ကဲ…တော်လှန်သူရော မတော်လှန်သူ ပြည်သူအပေါင်းတို့ရေ ကျွန်တော်တို့ရဲ့ ဉာဏ်ကြီးရှင် စစ်ခေါင်းဆောင်းဆိုသူတွေဆီကနေ ကမ္ဘာ့အဆင့်မီ ဆင်ခြေတစ်ခုနဲ့ နောက်ထပ် မဟာဗျူဟာမြောက် စီမံကိန်းကြီးတစ်ခု ထွက်လာပြန်ပါပြီ။ အရှေ့အလယ်ပိုင်းမှာ စစ်ဖြစ်နေလို့ စက်သုံးဆီဝယ်ဖို့ ခက်သွားတယ်တဲ့ဗျာ။ ဒါကြောင့် ကားတွေကို “စုံ” ဂဏန်းပတ်၊ “မ” ဂဏန်းပတ် ခွဲပြီး တစ်ရက်ခြားစီပဲ မောင်းခွင့်ပြုတော့မယ်လို့ ဆိုပါတယ်။ စဉ်းစားသာကြည့်ကြပါတော့… အရှေ့အလယ်ပိုင်းမှာ ဗုံးကွဲတာနဲ့ ကျွန်တော်တို့ဆီက ဆီဆိုင်တွေမှာ ဆီကုန်သွားရောတဲ့။ အိမ်နီးချင်း ထိုင်းတို့၊ အိန္ဒိယတို့မှာကျတော့ ဘယ်သူမှ ဆီဆိုင်ရှေ့မှာ ခြင်ထောင်ထောင်ပြီး အိပ်မနေရပါဘူး။ တကယ့် ပြဿနာက ကမ္ဘာ့ဆီဈေးကြောင့် မဟုတ်ဘဲ နိုင်ငံတကာက အပေါင်းအသင်းမလုပ်တော့လို့၊ ရင်းနှီးမြှုပ်နှံသူတွေ ပြေးကုန်လို့ ကိုယ့်အိတ်ကပ်ထဲမှာ ဒေါ်လာ (USD) ပြတ်နေတာပါ။ “ပိုက်ဆံမရှိလို့ ဆီမဝယ်နိုင်ပါဘူး” လို့ ရိုးရိုးသားသား…
ကမ္ဘာ့အရိပ်အတွင်းသို့ လ တိုက်ရိုက်ဖြတ်သန်းသွားပြီး “အလုံးစုံလကြတ်ခြင်း” (Total Lunar Eclipse) ဖြစ်စဉ်ကိုအရှေ့တောင်အာရှနိုင်ငံများတွင် ယနေ့ (မတ်လ ၃ ရက်) ညတွင် တွေ့မြင်နိုင်မည်ဖြစ်သည်။ ယခုဖြစ်စဉ်သည် “သွေးရောင်လ” (Blood Moon) ကို ၂၀၂၉ ခုနှစ်မတိုင်မီအထိ နောက်ဆုံး မြင်တွေ့ရမည့် မြင်ကွင်းလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ညနေ ၆ နာရီနှောင်းပိုင်းမှစ၍ မြင်တွေ့နိုင်မည်ဖြစ်ပြီး မိုးတိမ်ကင်းစင်ပါက ညနေ ၆ နာရီခွဲမှ ၇ နာရီခွဲ ဝန်းကျင်သည် ကြည့်ရှုရန် အကောင်းဆုံးအချိန်ဖြစ်မည်။ အမေရိကန်တွင်လည်း ဒေသစံတော်ချိန် မတ်လ ၃ ရက် နံနက်ပိုင်းတွင် သွေးရောင်ကဲ့သို့ နီမြန်းသွားမည့် အလုံးစုံလကြတ်ခြင်းကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ ယခုဖြစ်စဉ်ကို ဗဟိုအမေရိက၊ မြောက်အမေရိက၊ အလယ်အမေရိကနှင့် တောင်အမေရိက အနောက်ပိုင်းတို့မှ…
အဆိုတော် တနင်္ဂနွီ အဖွဲ့ကို အရေးယူပေးရန် ရခိုင်အမျိုးသမီးများတောင်းဆို ရခိုင်အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ စော်ကား ပြောဆိုထားသော ရခိုင်အဆိုတော် တနင်္ဂနွီအဖွဲ့ ရုပ်သံဖိုင် Facebook လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေပြီး ရခိုင်အမျိုးသမီးများနှင့် ရခိုင်ပြည်သူများကြားတွင် ဝေဖန်မှု