အိမ်ရှင်က ရိုက်နှက်နှိပ်စက်လို့ ထွက်ပြေးလာတဲ့ ၁၁ နှစ်အရွယ် မိန်းကလေးငယ် 😭 ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ၁၃ ရပ်ကွက် အနော်မာ(၁)လမ်းတွင်နေထိုင်သော အိမ်ရှင်များက နှိပ်စက်ခဲ့ကြတာလို့သိရပါတယ်။ ကလေးက ထွက်ပြေးလာပြီး ကျောင်းကားရဲ့အောက်မှာ ဝင်ပုန်းနေတာ ပတ်ဝန်းကျင်က အစ်မတစ်ယောက်က မြင်ပြီး အိမ်ပေါ်ခေါ်ထားကာ ပရဟိတအသင်းဆီ ဖုန်းဆက်ပြီး စံပြဆေးရုံကို ပို့လိုက်ကြပါတယ်။ အိမ်ရှင်က ပါမောက္ခဟောင်းတစ်ဦးဖြစ်တယ်လို့ ကလေးကို ကူညီပေးနေတဲ့ ပရဟိတအသင်းက အစ်မက ပြောပါတယ်။ ကလေးဆေးရုံရောက်ချိန်မှာ အိမ်ရှင်အုပ်စုက နင်မဟုတ်တာတွေမပြောနဲ့ဆိုပြီး လာပြန်ခေါ်သေးတယ်။ (မိဘတွေပြောပြချက်) ကလေးကရွှေတွေခိုးလို့ ရိုက်ပါ တယ်ဆိုပြီး အိမ်ရှင်က ဖုန်းဆက်တယ်။ (ကလေးပြောပြချက်) အစာဝအောင်းမကျွေးလို့ ခွေးစာ တွေ ခိုးစားမိတယ်… 😭 ကလေးက ၉ နှစ်အရွယ်က အဲ့အိမ်ကိုစရောက်တယ် ခု ၁၁…
ဓမ္မစကူးလ်ဆရာမ ဘဝကို ဖြတ်သန်းခဲ့ပြီးနောက် အဆုံးအစွန်ထိ ချွ-တ်ပြတော့မယ့် အုန်းသီးများပိုင်ရှင် Ball Ma နန်းဝေဝေမြင့် ပုဂံလမ်းကပဲစောင့်စောင့် ညောင်ဦးလမ်းကပဲစောင့်စောင့် ဘယ်လမ်းကစောင့်စောင့် ဒီအဝတ်စားနဲ့စောင့်နေရင်တော့ ရေတောင်ခေါ်တိုက်မဲ့သူ ရှိမှာမဟုတ်ဘူး။ ☺️ “မိုးနဲ့အတူ ပုဂံလမ်းကစောင့်နေမယ်” သီချင်းကိုဆိုသွားတဲ့ မော်ဒယ်လား အဆိုတော်လား သရုပ်ဆောင်လား မသိရတဲ့ နန်းဝေဝေမြင့်ကို ပရိတ်သတ်က များစွာဝေဖန် ရေးသားခဲ့ကြပါတယ်။ ဘာကြောင့်ဝေဖန်ရေးသားကြလဲဆိုတော့ သူမဟာ အရင်က ဓမ္မစကူး ဆရာမဘဝမှာ မြန်မာဆန်ဆန်အဝတ်စားလေးတွေကို မြတ်မြတ်နိုးနိုးတန်ဖိုးထားဝတ်ဆင်ရာကနေ ပရိတ်သတ်အားပေးမှုကြောင့် နာမည်တစ်ခုရရှိခဲ့ပြီးနောက် ခုချိန်မှာတော့ အနုပညာလောကထဲရောက်ရှိလာပြီး စင်ပေါ်တက် မတော်တရော်တွေ ဝတ်ပြနေမှုတွေကြောင့် ဝေဖန်ပြောဆိုနေကြတာပါ။ အဓိကအကြောင်းကတော့ ယဉ်ကျေးသိမ်မွေ့တဲ့ ဓမ္မစကူးဆရာမဘဝကနေ ဒီနေ့ဒီချိန်မှာ ဒီလိုတွေမြင်တွေ့နေရတာကိုပါပဲ…. ငပိစားမရှိတာ ဝယ်လို့ရတယ် အသိတရားမရှိတာ ဝယ်လို့မရဘူး။ “တောက်” သိဖို့ 😱 😎😎😎
ဆေးရုံတွေရဲ့ ပေါ့ဆမှုတွေကို မပြောတော့ပဲနေမလို့ ဒါမဲ့လည်း သိသင့်ပြီး အားလုံးသတိထားရအောင်လို့ပါ။ ကျန်းမာရေးနဲ့ပက်သတ်ရင်ပေါ့လို့မရပါဘူးနော် နောက်မှထဖွင့်တဲ့ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းငယ်တွေဆို ပိုတောင် ယုံလို့မရပါဘူး။ အိမ်က ညီမလေးအငယ်ဆုံးလေးက 24 ရက်နေ့ညမှာ ဗိုက်စအောင့်ပါတယ် ပုံမှန်အောင့်နေကြပုံစံနဲ့စဖြစ်ပေမဲ့ ဒီတစ်ခါသူအောင့်တာက ဆေးရုံ တန်းပြေးရမဲ့ပုံလိုဖြစ်နေပြီး မျက်ခွံတွေ မျက်တောင်တွေကအစ ကောင်းကောင်းမခတ်နိုင်တော့လို့ 25 ရက်နေ့မနက်မှာ အိမ်နားက