မှတ်ပုံတင်ခိုင်းပြီး စောင့်ကြည့်နေ နေပြည်တော်ရှိ စစ်ရုံးချုပ်နှင့် အချို့သော ဝန်ကြီးဌာနရုံးများတွင် အရာရှိများနှင့် ဝန်ထမ်းများ၏ ကိုယ်ပိုင်လက် ကိုင်ဖုန်းများ၊ ကွန်ပျူတာများမှတစ်ဆင့် သတင်းပေါက်ကြားမှုကို ထိန်းချုပ်ရန်အတွက် စက်ပစ္စည်းတစ်ခုချင်းစီ၏ Media Access Control- MAC Address များကို မဖြစ်မနေ မှတ်ပုံတင်ခိုင်းကာ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောကြားသည်။ စစ်တပ်က ဝန်ကြီးဌာနအတွင်း ရုံးတွင်းလျှို့ဝှက်ချက်များနှင့် သတင်းအချက်အလက်များ အပြင်သို့ ပေါက်ကြားမှုကို ဟန့်တားရန်အတွက် နည်းပညာပိုင်းဆိုင်ရာ ထိန်းချုပ်မှုများကို တိုးမြှင့်လုပ်ဆောင်လာခြင်း ဖြစ်သည်။ Non-CDM အရာရှိနှင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ ကွန်ပျူတာ၊ ဖုန်း စက်ပစ္စည်း (Hardware)…
-

လောင်းကစားဝိုင်းများထံ ငွေတောင်းရမ်းခဲ့သော မွန်ပါတီ နယ်ထိန်းနှင့် အုပ်ကြီးလောက်ပင် အဆင့်မရှိဟုဆို
လောင်းကစားဝိုင်းများထံ ငွေတောင်းရမ်းခဲ့သော မွန်ညီညွတ်ရေးပါတီ၏ ဂုဏ်သိက္ခာမှာ နယ်ထိန်းနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများလောက်ပင် အဆင့်မရှိတော့ကြောင်း ဒေသခံအချို့က ဆိုသည်။ မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ရန်ဆိုသည့် ခေါင်းစဉ်ဖြင့် မွန်ညီညွတ် ရေးပါတီမှ တရားမဝင် ရွေးကောက်ခံ လွှတ်တော်အမတ်များနှင့် ပါတီဝင်တို့သည် ပေါင်မြို့နယ်အ တွင်းဖွင့်လှစ်နေသည့် လောင်းကစားဝိုင်းများထံ မေ ၈ ရက်နှင့် ၉ ရက်တို့၌ လိုက်လံတောင်းရမ်းခဲ့သည့် အပေါ် ဒေသခံပြည်သူတို့က နှုတ်ခေါင်းရှုံ့ခဲ့ကြသည်။ “၁၀ ရက်မှာ မွန်ညီညွတ်ရေးပါတီ ဗဟိုက လူကြီးတွေက ပေါင်က လိုက်တောင်းရမ်းတဲ့သူတွေကို ခေါ်တွေ့တယ်လို့ သိရတယ်။ ဘာတွေပြောသလဲတော့ မသိဘူး။ မီဒီယာမှာ ဟိုးလေးတကျော် ပါထား တဲ့ကိစ္စကို ဘာမှပြန်မဖြေရှင်းဘူးဆိုတော့ ဒီလိုတောင်းရမ်းတာကို ပါတီဗဟိုကလည်း သဘောတူ တယ်လို့ မှတ်ယူရမယ်”ဟု ဒေသတွင်းပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။…
-

ထမကြည့်နိုင်တော့တဲ့ အဘ
“အဘရေ ထ ကြည့်ပါအုံး ဆိုပေမယ့် ထမကြည့်နိုင်တော့တဲ့ အဘ ရဲ့အဖြစ်ဆိုး” တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်မှုအတွင်းသေဆုံးသွားတဲ့စစ်ကောင်စီတပ်ကအရာရှိဆိုသူကို စစ်သားတယောက်က ပွေ့ပြီး အဘရေထကြည့်ပါအုံးဆိုပြီး လှုပ်နှိုးအော်ဟစ်နေတဲ့မြင်ကွင်းပါ။ လေကြောင်းကိုသာအဓိကအားကိုးပြီးတိုက်ခိုက်နေရတဲ့စစ်ကောင်စီတပ်ရဲ့ တပ်ဖွဲ့ဝင်တွေဟာ မြေပြင်စစ်မျက်နှာပြင် ရှေ့တန်းမှာ အများအပြားသေဆုံးနေပါတယ်။ ဒါပေမယ့် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေကတော့ ပေါ်တာဆွဲပြီး လူငယ်တွေနဲ့ စစ်အင်အားဖြည့်တင်းနေသလို စစ်မှုထမ်းနဲ့ရှေ့တန်းရောက်လာတဲ့ လူငယ်အများအပြား သေဆုံးနေကြရပြီး တော်လှန်ရေးအင်အားစုတွေဆီ အများအပြားဘက်ပြောင်းခိုလှုံနေကြပါတယ်။ (ရုပ်သံအဟောင်းဖြစ်သည်)