Category: News

  • သန်လျင် သဘာ၀တရားရိပ်သာ ဆရာတော် လူမှုကွန်ရက်၌ အကြွေးအတောင်းခံရ

    သန်လျင် သဘာ၀တရားရိပ်သာ ဆရာတော် လူမှုကွန်ရက်၌ အကြွေးအတောင်းခံရ

    သန်လျင်သဘာဝတရားရိပ်သာ တည်ထောင်သူ ဆရာတော် ဦးဥတ္တမသာရသည် မကြာသေးမီကာလအတွင်း လူမှုကွန်ရက်စာမျက်နှာများပေါ်၌ ငွေကြေးကျပ်သိန်းပေါင်း ထောင်ချီ အငြင်းပွားမှုပြဿနာနှင့် ပတ်သက်ပြီး ဆရာလေးတစ်ပါး၏ အကြွေးတောင်းမှုခံခဲ့ရသည်။ ဖြစ်စဉ်မှာ ဆရာလေး ဒေါ်အရိယာဉာဏီသည် ထိုင်ဝမ်နိုင်ငံတွင် နေထိုင်သည့် ၎င်း၏တူမဖြစ်သူထံမှ ငွေကြေးများ ချေးယူကာ ဆရာတော် ဦးဥတ္တမသာရထံသို့ သုံးစွဲရန် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပေးအပ်ခဲ့သည့် ငွေကျပ် သိန်း ၁၂၅၀ အား သုံးနှစ်တိုင်တိုင် ကြာမြင့်သည့်တိုင်အောင် ဆရာတော်ဘက်က ယနေ့ထက်တိုင် ပြန်လည်ပေးဆပ်ခြင်း မရှိသေးကြောင်း ဆရာလေးက လူမှုကွန်ရက်တွင် အကူအညီတောင်းခံစာ ရေးသားဖော်ပြလာခဲ့သည်။ ဆရာလေး၏ ရေးသားချက်တွင် ထိုင်ဝမ်ရှိ တူမဖြစ်သူအား ပြန်လည်ပေးဆပ်ရမည့် အဆိုပါငွေကြေးများကို မည်ကဲ့သို့ ပြန်လည်တောင်းခံရမည်ကို မသိရှိတော့သည့်အတွက် အများပြည်သူများအနေဖြင့် ထိရောက်မည့် နည်းလမ်းကောင်းများနှင့် အကြံဉာဏ်များ ပေးကြရန်…

  • ခါရာ ကြမ်းပါပြီ

    ခါရာ ကြမ်းပါပြီ

    အာဏာရူးတွေကြောင့် ပြည်သူ ရဲဘော် ၂၀ ဦး ကျဆုံးသွားရတဲ့ အပေါ် ဝမ်းနည်းကြောင်း ပြောပြလာတဲ့ ကိုခါရာ မင်းတို့ငါတို့အားလုံး ကိုယ်စီမက်နေကြတဲ့အိမ်မက်တွေ တန်းတူညီမျှတဲ့လူ့အခွင့်ရေးရဖို့ ဖားယားစရာမလိုပဲ တရားမျှတဖို့ လူငယ်တွေရှေ့တန်းမှာ အသက်တွေပေးနေကြတယ်။ ဒါငါတို့နိုင်ငံရဲ့အရှိတရားပဲ။ ဒီပေးဆပ်မှုတွေ အလကားမစေရဘူး။ ငါတို့ပိုပြတ်သားရမယ်၊ နိုင်တာထက်ပိုထမ်းရမယ်။ စိတ်တိုတာမဟုတ်ဘူး။ အရှိတရားကို အသိဝင်စေချင်တာ။ အနာဂတ်မျိုးဆက်သစ်လူငယ်တွေ အသက်ပေးနေကြတာတွေက ဒီအာဏာရူးတွေကြောင့်ပဲ။ အာဏာရူးတွေကြောင့်ဖြစ်ရတာ။ ဘယ်တုန်းကမှ တိုင်းပြည်အပေါ်စေတနာမရှိခဲ့ဘူး။ ဒါသူတို့ရဲ့အတွေးခေါ်နဲ့ လုပ်ရပ်တွေ။ ဝဋ်ကြွေး လို့ခေါင်းစဉ်မတပ်စေချင်ဘူး။ နောက်တစ်ခုက အာဏာရူးတွေ ရူးချင်တိုင်းရူးလို့ရနေကြတာကလည်း ရူးခွင့်ပေးထားကြလို့။ တစ်သက်လုံး အာဏာရှင်တွေအောက်မှာမနေချင်ရင် ကိုယ့်အတွေးခေါ်တွေ လုပ်ရပ်တွေကို ပြန်သုံးသပ်ကြပါ။ အသိသတိနဲ့ ပြင်ဆင်ကြပါ။ “ငါတို့တွေ ငါတို့လိုချင်တဲ့ စနစ်ကိုပြန်တိုက်ယူရင်း ကိုယ်တိုင်ပြုပြင်ပြီး ပြန်လည်တည်ဆောက်ကြမယ်။ အာဏာရှင်စနစ်နဲ့ အာဏာရှင်တွေကို တော်လှန်ရင်း မဖြစ်သေးတာကို…

