Category: Article


  • ဇွန်းတစ်ချောင်းဖြင့် စစ်ကြောရေး ငရဲခန်းသံတိုင်တို့ကို ဖောက်ထွက်ခဲ့သည့် UG ရဲဘော်

    အာဏာရှင်အဆက်ဆက်တို့သည် ဆန့်ကျင်တော်လှန်ကြသူများကို ဖမ်းဆီးပြီး စစ်ကြောရေးစခန်းများတွင် ချုပ်နှောင်ကာ သေခြင်းတရားနှင့် အနီးစပ်ဆုံးနေရာဆီသို့တွန်းပို့ နှိပ်စက်ခဲ့ကြသည်။ ထိုငရဲခန်းများမှ အကောင်းပကတိ ပြန်လည်ထွက်လာနိုင်သော ရာခိုင်နှုန်း အလွန်နည်းသည်။ စစ်အာဏာရှင် လက်ဝေခံများ၏ နှိပ်စက်မှုကြောင့် ခန္ဓာကိုယ်တွင် သေရာပါဒဏ်ရာများ၊ မနောစိတ်တွင် သေသည်အထိ စွဲမြဲသွားစေနိုင်သည့် ဒဏ်ချက်များကြောင့် ထိုစစ်ကြောရေးစခန်း လူလုပ်ငရဲခန်းများသည် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ နိုင်ငံတဝန်းရှိ ငရဲခန်းများအနက် ရန်ကုန်၊ မရမ်းကုန်းမြို့နယ်ရှိ ကိုးမိုင် စစ်ကြောရေးစခန်းလည်း ပါဝင်သည်။ ထိုငရဲခန်းတွင် ခုနစ်ရက်တာ နေခဲ့ရပြီး ရန်သူ၏လက်မှ ရှားရှားပါးပါး လွတ်မြောက်လာခဲ့သည့် တော်လှန်ရေးရဲဘော်မှာ ကိုနေရိပ် ဖြစ်သည်။ ယခုမူ လွတ်မြောက်နယ်မြေ တစ်နေရာရှိ သစ်ပင်များအုံ့ဆိုင်းနေသော တောအုပ်အတွင်း ဝါးတဲငယ်များကြား သစ်ငုတ်တိုတစ်ခုပေါ်တွင် အသက် ၃၁ နှစ် ရှိပြီဖြစ်သော ကိုနေရိပ် ထိုင်နေသည်။…

  • အတုယောင် ပျော်ရွှင်မှုတွေနဲ့ ဟန်ဆောင်ကောင်းလွန်းတဲ့ ရန်ကုန်မြို့ပျက်ကြီးထဲက မျှော်လင့်ချက်မဲ့ လူငယ်တစ်ဦး

    ကျွန်တော်က အသက် ၂၃ နှစ်၊ တက္ကသိုလ် ဒုတိယနှစ်မှာပဲ ကျောင်းဆက်မတက်တော့ ဘွဲ့ မရခဲ့ဘူး။ ရန်ကုန်က ဖုန်းဆိုင်တခုရဲ့ အရောင်းပိုင်းမှာ အကူဝင်လုပ်နေသူပေါ့။ ရန်ကုန်ကို ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ရောက်ခဲ့တော့ အခုဆိုရင် ၂ နှစ်ကျော်ပြီလို့ ပြောလို့ ရတယ်။ နယ်မှာ အခြေအနေ မကောင်းလို့ ရန်ကုန်ကို တက်လာတယ်ပဲ ဆိုပါတော့ဗျာ။ လစာက ၂ သိန်းခွဲနဲ့ ၃ သိန်းကြားပေါ့။ လစာကတော့ မလောက်ပါဘူး။ ဘွဲ့ရတွေတောင် ၂ သိန်းခွဲပဲပေးတဲ့ ခေတ်ဆိုတော့လည်း ဒီလစာရတာပဲ ကျေးဇူးတင်ရမလိုလိုပေါ့။ နယ်မှာ ရှိတဲ့ အမေနဲ့ ညီမကိုတောင် လစဉ် မထောက်ပံ့နိုင်ပါဘူးဗျာ။ ညီမလေး မွေးနေ့နဲ့ သီတင်းကျွတ်လောက်ပဲ ပိုက်ဆံလေး နည်းနည်းပါးပါး လွှဲပေးနိုင်တယ်။ အမေတို့ကလည်း ပေါ်တာမပါသွားဖို့နဲ့…

  • ချယ်ရီထက်တောင် ပြန်လွှတ်ပေးဖို့ မင်းအောင်လှိုင် ကြောက်နေတယ်

    စစ်ကောင်စီဘက်က အပိုင်းပိုင်းပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအလွန်တွင် NLD ပါတီ ခေါင်းဆောင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလာမလားဆိုသည့် မျှော်လင့်မှုများ ရှိလာခဲ့သည်။ အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းထားခြင်း ဖြစ်ပြီး စုစုပေါင်းအမှု ၁၉ မှုဖြင့် တရားစွဲကာ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် စစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်းသားများကို လွတ်ငြိမ်းသက်သာခွင့် ပေးသည့်အခါ ဒေါ်အောင်ဆန်းစုကြည်ကို “ပြစ်ဒဏ်လွတ်ငြိမ်းခွင့်” အနေဖြင့် အမှု ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ်ကို လွတ်ငြိမ်းခွင့်ပေးခဲ့သဖြင့် ကျန်သည့် ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံနေရဆဲ…

