Category: News
-

မနက်စောစော ဆိုက်ကားထနင်းရင်း
သေခြင်းတရား 😢 မနက် စောစော ဆိုက်ကား ထနင်းရင်း….. ရုတ်တရက် သေဆုံးသွားသော ဆိုက်ကား ဆရာကြီးအား….. ဖြစ်စဉ်နေရာ ကမ်းနာလမ်း နှင့် ဗိုလ်ဆွန်ပတ်လမ်း မှ….. YGH ရေခဲတိုက်သို့ အခမဲ့ (အခမဲ့) ကူညီပို့ဆောင်ပေးခဲ့ပါသည် 🚑 သူ့ သိတဲ့သူ တစ်ယောက်ကရောက်လာပြီ….. ညကပဲ သူနဲ့ တွေ့လို့ စကားပြောဖြစ်သေးတယ် ၊ ခုတော့ သွားပြီပေါ့လေ 🥺 အော… 6သခြင်းတရား ၊ နေ့မြင် ညပျောက် ၊ ညမြင် နေ့ပျောက် ၊ လက်တကမ်းပါပဲ 🙏🏻 ကိုပူတူးနှင့်ဘော်ဒါများ
-

မန္တလေး PDF တို့ကတာ ပွဲတွေ ပြန်မြိုင်နေပြီ
မန္တလေးတိုင်း သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာနယ်မှာ ပြောက်ကျားတိုက်ပွဲတချို့ ပြန်ဖြစ် စစ်အုပ်စုက ပြည်သူကို ရန်ပြုပြီး ကင်းစောင့်ခိုင်းတာ၊ နေရာရွှေ့ခိုင်းတာ၊ ပေါ်တာဆွဲတာတွေ လုပ်နေ သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာနယ်က ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင်နေကြရဆဲ မန္တလေးတိုင်း မြောက်ဘက်ခြမ်းရှိ အာဏာသိမ်း စစ်အုပ်စု ပြန်လည်ထိမ်းချုပ်ထားတဲ့ သပိတ်ကျင်းနဲ့ တကောင်းနယ်မှာ ပြောက်ကျားတိုက်ပွဲတချို့ ပြန်လည် ဖြစ်ပွါးနေသလို စဉ့်ကူးနဲ့ မတ္တရာနယ်မှာလည်း အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်နေတဲ့ စစ်အုပ်စု သစ္စာခံ ပျူစောထီးတချို့ သုတ်သင်ခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ တော်လှန်ရေးတပ်တွေ တစ်နှစ်ခွဲခန့်ကြာ သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တဲ့ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်း မြို့နယ်တွေကို စစ်အုပ်စု ပြန်လည် ထိန်းချုပ်ပြီး သုံးလကျော်အကြာ အဆိုပါဒေသတွေမှာ ပြောက်ကျား တိုက်ပွဲ…
-

မြစ်ကြီး ၅ စင်းစိုးရိမ်ရေအမှတ်ရောက်နေပြီ
မြစ်ကြီး ၅ စင်းစိုးရိမ်ရေအမှတ်ရောက်နေပြီ..ကြိုတင်ပြင်ဆင်ကျပါ မိုးတွင်းကာလကို ရောက်ရှိလာတာနဲ့အမျှ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရေဘေးအန္တရာယ်ကို အထူးသတိထားနေကြရပါပြီ။ အခုလည်း မြစ်ရေတွေ အမှတ်စဉ်ဆက်တိုက် မြင့်တက်လာပြီး စိုးရိမ်ရေမှတ်ကို ရောက်ရှိတော့မယ့်အပြင်၊ တချို့မြစ်တွေဆို စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီဖြစ်လို့ မိဘပြည်သူတွေ အချိန်မီ သိရှိရှောင်ရှားနိုင်ဖို့ အရေးပေါ် သတင်းပေး တင်ဆက်လိုက်ပါတယ်။ 🌊 စိုးရိမ်ရေမှတ်ကို ရောက်ရှိတော့မယ့် မြစ်များနှင့် မြို့နယ်များ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ (ဇူလိုင် ၁၁ ရက်) တိုင်းထွာချက်များအရ အောက်ပါမြစ်ရေတွေဟာ အချိန်တိုအတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။ ချင်းတွင်းမြစ်ရေ – ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေမှတ်အောက် (၁) ပေခွဲကျော်သာ လိုတော့ပြီး နောက် (၃၆) နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါတယ်။ သံလွင်မြစ်ရေ – ဘားအံမြို့တွင်…
-

ဘုရားဆင်းတုတွေပါ ပျက်စီးခဲ့ရတဲ့ သံဖြူဇရပ်လေဆင်နှာမောင်း
သံဖြူဇရပ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အဆောက်အအုံ ၄၀ ကျော် ပျက်စီး မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က မိုးသည်းထန်စွာရွာသွန်းပြီးနောက် လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် ဘုရားစေတီတစ်ဆူနှင့် လူနေအိမ် ၄၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် သံဖြူဇရပ်မြို့ပေါ်ရှိ အောင်ကုသိုလ်ရပ်ကွက်၊ အောင်ဇေယျတိုးချဲ့ရပ်ကွက်နှင့် ဝယ်ကဝါကျေးရွာတို့တွင် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပေါ်ခဲ့သည်။ အောင်ကုသိုလ်ရပ်ကွက်ရှိ ကျိုက်ရာမညဇိန ထိုင်တော်မူဘုရားကြီးဝင်းအတွင်းမှ ထိုင်တော်မူဘုရားကို မိုးထားသည့် အမိုးတစ်ခုလုံး ပြိုကျပျက်စီးခဲ့သည့်အပြင် ယင်းရပ်ကွက်အတွင်းရှိ လူနေအိမ် (၂) လုံးလည်း ပျက်စီးခဲ့သည်။ ထို့အတူ အောင်ဇေယျတိုးချဲ့ရပ်ကွက်တွင်လည်း လူနေအိမ် (၃၃) လုံးထက်မနည်းနှင့် စာသင်ကျောင်း (၁) ကျောင်းတို့၏ အမိုးများ လန်ထွက်ပျက်စီးခဲ့ရသည်။…
-

PDF လေး ၂၀ ကေ့စ် နောက်ဆက်တွဲတွေပေါ်လာပြီ
ချောက်မြို့နယ်တွင် စစ်တပ်က အရပ်ဝတ်များ ဝတ်ဆင်ပြီး PDF ပုံစံ ပုံမှားရိုက်ကာ အနီးကပ်ဝင်ရောက်စီးနင်းပြီး PDF ရဲဘော် ၂၀ ဦးကို ဖမ်းဆီးသတ်ဖြတ် မကွေးတိုင်း၊ ချောက်မြို့နယ်တွင် စစ်တပ်က အရပ်ဝတ်များ ဝတ်ဆင်၍ တော်လှန်ရေး PDF ပုံစံ ပုံမှားရိုက်ကာ အနီးကပ်ဝင်ရောက် စီး နင်းမှုကြောင့် PDF ရဲဘော် ၂၀ ဦး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သတင်းရင်းမြစ်က ပြောကြားသည်။ ယမန်နေ့ ဇူလိုင်လ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန် ချောက်မြို့နယ်၊ တောင်သာ (တောင်) ကျေး ရွာနှင့် စမ်းကန်ကျေးရွာအနီး မကွေးခရိုင် အမှတ် ၃ တပ်ရင်းမှ စုဖွဲ့မှု ပြုလုပ်ရာနေရာသို့ အကြမ်း ဖက်စစ်တပ် စစ်ကြောင်း ရောက်ရှိလာရာ…