ဘုန်းကြီးအမှု ရွာပတ် ဆိုသည့် စကားရှိသည်။ မြန်မာ့လူနေမှု ဓလေ့တွင် ဘုန်းကြီးသည် တိုက်ရိုက် အာဏာမရှိစေကာမှု ရပ်ရွာတခု၏ ဥသျှောင် သို့မဟုတ် ဩဇာလွှမ်းမိုးသူ ဖြစ်သည်။ ထိုဘုန်းကြီး ပြဿနာတခုခု ဖြစ်လျှင် ရပ်ရွာအတွင်း နေထိုင်သူမှန်သမျှ တိုက်ရိုက်ဆိုင်ဆိုင် မဆိုင်ဆိုင် ပါဝင်ပတ်ရသည့် သဘောကို စကားပုံက ရည်ညွှန်းလိုဟန်ရှိသည်။ ယခုခေတ်တွင်တော့ ကိုယ်လည်း ဘာမှမလုပ်လိုက်ရ၊ မသိလိုက်ရပါဘဲ တယောက်ယောက်၏ အရှုပ်ထုပ် ပြဿနာထဲ ဝင်ပါနေသည့်အခါ ဘုန်းကြီးအမှု ရွာပတ်ဟု ငြီးတွားတတ်ကြသည်။ ယခု အိုင်စီဂျေက အမှုသည်လည်း မြန်မာနိုင်ငံသူအများအဖို့ ဘုန်းကြီးအမှု ရွာပတ်ခြင်း သက်သက်သာ ဖြစ်လေသည်။ ပြည်သူ့ မေးခွန်း လွန်ခဲ့သည့် ၂၀၁၆-၁၇ ခုနှစ်က မွှေးလိုက်သော မီးသည် ထပ်တလဲလဲ ပွဲဆူစေခဲ့ပြီးသား ဖြစ်သည်။ ယခုလည်း…
(အခုဆောင်းပါးထဲမှာ စိတ်အနှောင့်အယှက်ဖြစ်နိုင်စရာအချက် အချို့ပါဝင်ပါတယ်) ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ အောင်မြေသစ် ပုဂ္ဂလိကျောင်းမှာဖြစ်ခဲ့တဲ့ အဓမ္မပြုကျင့်မှုဖြစ်စဥ်က ပြစ်မှုကျူးလွန်သူကို ရဲက ဖမ်းဆီးအမှုဖွင့် အရေးယူထားပြီဖြစ်ပါတယ်။ နစ်နာသူ Grade-12 ကျောင်းသူ လုံမေ(အမည်လွှဲ) ကတော့ လိုအပ်တဲ့ ဆေးစစ်မှုပြုလုပ်ပြီး နောက်မှာ ဆေးကုသမှုခံယူနေရတယ်လို့ လုံမေရဲ့ သူငယ်ချင်းကပြောပါတယ်။ လုံမေနဲ့အတူ အဆောင်တစ်ခန်းတည်းနေခဲ့တဲ့ သူငယ်ချင်းတွေထဲက ကျောင်းသူတစ်ဦးနဲ့ ဇန်နဝါရီ ၂၁ ရက်မှာ စကားပြောခွင့်ရခဲ့ပါတယ်။ “သူ့ကို ရုပ်ပိုင်းကျန်းမာရေးကုသမှုအပြင် စိတ်ပိုင်းဆိုင်ရာအတွက်လည်း ကုသနေရတယ်”လို့ လုံမေရဲ့သူငယ်ချင်း ကျောင်းသူက ပြောပြပါတယ်။ တောင်ကြီးရဲစခန်း သတင်းရင်းမြစ်ကတော့ ရဲဘက်က နစ်နာသူရဲ့ ဆေးစစ်ချက်တွေကို ရရှိထားပြီး နစ်နာသူအတွက် တရားမျှတမှုရအောင် ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ ဘီဘီစီက လုံမေရဲ့ သူငယ်ချင်းဖြစ်သူကတဆင့် နစ်နာသူ မိန်းကလေးရဲ့ မိသားစုဝင်တစ်ဦးကို ဆက်သွယ်ခဲ့ပေမယ့်…
မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ(ကပစ) ၂၅ ရုံထဲက ၂၄ ရုံအတွက် နေပြည်တော်၊ တပ်ကုန်းမြို့မှာရှိတဲ့ ကပစ-၄ က ပင်မထောက်တိုင်တစ်ခုဖြစ်ပါတယ်။ မြန်မာစစ်တပ်က ထုတ်လုပ်နေတဲ့ စစ်လက်နက်အသစ်အားလုံးအတွက် စက်ပြုပြင်နဲ့ ပုံစံထုတ်ဌာနစက်ရုံဖြစ်တဲ့ ကပစ ၄ က သုတေသနပြုပြီး ဒီဇိုင်းရေးဆွဲရပါတယ်။ စစ်လက်နက်ထုတ်တဲ့ ကပစ အားလုံးက စက်ပစ္စည်းတွေ ပုံမှန်လည်ပတ်နိုင်အောင် ပြုပြင်ထိန်းသိမ်းရေးနဲ့ အပိုပစ္စည်းထုတ်လုပ်၊ ဝယ်ယူ တပ်ဆင်တာတွေအတွက် ကပစ ၄ ကို မဖြစ်မနေ မှီခိုရပါတယ်။ အတတ်ပညာရှင်တွေနဲ့ပဲ စုစည်းလည်ပတ်နေတဲ့ စက်ရုံလို့ စစ်တပ်အသိုင်းအဝိုင်းကြား ပြောစမှတ်တွင်တဲ့ ကပစ ၄ ကို အာဏာသိမ်းကာလတွေမှာ စစ်တပ်က အဆင့်မြှင့်တင်မှုတွေ ဆက်တိုက်လုပ်နေပါတယ်။ ဘယ်သူကွပ်ကဲလဲ၊ ဘယ်လိုဖွဲ့စည်းထားလဲ ကပစ-၄ ကို ဗိုလ်မှူးချုပ်ရာထူးအဆင့်ရှိသူက အမိန့်ပေးကွပ်ကဲပြီး က.က.ထုတ်လို့ ခေါ်တဲ့…
