Category: Feature


  • IMEI နံပါတ် သိရုံနဲ့ ဖုန်းကို Hack လို့ ရနိုင်သလား?

    ဖုန်းသုံးသူတိုင်း သိထားသင့်တဲ့ လုံခြုံရေး ဗဟုသုတတစ်ခုအကြောင်း ပြောပြချင်ပါတယ်။ လူတော်တော်များများ စိုးရိမ်နေကြတဲ့ “ငါ့ဖုန်းရဲ့ IMEI ကို တစ်ယောက်ယောက်က သိသွားရင် ငါ့ဖုန်းကို Hack ပြီး ဒေတာတွေ ခိုးသွားမလား?” ဆိုတဲ့ မေးခွန်းပါ။ အဖြေကို အရင်ပြောရရင် “တိုက်ရိုက် Hack လို့ မရပါဘူး”။ ဒါပေမဲ့… သတိထားရမယ့် အချက်လေးတွေတော့ ရှိပါတယ်။ 🔍 ၁။ IMEI ဆိုတာ ဘာလဲ? IMEI ဆိုတာ ဖုန်းတစ်လုံးချင်းစီရဲ့ “ကိုယ်ပိုင်မှတ်ပုံတင်နံပါတ်” လိုမျိုးပါ။ လူတစ်ယောက်မှာ မှတ်ပုံတင်နံပါတ် တစ်ခုပဲ ရှိသလို၊ ဖုန်းတစ်လုံးမှာလည်း တစ်ကမ္ဘာလုံးမှာ တစ်ခုတည်းသော IMEI နံပါတ် ရှိပါတယ်။ ဒါဟာ Hardware (စက်ပစ္စည်း) ကို ခွဲခြားတာဖြစ်ပြီး သင့်ရဲ့…

  • ကျောင်းကား၊ ဖယ်ရီကားနဲ့ ကုန်တင်ကားတွေ

    စုံမ ကားနံပါတ်များ ၂ ရက်တခါမှ လမ်းပေါ်တက်ခွင့်ပေးထားသော်လည်း ကျောင်းကားနဲ့ အလုပ် ဖယ်ရီကားများကတော့ နေ့စဥ် လမ်းပေါ် တက်ခွင့် ရမယ်လို့ သိရပါတယ်။ ဒါပေမယ့် ကျောင်းကား၊ ဖယ်ရီကားနဲ့ ကုန်တင်ကားတွေမှာ သက်ဆိုင်ရာ ဌာနရဲ့ ထောက်ခံစာအပြင် ကားပေါ် ပါလာတဲ့သူတွေမှာလည်း ထောက်ခံစာပါမှ ခွင့်ပြုမယ်လို့ သိရပါတယ်။ ကားထောက်ခံစာ၊ လူထောက်ခံစာ မပါရင် အရေးယူမယ်လို့လည်း သိရပါတယ်။ မော်တော်ပီကယ်တွေကတော့ ဝမ်းသာပြီးရင်း ဝမ်းသာနေကြတော့မှာပါပဲ။ စစ်ကော်မရှင်၏ စုံ/မ ကားမောင်းနှင်ခွင့် ကန့်သတ်မှုကို စစ်တပ်လော်ဘီများပင် လှောင်ပြောင်နေ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် စက်သုံးဆီပြတ်လပ်မှုကို အကြောင်းပြကာ စစ်ကော်မရှင်က ကားနံပါတ် စုံ/မ ရက်အလိုက် ခွဲခြားမောင်းနှင်ရန် ထုတ်ပြန်လိုက်ခြင်းအပေါ် အများပြည်သူသာမက စစ်တပ်ထောက်ခံသူ လော်ဘီများကပါ ထူးခြားဆန်းပြားသည့် စီမံခန့်ခွဲမှုအဖြစ် လှောင်ပြောင်ဝေဖန်မှုများ ပြုလုပ်လာကြသည်။…

  • အခုလို စက်သုံးဆီ ပြတ်တဲ့ ဖြစ်ရပ်မျိုး လွန်ခဲ့တဲ့ ၆ နှစ်ကသာ ဖြစ်ခဲ့မယ်ဆိုရင်

    တကယ်လို့ ယခုလို စက်သုံးဆီ ပြတ်တဲ့ ဖြစ်ရပ်မျိုး လွန်ခဲ့တဲ့ ၆ နှစ်ကသာ ဖြစ်ခဲ့မယ်ဆိုရင် ဒီလို ၂ ရက် တခါပဲ ကားမောင်းလို့ ရမယ့် ကြောင်တောင်တောင် စုံမ အမိန့်မျိုးတွေ ထွက်လာမယ် မထင်ပါဘူး။ အဲဒီအချိန်မှာ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို မှန်းဆ ဖော်ပြပေးလိုက်ပါတယ်- ပထမဆုံး နိုင်ငံတော် အကြီးအကဲက ပြည်သူတွေကို မိန့်ခွန်းပြောပါလိမ့်မယ်။ “ကမ္ဘာမှာ ဒီလို အခြေအနေတွေ ရှိလို့ ကျွန်မတို့ စက်သုံးဆီတွေ ချွေတာဖို့ လိုအပ်နေပါပြီ” လို့ မိန့်ခွန်းထဲကနေ တည်ကြည်လေးနက်စွာနဲ့ ပြောပါလိမ့်မယ်။ နိုင်ငံမှာ အရန်စက်သုံးဆီ ပမာဏ မည်မျှ သိုလှောင်ထားတယ်ဆိုတာပါ မိန့်ခွန်းထဲမှာ တခါတည်း ပြောပါလိမ့်မယ်။ ရှေ့ဆက်သွားမယ့် နိုင်ငံရဲ့ စက်သုံးဆီ မူဝါဒကိုလည်း ရှင်းပြပါလိမ့်မယ်။…

