တနိုင်ငံလုံးလွတ်မြောက်ရေး မဖြစ်မနေလိုအပ်၍ အားလုံးချိတ်ဆက်ပြီး စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ကြရန် KNDF ဒုစစ်ဦးစီးချုပ်နှင့် KNLAတပ်မဟာ(၂) တပ်မဟာမှူး တိုက်တွန်း ” မင်းအောင်လှိုင်ရဲ့ ခေါင်းကို သေနတ်နဲ့ တေ့ပြီး မင်းလားကွ အာဏာသိမ်းတာလို့ ဆိုပြီးတော့မှ လုပ်နိုင်ဖို့က ကရင်နီကနေအော်နေလို့ မရဘူး… အဲဒီနေရာက နေပြည်တော်ပဲဖြစ်တယ်” – KNDF ဒုစစ်ဦးစီးချုပ် မာဝီ တနိုင်ငံလုံးလွတ်မြောက်ရေး မဖြစ်မနေ လိုအပ်၍ တနိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုများအားလုံး ချိတ်ဆက်တိုက်ပွဲဝင်သည့်ခြေလှမ်းကို ရှေ့ဆက်လုပ်ဆောင်ရန် လိုအပ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)ဒုစစ်ဦးစီးချုပ် မာဝီက ပြောသည်။ စစ်တောင်းကမ်ပိန်းစကားဝိုင်းကို မတ်လ ၁ရက် က ကျင်းပခဲ့ရာ စစ်တောင်းဒေသ၏ စစ်ရေး နိုင်ငံရေး အခြေအနေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၂) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဩဂုတ်စတီး၊ ကရင်နီအမျိုးသားများ…
“ပွကြီးရှေ့တည့်တည့် (စစ်သား)နှစ်ကောင်ဘွားကနည်းပေါ်လာတော့ ပွကြီးကမေးလိုက်တယ်။ ဟျောင့်တွေ မင်းတို့ဘယ်တပ်စိပ်ကလဲဆိုတော့ တစ်ယောက်ကဖြေတယ် စစ်နိုင်တပ်စိပ်က တဲ့။ ပွကြီးက သိလိုက်ပီ ဒါ ငါတို့လူမဟုတ်ဘူးဆိုတာပေါ့” ဗန်းမော် မြိုသိမ်းတိုက်ပွဲမှာ စစ်တပ်ရဲ့အမှတ် (၂၃၆ )ခြေလျင်တပ်ရင်း (ခလရ ၂၃၆) သိမ်း တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ နဲ့ စစ်သားတွေ ထွေးလုံးရစ်ပတ်အသည်းအသန်တိုက်ခိုက်ချိန်မှာ အသက်ရှုမှားလောက်တဲ့ အခိုက် အတန့်တစ်ခုပါ။ ကချင်ဒေသက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF )တပ်ဖွဲ့ဝင်တစ်ဖြစ်ပြီး အသက် ၃၁ နှစ်အရွယ် တောင့်တင်းကြံ့ခိုင်တဲ့ ခန္ဒာကိုယ်ရှိတဲ့သူ့ကိုသူငယ်ချင်းတွေကရဲဘော်ပွကြီးလို့ချစ်စနိုးခေါ်ကြပါတယ်။ ဗန်းမော်မြို့မှာစစ်တပ်ရဲ့ အဓိက တပ်ရင်းဌာနချုပ်ဖြစ်တဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁)ရဲ့ ရှေ့မှာ ကာကင်းစခန်းကြီးလို့လည်းခေါ်နိုင်တဲ့ ခလရ (၂၃၆)တပ်ရင်းသိမ်းတိုက်ပွဲကို စစ်ကူအနေနဲ့လိုက်လာတာပါ။ ခလရ၂၃၆ နဲ့ အမတ…
