Tag: Feature


  • ပြည်တွင်းကနေ စစ်မှုထမ်း ရှောင်ဖို့

    ပြည်တွင်းကနေ စစ်မှုထမ်း ရှောင်ဖို့ cb မှာ လာမေးထားတဲ့သူ အားလုံးအတွက် ဒီကနေပဲ ပို့စ်တင်ပြီး ပြောပါမယ်။ ခုရက်ပိုင်း အလုပ်မအားလို့ တစ်ယောက်ချင်းတော့ သေချာ မပြောပြပေးနိုင်တော့ပါဘူး။ လိုင်းတောင် ညသန်းခေါင်မှ ဝင်သုံးရတာပါ။ ရွေးစရာနည်းလမ်း ၃ ခု ရှိပါတယ်။ ၁။ တော်လှန်ရေး တပ်တွေထဲ ဝင်မလား။ ၂။ လွတ်မြောက် နယ်မြေကို သွားမလား။ ၃။ ပြည်ပကို ထွက်မလား။ စစ်တပ်ကို မကြိုက်ဘူး၊ ပြန်ချချင်တယ်၊ တခြားနိုင်ငံကို ထွက်သွားနိုင်တဲ့ အခြေအနေလည်း မရှိဘူး ဆိုတဲ့သူတွေ အတွက် တော်လှန်ရေး တပ်တွေထဲ ဝင်တာကတော့ အကုန်အကျ အသက်သာဆုံး နည်းလမ်းပါ။ လက်ရှိလည်း တပ်တော်တော် များများက လူသစ် လက်ခံနေပါတယ်။ အဆင်ပြေရင် ဆက်သွယ်ရမယ့်…

  • နိုင်ငံကျော်အဆိုတော် မာရဇ္ဇရဲ့ ဈာပနမြင်ကွင်း

    ကျောက်ကပ်ရောဂါနဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ ညပိုင်းက ကွယ်လွန်ခဲ့တဲ့ အဆိုတော် မာရဇ္ဇ (ခ) ကိုသိန်းဇော်ရဲ့ ဈာပနအခမ်းအနားကို ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ဇန်နဝါရီလ ၂၅ ရက်နေ့ ဒီကနေ့မှာ ကျင်းပခဲ့ပါတယ်။ ဈာပနအခမ်းအနားမှာ အဆိုတော် မာရဇ္ဇကိုချစ်တဲ့ ပရိသတ်တွေနဲ့ ဂီတညီအစ်ကိုမောင်နှမတွေက သူ့ရဲ့ နောက်ဆုံးခရီးကို လာရောက်ပို့ဆောင်တာကို တွေ့ရပါတယ်။ နိုင်ငံကျော် တီးဝိုင်းတစ်ခုဖြစ်တဲ့ iron cross တေးဂီတအဖွဲ့ရဲ့ မန်နေဂျာ ဦးကိုကိုလွင်ကလည်း အဆိုတော် မာရဇ္ဇ ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းမိတယ်လို့ ပြောပါတယ်။ “ညီအစ်ကိုလို ရင်းနှီးခဲ့ရသူမို့ တော်တော် စိတ်မကောင်းဖြစ်ရပါတယ်၊ အနုပညာနဲ့ပတ်သက်ရင် တော်တော်ခေါင်းမာပြီး သူ ယုံကြည်ရာကို သူ လုပ်တဲ့သူပါ။ အောင်မြင်ကျော်ကြားတဲ့သီချင်းတွေကို ကိုယ်တိုင်ဖန်တီးနိုင်တဲ့ တေးရေး၊ တေးဆိုတစ်ယောက်မို့ နှမြောမိပါတယ်” အဆိုတော်…

  • ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း  CNDF အမျိုးသမီးရဲဘော်  ၂၈ ဦး ရှေ့တန်းတွင် ပါဝင်တိုက်ခိုက်နေ

    ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) အမျိုးသမီးရဲဘော် ၂၈ ဦးသည် CNDF ရဲဘော်များနှင့်အတူ ရှေ့တန်းတွင် ပါဝင်တိုက်ခိုက်နေကြောင်းသိရသည်။ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)သည် ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖလမ်းမြို့သိမ်း တိုက်ပွဲကို ဖော်ဆောင်လျက်ရှိရာ CNDF အမျိုးသမီးရဲဘော်များသည် ၎င်းတို့ကျွမ်းကျင်ရာကဏ္ဍ အသီးသီးအလိုက် ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။ CNDF အမျိုးသမီးရဲဘော်များသည် ရှေ့တန်းတွင် စနိုက်ပါ ၊ ဒရုန်း၊ ဆေးတပ်သား( Medic team)၊ ဆက်သွယ်ရေးနှင့် လေကြောင်းရန် အသိပေးသည့် နေရာတို့တွင် ကျား၊ မ တန်းတူတာဝန် ထမ်းဆောင်နေကြောင်း ဒေသသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ ရှေ့တန်းရောက် CNDF အမျိုးသမီးရဲဘော်များ တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ CNDF တာဝန်ခံကို ဧရာဝတီတိုင်းမ်က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့ မရခဲ့ပေ။ ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက…

  • စလင်းမြို့နယ်တွင် စစ်ကောင်စီ တပ်၏ ရမ်းကားမှုကြောင့် ထွက်ပြေးလာသည့် ပိတ်ဆည်ကျေးရွာမှ ပြည်သူများကို တော်လှန်ရေး တပ်ဖွဲ့များက ကယ်တင်ထားရ

    မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရမ်းကားမှုကြောင့် ထွက်ပြေးလာသည့် ပိတ်ဆည်ကျေးရွာမှ ပြည်သူများကို ကယ်တင်ထားကြောင်း ဒေါင်းညီနောင်မြို့ပြ ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့ သစ်ခေါက်တောင် စစ်တပ် ကင်းစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာများကို အကြောင်းမဲ့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုး၍ ကျေးရွာများကို မီးရှို့ဖျက်ဆီးမည်ကို စိုးရိမ်သောကြောင့် ပိတ်ဆည်ကျေးရွာမှ ပြည်သူများက တောတောင်များအတွင်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ ထို့ကြောင့် အဆိုပါ ပြည်သူများကို တော်လှန်ရေး တပ်ဖွဲ့များက ခေါ်ယူကယ်တင်ထားခြင်းဖြစ်ကြောင်း သိရသည်။ “သစ်ခေါက်တောင် စစ်ခွေး ကင်းစခန်းအနီးက စစ်ခွေး တွေရဲ့ ရမ်းကားမှုကို ကြောက်လို့ တောတွင်းမှာ တိမ်းရှောင်နေရတဲ့…

  • လားရှိုးက ဆုတ်ပေးမယ်ဆိုတဲ့သဘောထား MNDAA မှာ မရှိဘူးလို့ ယူဆတယ်

    တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) တို့ ဇန်နဝါရီ ၁၆၊ ၁၇ ရက်များက ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးရာ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တရပ် လက်မှတ်ရေးထိုးနိုင်ရန် ၇ ကြိမ်ခန့်ထိ တွေ့ဆုံခဲ့ပြီးနောက် ဇန်နဝါရီ ၁၈ ရက်က သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်ကာ MNDAA နှင့် စစ်ကောင်စီကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုမှာ ယခုဆိုလျှင် ဒုတိယအကြိမ် ဖြစ်သည်။ အပစ်အခတ်ရပ်စဲမှု နောက်ဆက်တွဲအနေဖြင့် MNDAA ထိန်းချုပ်ထားသည့် တရုတ်- မြန်မာ နယ်စပ်ဂိတ်များကို တရုတ် ဘက်မှ ပြန်လည်ဖွင့်လှစ်ပေးခဲ့သလို MNDAA နှင့် ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)…