  • ပညာရေးကျားဖြန့်

    ပညာရေး ကျားဖြန့်” ဆိုတဲ့ စကားလုံးကို ကြားဖူးကြသလား။ အခုနှစ်မှာ ကိုယ့်ဘဝကို ပညာရေးနဲ့ မြှင့်တင်ပြီး လွတ်လပ်တဲ့ အနာဂတ်ကို တည်ဆောက်ချင်ကြတဲ့ ကျွန်တော်တို့ တိုင်းပြည်က လူငယ်တွေကြားမှာ ဒီကျားဖြန့်က အတော်လေး အမြစ်တွယ်နေပြီ။ မိဘတွေကလည်း သားသမီးတွေ သူများအောက် မကျို့ရအောင်၊ မျက်နှာမငယ်ရအောင်ဆိုပြီး ရှိစုမဲ့စုလေးကို ရောင်းချ၊ ပုံအောပြီး ပညာရေးဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုကို လုပ်ကြတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ပညာရေးဟာ ကုန်သွယ်မှု သက်သက်၊ လိမ်လည်မှု သက်သက် ဖြစ်လာနေတာကို ကျွန်တော် ရင်နာနာနဲ့ပဲ ထောက်ပြချင်ပါတယ်။ ပထမဆုံး ပြောချင်တာက နိုင်ငံတကာကျောင်း ဆိုတဲ့ ဆိုင်းဘုတ်တွေအကြောင်းပါ။ အခုနောက်ပိုင်း နိုင်ငံတကာကျောင်းဆိုတာ မှိုပေါက်သလို ပေါ်လာတယ်။ Cambridge တို့၊ IGCSE တို့ သင်မယ်ဆိုပြီး ကြော်ငြာကြတယ်။…

  • အရိုင်းဆန်လာတဲ့ စာသင်ခန်းများ

    ကျောင်းတွေ နဲ့ စာသင်ခန်းတွေထဲမှာ အသက်သေဆုံးတဲ့အထိဖြစ်လာတဲ့ ကျောင်းသားချင်းအုပ်စုဖွဲ့ရန်ပွဲသတင်းတွေကို ကိုသက်နိုင်တစ်ယောက် နားနဲ့မဆန့်အောင် မကြာခဏကြားနေရပါတယ်။ကျောင်းသားမိဖတစ်ဦးမို့ အလုပ်လုပ်ရတာလည်း မဖြောင့်တော့ပါဘူး။ လူက အလုပ်ထဲမှာပေမယ့် စိတ်က သားဖြစ်သူရှိတဲ့ စာသင်ခန်းကိုပဲ ရောက်နေပါတယ်။ ကျောင်းတွေ နဲ့ စာသင်ခန်းတွေထဲမှာ အသက်သေဆုံးတဲ့အထိဖြစ်လာတဲ့ ကျောင်းသားချင်းအုပ်စုဖွဲ့ရန်ပွဲသတင်းတွေကို ကိုသက်နိုင်တစ်ယောက် နားနဲ့မဆန့်အောင် မကြာခဏကြားနေရပါတယ်။ကျောင်းသားမိဖတစ်ဦးမို့ အလုပ်လုပ်ရတာလည်း မဖြောင့်တော့ပါဘူး။ လူက အလုပ်ထဲမှာပေမယ့် စိတ်က သားဖြစ်သူရှိတဲ့ စာသင်ခန်းကိုပဲ ရောက်နေပါတယ်။ တစ်ဦးတည်းသော သား‌လေးကို ကျောင်းထားမိတာဟာ အန္တရာယ်စက်ကွင်းထဲကို ပို့မိနေပြီလားလို့ မကြာခဏတွေးနေမိတဲ့အထိ ကြီးစွာသော စိတ်ပူပန်မှုကို ဖြစ်စေပါတယ်။ ဇန်နဝါရီလဆန်းထဲမှာတော့ ငယ်ထိပ်မြွေပေါက်သလို ပြင်းတဲ့သတင်းဆိုးကကိုသက်နိုင်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတယ်။ ရန်ကုန်မြို့ကအထက်တန်းကျောင်းတစ်ကျောင်းမှာ တက်နေတဲ့ သားဖြစ်သူကို တခြားကျောင်းသားတွေက အုပ်စုဖွဲ့ရိုက်နှက်ခဲ့တာပါ။ တစ်ဦးတည်းသောသား အခုလို ရိုက်နှက်နှိက်စက်ခံရတဲ့ဖြစ်ရပ်က ကိုသက်နိုင်တို့ ဇနီးမောင်နှံကို…