Tag: Weather


  • ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် အရှေ့တောင်အာရှဒေသ၌ ရေကြီးမှု ပိုဖြစ်လာနိုင်

    ပြီးခဲ့တဲ့ သီတင်းပတ်က အရှေ့တောင်အာရှနဲ့ တောင်အာရှဒေသတွေကို ဖျက်ဆီးခဲ့တဲ့ ရှားပါးတဲ့ အပူပိုင်းမုန်တိုင်းကြောင့် မိုးသည်းကြီးမည်းကြီး ရွာတာမျိုးတွေဟာ ပူနွေးလာတဲ့ကမ္ဘာမှာ ပိုအဖြစ်များလာမယ်လို့ ကုလသမဂ္ဂ လက်အောက်ခံ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ဒီဇင်ဘာ ၂ ရက်မှာ ပြောလိုက်ပါတယ်။ အပူချိန် မြင့်တက်လာလို့ ပိုပူတဲ့လေထုက အစိုဓာတ် ပိုထိန်းထားနိုင်တဲ့အတွက် ပိုပြင်းထန်တဲ့ မိုးတွေ ရွာသွန်းမယ့် အလားအလာကို တိုးမြင့်စေတယ်။ ဒါက ရူပဗေဒ နိယာမပါလို့ WMO ပြောရေးဆိုခွင့်ရှိသူ ကလဲယာ နောလိစ်က ဒီဇင်ဘာ ၂ ရက်မှာ ဂျီနီဗာမြို့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ပိုပြင်းပြင်းထန်ထန် ရွာချတဲ့မိုးတွေကို တွေ့မြင်နေရပြီး အနာဂတ်မှာလည်း ဆက်ဖြစ်နေဦးမယ်လို့ သူက ဆက်ပြောပါတယ်။ အီကွေတာနဲ့နီးတဲ့ အပူပိုင်း ဆိုင်ကလုန်းတွေဟာ ရှားပါးလို့ အဲဒီဒေသတွေက…

  • ရန်ကုန်လေထုညစ်ညမ်းမှု ကျန်းမာရေးထိခိုက်မည့်အဆင့်ရောက်လာ

    ရန်ကုန်မြို့မှာလေထုညစ်ညမ်းတာဟာ ဒီရက်ပိုင်းမှာ ကျန်းမာရေးကို ထိခိုက်စေတဲ့ အနီရောင်အဆင့်အထိ ရောက်ရှိလာပြီး အိန္ဒိယနိုင်ငံက မွမ်ဘိုင်း၊ ထိုင်းနိုင်ငံက ဘန်ကောက်မြို့တို့ထက် ပိုပြီးဆိုးရွားနေပါတယ်။ လေထုအရည်အသွေးတိုင်းတာ ထုတ်ပြန်ပေးနေတဲ့ ဆွစ်ဇာလန်အခြေစိုက် ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ IQAir ရဲ့ ဒီဇင်ဘာ ၂ ရက် ည ၇ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ရန်ကုန်ရဲ့ လေထုအရည်အသွေးဟာ ခံနိုင်ရည်နည်းပါးသူတွေအတွက် ထိခိုက်နိုင်တဲ့အဆင့်ဖြစ်တယ်လို့ ဆိုပါတယ်။ IQAir ဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ လေထုအရည်အသွေးကို အချိန်နဲ့တပြေးညီ တိုင်းတာဖော်ပြနေတာဖြစ်ပြီး ရန်ကုန်အတွက်ကတော့ ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးအပါအဝင် နေရာ ၇ ခုမှာရှိတဲ့ လေထုအရည်အသွေး တိုင်းတာစက်တွေရဲ့ အချက်အလက်တွေကို ရယူထားတာဖြစ်ပါတယ်။ ဒီဇင်ဘာ ၂ ရက်အတွက် လေထုညစ်ညမ်းမှု ပျမ်းမျှအညွှန်းကိန်းက US AQI အရ ၁၂၈ ဖြစ်ပြီး…

