📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Category: Feature

  • အမှောင်ခေတ်၏ ပြန်လည်ဆန်းသစ်လာသော လမ်းမပေါ်က စည်းမဲ့ကမ်းမဲ့ လူငယ်များ (ရုပ်သံ)

    အမှောင်ခေတ်၏ ပြန်လည်ဆန်းသစ်လာသော လမ်းမပေါ်က စည်းမဲ့ကမ်းမဲ့ လူငယ်များ (ရုပ်သံ)

    ၁၉၉၀ ပြည့်လွန်နှစ်များက စစ်အာဏာရှင်စနစ်အောက်တွင် လူငယ်များကို နိုင်ငံရေးနှင့် ကင်းဝေးစေရန်အတွက် အပျော်အပါး၊ ဂိုဏ်းစတားစနစ်၊ ဉာဏ်မဲ့ အကြမ်းဖက်မှုများနှင့် မူးယစ်ဆေးဝါးတို့၌ ရောထွေးပျော်ပါးခွင့်ပြုခဲ့သည့် ပေါ်လစီမှာ အထင်အရှားရှိခဲ့ဖူးသည်။ “နိုင်ငံရေးမလုပ်ရင် ပြီးရော၊ ကျန်တာကြိုက်တာလုပ်” ဆိုသည့် လွှတ်ပေးထားသော အနေအထားသည် လူငယ်များ၏ အနာဂတ်နှင့် တွေးခေါ်နိုင်စွမ်းကို တမင်တကာ ပျက်စီးစေခဲ့သည်။ ယနေ့ခေတ်တွင်လည်း ထိုဆိုးဝါးသော သမိုင်းဆိုးသည် မင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှုနှင့်အတူ ပြန်လည်ခေါင်းထောင်ထလာသည်ကို တွေ့မြင်နေရသည်။ တရားဥပဒေစိုးမိုးမှု လုံးဝကင်းမဲ့သွားသည့် လူမှုအသိုင်းအဝိုင်းတွင် ပျူစောထီးများ၊ အခွင့်အရေးယူ လူမိုက်များ၏ အရှိန်အဝါကြီးထွားလာပြီး လူငယ်များကြား၌လည်း သေးငယ်သော အကြောင်းပြချက်များ၊ နယ်မြေလုမှု၊ ရည်းစားလုမှုများဖြင့် စည်းမဲ့ကမ်းမဲ့ ရန်ပွဲများ၊ အုပ်စုလိုက် ရိုက်ပွဲများမှာ လမ်းမများပေါ်တွင် ဗြောင်ကျကျ ဖြစ်ပွားလာခဲ့သည်။ ဗီဒီယိုထဲတွင် တွေ့မြင်ရသည့်အတိုင်း လူငယ်များမှာ လမ်းမထက်တွင်…

  • နေဝင်းမြေးနဲ့ သက်ပုံသား နောက်ကွယ်က ဇာတ်ထုပ်

    နေဝင်းမြေးနဲ့ သက်ပုံသား နောက်ကွယ်က ဇာတ်ထုပ်

    အာဏာရှင်ဟောင်း နေဝင်း၏ မြေး ကျော်နေဝင်းက ဒုဗိုလ်ချုပ်ဟောင်း သက်ပုံ၏သား မင်းပြည့်သက်ပုံကို Omni Focus တွင် Project Coordinator အဖြစ် လစဉ်လစာ ကျပ်သိန်း ၅၀ နှင့် အခြားအခွင့်အရေးများ ပေးကာ ခန့်အပ်ထား အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်း၏ မြေးဖြစ်သူ ကျော်နေဝင်းပိုင် Omni Focus က ဗိုလ် ချုပ်ဟောင်း သက်ပုံ၏သားဖြစ်သူ မင်းပြည့်သက်ပုံကို Project Coordinator ရာထူးဖြင့် လစဉ်လစာ ကျပ်သိန်း ၅၀ နှင့် အခြားအခွင့်အရေးများ ပေးအပ်ခန့်ထားကြောင်း တပ် သတင်းရင်းမြစ်ထံမှ သိရသည်။ မင်းပြည့်သက်ပုံသည် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း သက်ပုံ၏ သားအရင်းဖြစ်ပြီး လက်ရှိ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေသူ၊ ယခင် လေတပ်စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး…

  • ကိုယ်ထမင်းကိုယ်စား၊ ကိုယ့်အလုပ်ကိုယ်လုပ်ခြင်းနှင့် နိုင်ငံရေး၏ ရိုက်ခတ်မှု

    ကိုယ်ထမင်းကိုယ်စား၊ ကိုယ့်အလုပ်ကိုယ်လုပ်ခြင်းနှင့် နိုင်ငံရေး၏ ရိုက်ခတ်မှု “ကိုယ်ထမင်း ကိုယ်စား၊ ကိုယ့်အလုပ်ကိုယ်လုပ်၊ နိုင်ငံရေး ကိုယ်နဲ့မဆိုင်ဘူး” ဟူသော စကားသည် အေးချမ်းစွာ ရှင်သန်လိုသည့် လူတဦးချင်းစီ၏ အခြေခံဆန္ဒတခုအဖြစ် ရိုးရှင်းစွာ ယူဆနိုင်သော်လည်း၊ လက်တွေ့လူမှုဘဝ၏ သဘောတရားအရ လုံးဝလွဲမှားနေသော အယူအဆတခု ဖြစ်သည်။ လူသားဟူသည် လူမှုအသိုက်အဝန်းအတွင်း အပြန်အလှန် မှီခိုနေထိုင်ရသော သတ္တဝါဖြစ်ပြီး နိုင်ငံရေးဟူသည် ထိုလူ့အဖွဲ့အစည်း၏ အုပ်ချုပ်မှု၊ မူဝါဒနှင့် အခွင့်အလမ်းများကို ဆုံးဖြတ်ပေးသည့် အဓိက မောင်းနှင်အား ဖြစ်သောကြောင့် မည်သူမျှ နိုင်ငံရေးနှင့် လွတ်ကင်း၍ မရနိုင်ပါ။ ယနေ့ မြန်မာနိုင်ငံ၏ မြေပြင်အခြေအနေကို လေ့လာကြည့်ပါက နိုင်ငံရေးနှင့် လူထု၏ နေ့စဉ်ဘဝ မည်မျှ ဆက်စပ်နေသည်ကို ပေါ်လွင်စွာ တွေ့မြင်နိုင်ပါသည်။ “ကိုယ်ထမင်း ကိုယ်စား” ရန်အတွက် ဆန်၊…

