အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လူသိများသော လူယုံတစ်ဦးဖြစ်သူ ရော်ဂျာစတုန်းသည် မြန်မာနှင့် အမေရိကန်တို့၏ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာစေရန် စစ်အုပ်စု၏ လော်ဘီအဖြစ် ဆောင်ရွက်သွားမည်ဟု သိရသည်။ ရော်ဂျာစတုန်းသည် အမေရိကန်နိုင်ငံ၏ Foreign Agents Registration Act (FARA) ဥပဒေအရ နိုင်ငံခြားအကျိုးစီးပွားကို ကိုယ်စားပြု လုပ်ဆောင်နေသူအဖြစ် တရားဝင် မှတ်ပုံတင်ထားသူ ဖြစ်သည်။ သူသည် နိုင်ငံရေးလောကတွင် အတွေ့အကြုံများပြီး ထရမ့်နှင့် ဆယ်စုနှစ်များစွာကြာ ရင်းနှီးသည့် ဆက်ဆံရေးရှိသူဖြစ်သည်။ စတုန်းသည် မြန်မာစစ်အုပ်စု ပြန်ကြားရေးဝန်ကြီးဌာနအတွက် လော်ဘီလုပ်ပေးရန် တစ်လလျှင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ဖြင့် ငှားရမ်းခြင်းခံရကြောင်း ဧပြီလ ၂၉ ရက်နေ့တွင် တင်သွင်းခဲ့သည့် FARA မှတ်တမ်း၌ ဖော်ပြထားသည်။ အဆိုပါ ဥပဒေသည် နိုင်ငံခြားအစိုးရ သို့မဟုတ် နိုင်ငံခြားအဖွဲ့အစည်းများအတွက် အကျိုးဆောင်…
အမေရိကန်နှင့် အီရန်အကြား အပစ်အခတ်ရပ်စဲရေးမှာ ထိလွယ်ရှလွယ်ဖြစ်နေချိန်တွင် အမေရိကန်က အီရန်ပဋိပက္ခတွင် အဆင့်မြင့်ဆုံးလက်နက်စနစ်တခုဖြစ်သည့် “Dark Eagle” ဟု လူသိများသော အသံ ထက်မြန်သောဒုံးကျည်စနစ်ကို ဖြန့်ကြက်ရန် စီစဉ်နေသဖြင့်၊ ယင်းမှာ တင်းမာမှုကို အဆင့်သစ်တခုသို့ ရောက်ရှိသွားနိုင်သည့် အခြေအနေဖြစ်ကြောင်း သတင်းများက ဆိုသည်။ တရားဝင်အားဖြင့် “တာဝေးပစ် အသံထက်မြန်သောလက်နက်” ဟု ခေါ်ဆိုသည့် ယင်းလက်နက်စနစ်မှာ အပြည့်အဝအသုံးပြုနိုင်သည့်အဆင့်သို့ ရောက်ရှိပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေး သော်လည်း ခွင့်ပြုချက်ရရှိပါက ယင်းသည် အမေရိကန်က တိုက်ရိုက်ပဋိပက္ခတခုအတွင်း အသံထက် မြန်သောလက်နက်ကို ပထမဆုံးအကြိမ် ဖြန့်ကြက်အသုံးပြုခြင်း ဖြစ်လာမည်ဖြစ်သည်။ Dark Eagle ဆိုသည်မှာ မည်သည့်အရာနည်း “Dark Eagle” သည် အခိုင်အမာကာကွယ်ထားသည့် ပစ်မှတ်များနှင့် အချိန်နှင့်တပြေးညီ တိုက်ခိုက်ရန် လိုအပ်သော…
အလွန်စိတ်ဝင်စားစရာ ဂြိုဟ်သား နှင့် UFO ဆိုင်ရာမှတ်တမ်းများ အမြန်ဆုံး ချပြမည်ဟု ဒေါ်နယ်ထရမ့် ကတိပြု အစိုးရ ရရှိထားသည့် ဂြိုဟ်သားနှင့် UFO ဆိုင်ရာ အထောက်အထား မှတ်တမ်းများကို မကြာမီ အများသိ အမြန်ဆုံး ချပြသွားမည်ဟု လကမ္ဘာပေ ါ်သွားခဲ့သည့် Artemis II အာကာသယာဉ်မစ်ရှင်နှင့် ပတ်သက်ပြီး ဧပြီ ၂၉ ရက်က အိမ်ဖြူတော်တွင် တွေ့ဆုံပွဲ ပြုလုပ်ရာ၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကတိပြု ပြောကြားခဲ့သည်။ အမေရိကန်စစ်ရေးဌာန (DoW) သည် နှစ်ပေါင်းများစွာအတွင်း ကောင်းကင်ပြင်၌ အမျိုးအမည် မသိလေ ကြောင်းဖြစ်စဉ်များ (UAPs) နှင့် အမျိုးအမည်မသိ ပျံသန်းနေသော အရာ၀တ္ထုများ (UFOs) မှတ်တမ်းများကို လျှို့ဝှက်စွာ သိမ်းဆည်းထားခြင်းအား ယနေ့ ထုတ်ဖော်ပြသရန်…
AA က ထပ်မံလိုက်လံတိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်နေ ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲမှာ အကြမ်းဖက် မြန်မာစစ်တပ်က အထိနာ အကျအဆုံးများပြီး စစ်ကြောင်းပြိုကာ နောက်ဆုတ်သွားပြီးနောက် အဲဒီစစ်ကြောင်းကို အာရက္ခတပ်တော် (AA)နဲ့ ပူးပေါင်းတပ်ဖွဲ့က လိုက်လံ ရှင်းလင်းတိုက်ခိုက်ရာကနေ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ” မနေ့က ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်းက အင်အားအလုံးအရင်းနဲ့ ဒရုန်းပစ်ကူတွေသုံးပြီး ပဇီရွာကို စစ်ကြောင်း ထိုးတာ။ နှစ်ဖက်တိုက်ပွဲပြင်းလို့ စစ်ကောင်စီဖက်ကအထိနာသွားတယ်။ နောက်ပိုင်း စစ်ကြောင်း ပြိုသွားတယ်။ မနေ့ကညအချိန်လောက်မှာ သူတို့နောက်ဆုတ်ထွက်ပြေးကြတယ်။ အဲဒါ အေအေက လိုက်ရှင်းတော့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေပါတယ်” လို့ ပြောပါတယ်။ ခုလို နောက်ဆုတ်ထွက်ပြေးသွားတဲ့ စစ်တပ်…
ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ အထူးဆောက်ထားသော အိမ်သို့ ရွှေ့ပြောင်းထား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ သီးသန့်ထောင်သဖွယ် အထူးဆောက် လုပ်ထားသောအိမ်သို့ ပြီးခဲ့သည့် သင်္ကြန်အတက်နေ့ (ဧပြီ ၁၆ရက်)က အရေးပေါ် ပြောင်းရွှေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယင်းနေအိမ်သည် နေပြည်တော်ရှိ စစ်တပ်နယ်မြေအတွင်း တိုက်ရိုက်တည်ရှိခြင်းမဟုတ်ဘဲ စစ်တပ်မိသားစုများ နေထိုင်ရာမြို့နယ်တွင် တည်ရှိကြောင်း၊ သိသာထင်ရှားသည့် အလွန်မြင့်မားသော ခြံစည်းရိုးများကို ပတ်ပတ်လည်ခတ်ထားကြောင်း သိရသည်။ ထို့အဆောက်အအုံမှာ ဒေါ်အောင်ဆန်းစုကြည် မပြောင်းရွှေ့မီ အရေးပေါ် အမြန်အချောသတ် ဆောက်လုပ်ခဲ့ခြင်းဖြစ် နိုင်ကြောင်း သတင်းရင်းမြစ်က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် ပြောင်းရွှေ့ပြီး နောက်တရက် နှစ်ဆန်းတရက်နေ့ (ဧပြီ ၁၇ ရက်)တွင် သမ္မတ ဦးဝင်းမြင့်ကို လက်ရှိကျခံနေသည့် ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။ ပြီးခဲ့သည့် ဧပြီ ၂၅…