Category: News
-

ရေးဘီလူးနဲ့ KNLA ပေါင်းဒွမ်တဲ့ ရေဖြူပွဲ
ရေဖြူ၌ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွား၊ စစ်အုပ်စုဘက်မှ ထိခိုက်မှုရှိဟုဆို တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်နှင့် ရေးဘီလူးတပ်ရင်းတို့က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲသည် ယမန်နေ့ နံနက် ၅ နာရီခွဲအချိန်၌ ကျွဲတလင်းရွာအတွင်း မိနစ် ၃၀ ခန့်ကြာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့ (စက်တင်ဘာလ ၃ ရက်) ညပိုင်းတွင် ရေးဘီလူးတပ်ရင်းက သတင်းထုတ်ပြန်သည်။ အလားတူ ထိုနေ့ နံနက် ၇ နာရီခန့်တွင်လည်း ကျွဲတလင်းရွာနှင့် တဆက်တည်းရှိသည့် ရာဖူးရွာရှိ စစ်အုပ်စုတပ် အထိုင်ချထားရာ နေရာအနီးသို့ KNLA တပ်ရင်း (၂၇) နှင့် ရေးဘီလူးတပ်ရင်းတို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း…
-

အကြွေးပြန်တောင်းမိလို့ အT-က်ဆုံးရှုံးခဲ့ရတဲ့ ထောက်ကြန့်က ဝက်သားဒိုင်ပိုင်ရှင်
သိန်း ၃၀၀ နီးပါး အကြွေးတင်နေသူကို ဝက်သားပေးရောင်းကာ ကူညီခဲ့သော်လည်း အသက်အန္တရာယ်ပြုခံခဲ့ရသည့် ထောက်ကြန့်မှ ဝက်သားဒိုင်ပိုင်ရှင် လောကမှာ စေတနာကို ဝေဒနာနဲ့ တုံ့ပြန်တတ်ကြတဲ့ အဖြစ်ဆိုးတွေရှိပါတယ်။ အဲဒီလို ရင်ကွဲပက်လက်ဖြစ်စရာ အဖြစ်အပျက်တစ်ခုကတော့ ထောက်ကြန့်မြို့၊ စံပြရပ်ကွက်မှာ ဖြစ်ပွားခဲ့ပါတယ်။ သီရိလမ်းမှာ နေထိုင်တဲ့ အသက် ၅၃ နှစ်အရွယ် ဝက်သားဒိုင်ပိုင်ရှင် ဒေါ်သန်းမာ (ခေါ်) ဒေါ်မေသူဟာ သူမဆီကနေ ငွေကျပ်သိန်း ၃၀၀ နီးပါး အကြွေးယူထားသူကို သနားညှာတာစွာ ကူညီပေးခဲ့ပေမယ့် အကြွေးပြန်တောင်းမိတဲ့အတွက် အသက်ဆုံးရှုံးရတဲ့အထိ ရက်ရက်စက်စက် တိုက်ခိုက်ခံခဲ့ရပါတယ်။ ဖြစ်စဉ်အစကတော့ ဒေါ်မေသူဟာ ထောက်ကြန့်မြို့ ရွာမရပ်ကွက်က အသက် ၃၄ နှစ်အရွယ် ဒေါ်မေလင်း (ခေါ်) အသေးလေး ဆိုသူကို အကြွေးတွေ ပြန်ဆပ်နိုင်ဖို့အတွက် သူမရဲ့ ဝက်သားဒိုင်ကနေ…
-