  • “အီရန် ကို ကူညီမယ်” လို့ တရုတ်နိုင်ငံခေါင်းဆောင်ကြီး ရှီကျင်ဖျင် က ပြောတော့ မအလ လဲ ပျော်သွားတယ်

    “အီရန် ကို ကူညီမယ်” လို့ တရုတ်နိုင်ငံခေါင်းဆောင်ကြီး ရှီကျင်ဖျင် က ပြောတော့ မအလ လဲ ပျော်သွားတယ် တကယ်တန်း စစ်ဖြစ်လာတဲ့အခါမှာ ရုရှား နဲ့ တရုတ်နိုင်ငံတွေက ရှောင်ထွက်သွားတာ သူလက်တွေ့မြင်လိုက်ရတာလဲပါတာပေါ့ တရုတ်စစ်သင်္ဘောကြီးတွေ အီရန်ပင်လယ်ပြင်ဖက်ကို မောင်းနှင်အားဖြည့်တော့မှာလား… တရုတ်တိုက်လေယာဉ်တွေ အီရန်နိုင်ငံပေါ်မှာ ရောက်လာတော့မလား ဆိုတာကို ရင်တဖိုဖို နဲ့ စောင့်ကြည့်နေမိတာပါတဲ့ ရှီကျင့်ဖျင် က ထပ်ပြောတယ်… “ကူညီမယ် ဆိုပေမယ့်လဲ စစ်ရေးအကူအညီ မဟုတ်ပါဘူး” တဲ့ “နည်းပညာအကူအညီလဲ မဟုတ်ဘူး” တဲ့ “ထောက်လှမ်းရေးသတင်းပေးတာမျိုးလဲ မလုပ်ပါဘူး” တဲ့ “ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ကို တိုက်တွန်းပေးမှာပါ” တဲ့ သတင်းဖတ်ရင်း..မျက်ဖြူလန်ပြီး အကြောတက်သွားတဲ့ မအလ ကို ကြူကြူခေါ ထမိန်နဲ့အုပ်ပြီး နှာနှပ်ပေးလိုက်ရတယ်ဆိုလားဘဲ Melvin Moe

  • စုံ/မခွဲ တစ်ရက်ခြားကားမောင်းရမယ့် စစ်ခေါင်းဆောင်တွေရဲ့ ရွှေဉာဏ်တော် “ဆူးရောက်” စီမံခန့်ခွဲမှု

    ကဲ…တော်လှန်သူရော မတော်လှန်သူ ပြည်သူအပေါင်းတို့ရေ ကျွန်တော်တို့ရဲ့ ဉာဏ်ကြီးရှင် စစ်ခေါင်းဆောင်းဆိုသူတွေဆီကနေ ကမ္ဘာ့အဆင့်မီ ဆင်ခြေတစ်ခုနဲ့ နောက်ထပ် မဟာဗျူဟာမြောက် စီမံကိန်းကြီးတစ်ခု ထွက်လာပြန်ပါပြီ။ အရှေ့အလယ်ပိုင်းမှာ စစ်ဖြစ်နေလို့ စက်သုံးဆီဝယ်ဖို့ ခက်သွားတယ်တဲ့ဗျာ။ ဒါကြောင့် ကားတွေကို “စုံ” ဂဏန်းပတ်၊ “မ” ဂဏန်းပတ် ခွဲပြီး တစ်ရက်ခြားစီပဲ မောင်းခွင့်ပြုတော့မယ်လို့ ဆိုပါတယ်။ စဉ်းစားသာကြည့်ကြပါတော့… အရှေ့အလယ်ပိုင်းမှာ ဗုံးကွဲတာနဲ့ ကျွန်တော်တို့ဆီက ဆီဆိုင်တွေမှာ ဆီကုန်သွားရောတဲ့။ အိမ်နီးချင်း ထိုင်းတို့၊ အိန္ဒိယတို့မှာကျတော့ ဘယ်သူမှ ဆီဆိုင်ရှေ့မှာ ခြင်ထောင်ထောင်ပြီး အိပ်မနေရပါဘူး။ တကယ့် ပြဿနာက ကမ္ဘာ့ဆီဈေးကြောင့် မဟုတ်ဘဲ နိုင်ငံတကာက အပေါင်းအသင်းမလုပ်တော့လို့၊ ရင်းနှီးမြှုပ်နှံသူတွေ ပြေးကုန်လို့ ကိုယ့်အိတ်ကပ်ထဲမှာ ဒေါ်လာ (USD) ပြတ်နေတာပါ။ “ပိုက်ဆံမရှိလို့ ဆီမဝယ်နိုင်ပါဘူး” လို့ ရိုးရိုးသားသား…