Category: News
-
ငမိုးရိပ်ဆည် ရေပြည့်မှတ်ထက် တစ်ပေခွဲနီးပါးကျော်နေပြီ
ငမိုးရိပ်ဆည် ရေပြည့်မှတ်ထက် တစ်ပေခွဲနီးပါးကျော်၊ ရေပိုလွှဲမှ ရေများကျော်လွန်စီးဆင်းနေ ရန်ကုန်တိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် လှည်းကူးမြို့နယ်ရှိ ငမိုးရိပ်ရေလှောင်တမံ၏ ရေမှတ်သည် သတ်မှတ်ရေပြည့်မှတ်ထက် ကျော်လွန်လာပြီး ဆည်အောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်လာမည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ စက်တင်ဘာ ၁ ရက် နံနက် ၆ နာရီ တိုင်းတာချက်အရ ငမိုးရိပ်ရေလှောင်တမံတွင် ရေမှတ် ၁၀၈ ဒသမ ၄ ပေသို့ ရောက်ရှိနေပြီး သတ်မှတ်ရေပြည့်မှတ် ၁၀၇ ပေထက် ၁ ဒသမ ၄ ပေခန့် ကျော်လွန်နေကြောင်း သိရသည်။ လက်ရှိတွင် ငမိုးရိပ်တမံ၏ ရေပိုလွှဲမှ ရေထုစီးဆင်းနှုန်းမှာ တစ်စက္ကန့်လျှင် ၉၃၀ ကုဗပေခန့်ရှိနေပြီး မိုးဆက်လက်ရွာသွန်းပါက ဆည်အောက်ပိုင်းရှိ ချောင်းများနှင့် မြေနိမ့်ပိုင်းဒေသများတွင် ရေတက်လာနိုင်ခြေရှိနေသည်။ အထူးသဖြင့် ငမိုးရိပ်ချောင်းတစ်လျှောက်ရှိ…
-
မိုးရွာထဲ လမ်းလျှောက်ရာက အဖြစ်ဆိုးနဲ့ကြုံလိုက်ရတဲ့ မိန်းကလေး ၂ ဦး
မိုးရွာထဲ လမ်းလျှောက်ပြန်လာရာက မိုးကြိုးစက်ကွင်းမိလို့ ကျောင်းသူ ၁ ဦး အပါအဝင် မိန်းကလေး ၂ ဦး သေဆုံး ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်မှာ မိုးကြိုးစက်ကွင်းမိလို့ ကျောင်းသူ ၁ ဦး အပါအဝင် မိသားစု ၃ ဦး မိုးကြိုးထိမှန်ပြီး မိန်းကလေး ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ် ၃၀ ရက်နေ့ ညနေ ၆ နာရီခန့်က ဖြစ်ပွားခဲ့တာလို့ သိရပြီး ရန်ကုန်မြို့၊ သုံးခွမြို့နယ်၊ စီကြီးကုန်းကျေးရွာနဲ့ ရေပေါ်ကန်ကျေးရွာအကြားမှာ လမ်းလျှောက်လာတဲ့ မိသားစု ၃ ဦးကို မိုးကြိုးစက်ကွင်း ထိမှန်ခဲ့တာလို့ ဆိုပါတယ်။ “မိုးရွာထဲ သားအဖ ၃ ယောက် ပြန်လာတာမှာ သစ်ပင်ကို မိုးကြိုးပစ်တာ။ မိုးထဲ လမ်းလျှောက်ပြန်လာရင်း…
-

တွဲကားနဲ့ ဆီဘောက်ဆာ ဝင်အောင်းလို့ ဘုန်းကြီးကျောင်းနဲ့ တည်းခိုခန်းပါ ကြုံလိုက်ရတဲ့ အဖြစ်ဆိုး
တွဲကားနဲ့တိုက်ပြီး ဆီဘောက်ဆာ မီးလောင်ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် တည်းခိုခန်းပါ မီးကူးစက် ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့ရဲ့ မနက်ခင်းအာရုဏ်တက်ချိန်ဟာ တောင်ငူမြို့ခံတွေအတွက်တော့ ရင်ထိတ်စရာ မြင်ကွင်းတစ်ခုနဲ့ စတင်ခဲ့ရပါတယ်။ မနက် ၅ နာရီ ၅၅ မိနစ်အချိန်… လူသူရှင်းလင်းဆဲ အချိန်လေးမှာ တောင်ငူမြို့ရဲ့ အန္တရာယ်အများဆုံးလို့ နာမည်ကြီးတဲ့ အမှတ် (၉) ရပ်ကွက်၊ ရွှေဘိုလေးကွေ့မှာ ကြီးမားကျယ်လောင်တဲ့ ယာဉ်တိုက်မှု အသံကြီးတစ်ခုနဲ့အတူ ကြောက်မက်ဖွယ် မီးတောက်ကြီးတွေ ရုတ်တရက် ထွက်ပေါ်လာခဲ့ပါတယ်။ ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း မန္တလေးဘက်ကနေ ဆင်းလာတဲ့ နစ်ဆန်း (Nissan) လိမ္မော်ရောင် တွဲကားကြီးနဲ့ ရန်ကုန်ဘက်ကနေ တက်လာတဲ့ ဒေါင်းဖင်း (Dongfeng) အဖြူရောင် ဆီဘောက်ဆာကားကြီးတို့ဟာ အဲဒီအကွေ့မှာတင် ကံဆိုးစွာ မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြတာပါ။ တွဲကားရဲ့နောက်ပိုင်းနဲ့…
