Category: News
-
မင်းလှ မှာချက်တဲ့ အညာမွင်းခါး ပွဲ ၂၀ ကျော် ကြိတ်စမ်း
၇ ရက်ကြာ မင်းလှတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး ကား ၁ စီးနှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ မကွေးတိုင်း၊ မင်းလှမြို့နယ်အတွင်းသို့ မင်းတုန်းဘက်မှ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်တပ်နှင့် ဗမာပြည်ကာကွယ်ရေးတပ် (USBA) တပ်ဖွဲ့တို့အကြား ၇ ရက်ကြာ ဖြစ်ပွားသော တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး ကား ၁ စီးနှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း United States of Burma Army – USBA တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။ ဩဂုတ်လ ၂၀ ရက်နေ့ ပထမအကြိမ် စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင် စီ စစ်ကြောင်းကို တော်လှန်ရေးတပ်က တိုက်ခိုက်မှုကြောင့် စစ်သား…
-

ချောင်းဦး ပလဖ ထိန်းသိမ်းထားတဲ့ ရွှေဒါးကျရွာ ဆရာတော် ပျံလွန်
ချောင်းဦးမြို့နယ် ပလဖ က ဖမ်းဆီးထားတဲ့ ရွှေဒါးကျရွာ ဆရာတော် နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ပျံလွန် ထိန်းသိမ်းစစ်ဆေးသူတွေမှာ တာဝန်ရှိပြီး ကျန်ဖမ်းဆီးထားသူတွေကို ဥပဒေအတိုင်း ဆောင်ရွက်ဖို့ NUG – MOHAI ဝန်ကြီးပြော စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ဖမ်းဆီးထားတဲ့ ရွှေဒါးကျကျေးရွာ ဆရာတော်ဟာ ဩဂုတ် ၂၄ ရက် ညနေပိုင်းက ခန္ဓာကိုယ်အနှံ့မှာ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ပျံလွန်တော်မူသွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဩဂုတ် ၁၈ ရက် ညပိုင်းမှာ ချောင်းဦးမြိုနယ်မြောက်ခြမ်း မုံရွာမြို့နယ်အစပ်ရှိ ရွှေဒါးကျကျေးရွာက ဆရာတော် ဦးဣန္ဒာစာရ နဲ့ ဒေသခံ တစ်ဦးကို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က ကနဦး…
-
BC လုပ်သူတွေကို ဒဲ့ စိန်ခေါ်လိုက်တဲ့ ထွန်းအိန္ဒြာဗို (ရုပ်သံ)
Boycott များကို ကြိုဆိုပါ၏ ဟုဆိုကာ ထွန်းအိန္ဒြာဗိုလ်က Boycott ပြုလုပ်သူများကို ပြန်လည်လှောင်ပြောင် ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော် ထွန်းအိန္ဒြာဗိုလ်က နယူးဇီလန်သို့ ရောက်ရှိလာမှုနှင့်ပတ်သက်၍ Boycott ပြုလုပ်မည့်သူများကို “Boycott များကို ကြိုဆိုပါ၏။ လာပါ ပျော်ပျော်ပါးပါး အတူတူ ကရအောင်လေ” ဟု ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ပြန်လည်လှောင်ပြောင်ခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ Fncc Burma Fact Check Community က Boycott ဆိုသည်မှာ စိတ်ခံစားချက်အရ Boycott ဟု အော်ဟစ်ရုံမျှဖြင့် ထိရောက်မည်မဟုတ်ဘဲ သတ်မှတ်ထားသည့် စည်းမျဉ်း၊ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း ရေးသားထားသည်။ Fncc Burma Fact Check Community ၏ ရေးသားချက်အရ ထွန်းအိန္ဒြာဗိုလ် နယူးဇီလန်သို့…
-
အစာအဆိ/*ပ်သင့်ခဲ့တဲ့ အုန်းချော ပေါက်စိမ်းသာမဏေကျော်စာသင်တိုက်က သံဃာတော်တွေရဲ့အခြေအနေ
အစာအဆိပ်သင့်ခဲ့တဲ့ အုန်းချော ပေါက်စိမ်းသာမဏေကျော်စာသင်တိုက်က သံဃာတော်တွေရဲ့အခြေအနေ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာမှာရှိတဲ့ ပေါက်စိမ်းသာမဏေကျော်စာသင်တိုက်မှာ ဒီကနေ့ သြဂုတ်လ မနက်ပိုင်းက သံဃာတော် ၉၆ ပါး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာတော့ သံဃာတော် ၁၂ ပါးသာ မန္တလေးပြည့်သူဆေးရုံကြီးမှာ ဝမ်းလျောနေမှုအခြေအနေကြောင့် စောင့်ကြည့်နေရပြီး ကျန်တဲ့ သံဃာတော်အားလုံးနီးပါး ဆေးကုသမှုခံယူပြီးလို့ ကျောင်းတိုက်ကိုပြန်ရောက်ပြီလို့ သိရပါတယ်။ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တာဟာ သံဃာတော်တွေက မနက်အာရုဏ်ဆွမ်းကို လဘ္ဘက်ထမင်း၊ ကြက်ရိုးဟင်း ရည်၊ ငရုပ်သီးကြော်နဲ့ ငါးဖယ်သုပ်တို့ကို ဘုန်းပေးခဲ့တာမှာ ကျန်းမာရေးဌာနက ငါးဖယ်သုပ်ကြောင့် အစာအဆိပ်သင့်တာဖြစ်ကြောင်း ပြောကြားတယ်လို့ သိရပါတယ်။ အစာအဆိပ်သင့်မှုကြောင့် ပေါက်စိမ်းသာမဏေကျော်ကျောင်း တိုက်အတွင်းမှာ သီတင်းသုံးစာသင်နေတဲ့ သံဃာတော် ၉၆ ပါးဟာ ကျောက်မီးတိုက်နယ်ဆေးရုံမှာ ၄၆ ပါး၊ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ အပါး ၃၀ နဲ့…
-

ရွှေမန်းနဲ့ ခဲတပစ်စာအကွာက စခန်းတွေ သိမ်းပြလိုက်ပြီ (ရုပ်သံ)
မန္တလေးနဲ့ ၈ မိုင်ခန့်သာဝေးတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စခန်း ၂ ခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ကြိမ်တောရွာနဲ့ ကုန်းတန်းကြီးကျေးရွာတွေမှာ အထိုင်ချတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၆ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မတ္တရာမြို့နယ်(ပကဖ)က သတင်းထုတ်ပြန်ထားပါတယ်။ ဩဂုတ်လ ၁၃ ရက်နေ့ မနက် ၃ နာရီခွဲအချိန်ခန့်က ကြိမ်တောရွာနဲ့ ကုန်းတန်းကြီးကျေးရွာတွေမှာ အထိုင်ချတပ်စွဲထားတဲ့ အင်အား ၃၀ ခန့်ပါ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲ စကတည်းက တော်လှန်ရေးတပ်ဘက်က စိုးမိုးပစ်ခတ်နိုင်ခဲ့ပြီး အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၆ ဦး ပြည်သူ့နေအိမ်တွေကြား ထွက်ပြေးသွားခဲ့ပြီး…