စစ်မြေပြင်တစ်နေရာမှာ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတစ်ဦးဟာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး Danu People’s Liberation Front – DPLF က တပ်သားတစ်ဦးရဲ့ အစ်ကိုဖြစ်နေတယ်လို့ DPLF က ထုတ်ပြန်လာပါတယ်။ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်သား လေးဦးအနက် တစ်ဦးဟာ DPLF မှာ တာဝန်ထမ်းဆောင်နေတဲ့ PDF ရဲ့ ရဲဘော်တစ်ဦးရဲ့ အစ်ကိုရင်း ဖြစ်နေခဲ့တာပါ။ သူတို့ဟာ ငယ်စဉ်ကတည်းက ကွဲသွားခဲ့ပြီး အစ်ကိုဖြစ်သူဟာ စစ်ကောင်စီတပ်သားအဖြစ် စစ်မှုထမ်းနေပြီး ညီဖြစ်သူကတော့ အာဏာရှင်ကို တော်လှန်ဖို့ လက်နက်ကိုင်ခဲ့သူပဲဖြစ်ပါတယ်။ သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားတဲ့ အစ်ကိုဖြစ်သူကိုတော့ ညီဖြစ်သူ PDFက ဆေးဝါး ကုသမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ ရုပ်သံ – DPLF
အခု စစ်အာဏာသိမ်းတာ လေးနှစ်ပြည့်ပါပြီ။ စစ်အာဏာသိမ်းမှုကို ဘယ်သူတွေက အဓိက ဦးဆောင် အကောင်အထည် ဖော်ခဲ့ကြပါသလဲ။ အာဏာသိမ်းမှု လေးနှစ်အကြာမှာ ဒီလူတွေရဲ့ လားရာကရော ဘယ်လို ရှိပါလဲ။ စစ်အာဏာသိမ်းတာကို ပါဝင်ဦးဆောင် အကောင်အထည်ဖော်ရင်း ရာထူးတက်၊ လုပ်ပိုင်ခွင့်တိုးလိမ့်မယ်လို့ ဗိုလ်ချုပ်တွေက တွက်ခဲ့ကြပုံရပါတယ်။ အာဏာသိမ်း လေးနှစ်ကြာလာချိန်မှာ ပါဝင်ခဲ့တဲ့ ဗိုလ်ချုပ်တွေထဲက တချို့သာ စစ်တပ်မှာ ရာထူးတက်၊ နေရာမြဲခဲ့ကြပေမယ့် အများစုက ရာထူးက အနားပေးခံရတာ၊ စစ်တပ်က ထုတ်ပယ်ခံရတာ၊ ထောင်ချခံရတာ၊ တိုက်ပွဲမှာ သေသွားတဲ့အထိပါ ရှိလာခဲ့ပါပြီ။ ဒါကို ကြည့်ရင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အာဏာ တည်ဆောက်ရေးအတွက် အန္တရာယ်လို့ ယူဆရသူ မှန်သမျှကို ‘ဖြုတ်၊ ထုတ်၊ သတ်’ လုပ်ခဲ့တာပါ။ ဒါကြောင့် အာဏာသိမ်းရင် အမြတ်ထွက်မယ်လို့…
စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ချိုးနှိမ်၊ ဖျက်ဆီးနိုင်ခဲ့သော ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောကို KNLA က သူရဘွဲ့ ချီးမြှင့် သင်္ဃန်းညီနောင်တွင် စစ်ကောင်စီ၏ ဒေါ်လာ ၉ သန်းတန် ရဟတ်ယာဉ်ကို ကော်ဘရာစစ်ကြောင်းက ပစ်ချနိုင်ခဲ့ပြီး ဗိုလ်မှူးချုပ် အဆင့် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ အကြမ်းဖက် စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ချိုးနှိမ်၊ ဖျက်ဆီးနိုင်ခဲ့သော ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောကို KNLA က သူရဘွဲ့ တံဆိပ် ချီးမြှင့်လိုက်ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူပလယာခရိုင်၊ ကောကရိတ်မြို့နယ်…