Category: Celebrity
-

နေရွှေသွေးအောင်နဲ့ ယွန်းဝတီလွင်မိုး ဒိတ်နေကြပြီလား
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မြေး ကိုနေရွှေသွေးအောင်နဲ့ အလင်္ကာကျော်စွာဘွဲ့ရရှိထားတဲ့ သရုပ်ဆောင် လွင်မိုးရဲ့ သမီး မယွန်းဝတီလွင်မိုးတို့ တွဲနေကြပြီလား… ကိုနေရွှေသွေးအောင်နဲ့ မယွန်းဝတီလွင်မိုးတို့ ဈေးဝယ်စင်တာတစ်ခုတွင် အတူသွားလာနေတဲ့ ရုပ်သံအချို့ လူမှုကွန်ရက်မှာ ထွက်ပေါ်လာပြီးတဲ့နောက် ပရိတ်သတ်တွေက ထင်မြင်ချက်အမျိုးမျိုးပေးနေ ဒီရက်ပိုင်းမှာ ကိုနေရွှေသွေးအောင်နဲ့ မယွန်းဝတီလွင်မိုးတို့ ဈေးဝယ်စင်တာတစ်ခုတွင် အတူသွားလာနေတဲ့ ရုပ်သံ အချို့ လူမှုကွန်ရက်မှာ ထွက်ပေါ်လာတာကို တွေ့ရှိရပါတယ်။ အခုလို ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ နေရွှေသွေးအောင်နဲ့ ယွန်းဝတီ လွင်မိုးတို့ စုံတွဲဖြစ်နေပြီလားဆိုတာကို ပရိတ်သတ်အချို့က စိတ်ဝင်စားမှုတွေမြင့်တက်လာပါတယ်။ ရန်ကုန်မြို့က နာမည်ကြီးအချို့နေရာတွေနဲ့ နိုင်ငံခြားခရီးတွေမှာလည်း သူတို့နှစ်ဦးကို တွေ့ရတယ်လို့ ပရိသတ်တွေအကြားမှာ ပြောဆိုမှုတွေရှိလာပြီးတော့ သူတို့နှစ်ဦးက တရားဝင်လူသိရှင်ကြား တွဲကြတော့မလား၊ မကြာခင်မှာ လက်ထပ်ဖို့အထိ ရှိကြတော့မလားဆိုတာ ပရိတ်သတ်တွေရဲ့အကြားမှာ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။ အခုလိုရုပ်သံဖိုင် ထွက်ပေါ်လာတာနဲ့…
-

“မြန်မာ့မြေကို ချစ်တယ်”ဆိုတာ သက်သေပြလိုက်တဲ့ Takeru
သန့်ဇင်ကို အလဲထိုးခဲ့ပေမယ့် မြန်မာ့မြေကိုတော့ ချစ်တယ် ONE ချန်ပီယံ တာကဲရု ရှမ်းပြည်မှာ ကျောင်းဆောင်ကြီး လာလှူပြီး ကလေးတွေနဲ့ ခရမ်းချဉ်သီးကောက်တမ်း ကစားသွား One Championship မှာ ချန်ပီယံဖြစ်ခဲ့သူ၊ ဂျပန်နာမည်ကြီး ကစ်ဘောင်စင်ဖိုက်တာ တာကဲရု (Takeru) ဟာ မြန်မာပရိသတ်တွေကြားမှာ မြန်မာ့လက်ဝှေ့အကျော်အမော် သန့်ဇင်ကို အလဲထိုးအမှောက်သိပ်ခဲ့သူအဖြစ် အမှတ်ရနေကြပေမယ့် ဒီကနေ့မှာတော့ မြန်မာ့မြေပေါ်ကို လူကိုယ်တိုင် လျှို့ဝှက်ရောက်ရှိလာပြီး အံ့ဩစရာကောင်းတဲ့ ပရဟိတအလုပ်ကြီးတစ်ခုကို လုပ်ဆောင်သွားခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှာ ရှမ်းပြည်တောင်ပိုင်း၊ အေးသာယာမြို့နားက ရွှေတောင်တန်း ဘုန်းတော်ကြီး ပညာသင်ကျောင်း ကို တာကီရု ရုတ်တရက် ရောက်ရှိလာပြီး၊ သူလှူဒါန်းခဲ့တဲ့ ကျောင်းဆောင်သစ်ဖွင့်ပွဲ ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ တာကီရုဟာ ONE မှာ…
-

တကိုယ်တော် ဝုန်းဒိုင်းကြဲတော့မယ့် မဖြူ
တစ်ကိုယ်တော်ခွေသစ် ဖြန့်ချိမယ့် ဖြူဖြူကျော်သိန်း အနုပညာသက်တမ်း ၂၃ နှစ်ပြည့်မှာ ကိုယ်တိုင်ရေးသားထားတဲ့ ကိုယ်ပိုင်သံစဉ် သီချင်း ၁၁ ပုဒ်ပါဝင်မယ့် တစ်ကိုယ်တော်ခွေသစ်ဖြန့်ချိမယ်လို့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းက ပြောပါတယ်။ “ဂီတသက်တမ်း၂၃ နှစ်ပြည့် အဆိုတော်မလေးတစ်ယောက်ရဲ့ ပြည်ပြေးဘဝ ၆ နှစ်အကြာမှာ အခက်အခဲ အတိုက်အခိုက်မျိုးစုံကြားက ပထမဆုံး ပြန်ထွက်လာမယ့် ဂီတလက်ဆောင် သီချင်းခွေလေးဟာ အားပေးနေတဲ့ ချစ်ပရိသတ်ကို စိတ်မပျက်စေရဘူးလို့ မျှော်လင့်ပါတယ်” လို့ ဖြူဖြူကျော်သိန်းကရေးသားထားပါတယ်။ ဒီအခွေကို ငါဆက်ရှိနေဦးမှာ လို့ နာမည်ပေးထားပြီး ဩဂုတ် ၂၈ ရက်မှာကျရောက်မယ့် ဖခင်ရဲ့ မွေးနေ့ မှာ အမှတ်တရ ဖြန့်ချိမယ်လို့ ဆိုပါတယ်။ “ခွေရဲ့ memory stick ထုတ်တာက ထိုင်ဝမ်မှာ၊ printing house က ဘန်ကောက်မှာ၊…
-