မြင့်တက်နေကာ ကန့်ကွက်ရှုတ်ချထားကြသည်။ ရခိုင်လူငယ် Ko Thet (ကိုသက်) ဆိုသော အကောင့်ပိုင်ရှင်က လိင်ပိုင်းဆိုင်ရာ စော်ကား ပြောဆိုထားသည့် တနင်္ဂနွီအဖွဲ့ ရုပ်သံဖိုင်ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဖေ့စ်ဘုတ်စာမျက်နှာတွင် ပို့စ်တင်ထားသည်။ ရုပ်သံဖိုင်တွင် ရခိုင်အဆိုတော် တနင်္ဂနွီနှင့် နောက်ထပ် လူငယ် ၃ ဦး စုစုပေါင်း ၄ ဦး ပါဝင်ပြီး ၎င်းတို့အားလုံးက အရက်သောက်စား မူးယစ်ကာ ရခိုင်အမျိုးသမီးငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကား ပြောဆိုထားကြသည်။ ၎င်းတို့…
သွေးရောင်လွှမ်းမယ့် “အလုံးစုံလကြတ်ခြင်း” နှင့် ကံကြမ္မာအလှည့်အပြောင်း (သိထားသင့်သမျှ) 🔴 ၂၀၂၆ ခုနှစ်ရဲ့ ထူးခြားတဲ့ ကောင်းကင်ယံဖြစ်စဉ်တစ်ခုဖြစ်တဲ့ “အလုံးစုံလကြတ်ခြင်း” (Total Lunar Eclipse) ဟာ လာမယ့် မတ်လ (၃) ရက် (တပေါင်းလပြည့်ကျော် ၁ ရက်) နေ့မှာ ဖြစ်ပေါ်တော့မှာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးကနေ ကောင်းကင်ယံမှာ သွေးရောင်လွှမ်းနေတဲ့ လမင်းကြီးကို အထင်အရှား မြင်တွေ့ရမယ့် ထူးခြားတဲ့ညတစ်ည ဖြစ်လာပါလိမ့်မယ်။ ⏱️ လကြတ်မည့်အချိန်နှင့် ဖြစ်စဉ်အသေးစိတ် ဝေါဟာရပြက္ခဒိန်အရ မတ်လ (၂) ရက်နေ့ကို တပေါင်းလပြည့်လို့ သတ်မှတ်ထားပေမယ့် နက္ခတ္တဗေဒအရ လအပြည့်ဆုံးအချိန်ဟာ မတ်လ (၃) ရက်နေ့ ဖြစ်ပါတယ်။ စတင်ဖမ်းချိန်: ညနေ ၃ နာရီကျော် (၄:၂၀:၁၇ နာရီခန့်တွင်…
အယာတိုလာ အလီ ခါမေနီသည် သူ၏ ညာဘက်လက်ကို အမြဲတမ်း ဖုံးကွယ်ထားလေ့ရှိပြီး ယင်းအချက်ကို သင် သတိထားမိခဲ့ချင်မှ ထားမိပေလိမ့်မည်။ ခါမေနီသည် ၁၉၈၁ ခုနှစ် လုပ်ကြံခံရမှုတွင် သေလုနီးပါး ဖြစ်ခဲ့ကာ ညာလက်မှာ ထာဝရ သုံးမရဖြစ်သွားခဲ့သည်။ ခါမေနီသည် လူထုရှေ့ထွက်သည့် အခါတိုင်းတွင် သူ၏လက်ကို ဝတ်ရုံထဲ၌ တဝက်တပျက် ဝှက်ထားကာ မလှုပ်မယှက် ထားလေ့ရှိသည်။ သို့မဟုတ်ပါက အသုံးမဝင်တော့သည့် အတိုင်း သူ၏ ပေါင်ပေါ်၌ တင်ထားတတ်သည်။ ထိုအမူအရာသည် ခါမေနီ၏ ပုံရိပ်အစိတ်အပိုင်းတခု ဖြစ်လာခဲ့သည်။ ဆိုဗီယက်အာဏာရှင် ဂျိုးဆက် စတာလင် ငယ်စဉ်က မတော်တဆမှုကြောင့် ဖြစ်ခဲ့သော လက်မသန်စွမ်းမှုကို ဖုံးကွယ်ထားသကဲ့သို့ပင်၊ ခါမေနီသည်လည်း အကြွင်းမဲ့ အာဏာရှင်ပုံစံအောက်တွင် သူ၏ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်ကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။…