  • မနက်စောစော ဆိုက်ကားထနင်းရင်း

    မနက်စောစော ဆိုက်ကားထနင်းရင်း

    ရန်ကုန်မြို့မှာ ဆိုက်ကားသမားတစ်ဦး ဆိုက်ကားနင်းနေရင်း သေဆုံး ရန်ကုန်မြို့၊ ကမ်းနားလမ်းအနီး ဆိုက်ကားသမားတစ်ဦး ဆိုက်ကားနင်းနေရင်း သေဆုံးမှု ဒီကနေ့ မနက်အစောပိုင်းမှာ ဖြစ်ခဲ့တယ်လို့ ကူညီကယ်ဆယ်သူနဲ့ မျက်မြင်တွေ့ရှိခဲ့သူတချို့က ပြောပါတယ်။ “၇ နာရီလောက်က ဖြစ်တာ လမ်း‌မပေါ် မှာပဲ။ ခရီးသည်တော့ မပါဘူး။နင်းနေရင်း ဆိုင်ကားလက်ကိုင်ရှေ့ခေါင်းငိုက်စိုက်ကျသွားတာ”လို့ ဖြစ်စဉ်ကို တွေ့ရှိခဲ့သူက ပြောပါတယ်။ သေဆုံးသူဟာ အသက်(၅၀)အရွယ်၀န်းကျင်ဖြစ်ပြီး ကမ်းနားလမ်းတဝိုက် ဆိုက်ကားပုံမှန်‌ပြေးဆွဲနေသူလို့ ကူညီကယ်ဆယ်ခဲ့သူတစ်ဦးက ဆိုပါတယ်။ “ကျွန်တော်တို့ စစ်ရသလောက်ဆိုရင် ဦးနှောက်သွေးကြောပြတ်သွားတာလို့ ယူဆတယ်”လို့ သူက ပြောပါတယ်။ လက်ရှိမှာ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးပို့ဆောင်ထားကြောင်းလည်း သိရပါတယ်။ “မရှိဆင်းရဲသားတွေဘ၀ တကယ်ကို ဒုက္ခ ရောက်နေကြတာ။နေမကောင်းလည်း မနားနိုင်ရှာဘူး။တရက်နားလိုက်ရင် တရက်ထမင်းငတ်ပဲ ဖြစ်နေတဲ့ ဘ၀တွေ”လို့ ဖြစ်ဉ်ကို သိရှိသူတစ်ဦးက မှတ်ချက်ပေးပါတယ်။ ၂၀၂၁ စစ်တပ်…

  • မန္တလေး PDF တို့ကတာ ပွဲတွေ ပြန်မြိုင်နေပြီ

    မန္တလေး PDF တို့ကတာ ပွဲတွေ ပြန်မြိုင်နေပြီ

    မန္တလေးတိုင်း သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာနယ်မှာ ပြောက်ကျားတိုက်ပွဲတချို့ ပြန်ဖြစ် စစ်အုပ်စုက ပြည်သူကို ရန်ပြုပြီး ကင်းစောင့်ခိုင်းတာ၊ နေရာရွှေ့ခိုင်းတာ၊ ပေါ်တာဆွဲတာတွေ လုပ်နေ သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာနယ်က ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင်နေကြရဆဲ မန္တလေးတိုင်း မြောက်ဘက်ခြမ်းရှိ အာဏာသိမ်း စစ်အုပ်စု ပြန်လည်ထိမ်းချုပ်ထားတဲ့ သပိတ်ကျင်းနဲ့ တကောင်းနယ်မှာ ပြောက်ကျားတိုက်ပွဲတချို့ ပြန်လည် ဖြစ်ပွါးနေသလို စဉ့်ကူးနဲ့ မတ္တရာနယ်မှာလည်း အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်နေတဲ့ စစ်အုပ်စု သစ္စာခံ ပျူစောထီးတချို့ သုတ်သင်ခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ တော်လှန်ရေးတပ်တွေ တစ်နှစ်ခွဲခန့်ကြာ သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တဲ့ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်း မြို့နယ်တွေကို စစ်အုပ်စု ပြန်လည် ထိန်းချုပ်ပြီး သုံးလကျော်အကြာ အဆိုပါဒေသတွေမှာ ပြောက်ကျား တိုက်ပွဲ…

  • မြစ်ကြီး ၅ စင်းစိုးရိမ်ရေအမှတ်ရောက်နေပြီ

    မြစ်ကြီး ၅ စင်းစိုးရိမ်ရေအမှတ်ရောက်နေပြီ

    မြစ်ကြီး ၅ စင်းစိုးရိမ်ရေအမှတ်ရောက်နေပြီ..ကြိုတင်ပြင်ဆင်ကျပါ မိုးတွင်းကာလကို ရောက်ရှိလာတာနဲ့အမျှ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရေဘေးအန္တရာယ်ကို အထူးသတိထားနေကြရပါပြီ။ အခုလည်း မြစ်ရေတွေ အမှတ်စဉ်ဆက်တိုက် မြင့်တက်လာပြီး စိုးရိမ်ရေမှတ်ကို ရောက်ရှိတော့မယ့်အပြင်၊ တချို့မြစ်တွေဆို စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီဖြစ်လို့ မိဘပြည်သူတွေ အချိန်မီ သိရှိရှောင်ရှားနိုင်ဖို့ အရေးပေါ် သတင်းပေး တင်ဆက်လိုက်ပါတယ်။ 🌊 စိုးရိမ်ရေမှတ်ကို ရောက်ရှိတော့မယ့် မြစ်များနှင့် မြို့နယ်များ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ (ဇူလိုင် ၁၁ ရက်) တိုင်းထွာချက်များအရ အောက်ပါမြစ်ရေတွေဟာ အချိန်တိုအတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။ ချင်းတွင်းမြစ်ရေ – ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေမှတ်အောက် (၁) ပေခွဲကျော်သာ လိုတော့ပြီး နောက် (၃၆) နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါတယ်။ သံလွင်မြစ်ရေ – ဘားအံမြို့တွင်…