  • ပုံမှန်ဆောင်းထက် အအေးပိုမည့် လာနီညာ

    ယခုနှစ် ဒီဇင်ဘာလသည် လာနီညာရာသီဥတုကြောင့် ညအပူချိန်များ လျော့နည်းပြီး ပုံမှန်ထက်အေးခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု သိရသည် ။ လက်ရှိတွင် အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များသည် အားအနည်းငယ်ရှိသော လာနီညာအခြေအနေတွင် ရှိနေပြီး နိုင်ငံတကာမိုးလေဝသဌာနများ၏ ခန့်မှန်းချက်များအရ ဒီဇင်ဘာလ ပထမ(၁၀)ရက်ပတ်အတွင်း အားအနည်းငယ်ရှိသော လာနီညာအဆင့်တွင် ဆက်လက်တည်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။ လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း ယင်းဖြစ်စဉ်ကြောင့် ရာသီဥတုအပေါ် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လေ့ရှိသည်။ အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ဒေသအချို့တွင် ညအပူချိန်များ လျော့နည်းနိုင်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်လည်း အအေးလွန်ကဲခြင်းနှင့် အချိန်အခါမဟုတ်…

  • ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းလူစားထိုး အရောင်းအဝယ်ဈေးကွက်ဖြစ်ပေါ်နေ

    ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းလူစားထိုး အရောင်းအဝယ်ဈေးကွက်ဖြစ်ပေါ်နေ ဧရာဝတီတိုင်းရှိ ဘိုကလေး၊ ကန်ကြီးထောင့်နှင့် ဒေးဒရဲမြို့နယ်များတွင် စစ်မှုထမ်းရန်အတွက် လူအစားထိုး ရောင်းဝယ်သည့် ဈေးကွက်တစ်ခု ဖြစ်ပေါ်နေကြောင်း သိရသည်။ စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သည့် အသက်အရွယ်ရှိ လူငယ်များကို ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း တို့မှ ရှာဖွေဖမ်းဆီးကာ စစ်ကောင်စီလက်အောက်ခံ စစ်ကော်မရှင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အရောင်းအဝယ်ဈေးကွက် ဖန်တီးနေကြောင်း ဒေသခံများထံမှ သိရသည်။ “ဘိုကလေးမြို့နယ် (၉) ရပ်ကွက်အုပ်ကြီးက အဆိုးဆုံးပဲ။ ရာထူးတည်မြဲဖို့ သူ့သားအရင်းနှစ်ယောက် လုံးကို စစ်မှုထမ်းထဲ ထည့်လိုက်ပြီး ရသမျှကို ယူနေတာ။ မိသားစုလိုက် ဆိုင်ကယ်တစ်စီးစီနဲ့ ချမ်းသာနေတာ” ဟု ဘိုကလေးမြို့ခံတစ်ဦးက ပြောသည်။ ဘိုကလေးမြို့နယ်မှ စစ်ကော်မရှင်ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးသည် ရန်ကုန်၊ လှိုင်သာယာမှ လူမိုက်များနှင့် ပူးပေါင်းကာ ပျံကျလုပ်ကိုင်သည့် လူငယ်များ၊ အသက်မပြည့်သေးသူများနှင့်…

  • “NLD ပါတီ မရှိ‌တော့ဘူး”ဟု ပြောခဲ့သည့် ပါတီမှ ထုတ်ပယ်ခံ ဒေါ်စန္ဒာမင်းက ခမောက်ပါတီ (NDF) တွင် ဒုဥက္ကဋ္ဌ လုပ်နေ

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ၂၀၂၃ ခုနှစ်က ထုတ်ပယ်ခံထားရသူ ဒေါ်စန္ဒာမင်းသည် လက်ရှိတွင် အမျိုးသားဒီမိုကရေစီအင်အားစု (ခမောက်ပါတီ) ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေကာ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေကြောင်း သိရသည်။ ယနေ့ ဩဂုတ် ၂၉ ရက်တွင် မန္တလေး မြို့မအပျော်တမ်းတူရိယာအသင်းကြီး၏ မူပိုင်တေးသီချင်းအချို့ကို ခမောက်ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တောင်းဆိုရာတွင် ဒေါ်စန္ဒာမင်းက ဒုဥက္ကဋ္ဌအနေဖြင့် သွားရောက်ခဲ့ကြောင်း သတင်းမီဒီယာတစ်ခုထံမှ သိရှိရသည်။ အဆိုပါ တွေ့ဆုံပွဲတွင် ဒေါ်စန္ဒာမင်း က မြို့မတူရိယာအသင်းကြီး၏ နာယကများ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အား ပါတီကိုယ်စားကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဖော်ပြထားသည်။ ဒေါ်စန္ဒာမင်းသည် ယခင်က NLD ဗဟိုကော်မတီဝင်တဦးဖြစ်ခဲ့ကာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ပါတီမှ ထုတ်ပယ်ခံခဲ့ရပြီး လက်ရှိတွင် ခမောက်ပါတီကိုယ်စားလှယ်အဖြစ် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲဝင်ရန်…