Category: News
-

စင်းခန်းနဲ့ ဇင်းဘုံမှာ ရှယ်တွယ်နေတဲ့ KIA ပူးပေါင်းအဖွဲ့တွေ
စင်းခန်းနဲ့ ဇင်းဘုံမှာ တိုက်ပွဲပြင်းထန် တပ်ရင်းမှူး အပါအဝင် စစ်တပ် အလောင်းတွေနဲ့ လက်နက်တွေ KIA ပူးပေါင်းတပ် သိမ်းရ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စင်းခန်းဒေသနဲ့ ရွှေကူမြို့နယ်က ဇင်းဘုံဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က တပ်ရင်းမှူး အပါအဝင် သေဆုံးထိခိုက်သူများသလို လက်နက်တွေ သိမ်းရခဲ့ဟု ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။ စစ်တပ်က စင်းခန်းတံတား ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေသလို ဧရာ၀တီမြစ်ကြောင်း လုံခြုံရေး အရေးပါတဲ့ ဇင်းဘုံဒေသ အခြေချတပ်စွဲနိုင်ရေး ကြိုးပမ်းနေလို့ တိုက်ပွဲတွေ ပြင်းထန်နေတာ ရက်အတော်ကြာပြီဖြစ်ပါတယ်။ ဩဂုတ်နောက်ဆုံးပတ်နဲ့ စက်တင်ဘာ ပထမပတ်အတွင်း ရွှေကူ-ဗန်းမော် ဧရာ၀တီ မြစ် ဘေးပတ်ဝန်းကျင်မှာ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်တပ်က ဗန်းမော်ကိုလာတဲ့ စစ်သင်္ဘောတွေကိုလည်း…
-

ကြည့်ရက်စရာတောင် မရှိတော့တဲ့ မြစ်ဆုံ အခြေအနေ (ရုပ်သံ)
“ကြည့်ရက်စရာတောင် မရှိတော့တဲ့ မြစ်ဆုံ အခြေအနေ” ကချင်ပြည်နယ်ရဲ့ သဘာဝအထင်ကရနေရာ တစ်ချိန်က အပန်းဖြေရာ”မြစ်ဆုံဆိုတာ မရှိတော့ဘူး ပုံပြင်မှာ ကျန်ခဲ့ပြီ”ဟု ဒေသခံတစ်ဦးက ပြောပါတယ်။ မြစ်ဆုံ တန်ဖရဲကျေးရွာ တစ်ရွာလုံးအပြင်၊ မေလ၊မလိခမြစ်ပေါင်းဆုံရာ မြစ်လယ်ကျွန်း မယ်တော်ဂူနားအပြင် မြစ်ဆုံအထက်၊အောက် အားလုံး အာဏာပိုင်တွေက စက်ယန္တရားကြီးများစွာနဲ့ ဆိုးဆိုးရွား ရွှေတူးဖော်နေကြတယ်လို့ သိရပါတယ်။ မြစ်ဆုံဟာ ရေကာတာစီမံကိန်းကြီး မဆောက်လုပ်ခင်ကတည်းကပင် သဘာ၀ပတ်ဝန်းကျင်နဲ့ မြစ်ကမ်းပါးများ ၊ ရေလမ်းကြောင်းများ ပျက်စီးနေပြီလို့ ဒေသခံတွေက ဆိုပါတယ်။ မြစ်ဆုံစီမံကိန်းအမြန်ဆုံးစတင်နိုင်ဖို့ အသွင်ပြောင်းအစိုးရ ခြေလှမ်းပြင်နေ အာဏာသိမ်းစစ်တပ်ဦးဆောင်တဲ့အစိုးရအဖွဲ့က ဧရာဝတီမြစ်ဆုံစီမံကိန်းဦးဆောင်အဖွဲ့ကို ဖွဲ့စည်းပြီးနောက်ပိုင်း စီမံကိန်းအမြန်ဆုံးပြန်လည်စတင်နိုင်ဖို့ ဒေသခံလူထုကို ဆက်တိုက်တွေ့ဆုံစည်းရုံးနေပါတယ်။ ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက စီမံကိန်းကို ဒီနှစ်ထဲမှာစတင်နိုင်ဖို့ ပြင်ဆင်နေတာကြောင့်မတည်မငြိမ်ဖြစ်လာမှာကို စိုးရိမ်တယ်လို့ မြစ်ဆုံဒေသခံတစ်ဦးက ပြောပါတယ်။ ” အခု…
-