  • ဖော်တကာ နိုင်ငံလို့ အမည်တွင်ခဲ့တဲ့ နိုင်ငံကိုတောင် လိုက်မမှီတော့တဲ့အဖြစ်

    နားနဲ့မနာ ဖဝါးနဲ့မနာ နှလုံးသားနဲ့ နာတော်မူပါ။ ။ အေးဗျာ။ ကျုပ်တို့စာရေးသူတွေများ ခံစားပြင်းပြင်းနဲ့ စာရေးချင်ပြီဟေ့ ဆိုရင် စကားလုံးရှာရတဲ့ ဒုက္ခဟာ အင်မတန်ကြီးသဗျာ။ တကယ်တော့ ကျုပ်စာရေးတဲ့အခါ ကျုပ်ရင်ထဲမှာ ခံစားနေရတာကို စာဖတ်သူတွေ မူရင်းအတိုင်း ခံစားရလေအောင်၊ ဆရာကြီးရွှေဥဒေါင်းရဲ့ စကားကို ငှားသုံးရရင် နားသယ်ကိုရော နှလုံးသားကိုပါ တူနဲ့နှက်လိုက်သလို ဒုတ်ဒုတ်ထိ ခံစားနိုင်အောင် ရေးပြချင်တာပါ။ ဖြစ်နိုင်ရင်ဖြင့် စလေဆရာဦးပုညလို ဖတ်သူရင်ထဲ နင့်ကနဲ ဖြစ်သွားစေတဲ့ ပျစ်ပျစ်နှစ်နှစ် စကားလုံးအသစ်အဆန်းတွေ ရေးပြဖို့ ဆိုတာကလည်း ကျုပ်မှာပါရမီ မပါပြန်ဘူးဗျာ။ ခက်လှပါသကော။ ဒီကြားထဲ စာပေအလင်္ကာ ပျို့ကဗျာ စသည်တွေမှာ ဂါမ္မဒေါသ မသင့်အပ်ဘူးလို့ ရှေးဆရာကြီးများရဲ့ မိန့်မှာချက်ကလည်း ရှိနေသေးဗျာ။ ဂါမ္မဒေါသဆိုတာ “မယဉ်ကျေးတဲ့ အသုံးအနှုန်း၊ အရပ်စကား သို့မဟုတ်…

  • လဖက်သုပ်ဝယ်ဖို့ထွက်သွားရာက အိမ်ပြန်ရောက်မလာတော့တဲ့ ၁၁ နှစ်သားလေး

    လဖက်သုပ်ဝယ်ဖို့ထွက်သွားရာက အိမ်ပြန်ရောက်မလာတော့တဲ့ ၁၁ နှစ်သားလေး

    မိခင်ဖြစ်သူ ရင်ကွဲမတတ် အရူးတစ်ပိုင်း စိတ်ပူပြီး တစ်ညလုံး တစ်နေ့လုံး လိုက်လံရှာဖွေနေရတဲ့ သားငယ်လေး အိမ်သို့ အမြန်ဆုံး အန္တရာယ်ကင်းကင်း ပြန်ရောက်နိုင်ဖို့အတွက် မိဘပြည်သူများအားလုံး တစ်ယောက် တစ်ချက်အားနဲ့ ဝိုင်းဝန်း မျှဝေ (Share) ပေးပြီး ကူညီပေးကြပါဦးရှင်…။ 🙏🙏🙏 🚨​26ရက်ညနေကပျောက်ဆုံးသွားသည့် အခြေအနေ ​မနေ့က (26.8.2026) ရက်နေ့ ညနေ6နာရီလောက်မှာ ညစာထမင်းနဲ့စားဖို့ အိမ်ကနေ လမ်းထိပ် လဖက်သုပ်ဝယ်ဖို့ထွက်သွားခဲ့တာ ဖြစ်ပါတယ်(အမေလုပ်သူ နေမကောင်းဖျားနေ၍)။ ၆ နာရီခွဲအထိ နာရီဝက်ကြာလို့ ပြန်ရောက်မလာလို့ အမေလုပ်သူလိုက်သွား လိုက်ရှာကာမှ သားလေးပျောက်သွားပီလို့ သိလိုက်ရ၍ တစ်ညလုံး လိုက်မေး လိုက်ရှာနေရာတွေအနှံ့ လိုက်လံရှာဖွေခဲ့ပေမယ့် အခုထိ မတွေ့ရသေးပါဘူး 🥺😢 ​📝 ပျောက်ဆုံးသူ သားငယ်လေး၏ အချက်အလက်များ ​အမည် – မောင်ရဲခန့်ကို…