ဗူဗူကို အမ်းနေတဲ့ဟာတွေထက် လုလုအောင် Only Fan တွေက ကုသိုလ်ရသေးတယ်
လေးကေ့ကော်က စစ်ဘေးရှောင်တွေအတွက် ကျပ်သိန်း ၄၀ လှူဒါန်းတဲ့ လုလုအောင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့ အနီးမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူတွေအတွက် ကျပ်သိန်း ၄၀ ထောက်ပံ့ပေးခဲ့တယ်လို့ မော်ဒယ် လုလုအောင်က အသိပေးထားပါတယ်။ “ချစ်တဲ့ သွေးချင်းမောင်နှမများတွက် ခေးကြီးရဲ့ မေတ္တာရေကြည်တပေါက်” လို့ အလှူမှတ်တမ်းဓာတ်ပုံတွေနဲ့အတူ လုလုအောင်ရဲ့ဖေ့စ်ဘွတ်ခ်မှာ ဒီနေ့(ဩဂုတ်၁၄)မှာ မျှဝေထားပါတယ်။ ဒီအလှူငွေတွေက စစ်ဘေးရှောင်တွေအတွက် အစားအသောက်နဲ့ ရိက္ခာခြောက်တွေဝယ်ယူဖို့ လှူဒါန်းတာလို့ လေးကေ့ကော်ဒေသ စစ်ဘေးရှောင်အကူအညီပေးရေးကော်မတီရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ လုလုအောင်က ဖေဖော်ဝါရီကလည်း ရခိုင်ပြည်နယ်က စစ်ဘေးရှောင်ကလေးတွေရဲ့ နို့မှုန့်အာဟာရအတွက် ငွေကျပ်သိန်း ၃၀လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ပြိးခဲ့တဲ့နှစ် ၂၀၂၅ နိုဝင်ဘာတုန်းကလည်း ကချင်ပြည်နယ်က စစ်ဘေးရှောင်တွေအတွက် ငွေကျပ်သိန်း ၃၀ လှူဒါန်းခဲ့ပါတယ်။ လုလုအောင်ရဲ့ ပရိသတ်တွေကတော့…
-

ခင်လွှမ်းပြောပြလာတဲ့ သမီးလေးအတွက် ကျောင်းဘက်က တာဝန်ယူ/ခံမှု
ကျောင်းကိုသွားတွေ့တာနဲ့ပတ်သက်ပြီး သိချင်နေကြလို့ ပြောပြပါမယ်ရှင်. ကျွန်မတို့လင်မယားနှစ်ယောက် ကျောင်းမှာ ကျောင်းအုပ်ကြီး ၊ သမီးလေးအတန်းပိုင်နှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသော အခြားဆရာဆရာမ ၃ယောက်တို့နဲ့ တွေ့ခဲ့ပါတယ်. ကျွန်မတို့ CCTV တောင်းကြည့်ရာတွင် စာသင်ခန်းထဲတွင် ကျောင်းသားများနှင့် ဆရာမများလုံခြုံရေးကြောင့် CCTV တပ်မထားကြောင်းပြောပါတယ်. ထို့ကြောင့် မကြည့်ခဲ့ရပါဘူးရှင်. ရှေ့လျှောက် တစ်ခုခုဆိုလည်း ပြန်မကြည့်နိုင်တဲ့အတွက် သူတို့ပြောသလောက်ပဲ သိရမယ့်အတွက် ကျွန်မကလေးအတွက်ရော အခြားကလေးတေအတွက်ပါ မိဘတေကိုယ်စား စိုးရိမ်သွားပါတယ်. သူတို့ဘက်က ရှင်းပြချက်မှာ အဲ့ဒီနေ့က အကြောင်းကြောင်းကြောင့် ပုံမှန်ရှိနေကြ ဆရာမအရေအတွက်ထက် ပိုနည်းနေခဲ့ပြီး ကျောင်းဆင်းခါနီး နောက်ဆုံးချိန်ဖြစ်တဲ့ coloring အချိန်မှာ သမီးလေးက သင်ခန်းစာအရင်ပြီးခဲ့ပြီး အခြားမပြီးသေးသောကလေးများကို ကူပြနေခြင်းကြောင့် အရင်ပြီးသောကလေးများကို မကြည့်အားခဲ့ခြင်းကြောင့် သမီးလေး ဘယ်လိုဖြစ်သွားမှန်းကို ဆရာမ တစ်ယောက်မှ လုံးဝ မမြင်ခဲ့ကြပါဘူးလို့ပြောပါတယ်.…