Category: News

  • လုပ်ငန်းခွင် ထိခိုက်ခဲ့သူကို ဆေးရုံမပို့ဘဲ ဘုန်းကြီးကျောင်းပို့ သင်္ဂြိုလ်

    လုပ်ငန်းခွင် ထိခိုက်ခဲ့သူကို ဆေးရုံမပို့ဘဲ ဘုန်းကြီးကျောင်းပို့ သင်္ဂြိုလ်

    ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ဖနတ်နိခွန်တွင် ရှိသော ဆောက်လုပ်ရေးလုပ်ငန်းတွင်အလုပ် လုပ်နေသော မြန်မာအလုပ်သမား(PJ)စာအုပ်ကိုင်ဆောင်ထားသူ မောင်လှိုင်မြင့်အသက်(29)နှစ်သည် ထိုအလုပ်တွင်အလုပ်လုပ်နေသည်မှာ (2)နှစ်သက်တမ်းကြာပြီဟုဆိုသည်။ မောင်လှိုင်မြင့်သည် (06.06.2026)ရက်နေ့၊ မွန်းလွဲ(2:00)အချိန်ခန့်တွင် လုပ်ငန်းခွင် အတွင်း အလုပ်လုပ်နေရင်း အမိုးလိုင်းအပေါ်မှပြုတ်ကျပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ရာမှ လူနာအားဆေးရုံသို့ပို့ဆောင်ပေးခြင်းမရှိဘဲ ဘုန်းကြီးကျောင်းသို့သယ်ဆောင်ပြီး သင်္ဂြိုလ်ပစ်လိုက်သည်ဟုဆိုသည်။ သေဆုံးသူသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ၊တောင်သာမြို့နယ် ၊အရာတော်ကျေးရွာသားတစ်ဦးသည်။ “မောင်လှိုင်မြင့်နှင့်အတူ အလုပ်အတူလုပ်ကိုင်‌နေသော သူများ၏ ပြောပြချက်အရ ဆိုဒ်က တာဝန်ရှိသူတွေက ဒဏ်ရာရလူနာအား ဆေးရုံပို့ပေးမည်ဟု ပြော‌ပြီး ခေါ်သွားကာ ဘုန်းကြီးကျောင်းကိုပို့ဆောင်လိုက်ကြတာ၊ ခုချိန်ထိ ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ပဲ အားလုံးက ထင်ကြတာပေါ့” ဟုပြောသည်။ ထိုကိစ္စနှင့်ပတ်သက်၍ သေဆုံးသူ၏မိသားစုဝင်များက မကျေနပ်သောကြောင့် သေမှုသေခင်းနှင့်ပတ်သက်ပြီးမည်သို့လုပ်ဆောင်ရမည်ကိုနားမလည်သဖြင့် ကူညီဆောင်ရွက်ပေးပါရန် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံအကူအညီတောင်းခံလာသဖြင့် (07.06.2026)ရက်နေ့၊မွန်းလွဲ(2:00)နာရီတွင်အမှု ကိုလက်ခံခဲ့ပါသည်။

  • ဖခင်နေရာကို ဆက်ခံပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို စိန်ခေါ်တဲ့ ပျူခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

    ဖခင်နေရာကို ဆက်ခံပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို စိန်ခေါ်တဲ့ ပျူခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

    ပေါင်းတလည်တွင် ပျူစောထီးခေါင်းဆောင် လှမြင့်၏နေရာကို ဆက်ခံသူ သားဖြစ်သူ စိုင်းသီဟ ဖမ်းဆီးစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး ပဲခူးတိုင်း၊ ပေါင်းတလည်မြို့တွင် ပျူစောထီးခေါင်းဆောင် လှမြင့်၏နေရာကို ဆက်ခံထားသူ ၎င်း၏သားဖြစ်သူ ပျူစောထီး စိုင်းသီဟ (ခ) ချိုကြီးသည် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံရစဉ် ပြန်လည်ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း (၁) စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow ၏ ပြောကြားချက်အရ သိရသည်။ ဇွန်လ ၄ ရက်နေ့တွင် ပြည်မြို့နယ်၊ ပေါင်းတလည်အပိုင် ခွေးရဲရွာမအုပ်စု၊ ချဉ့်ရုတ်ကုန်းရွာ၌ နေထိုင်သော စိုင်းသီဟသည် ပေါင်းတလည်မြို့မရဲစခန်းမှ ရွာသို့ ပြန်လာစဉ် ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း (၁) တပ်ခွဲ (၃)…

  • မွေးမြူထားတဲ့ မျောက်က ကိုက်လို့ ၆ နှစ်အရွယ် ကလေးငယ် သေဆုံး

    မွေးမြူထားတဲ့ မျောက်က ကိုက်လို့ ၆ နှစ်အရွယ် ကလေးငယ် သေဆုံး

    ထိုင်းမှာ ကြိုးချည်ပြီး မွေးမြူထားတဲ့ မျောက်က ကိုက်လို့ ၆ နှစ်အရွယ် ကလေးငယ် သေဆုံး ထိုင်းနိုင်ငံ နခွန်စီသမ္မရတ်ခရိုင် စီချွန်မြို့နယ်အတွင်းရှိ နေအိမ်တလုံးဘေးမှာ ကြိုးရှည်နဲ့ ချည်ပြီ မွေးမြူထားတဲ့ မျောက်တကောင်က တိုက်ခိုက်ခဲ့လို့ ၆ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၆ ရက် နံနက်ပိုင်းက နခွန်စီသမ္မရတ်ခရိုင် စီချွန်မြို့နယ် သက်ရတ်ကျေးရွာအုပ်စု၊ ခေါဝ်ယွမ်ထောင်ကျေးရွာမှာ အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး သေဆုံးသူ ကလေးငယ်ဟာ အသက် ၆ နှစ်အရွယ် ပထမတန်း တက်ရောက်နေသူ ဖြစ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားတဲ့နေ့က ကလေးငယ်ဟာ မျောက်ကို ချည်ထားတဲ့ နေရာအနီးမှ ဖြတ်သန်းသွားစဉ် မျောက်ရဲ့ ရုတ်တရက် တိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်ကာ မျောက်ရဲ့ ကိုက်ခဲမှုကြောင့်…

  • ယမန်နေ့ကပျောက်ဆုံးသွားတဲ့ကလေး ၂ ဦး အလောင်းပဲ

    ယမန်နေ့ကပျောက်ဆုံးသွားတဲ့ကလေး ၂ ဦး အလောင်းပဲ

    ဇွန်လ (၆) ရက်နေ့ နံနက်ပိုင်းကတည်းက နေအိမ်မှ ပျောက်ဆုံးသွားခဲ့တဲ့ အသက် ၈ နှစ်နဲ့ ၉ နှစ်အရွယ် ကလေးငယ် ၂ ဦးကို သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ရတဲ့ စိတ်မကောင်းစရာ သတင်းဆိုးတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ ​ဖြစ်စဉ်အကျဉ်း ​ဇွန်လ ၆ ရက် (နံနက် ၀၉:၀၀ နာရီ) ခန့် – ကလေးငယ်နှစ်ဦး နေအိမ်မှ စတင်ပျောက်ဆုံးသွားခဲ့သဖြင့် မိသားစုဝင်များနှင့် ရပ်ကွက်လူထုက လူမှုကွန်ရက်ပေါ်တွင် အပူတပြင်း လိုက်လံရှာဖွေခဲ့ကြသည်။ ​ဇွန်လ ၆ ရက် (ည ၂၁:၀၀ နာရီ) ခန့် – အူဒွန်းထာနီခရိုင်၊ မူအန်းအူဒွန်းထာနီမြို့နယ်၊ နောင်ဘူအာရပ်ကွက်ရှိ “နောင်ဆွိုင်” စည်ပင်သာယာအမှတ် (၁) ကျောင်းရဲ့ အနောက်ဘက် ကန်ဘောင်ဘေးတွင် ကလေးငယ်များ၏ ညှပ်ဖိနပ်များနှင့်…

  • ပဲခူးတိုင်း ကဝမြို့နယ်တွင် မိသားစုဝင် ၅ ဦး ရက်စက်စွာ သတ်ဖြတ်ခံရမှု ဖြစ်စဉ်

    ပဲခူးတိုင်း ကဝမြို့နယ်တွင် မိသားစုဝင် ၅ ဦး ရက်စက်စွာ သတ်ဖြတ်ခံရမှု ဖြစ်စဉ်

    ​ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ရွှေဘုံသာကျေးရွာရှိ လယ်ကွင်းအတွင်း နေထိုင်သော မိသားစုတစ်စုမှ အပြစ်မဲ့ အရွယ်မရောက်သေးသူ ကလေးငယ်များအပါအဝင် မိသားစုဝင် ၅ ဦး ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ သံသယရှိသူတရားခံများကို ဖမ်းဆီးစစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။ ​သေဆုံးခဲ့ရသည့် မိသားစုဝင်များ အဆိုပါ မိသားစု၏ အိမ်ထောင်ဦးစီးဖြစ်သူမှာ မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး အိမ်တွင် အတူနေထိုင်သူ ၅ ဦးလုံး အသက်ဆုံးရှုံးခဲ့ရသည်။ ၁။ မအေးအေးခိုင် (အသက် ၃၈ နှစ်) – မိခင် ၂။ မောင်ဘုန်းမင်းမြတ် (အသက် ၁၁ နှစ်) – သားအကြီး ၃။ မဇင်နွယ်ဦး (အသက် ၈ နှစ်) – သမီးအလတ် ၄။ မကေသီခိုင် (အသက် ၄…