Category: Article


  • ထိုင်း​ရောက်မြန်မာ​တွေကို ​ဒုက္ခ​ပေးဖို့ စစ်အုပ်စုနဲ့​ ပေါက်ကိုယ်​တော် ​ခြေတလှမ်းတိုးကြံစည်

    ဘန်ကောက်မြို့မှာ ပေါက်ကိုယ်တော်နဲ့ ထိုင်းနှုတ်ခမ်းမွှေးတွေ့ဆုံမှုအပြီး မှာ စစ်အုပ်စုနဲ့ ​ပေါက်ကိုယ်​တော်ပူး​ပေါင်းပြီး ထိုင်း​ရောက်မြန်မာ​တွေကို မကြံစည်သင့် ၊မလုပ်သင့်တဲ့လုပ်ရပ်​တွေနဲ့ ဒုက္ခ​ပေးဖို့ကြံစည်​နေကြပါပြီ ။ ပြီးခဲ့တဲ့ ၄နှစ်​ကျော်လုံး လက်နက်ကိုင်​တွေခြံရံပြီး မန္တ​လေးတိုင်းမှာ စစ်တပ်အတွက်ကူတိုက်​ပေးမယ့် ပျူ​စောထီး​တွေ​မွေးထုတ်ပြီး တော်လှန်​ရေးအင်အားစု​တွေ နဲ့ ပြည်သူ​တွေကိုတိုက်ခိုက်သတ်ဖြတ်ဖို့ လှုံ့ဆော်နေတဲ့ ပျူခေါင်းဆောင် သင်္ဃန်းဝတ်ပေါက်ကိုယ်တော်က ထိုင်းရောက်မြန်မာတွေထဲက နွေဦးတော်လှန်ရေးတက်ကြွစွာပါဝင်တဲ့ မြန်မာတွေအပေါ် ဖိနှိပ်နေတဲ့ ထိုင်းနှုတ်ခမ်းမွှေးကို ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယပတ်က ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်မှာ သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ပေါက်ကိုယ်တော်ရဲ့အစီအစဉ်ဟာ ထိုင်းနိုင်ငံမှာရှိနေတဲ့ ထောက်ပို့တွေ၊ နွေဦးတော်လှန်ရေး တက်ကြွစွာပါဝင်သူတွေကို နှိမ်နှင်းဖို့ ထိုင်းနှုတ်ခမ်းမွှေးကို လာတွေ့တာလို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတွေက သုံးသပ်ပါတယ်။ သူတို့သုံးသပ်တဲ့အတိုင်းပဲ ပေါက်ကိုယ်တော်က အကောင်အထည် စတင်ဖော်နေပါပြီ။ အဲဒါက ပေါက်ကိုယ်တော်ဟာ ပျူစောထီးအဖွဲ့ဝင် လူငယ်အချို့ကို ဘန်ကောက်မြို့တော်ကိုစေလွှတ်ပြီး မြန်မာတွေအများဆုံးရှိတဲ့နေရာတွေမှာ ပြဿနာရှာဖို့ ဖြစ်ပါတယ်။…

  • စကမ ထိုးစစ်အပေါ် ဆိုက်ဝါးမဟုတ်သော သုံးသပ်ချက်

    လက်ရှိ မြန်မာပြည် နွေဦးတော်လှန်စစ်ပွဲကာလအတွင်း စစ်ရေးအခြေအနေအား သုံးသပ်ကြသူများသည် မြေပြင်အခိုင်အမာအခြေအနေ အချက်အလက်များကို မျက်မှောက်ပြုပြီး သုံးသပ်ကြရန် လိုအပ်ပေသည်။ လူ့အသက်များစွာနှင့် ရင်းနှီးထားသည့် စစ်ရေးနှင့်ပတ်သက်သော သုံးသပ်ချက်များတွင် အလွန်တရာ ယေဘုယျကျသည့်အချက်များ၊ မှန်းဆချက်များ၊ ဖြစ်နိုင်ခြေများကို အခြေပြု သုံးသပ်၍ မရပေ။ ပကတိ မြေပြင်အခြေအနေကို မျက်မှောက်ပြုပြီး သုံးသပ်မှသာ မှန်ကန်သည့် သုံးသပ်ချက်ကို ရရှိပေလိမ့်မည်။ ထိုသို့မဟုတ်ပါက မှန်ကန်သည့် သုံးသပ်ချက်များနှင့် လွဲချော်ရုံမက စစ်ကော်မရှင် (စကမ) ၏ စစ်တပ်လော်ဘီများ၏ ဝါဒဖြန့်နေသည့် ဆိုက်ဝါးများနှင့် မခြားသည့်အမြင်များ ထွက်ပေါ်လာနိုင်သည်ကို သတိပြုရန် လိုအပ်ပါသည်။ အထူးသဖြင့် ၂၀၂၄၊ ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်က ပြန်လည် ထိုးစစ်ဆင်နေသည့်ကာလတွင် အခြေအနေမှန်ကို သုံးသပ်ကြရန် လိုပါသည်။ ရန်သူ စကမကို စစ်မြေပြင်တွင်…

