တောင်အာရှဒေသတခုလုံးဟာ မပြီးဆုံးနိုင်တဲ့ ပြဿနာတွေနဲ့ ပြည့်နှက်နေပါတယ်။ ပါကစ္စတန်မှာ နိုင်ငံရေးအာဏာလွန်ဆွဲပွဲတွေ ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ကြားဖြတ်အစိုးရက မတည်ငြိမ်ပါဘူး။ သီရိလင်္ကာကလည်း ခက်ခက်ခဲခဲ ပြန်လည်ထူထောင်နေရတုန်းပါ။ ဒီပြဿနာတွေကြားမှာ မြန်မာ့အရေးဟာ မေ့လျော့ခံထားရတဲ့ ဇာတ်လမ်းတပုဒ်လို ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီစစ်ပွဲဟာ ဒေသတွင်းရဲ့ အနာဂတ်တည်ငြိမ်ရေးကို အဆုံးအဖြတ်ပေးမယ့် ကိစ္စတခု ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် ဆယ်စုနှစ်တခုကြာခဲ့တဲ့ ဒီမိုကရေစီကူးပြောင်းရေးခရီးလည်း အဆုံးသတ်သွားခဲ့ရတယ်။ ဒီမိုကရေစီရဲ့ ပြယုဂ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုလည်း ဖယ်ရှားပစ်ခဲ့ပါတယ်။ စစ်တပ် ကျောထောက်နောက်ခံပြု USDP ပါတီက ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် “မဲလိမ်တယ်” လို့ စွပ်စွဲပြီး အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို အာဏာသိမ်းမှုနဲ့အတူ…
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ နိုင်ငံရေးတာဝန်တွေကို ဝန်ကြီးချုပ် ဦးညိုစောကို လွှဲပေးလိုက်တယ်လို့ စစ်ရုံးကလာတဲ့ သတင်းတွေအရ သိရပါတယ်။ နိုင်ငံတော်အဆင့်ကော်မတီ ဆယ်ခုလောက်မှာယူထားတဲ့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတာဝန် တွေကို ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဦးညိုစောကို လွှဲပေးလိုက်ရတာလို့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးက သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) လည်းဖြစ်တဲ့ ဒုချုပ်ကိုတော့ စစ်ဆင်ရေးတာဝန်တစ်ခုတည်းကိုပဲ အဓိကအာရုံစိုက်ခိုင်းထားတယ်လို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။ ဒီတာဝန်အလွှဲအပြောင်းတွေကြောင့် ရွေးကောက်ပွဲအလွန်မှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဘယ်နေရာမှာဆက်ရှိမလဲ ဆိုတဲ့ မေးခွန်းတွေပါ ထွက်လာပါတယ်။ ဦးညိုစောရဲ့ ရာထူးသစ်များ ၂၀၂၁ မှာ အာဏာသိမ်းပြီးတဲ့နောက် ဒုတိယစစ်ခေါင်းဆောင်ဟာ အရင်က ဒုတိယသမ္မတတွေတာဝန်ယူခဲ့တဲ့ ကော်မတီ /ကော်မရှင် ဥက္ကဋ္ဌရာထူးတွေကို ရယူခဲ့ပါတယ်။ အခုတော့ အဲဒီ ဥက္ကဋ္ဌ ရာထူးနေရာတွေကို ဦးညိုစောကရယူလိုက်ပြီး…
ဘန်ကောက်မြို့မှာ ပေါက်ကိုယ်တော်နဲ့ ထိုင်းနှုတ်ခမ်းမွှေးတွေ့ဆုံမှုအပြီး မှာ စစ်အုပ်စုနဲ့ ပေါက်ကိုယ်တော်ပူးပေါင်းပြီး ထိုင်းရောက်မြန်မာတွေကို မကြံစည်သင့် ၊မလုပ်သင့်တဲ့လုပ်ရပ်တွေနဲ့ ဒုက္ခပေးဖို့ကြံစည်နေကြပါပြီ ။ ပြီးခဲ့တဲ့ ၄နှစ်ကျော်လုံး လက်နက်ကိုင်တွေခြံရံပြီး မန္တလေးတိုင်းမှာ စစ်တပ်အတွက်ကူတိုက်ပေးမယ့် ပျူစောထီးတွေမွေးထုတ်ပြီး တော်လှန်ရေးအင်အားစုတွေ နဲ့ ပြည်သူတွေကိုတိုက်ခိုက်သတ်ဖြတ်ဖို့ လှုံ့ဆော်နေတဲ့ ပျူခေါင်းဆောင် သင်္ဃန်းဝတ်ပေါက်ကိုယ်တော်က ထိုင်းရောက်မြန်မာတွေထဲက နွေဦးတော်လှန်ရေးတက်ကြွစွာပါဝင်တဲ့ မြန်မာတွေအပေါ် ဖိနှိပ်နေတဲ့ ထိုင်းနှုတ်ခမ်းမွှေးကို ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယပတ်က ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်မှာ သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ပေါက်ကိုယ်တော်ရဲ့အစီအစဉ်ဟာ ထိုင်းနိုင်ငံမှာရှိနေတဲ့ ထောက်ပို့တွေ၊ နွေဦးတော်လှန်ရေး တက်ကြွစွာပါဝင်သူတွေကို နှိမ်နှင်းဖို့ ထိုင်းနှုတ်ခမ်းမွှေးကို လာတွေ့တာလို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတွေက သုံးသပ်ပါတယ်။ သူတို့သုံးသပ်တဲ့အတိုင်းပဲ ပေါက်ကိုယ်တော်က အကောင်အထည် စတင်ဖော်နေပါပြီ။ အဲဒါက ပေါက်ကိုယ်တော်ဟာ ပျူစောထီးအဖွဲ့ဝင် လူငယ်အချို့ကို ဘန်ကောက်မြို့တော်ကိုစေလွှတ်ပြီး မြန်မာတွေအများဆုံးရှိတဲ့နေရာတွေမှာ ပြဿနာရှာဖို့ ဖြစ်ပါတယ်။…
လက်ရှိ မြန်မာပြည် နွေဦးတော်လှန်စစ်ပွဲကာလအတွင်း စစ်ရေးအခြေအနေအား သုံးသပ်ကြသူများသည် မြေပြင်အခိုင်အမာအခြေအနေ အချက်အလက်များကို မျက်မှောက်ပြုပြီး သုံးသပ်ကြရန် လိုအပ်ပေသည်။ လူ့အသက်များစွာနှင့် ရင်းနှီးထားသည့် စစ်ရေးနှင့်ပတ်သက်သော သုံးသပ်ချက်များတွင် အလွန်တရာ ယေဘုယျကျသည့်အချက်များ၊ မှန်းဆချက်များ၊ ဖြစ်နိုင်ခြေများကို အခြေပြု သုံးသပ်၍ မရပေ။ ပကတိ မြေပြင်အခြေအနေကို မျက်မှောက်ပြုပြီး သုံးသပ်မှသာ မှန်ကန်သည့် သုံးသပ်ချက်ကို ရရှိပေလိမ့်မည်။ ထိုသို့မဟုတ်ပါက မှန်ကန်သည့် သုံးသပ်ချက်များနှင့် လွဲချော်ရုံမက စစ်ကော်မရှင် (စကမ) ၏ စစ်တပ်လော်ဘီများ၏ ဝါဒဖြန့်နေသည့် ဆိုက်ဝါးများနှင့် မခြားသည့်အမြင်များ ထွက်ပေါ်လာနိုင်သည်ကို သတိပြုရန် လိုအပ်ပါသည်။ အထူးသဖြင့် ၂၀၂၄၊ ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်က ပြန်လည် ထိုးစစ်ဆင်နေသည့်ကာလတွင် အခြေအနေမှန်ကို သုံးသပ်ကြရန် လိုပါသည်။ ရန်သူ စကမကို စစ်မြေပြင်တွင်…
သီတင်းကျွတ်လပြည်နေ့ဖြစ်သော်လည်း အလုပ်မအားလပ်ဘဲ ဖုန်းတစ်လုံးနဲ့ ကိုမြကြီးတစ်ယောက် ပျာယာခတ်နေသည်။ စစ်ကောင်စီ၏ဝေဟင်လှုပ်ရှားမှုများ၊ မြေပြင်လှုပ်ရှားမှုများကို စောင့်ကြည့်ကာ ဒေသခံလူထုအန္တရာယ်ကင်းဖို့တစ်ထောင့် တစ်နေရာမှာပါဝင်ပြီး ကိုမြကြီး တစ်ယောက်အလုပ်ရှုပ်နေခြင်းဖြစ်သည်။ ကိုမြကြီးတို့ဒေသခံအဖွဲ့သည် ၎င်းတို့နေထိုင်သည့်ဒေသအတွင်း စစ်ကောင်စီ၏ဝေဟင်လှုပ်ရှားမှုများ၊ မြေပြင်စစ်ရေးလှုပ်ရှားမှု များကို နေ့ဒဓူဝ စောင့်ကြည့်နေသူများဖြစ်သည်။ အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ်လပြည့်ည ၇ နာရီဝန်းကျင်တွင် ဒေသခံလူထုအန္တရာယ်ကင်းဖို့စစ်ကောင်စီ၏ ဝေဟင် လှုပ်ရှားမှုများကို စောင့်ကြည့်နေချိန် ကိုမြကြီးတစ်ယောက် မထင်မှတ်ပဲ ကျယ်ကျယ်လောင်လောင်ပေါက်ကွဲသံနှစ်ချက်ကို ဆက်တိုက်ဆိုသလို ကြားလိုက်ရသည်။ ပေါက်ကွဲသံသည် ကိုမြကြီးရှိနေသည့်နေရာနှင့် တစ်မိုင်ခွဲလောက်အကွာကနေထွက်ပေါ်လာခြင်းဖြစ်ပြီး အသံကြားလိုက်ရသည် နှင့် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားသည်ကို ကိုမြကြီးတစ်ယောက်သိလိုက်သည်။ “ကျနော့အနေနဲ့ဒီလောက်ထိဆိုးဆိုးရွားရွားဖြစ်သွားလိမ့်မယ်လို့တော့လုံးဝမထင်ထားခဲ့ဘူး။ အခုမနက်ဘဲ နယ်မြေရှင်းလင်း ရေးလုပ်ရင်း ကလေးလေးရဲ့ လက်တစ်ဖက်ကိုခြုံထဲမှာရှာလို့တွေ့တာ“ဟုဆိုကာ အားတင်းပြီးပြောပြနေဟန်တူသည့် ကိုမြကြီးဆီက ငိုသံတစ်ချက်တစ်ချက်ကြားရသည်။ ဗုဒ္ဓဘာသာသက်ဝင် ယုံကြည်သူများအတွက် နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်သည့် အောက်တိုဘာလ ၆…