-
အောင်လံမှာ ပေါ်တာလာဆွဲတဲ့ကားကို ဒဲ့ အုံး
အောင်လံတွင် ပေါ်တာဆွဲရန်လာသော ကားတည့်တည့် PDF မိုင်း ထိမှန် မကွေးတိုင်း၊အောင်လံမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် ပေါ်တာဆွဲရန်လာ သော ကား၁စီးတည့်တည့် မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း သရက်ခရိုင်အမှတ်၂တပ်ရင်းထံက သိရသည်။ ဩဂုတ်၃၀ရက်၊နံနက် ၉နာရီခန့်တွင် အောင်လံနှင့် ပြည်မြို့ကြားရှိ ငါးပြင်းကျေးရွာ မြောက် လမ်းပေါက်တွင် စစ်သားများ လိုက်ပါလာသည့် အိမ်စီးကား၂ စီးအနက် တစ်စီးကို မိုင်းဆွဲနိုင်ခဲ့ခြင်းဖြစ် ပြီး ထိခိုက်မှုများ ရှိကြောင်း သိရသည်။ “ရှေ့ကားထိတာပါ။ အရပ်သားကားက ကပ်ပါလာတော့ ရှောင်ဆွဲလိုက်ရတယ်”ဟု သရက်ခရိုင်အ မှတ်၂ တပ်ရင်းမှ သတင်းတပ်ကြပ် ရဲဘော်မောင်ကြီးက ပြောသည်။ မိုင်းဆွဲခံရပြီးနောက် ပျက်စီးသွားသည့်ကားကို ပြန်လည်ဆွဲယူကာ ထွက်ပြေးသွားကြပြီး ပြန်လည်ပစ် ခတ်ခြင်းမျိုး မရှိကြောင်း သိရသည်။ “ရှေ့ထွက်မိုင်းတစ်လုံးပဲ ဆွဲလိုက်ရတယ်။ အနည်းငယ်ပစ်ခတ်လိုက်ရတယ်။ အရပ်သားကားက ကြားထဲမှာရှိနေလို့ သိပ်မလုပ်လိုက်ရဘူး။လွတ်လွတ်ကျွတ်ကျွတ်ဆိုရင်…
-
တစ်လ တစ်သိန်းခွဲနဲ့ အိမ်ငှားပြီး အလှူခံထွက်နေတဲ့ ဂိုဏ်း
တစ်လ (၁) သိန်းခွဲဖြင့် အိမ်ငှားပြီး အလှူခံထွက်နေသည့် ဂိုဏ်းကို အမြစ်ပြတ်ရှင်းလင်း..ခေါင်းဆောင်ဖြစ်သူကို ဆက်လက်ရှာဖွေနေ ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းနေတဲ့ အချိန်ကာလမှာတောင် သာသနာကို ခုတုံးလုပ်ပြီး အလှူငွေကို လိမ်လည်ရှာဖွေစားသောက်နေတဲ့ အလွန်ရုပ်ဆိုး အကျည်းတန်လှတဲ့ ဖြစ်စဉ်တစ်ခု ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်မှာ ပေါ်ပေါက်ခဲ့ပါတယ်။ အရင်တစ်ကြိမ်က သက်ညှာစွာနဲ့ ခံဝန်လက်မှတ်ထိုးပြီး လွှတ်ပေးလိုက်တာကို ကျေးဇူးမတင်တဲ့အပြင် အကြံပိုင်ပိုင်နဲ့ ပိုမိုဆိုးသွမ်းလာတဲ့ အလှူခံလိမ်လည်ဂိုဏ်းတစ်ခုကို သြဂုတ်လ ၃၁ ရက်နေ့မှာ သက်ဆိုင်ရာက အမြစ်ပြတ် ဖမ်းဆီးအရေးယူလိုက်ပြီ ဖြစ်ပါတယ်။ ဖြစ်စဉ်အစက ဒီလိုပါ… ဒီအလှူခံဂိုဏ်းဟာ အရင်ကတည်းက ပေါက်တောကျေးရွာမှာ လိမ်လည်အလှူခံလို့ ဖမ်းမိဖူးတဲ့ အဖွဲ့ဖြစ်ပါတယ်။ အဲဒီအချိန်က အစိမ်းရောင်ဗီနိုင်းတွေကို သိမ်းဆည်းပြီး မြို့နယ်အတွင်းကနေ ချက်ချင်းထွက်ခွာဖို့ ခံဝန်လက်မှတ်ထိုး စေလွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဟာ မြို့နယ်ထဲက…