မနောမြေမှာ နွှာခံရခြင်းအထိမ်းအမှတ် အလည်အပတ်ခရီးတွေထွက်တော့မယ့် မအလ မိသားစု
အကြမ်းဖက် မင်းအောင်လှိုင်နှင့် မိန်းမ ကြူကြူလှ ယနေ့ ဗီယက်နမ်သို့ ထွက်ခွာပြီးနောက် ကမ္ဘောဒီးယား နိုင်ငံသို့လည်း သွားကြဦးမည် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် မိန်းမ ကြူကြူလှတို့သည် ယနေ့ စက်တင်ဘာလ ၄ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာသွားပြီးနောက် စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံသို့လည်း ဆက်လက်သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။ မင်းအောင်လှိုင်သည် စက်တင်ဘာလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ယင်းခရီးစဉ်အပြီး ရက်အနည်းငယ်အကြာတွင် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားခရီးစဉ်များအပါအဝင် မင်းအောင်လှိုင်သည် ၃ လအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံ ၄ နိုင်ငံအထိ သွားရောက်ခဲ့သူ ဖြစ်လာမည်ဖြစ်သည်။ မင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်အတွင်း…
-

လက်မှတ်ပြန်အမ်းငွေ (Refund)တွေ လက်မလည်အောင် ပြန်ထုတ်ပေးနေရတဲ့ ဘစိုင်းရှိုးပွဲ
ITS TIME FOR SAI SAI : MANDALAY **Refund ပြန်လည်ရယူလိုသူများအတွက် အသိပေးချက်** Refund ရယူလိုသူများအနေဖြင့် **၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ ည ၁၂:၀၀ နာရီ (11:59 PM) အထိသာ** Refund ရယူနိုင်မည်ဖြစ်ပါသည်။ သတ်မှတ်ချိန်ကျော်လွန်ပြီး တောင်းခံလာသော Refund Request များကို လက်ခံဆောင်ရွက်ပေးနိုင်မည်မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။ Refund ပြန်လည်ပေးအပ်မှုကို လုပ်ငန်းရက် ၃ ရက်မှ ၅ ရက်အတွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ Refund ကို မူလလက်မှတ်ဝယ်ယူထားသူ၏ Ticketing System တွင် မှတ်ပုံတင်ထားသော ဖုန်းနံပါတ်နှင့် အမည်အတိုင်းသာ ပြန်လည်ပေးအပ်မည်ဖြစ်ပါသည်။ အခြားသူတစ်ဦး၏ အမည်၊ ဖုန်းနံပါတ် သို့မဟုတ် Account သို့…
-
အလွန်ပြင်းထန် အယ်လ်နီညိုကြောင့် ၂၀၂၇ ခုနှစ်အထိ ဖောက်ပြန် ဆိုးရွားနေမယ့် ရာသီဥတု
အလွန်ပြင်းထန်မည့် အယ်လ်နီညိုကြောင့် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု အန္တရာယ် ၂၀၂၇ ခုနှစ်အထိ ဆိုးရွားနေမည်ဟု WMO ထုတ်ပြန် အလွန်ပြင်းထန်မည့် အယ်လ်နီညိုကြောင့် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု အန္တရာယ် ၂၀၂၇ခုနှစ်အထိ ဆိုးရွားနေမည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO) က ယနေ့(စက်တင်ဘာ ၃ရက်)တွင် ထုတ်ပြန်ထားသည်။ WMO ၏ ခန့်မှန်းချက်များအရ အယ်လ်နီညိုသည် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက်ဖြစ်ပေါ်နေမည့် ဖြစ်နိုင်ခြေမှာ ၁၀၀ ရာခိုင်နှုန်းနီးပါးရှိနေကြောင်း၊ ယင်းကဲ့သို့ ဖြစ်နိုင်ခြေ အလွန်မြင့်မားသည့် ခန့်မှန်းချက်ကို WMO ၏ El Niño/La Niña ဆိုင်ရာ ထုတ်ပြန်ချက်များတွင် ယခုအကြိမ်သည် အထူးထင်ရှားသည့် အခြေအနေတစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။ အယ်လ်နီညို ပိုမိုအားကောင်းလာနိုင်ခြင်း၏ အဓိကအကြောင်းရင်းမှာ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာအတွင်း ပုံမှန်ထက်…