လှိုင်တော်ဝင်ဆေးရုံသွားခဲ့ပါတယ် အစာအိမ်နဲ့အူလမ်းကြောင်းဆရာဝန်က အူအတက်ယောင်တာဆိုပြီး တန်းပြောပါတယ်။ ခွဲစိတ်ရမယ်ပြောတော့ ကျွန်မတို့လည်း အချိန်မလင့်ခင်မှာ ခွဲမယ်ပြောတော့ သီးသန့်ခန်းမရသေးလို့ ဆရာလဲ ရက်ချိန်းပြန်ကြည့်ပြီးမှ ပြန်ပြောမယ်ပြောပြီး ကျမတို့ကို စိတ်ချရအောင် Hall မှာထားပါတယ် တညလုံးလည်း ဗိုက်အောင့်နေတဲ့ ကလေးရဲ့ ကုတင်ကို ဘေးက ရွာသူမတွေက ခဏခဏလာဆောင့်လိုက် တွန်းလိုက်နဲ့ ပြောလို့လဲမရပဲ တညလုံး အတော်ခံလိုက်ရတယ်…
လွန်ခဲ့သည့် ၂၀၂၅ ခုနှစ် မြန်မာပြည် စစ်ရေးသုံးသပ်ချက်အနေနှင့် ဦးစွာအားဖြင့် ရခိုင်စစ်မြေပြင်မှ အစပြုပါမည်။ အာရက္ခတပ်တော်သည် ၂၀၂၅ ခုနှစ် တခုလုံးတွင် စစ်မျက်နှာ ခြောက်ခုတွင် ရန်သူများနှင့် ရင်ဆိုင်တိုက်ခိုက်နေသည်ကို တွေ့မြင်ရ၏။ အဆိုပါ စစ်မျက်နှာ ၆ ခုမှာ- ၁။ မောင်တော၊ ဘူးသီးတောင် ၂။ စစ်တွေ ၃။ ကျောက်ဖြူ ၄။ နတ်ရေကန် ၅။ ညောင်ကျိုး ၆။ ဧရာဝတီ တို့ဖြစ်ကြ၏။ အာရက္ခတပ်တော်သည် မောင်တော၊ ဘူးသီးတောင်ဒေသတွင် စကမ စစ်တပ် ၏ ပျူစောထီးတပိုင်းဖြစ်ကြသည့် အစ္စလမ်မစ်အစွန်းရောက်အဖွဲ့များနှင့်ရင်ဆိုင်နေရပြီး ကျန်စစ်မျက်နှာ ၅ ခုတွင် စကမ စစ်တပ်နှင့် ရင်ဆိုင်တိုက်ခိုက်နေသည်ကို တွေ့ရ၏။ ၁။ မောင်တော၊ ဘူးသီးတောင် စစ်မျက်နှာ မောင်တော၊…
❝မာဒူရို (သို့မဟုတ်) ပြည်သူလူထုရဲ့ပိုက်ဆံ – နိုင်ငံ့ငွေကြေးကို အိမ်သာသုံးစက္ကူလောက်တောင်မတန်အောင် လုပ်ခဲ့တဲ့သမ္မတ❞ ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolás Maduro) နဲ့ဇနီးကို အမေရိကန်က ယနေ့မှာပဲ စစ်ဆင်ရေးတစ်ခုနဲ့ ဖမ်းဆီးခေါ်ထုတ်သွားပြီဆိုတဲ့ သတင်းကို ထရမ့်ကသူ့ဆိုရှယ်မီဒီယာမှာ ပြောကြားလိုက်တာဟာ လက်တင်အမေရိကတင်မကဘဲ တစ်ကမ္ဘာလုံးက စွမ်းအင်စျေးကွက်နဲ့ သံတမန်ရေးရာလောကကိုပါ ကိုင်လှုပ်သွားတာဖြစ်ပါတယ်။ လာမဲ့ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲအပြီးမှာ ဒီကိစ္စမှန်မမှန်နဲ့ ဘယ်နည်းဘယ်ပုံ ကြက်ကလေးငှက်လေးဖမ်းသလို ဖမ်းသွားတာလဲဆိုတာ သိရမှာဖြစ်ပါတယ်။ နောက်တစ်ခုက ရုရှားဒုံးကျည်နဲ့ပြည်ပအကူအညီလက်နက်တွေပိုင်ဆိုင်ထားပါတယ်ဆိုတဲ့ ဗင်နီဇွဲလားလေကြောင်းကာကွယ်ရေးက ဘာမှမလုပ်နိုင်ခဲ့ဘူးလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ဒါဟာ ဟူးဂိုးချားဗက်စ် (Hugo Chávez) ကွယ်လွန်ပြီးနောက်ပိုင်း ဒေသတွင်းမှာ အကြီးမားဆုံး နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး – မျိုးဆက်တစ်ခုစာလောက် ဗင်နီဇွဲလားကို အာဏာရှင်စနစ်နဲ့ပုံဖော်ခဲ့တဲ့ခေါင်းဆောင်မျိုးဆက်တစ်ဆက် နိဂုံးချုပ်သွားတာပဲ ဖြစ်ပါတယ်။ မာဒူရိုဟာ ကမ္ဘာ့ရေနံသယံဇာတ အများဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ ဗင်နီဇွဲလားနိုင်ငံကို…