ဗိုလ်တထောင်မှာ အိမ်ရှင်ကိုT-တ်သွားတဲ့ အိမ်အကူသားအမိ မိပြီ
ဗိုလ်တထောင်မှာ အိမ်ရှင်ကိုသတ်သွားတဲ့ အိမ်အကူသားအမိကို ဖမ်းမိ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် ၊ ၄၁ လမ်းက အိမ်ရှင်ကိုသတ်သွားတဲ့ တရားခံတွေဟာ အိမ်အကူသားအမိဖြစ်ပြီး လက်ရှိမှာ ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။ အိမ်ရှင်ဖြစ်တဲ့ အသက်ကြီးပိုင်း အမျိုးသမီးတဦးတည်း အိမ်မှာရှိနေချိန် အိမ်အကူအသားအမိက အိမ်ရှင်ကို သတ်ပြီး ရွှေနဲ့ငွေတွေယူကာ ထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနောက်မှာ ရဲတပ်ဖွဲ့က လူသတ်မှုကျူးလွန်သူကို ဖမ်းဆီးရမိ စုံစမ်းစစ်ဆေးခဲ့ရာ ထွက်ပြေးသွားတဲ့ အိမ်အကူနဲ့ သမီးဖြစ်သူကို ဧရာဝတီတိုင်းမှာ မနေ့ကညနေပိုင်းက ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ “သူတို့က မနေ့က ရန်ကုန်ကနေ ဧရာဝတီဘက်ကို ပြန်သွားတာ။ မနေ့က ညနေပဲ ကားဂိတ်မှာပဲဖမ်းလိုက်တယ်သိရတယ်။ ဒီကအိမ်ရှင်ကို ခေါင်းအုံးနဲ့ဖိသတ်ပြီး ပြေးတာ ငွေတွေကိုယူသွားတယ်သိရတယ် ။” လို့ လုံခြုံရေးတပ်ဖွဲ့နီးစပ်သူက ပြောပါတယ်။ အိမ်အကူက အိမ်ရှင်ကိုသတ်ဖြတ်တဲ့…
-

မော်တော်ကား စုံ၊ မ ခွဲခြားမောင်းနှင်ရတဲ့ စနစ်ကို ပြန်လည်ပယ်ဖျက်
မော်တော်ကား စုံရက်၊ မရက် ခွဲခြားမောင်းနှင်ရသည့်စနစ်ကို စစ်အာဏာရှင်အစိုးရ ပယ်ဖျက် ရန်ကုန်မြို့မှာ မော်တော်ကားတွေ စုံရက်၊ မရက် ခွဲခြားမောင်းနှင်ရတဲ့ စနစ်ကို စစ်အာဏာရှင်အစိုးရက စက်တင်ဘာ ၉ ရက်မှာ ပယ်ဖျက်လိုက်တယ်လို့ စစ်အာဏာရှင်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက သူ့ရဲ့ လူမှုကွန်ရက်မှာ ကြေညာလိုက်ပါတယ်။ စုံ၊ မ စနစ်ကို ဖျက်သိမ်းလိုက်တယ် ဆိုပေမဲ့ နိုင်ငံတော်စွမ်းအင်လုံခြုံရေးအတွက် မော်တော်ယာဉ်တွေ စက်သုံးဆီဖြည့်တဲ့နေရာမှာတော့ QR ကိုတာ၊ စုံ၊ မ စနစ်ကို ဆက်လက်ထားရှိသွားမယ်လို့ ဆိုပါတယ်။ အရှေ့အလယ်ပိုင်းဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခကြောင့် မော်တော်ယာဉ်တွေ စုံ၊ မ ခွဲခြားမောင်းနှင်ရတဲ့ စနစ်ကို ၂၀၂၆ ခုနှစ် မတ် ၇ ရက်မှာ စစ်အာဏာရှင်အစိုးရက ကြေညာခဲ့တာ ဖြစ်ပါတယ်။ မော်တော်ယာဉ်…
-

ကျော်စိုးဦးပေါက်ကြားခဲ့သည့် ရခိုင်စစ်ဆင်ရေး
ကျော်စိုးဦးပေါက်ကြားခဲ့သည့် ရခိုင်စစ်ဆင်ရေး စစ်ဦးကျိုးပြီ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် စစ်ကောင်စီတပ်က ‘စစ်ဆင်ရေး ၄၉၂၆’ အမည်ဖြင့် စက်တင်ဘာ ၄ ရက်တွင် စတင်ခဲ့သည့် တန်ပြန်ထိုးစစ်မှာ စတင်ပြီး ရက်ပိုင်းအတွင်းမှာပင် စစ်ကြောင်းများ အထိနာကာ ပြန်လည်ဆုတ်ခွာခဲ့ရသည်။ အဆိုပါ စစ်ဆင်ရေးနှင့် ပတ်သက်၍ စစ်တပ်ထောက်ခံသူ လော်ဘီ ကျော်စိုးဦးက စစ်ဆင်ရေးစတင်သည့် ရက်စွဲ၊ အသုံးပြုမည့် အင်အားနှင့် ချီတက်မည့် စစ်ကြောင်းလမ်းကြောင်း အသေးစိတ် စသည့် စစ်ရေးအရ လျှို့ဝှက်ထားရမည့် အချက်အလက်များကို လူမှုကွန်ရက်မှတဆင့် ပေါက်ကြားပြောဆိုခဲ့သေးသည်။ ၎င်းက ‘စစ်ဆင်ရေး ၄၉၂၆’ စစ်ကြောင်းမှာ ဘိုးတော်ဘုရား (ပဒုံမင်း) လက်ထက် ရခိုင်ဒေသသို့ ထိုးစစ်ဆင်ခဲ့သည့် သမိုင်းဝင်လမ်းကြောင်းအတိုင်း အင်အားထောင်ချီ အလုံးအရင်းဖြင့် ချီတက်မည်ဟု ဖော်ပြခဲ့သည်။…