Category: News
-
၈ နှစ်နဲ့ ၁၄ နှစ် ညီအစ်မ ၂ ယောက်ကို #%ပြုကျ-င့်ခဲ့သူ
ကျောက်တော်တွင် အသက်မပြည့်သေးသည့် ညီအစ်မ ၂ ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူအား ဖမ်းဆီး တရားစွဲဆို ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မ နှစ်ဦးအား အဓမ္မပြုကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ကျူးလွန်ပြီး နှစ်လကျော် ထွက်ပြေးလွတ်မြောက်နေသည့် တရားခံ ဦးမောင်အေးလှ ၅၅ နှစ် ကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) က ဖမ်းဆီးရမိခဲ့ပြီး မြောက်ဦးခရိုင် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ကြောင်း အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ကျောက်တော်မြို့နယ် ဇီးချောင်းဆည် မြောက်ဘက် ရမ်းချောင်းတောအတွင်းရှိ ဥယျာဉ်ခြံတစ်ခု၌ မိသားစုလိုက် ခြံစောင့်၊ နွားကျောင်းအလုပ် လာရောက်လုပ်ကိုင်သူ မိသားစု၏ အသက် ၁၄ နှစ်အရွယ် သမီးကြီးဖြစ်သူအား ပြီးခဲ့သည့်…
-
မင်းတို့ လန ချ အလံဖြူထောင်မစိုးလို့ သင်္ဘောနဲ့ ပို့တာလေကွာ
ရွှေကူတွင် အလံဖြူထောင်အညံ့ခံခဲ့သည့် စစ်သင်္ဘောများပေါ်တွင် စစ်သားနှင့်မိသားစုဝင် ၁၀၀ ကျော်လိုက်ပါလာ၊ အကြမ်းဖက်စစ်တပ်၏ လေကြောင်းဒဏ်မသင့်စေရန် KIA နှင့် PDF ပူးပေါင်းတပ်များမှ ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ရေယာဥ်အုပ်စုကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီးတဲ့နောက် လက်နက်ချ၊ အလံဖြူထောင်တဲ့ စစ်သားနဲ့မိသားစုဝင် ၁၀၀ကျော်ကို လေကြောင်းရန်မသင့်အောင် ဘေးလွတ်ရာရွှေပြောင်းပေးခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ စက်တင်ဘာလ ၂ရက်၊ ဒီနေ့မနက်ပိုင်းက ရွှေကူမြို့နယ်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို ဇင်းဘုံရွာပတ်ဝန်းကျင်နဲ့ စင်းခန်းစခန်းမရောက်ခင်မှာ KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကြောင့် စစ်သင်္ဘောအကြီး ၁စီးဟာ ရေထဲနစ်မြုပ်သွားပြီး အခြားသင်္ဘောငယ် ၂ စီးလည်း မီးလောင်ပျက်စီးခဲ့သလို အကြမ်းဖက်စစ်သားအများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ နစ်မြုပ်သွားတဲ့ အဆိုပါသင်္ဘောကြီးအတွင်းကနေ ကုန်ပစ္စည်းတွေနဲ့အတူ…
-
ထားဝယ် ပျုခေါင်းလင်မယားရဲ့ ငရဲသွားတောလား (ရုပ်သံ)
ထားဝယ်မှာ ပျူစောထီးခေါင်းဆောင် လင်မယား ၂ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ရှင်းလင်း တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကြက်စာပြင်ရပ်ကွက်မှာ နေထိုင်တဲ့ ပျူစောထီးခေါင်းဆောင် လင်မယား ၂ ဦးကို တော်လှန်ရေးအဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Special Guerrilla Force – အထူးပြောက်ကျားတပ်ဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက် ည ၈ နာရီဝန်းကျင်ခန့် ကြက်စာပြင်ရပ်ကွက်နေ ပျူစောထီးခေါင်းဆောင် ထွန်းဝင်း(ခ)လူမဲနဲ့ ဇနီးဖြစ်သူတို့ကို ၎င်းတို့နေထိုင်ရာ နေအိမ်မှာ အလစ်ဝင်ရောက် တိုက်ခိုက်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဝင်ရောက်ရှင်းလင်းအပြီးမှာ ပျူစောထီးခေါင်းဆောင်ထံမှ ပစ္စတိုသေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည် ၂၈ တောင့်၊ စကားပြောစက် ၁ လုံး၊…
-
ဧရာဝတီမြစ်အတွင်းက အယ်ဘတို့ ကျတဲ့မျက်ရည်
စစ်သင်္ဘောပေါ်ကအလံဖြူထောင်တဲ့ စစ်သား ၁၀၀ ကျော်ကို KIA ပူးပေါင်းတပ်ကလုံခြုံရာပို့ဆောင် ကချင်ပြည်နယ်ရွှေကူ-ဗန်းမော်ကြားအလံဖြူထောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လုံခြုံဘေးကင်းရာ ပို့ဆောင်ပေးခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စက်တင်ဘာ ၂ ရက် မနက်အစောမှာ တက်လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောအပါအဝင် စစ်ကောင်စီသင်္ဘော ၄ စီး လုံး၀ ပျက်စီးသွားပြီး စစ်သုံ့ပမ်းတွေများစွာ အလံဖြူထောင်လက်နက်ချခဲ့ပါတယ်။ အလံဖြူထောင်တဲ့ စစ်ကောင်စီသင်္ဘောဟာ စင်းခန်းတံတားအနီးမှာ ထိခိုက်ပျက်စီးခဲ့တဲ့သင်္ဘောဖြစ်ပြီးစစ်သား ၆၀ ကျော် ပါဝင်တယ်လို့စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ “ပျက်စီးသွားတဲ့ သင်္ဘောပေါ်က အလံဖြူထောင်အလင်းဝင်လာတာက ၆၀ ကျော်တယ်။ အဲဒီမှာ စစ်မေတွေလည်းပါတယ်။” လို့ သူက ပြောပြပါတယ်။ ဒါ့အပြင် အခြားစစ်သင်္ဘော တစ်စီးကလည်း အလံဖြူထောင်လက်နက်ချသူတွေရှိပြီး စစ်သုံ့ပန်း…
-
ဗန်းမော်လာတဲ့ သင်္ဘောတွေက အမြင်မှန် ရကုန်ပြီ
ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ထွက်ခွာလာသော စစ်သင်္ဘောအုပ်စုကို KIA ပူးပေါင်းတပ်များက တောက်လျှောက်တိုက်ခိုက်မှု သင်္ဘော ၄ စီး ထိခိုက်ပျက်စီးသွားပြီးနောက် စစ်သင်္ဘော ၂ စီး ကမ်းကပ်အလံဖြူထောင် အလင်းဝင်သူ စစ်သား ၁၀၀ ကျော်ရှိပြီး ရေထဲသို့ ခုန်ချ ရေကူးထွက်ပြေးသော စစ်သားများလည်းရှိ ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဗန်းမော်မြို့သို့ စစ်အင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းရန် ဆန်တက်လာသော အကြမ်းဖက်စစ်တပ်၏ စစ်ရေ ယာဉ်အုပ်စုကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက လမ်းတစ်လျှောက် တောက် လျှောက်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၃ စီး ထိခိုက်ပျက်စီးသွားပြီး ကျန်သင်္ဘော ၂ စီးမှာ ကမ်းဘေးသို့ကပ်ကာ အလံဖြူထောင်လိုက်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ…