Category: News
-

မေဘယ်ဦး ဇာတ်လမ်း ရှင်းတမ်း
ကျမရဲ့ fb က Fri တွေ မနေ့က စိုင်းစိုင်းပွဲသွားပြီး ပိုင်တံခွန်ညီရဲ့ Ex TikTok မှာ ပွဲဖြစ်နေတာ လွတ်သွားမှာစိုးလို့ ပြောပြချင်လို့🫢။ ပိုင်တံခွန် ညီရဲ့ အရင် Exက လွန်ခဲ့တဲ့ နှစ်ရက်လောက်က အမောဖောက်လို့ ဆုံးသွားပါပြီဆိုပြီး ကောင်မလေးရဲ့ လက်ရှိရည်းစားက ကောင်မလေးပုံကို TikTok မှာ ဖယောင်းတိုင်ကြီးထွန်းပြီ တင်ပါလေရော။ အာ့မှာ လူတွေက Toxic ဆန်တဲ့ RS ကနေ ရှုန်းထွက်ပြီး ပျော်ရမယ့် အချိန် အချစ်စစ်နဲ့ တွေ့မှ အသေစောလွန်းပါတယ်ဆိုပြီး ကောင်မလေးကိုရော သူ့လက်ရှိကောင်လေးကိုရော ဝိုင်းသနားကြတာပေါ့လေ (ခင်မို့မို့အေးဖြစ်တော့မယ့်သူတွေ)😅 ။ ဟော ဒီနေ့လဲကျရော အာ့သေသွားပါတယ်ဆိုတဲ့ ပိုင်တံခွန်ညီရဲ့ Exက ဝုန်းခနဲ မသေပဲ မျက်ရည်တွေ ဘာတွေ…
-

အငှားယာဥ်မောင်း ကိုဝင်းကို,ကို P-စ်T-တ်ပြီး ကားလုသွားတဲ့ ဒုရဲအုပ်
မိတ္ထီလာတွင် အငှားယာဥ်မောင်းအား သေနတ်ဖြင့်ပစ်ပြီး ကားလုသွားသည့် ရဲအရာရှိကို ဖမ်းမိ နေပြည်တော် အငှားယာဥ်ဝန်ဆောင်မှုလုပ်ငန်းက ယာဥ်မောင်းဖြစ်သူကို သေနတ်နဲ့ပစ်သတ်ပြီး ကားလုသွားတဲ့ လူကုန်တား ရဲအရာရှိတယောက်ကို စက်တင်ဘာ ၇ ရက်မှာ ဖမ်းမိခဲ့တယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ မိတ္ထီလာမြို့မှာ အငှားယာဥ်မောင်း ကိုဝင်းကို,ကို သေနတ်နဲ့ပစ်သတ်ပြီး ကားလုသွားတဲ့ လူကုန်တား ရဲတပ်ဖွဲ့က ရဲအရာရှိ ရဲရင့်အောင်ကို မနေ့မနက် အစောပိုင်းက ဘောဂသီရိအဝိုင်းမှာ ဖမ်းမိခဲ့တာလို့ နေပြည်တော်သတင်းအရင်းအမြစ်က ပြောပါတယ်။ “နေပြည်တော်က အငှားယာဥ်မောင်းကို သေနတ်နဲ့ပစ်ပြီး ကားလုသွားတာ တခြားသူမဟုတ်ဘူး၊ လူကုန်တားအဖွဲ့က ရဲအရာရှိ၊ အခင်းဖြစ်တဲ့နေ့က သူ့ကောင်မလေးရှိတဲ့ မိတ္ထီလာသွားရင်း လမ်းမှာ လုသွားတာ။ လုပြီး ဂိတ်တွေက အရမ်းစစ်နေတော့ ကားကို တနေရာမှာထားပြီး နေပြည်တော်ထဲ ပြန်ဝင်လာတဲ့အချိန် ဘောဂသီရိအဝိုင်းနားမှာ မိတာ။”…
-

တာမွေ ၁၅၅ လမ်းမှာ ကလေးတစ်ဦး ရေမြောင်းထဲ ပြုတ်ကျမျောပါ
တာမွေ ၁၅၅ လမ်းမှာ ကလေးတစ်ဦး ရေမြောင်းထဲ ပြုတ်ကျမျောပါသွားလို့ အရေးပေါ်ရှာဖွေနေ ဒီကနေ့ စက်တင်ဘာ ၇ ရက် ညနေပိုင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံနေချိန် ရန်ကုန်၊ တာမွေမြို့နယ် ၁၅၅ လမ်းအနီး စည်ပင်ဝင်းဘက်မှာ ကလေးတစ်ဦး ရေမြောင်းထဲ ပြုတ်ကျပြီး ရေစီးနဲ့ မျောပါသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။ ဆော့ကစားနေတဲ့ ကလေးလေးဟာ ဖိနပ် ရေထဲမျောသွားတာကို လိုက်ကောက်ရင်း ရေစီးနဲ့အတူ မျောပါသွားတာလို့ ဆိုပါတယ်။ ဖြစ်ဖြစ်ချင်းမှာ အနီးအနားက လူတွေက မြောင်းဖုံးတွေ လှန်ပြီး လိုက်လံရှာဖွေခဲ့ပေမယ့် ရေစီးက အရမ်းသန်နေသလို ကလေးကိုလည်း မတွေ့ခဲ့ဘူးလို့ သိရပါတယ်။ လက်တလောမှာ ကယ်ဆယ်ရေးအဖွဲ့တွေပါ ပူးပေါင်းပြီး ညပိုင်းအထိ ရှာဖွေနေကြပေမယ့် ကလေးကို အခုအချိန်အထိ ပြန်လည်ရှာဖွေတွေ့ရှိခြင်း မရှိသေးဘဲ…
-

မန္တလေးမြို့က ဝမ်းနည်းမှတ်တမ်း
မနေ့က မန္တလေးမြို့မှာ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ရှိုးပွဲ လူနှစ်သောင်းကျော် လာရောက်အားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ တချို့ဆို လူများလွန်းလို့ ရာသီဥတုကလည်း ပူနေတာကြောင့် မူးလဲတာတွေအထိ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲ အတော်လေး အောင်မြင်ခဲ့တယ်လို့ ပြောဆိုနေကြပါတယ်။ တကယ်တော့ စိုင်းစိုင်းခမ်းလှိုင် ရှိုးပွဲလာလုပ်ချိန် မန္တလေးမြို့မှာ လူငယ်တွေ အကြီးအကျယ် ပေါ်တာဆွဲခံနေရတာပါ။ အလုပ်သွားအလုပ်ပြန် ဆေးသုတ်သမား၊ ပန်းရံသမားလေးတွေ၊ နေ့စားအလုပ်သမားလေးတွေ၊ ပုဂ္ဂလိကဝန်ထမ်းလေးတွေဟာ အိမ်ပြန်ရောက်မလာတော့ဘဲ စစ်သင်တန်းကျောင်းတွေဆီ ခေါ်ဆောင်သွားခြင်း ခံနေရတဲ့အချိန်ပါ။ ညတင်မဟုတ်။ နေ့ခင်းမှာတင် အဆွဲခံနေရတာပါ။ ညဘက်ထွက်ဖို့တောင် ခက်ခဲနေကြချိန် ညဘက်လုပ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲအောင်မြင်တာဟာ အံ့သြစရာပါ။ စစ်တပ်က လက်နက်အားကိုးနဲ့ ပြည်သူ့အစိုးရက အနိုင်ကျင့်ပြီး၂၀၂၁ အာဏာသိမ်းတော့ အနုပညာရှင်တွေလည်း ပြည်သူတွေရဲ့ရှေ့ကနေလက်သီးလက်မောင်းတန်းပြီး ဆန္ဒပြခဲ့ကြတယ်။ အဲဒီအချိန်က Mask တပ်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်ကိုလည်း…
-

ညအမှောင်ကို ရင်မဆိုင်ရဲကြတော့တဲ့ ရန်ကုန် အခြေခံလူတန်းစားတွေ
စစ်မှုထမ်း ပြန်ပေးဆွဲ သောင်းကျန်းနေသဖြင့် ရန်ကုန်မြို့တွင်းလုပ်ငန်းများ မမှောင်ခင် အလုပ်ဆင်း ခွင့်ပေး စစ်မှုထမ်းအတွက် ပြန်ပေးဆွဲမှုများ သောင်းကျန်းလာခြင်းကြောင့် ရန်ကုန်မြို့တွင်းရှိ လုပ်ငန်းများမှာ ညနေဘက် စောစောအလုပ်ဆင်းပေးနေကြောင်း သိရသည်။ ရန်ကုန်မြို့တွင်းရှိ ကုမ္ပဏီအများစုမှာ ညနေ ၅ နာရီနောက်ဆုံးထားကာ အလုပ်ဆင်းခိုင်းနေပြီး စတိုး ဆိုင်ကဲ့သို့သော အလုပ်များမှာ ည ၇ နာရီနောက်ဆုံးထားကာ ပြန်လွှတ်နေကြောင်း ရန်ကုန်မြို့တွင်းရှိ ကုမ္ပဏီဝန်ထမ်းအချို့ထံက သိရသည်။ “ဖယ်ရီရှိတဲ့ ကုမ္ပဏီတချို့ကျတော့ မနက်၈၊ညနေ ၄ အလုပ်ချိန်ပြောင်း သတ်မှတ်တယ်။ ဖယ်ရီမရှိတာကျတော့ မနက် ၉၊ ညနေ ၅။ အခု ဒီလပိုင်းမှ ပြောင်းသတ်မှတ်ကြတာ များတယ်။ ပေါ်တာကို အကုန်ကြောက်နေရတယ်”ဟု ရန်ကုန်မြို့တွင်း ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသော အကြီးတန်းအ ရာရှိတစ်ဦးက ပြောသည်။ နေ့စဉ်…