တိုင်းရေးပြည်ရာ အပြောင်းအလဲ မြန်ဆန်တတ်မှုနဲ့ ပတ်သက်လို့ ပြောဆိုလေ့ရှိတဲ့ စကားတခွန်း ရှိတယ်။ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်…တဲ့။ ကမ္ဘာကြီးကို လှမ်းကြည့်လိုက်တဲ့ခါ ၂၀၂၆ ဟာ ၂၀၂၅ နဲ့မတူ ချက်ချင်းဆိုသလို ပြောင်းလဲသွားတယ်။ ဘယ်သူထင်မလဲ။ အမေရိကန်က ဗင်နီဇွဲလားခေါင်းဆောင် အာဏာရှင် မာဒူရိုကို ဒီလိုနည်းလမ်းနဲ့ ဖယ်ရှားပစ်လိမ့်မယ်လို့။ ဘယ်သူထင်မလဲ။ ဒေါ်နယ်ထရမ့် အစိုးရက ဗင်နီဇွဲလားကို စစ်ရေးအရ ဝင်ရောက်စီးနင်းပြီး အစိုးရအဖွဲ့ အပြောင်းအလဲ (Regime change) ပြုလုပ်လိမ့်မယ်လို့ ထင်မလဲ။ နိုင်ငံရေး အလှည့်အပြောင်းတွေဟာ မထင်မှတ်ချိန်မှာ မထင်မှတ်သလို ပြောင်းလဲ သွားတတ်တယ်။ ဘယ်အရာမှ ပုံသေမရှိ။ ဗင်နီဇွဲလား ကိစ္စကတော့ ရှင်းတယ်။ မာဒူရိုကို ဝင်ရောက်မဖမ်းဆီးခင် လအတန်ကြာကတည်းက ထရမ့်အစိုးရက ဝိုင်းပတ် ပိတ်ဆို့ထားတာ။ ကာရစ်ဘီယံ…
ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း လုပ်ငန်းရှင်နိုင်ငံရေးသမား ဒေါက်တာသက်သက်ခိုင်ရဲ့နိုင်ငံရေးက ရိုလာကိုစတာစီးနေရသလို အတက်အကျ၊ အနိမ့်အမြင့် များလှပါတယ်။ နိုင်ငံသိအမျိုးသမီးလုပ်ငန်းရှင်အဖြစ်ကနေ ပြည်သူထောက်ခံမှုကြီးတဲ့ပါတီရဲ့အမတ်တစ်ဦးအဖြစ် ၂၀၁၅ ကာလတွေမှာ မျက်နှာသစ်နိုင်ငံရေးသမားရဲ့ အစခရီးက ချောချောမွေ့မွေ့ပါပဲ။ လွှတ်တော်သက်တမ်းတစ်ခုမကုန်ဆုံးခင်မှာပဲ NLD နဲ့လမ်းခွဲပြီး ပါတီသစ်တစ်ခု ထူထောင်လိုက်တာက သူ့ရဲ့ နိုင်ငံရေးခယောင်းလမ်းအစပျိုးကာလတွေ ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ အာဏာသိမ်းစစ်ကောင်စီရဲ့ ဝန်ကြီးနေရာလက်ခံမှုအပြီး ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ခံခဲ့ရပေမဲ့ ဒေါ်သက်သက်ခိုင်က သူ့လမ်းကို မယိမ်းမယိုင်ဆက်လျှောက်ခဲ့ပါတယ်။ ၂၀၂၅ အထွေထွေရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ တားမြစ်ခံရချိန်မှာတော့ ဒေါက်တာသက်သက်ခိုင် တစ်ယောက် နိုင်ငံရေးအပေါ် သူ့ရဲ့ဆုံးဖြတ်တွက်ချက်မှုတွေကို ပြန်လည် မေးခွန်းထုတ်ကောင်းထုတ်နေခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ သူ့အတွက် နိုင်ငံရေးလောကဓံက မပြီးသေးပါဘူး။ ရေကြည်အိုင်မှာ တစ်ညတာ ဒေါ်သက်သက်ခိုင်ကို စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး(စရခ)တာဝန်ရှိသူတွေ ဇန်နဝါရီ ၁၃ ရက်မှာ ခေါ်ယူစစ်ဆေးတဲ့အကြောင်းက နိုင်ငံရေးလောကမှာ စိတ်ဝင်စားစရာ…