  • စစ်ကောင်စီကျင်းပသည့် သီတင်းကျွတ်လပြည့်ည လူသတ်ပွဲတော်

    သီတင်းကျွတ်လပြည်နေ့ဖြစ်သော်လည်း အလုပ်မအားလပ်ဘဲ ဖုန်းတစ်လုံးနဲ့ ကိုမြကြီးတစ်ယောက် ပျာယာခတ်နေသည်။ စစ်ကောင်စီ၏ဝေဟင်လှုပ်ရှားမှုများ၊ မြေပြင်လှုပ်ရှားမှုများကို စောင့်ကြည့်ကာ ဒေသခံလူထုအန္တရာယ်ကင်းဖို့တစ်ထောင့် တစ်နေရာမှာပါဝင်ပြီး ကိုမြကြီး တစ်ယောက်အလုပ်ရှုပ်နေခြင်းဖြစ်သည်။ ကိုမြကြီးတို့ဒေသခံအဖွဲ့သည် ၎င်းတို့နေထိုင်သည့်ဒေသအတွင်း စစ်ကောင်စီ၏ဝေဟင်လှုပ်ရှားမှုများ၊ မြေပြင်စစ်ရေးလှုပ်ရှားမှု များကို နေ့ဒဓူဝ စောင့်ကြည့်နေသူများဖြစ်သည်။ အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ်လပြည့်ည ၇ နာရီဝန်းကျင်တွင် ဒေသခံလူထုအန္တရာယ်ကင်းဖို့စစ်ကောင်စီ၏ ဝေဟင် လှုပ်ရှားမှုများကို စောင့်ကြည့်နေချိန် ကိုမြကြီးတစ်ယောက် မထင်မှတ်ပဲ ကျယ်ကျယ်လောင်လောင်ပေါက်ကွဲသံနှစ်ချက်ကို ဆက်တိုက်ဆိုသလို ကြားလိုက်ရသည်။ ပေါက်ကွဲသံသည် ကိုမြကြီးရှိနေသည့်နေရာနှင့် တစ်မိုင်ခွဲလောက်အကွာကနေထွက်ပေါ်လာခြင်းဖြစ်ပြီး အသံကြားလိုက်ရသည် နှင့် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားသည်ကို ကိုမြကြီးတစ်ယောက်သိလိုက်သည်။ “ကျနော့အနေနဲ့ဒီလောက်ထိဆိုးဆိုးရွားရွားဖြစ်သွားလိမ့်မယ်လို့တော့လုံးဝမထင်ထားခဲ့ဘူး။ အခုမနက်ဘဲ နယ်မြေရှင်းလင်း ရေးလုပ်ရင်း ကလေးလေးရဲ့ လက်တစ်ဖက်ကိုခြုံထဲမှာရှာလို့တွေ့တာ“ဟုဆိုကာ အားတင်းပြီးပြောပြနေဟန်တူသည့် ကိုမြကြီးဆီက ငိုသံတစ်ချက်တစ်ချက်ကြားရသည်။ ဗုဒ္ဓဘာသာသက်ဝင် ယုံကြည်သူများအတွက် နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်သည့် အောက်တိုဘာလ ၆…

  • လက်ပံတောင်းတောင်စီမံကိန်း- ဝမ်ပေါင်နဲ့ တော်လှန်ရေးတပ်တချို့အကျိုးစီးပွားဘယ်လိုဆက်နွှယ်ခဲ့သလဲ

    တရုတ်ကုမ္ပဏီ ဝမ်ပေါင်ရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းထဲက လုပ်ငန်းတွေ ဒီနှစ်ထဲမှာ အားလုံးနီးပါး ပြန်လည်ပတ်နေပြီလို့ ဝမ်ပေါင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ ဝမ်ပေါင်ဝန်ထမ်းအများစု CDM လုပ်ခဲ့တာကြောင့်၂၀၂၄ ခုနှစ်အထိ လုပ်ငန်းတချို့ ရပ်တန့်ခဲ့ရပါတယ်။ စစ်တပ်နဲ့ အကျိုးတူပူးပေါင်းထားတဲ့ ဝမ်ပေါင် ကုမ္ပဏီဟာ စီမံကိန်းနေရာတွေ တိုက်ခိုက်မခံရဖို့ တော်လှန်ရေးတပ်ဖွဲ့တချို့ကို ငွေကြေးနဲ့ ကမ်းလှမ်းညှိနှိုင်းပြီး ယန္တရားတွေ မထိခိုက်အောင် ကာကွယ်ခဲ့ပါတယ်။ မြန်မာစစ်တပ်ကလည်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းယန္တရားကြီးတစ်ခုလုံးကို အင်အားရာနဲ့ချီရှိတဲ့ လုံခြုံရေးအင်အားတွေသုံးပြီး စောင့်ကြပ်ပေးနေတာဖြစ်ပါတယ်။ ဝမ်ပေါင်ရဲ့ ကမ်းလှမ်းမှု စစ်တပ်အကျိုးအမြတ်ရနေတဲ့ ဝမ်ပေါင်ထဲက လုပ်ငန်းတွေရပ်တန့်ဖို့ တော်လှန်ရေးအင်အားစုတွေဘက်က ဖိအားပေးမှုနဲ့ တိုက်ခိုက်မှုတွေ မပြတ်လုပ်နေတာကြောင့် ကုမ္ပဏီက စီမံကိန်းတွေ ဆက်လည်ပတ်နိုင်ဖို့ အဖြေရှာခဲ့ပါတယ်။ တရုတ်အကျိုးစီးပွားဖြစ်တဲ့ ဝမ်ပေါင်ကြေးနီစီမံကိန်းကို ဆက်လည်ပတ်နိုင်အောင် တော်လှန်ရေးတပ်ဖွဲ့တချို့ကို ငွေကြေးနဲ့…

  • စီးပွားရေးကျဆင်းပြီး ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့် မြန်မာပြည်သူများ စိတ်ပိုင်းဆိုင်ရာပြဿနာ ကြုံနေရ

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ ဆိုးဆိုးရွားရွား ကျဆင်းလာခဲ့ပြီး ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်လာခဲ့တာကြောင့် ပြည်သူလူထုဟာ ဝင်ငွေနဲ့ထွက်ငွေ မမျှတတဲ့ဒဏ်ကို အလူးအလဲ ခံစားနေကြရပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း တိုးလာနေပါတယ်။ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၅၂ အရွယ် ဒေါ်အေး (အမည်လွှဲ) ဟာ သားသမီးတွေရဲ့ ထောက်ပံ့မှုကို မှီခိုနေရသူ ဖြစ်ပါတယ်။ အရင်က သူ့သားသမီးတွေက သူ့အတွက် တလထောက်ပံ့ငွေဟာ ကျန်တဲ့စရိတ်စက ဖယ်လိုက်ရင် အိမ်အသုံးစရိတ်အဖြစ် ၄၀၀,၀၀၀ လောက် ကျန်ပါတယ်။ အခုတော့ အိမ်လခတွေ ဈေးတက်သလို လျှပ်စစ်မီတာခတွေကလည်း အရင်ထက် ပိုကုန်ကျလာတာကြောင့် သူ့အိမ်အသုံးစရိတ် လျော့ပါးသွားပါတယ်။ ဒါပေမဲ့ တဘက်မှာ ကုန်ဈေးနှုန်းကလည်း မြင့်တက်လာတဲ့အတွက် စားဝတ်နေရေးကို ချွေတာပြီး ဖြေရှင်းနေရပါတယ်။ ပတ်ဝန်းကျင်ကလူတွေလည်း…