Author: Baby Yit Lone

  • မဲလုံးထက် ပိုကဲ, ပိုကြမ်းပြလိုက်တဲ့ ခိုင်ခိုင်စိုး

    မဲလုံးထက် ပိုကဲ, ပိုကြမ်းပြလိုက်တဲ့ ခိုင်ခိုင်စိုး

    မင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်အပေါ် ထိုင်းလွှတ်တော်အမတ်များ၊ အရပ်ဘက်အဖွဲ့များ၊ ကျောင်းသားသမဂ္ဂများနှင့် ထိုင်းပြည်သူများက ကန့်ကွက်ဆန္ဒပြခဲ့သော်လည်း လွှတ်တော်အမတ်တစ်ဦးတည်းသာ ဆန္ဒပြဟု ပြောရေးဆိုခွင့် ရှိသူ ခိုင်ခိုင်စိုး ဗြောင်လိမ်ပြောဆို မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ထိုင်းနိုင်ငံခရီးစဉ်ကို ထိုင်းလွှတ်တော်အမတ်များ၊ အတိုက်အခံနိုင်ငံ ရေးသမားများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂများ၊ လူ့အခွင့်အရေးအဖွဲ့များ၊ ထိုင်းပြည်သူများနှင့် ထိုင်းရောက်မြန်မာနိုင်ငံသားများက ဆန္ဒပြခြင်း၊ ကြေညာ ချက် ထုတ်ပြန်ကန့်ကွက်ခြင်း၊ လွှတ်တော်အတွင်း အော်ဟစ်ကန့်ကွက်ခြင်းများ ပြုလုပ်ခဲ့ကြသော်လည်း မင်းအောင်လှိုင်၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်ခိုင်စိုးက “ထိုင်းလွှတ်တော်အမတ်တစ်ဦးတည်းသာ ဆန္ဒပြခဲ့ခြင်းဖြစ်သည်” ဟု ဗြောင်လိမ်ပြောဆိုလိုက်သည်။ ယမန်နေ့ မင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်မှ အပြန် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိစဉ် မီဒီယာတချို့၏ မေးမြန်းချက်ကို ခိုင်ခိုင်စိုးက ယင်းကဲ့သို့ ဗြောင်လိမ် ပြောဆိုလိုက်ခြင်းဖြစ်သည်။ မင်းအောင်လှိုင်သည် ဩဂုတ်လ ၆ ရက်နှင့် ၇ ရက်တို့တွင်…

  • နောက်ဆုံး ခိုးရာလိုက်ပြေးသည်အထိ ပညာပြလိုက်တဲ့ ကျောင်းအုပ်ဆရာမကြီး

    နောက်ဆုံး ခိုးရာလိုက်ပြေးသည်အထိ ပညာပြလိုက်တဲ့ ကျောင်းအုပ်ဆရာမကြီး

    အကြမ်းဖက်စစ်တပ်ဆန်ဆန်အာဏာပြအုပ်ချုပ်တဲ့ အင်္ဂပူမြို့ အ.ထ.က ကျောင်းအုပ်ကြီးသစ် ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က) ၌ ယခု ၂၀၂၆ စာသင်နှစ်မှစတင်ကာ ပြောင်းရွှေ့တာဝန်ကျလာသည့် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမိုးလွင်၏ အကြမ်းဖက်စစ်တပ်ဆန်ဆန် ဖိနှိပ်အာဏာပြလွန်းသည့် ကျောင်းအုပ်ချုပ်မှုပုံစံများကြောင့် ကျောင်းသား/သူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းတွင်းဆရာ/မများအကြား မကျေနပ်မှုများနှင့် ဝေဖန်မှုများ ပြင်းထန်စွာ ထွက်ပေါ်လျက်ရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယပတ်အတွင်းက ကျောင်းတက်ရက် ကျောင်းပြင်ပလမ်းတစ်ခု၌ တွေ့ဆုံသည့် ကျောင်းသား/သူ စုံတွဲတစ်တွဲအား ကျောင်းအုပ်ကြီးကိုယ်တိုင် တွေ့ရှိချိန်တွင် စကားဖြင့် ဆုံးမခြင်း သို့မဟုတ် မိဘအား ခေါ်ယူသတိပေးခြင်းမျိုး မပြုလုပ်ဘဲ ဒုတ်ဖြင့် လိုက်လံရိုက်နှက်ခဲ့သဖြင့် အဆိုပါကျောင်းသား/သူနှစ်ဦးမှာ ကြောက်လန့်တကြား ထွက်ပြေးရာမှ ခိုးရာလိုက်ပြေးသည့်အဆင့်ထိ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျောင်းသားမိဘများက ပြဿနာမကြီးထွားစေလို၍ ပြေလည်အောင်…

  • ကန်ချနဘူရီရှိ ကလေးထိန်းကျောင်းအတွင်းသို့ အိမ်စီးကားတစ်စီး ဝင်တိုက် (ရုပ်သံ)

    ကန်ချနဘူရီရှိ ကလေးထိန်းကျောင်းအတွင်းသို့ အိမ်စီးကားတစ်စီး ဝင်တိုက် (ရုပ်သံ)

    ကန်ချနဘူရီရှိ ကလေးထိန်းကျောင်းအတွင်းသို့ အိမ်စီးကားတစ်စီး ဝင်တိုက်သည့် ရုပ်သံ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်းရှိ နေ့ကလေးထိန်းကျောင်းတစ်ခုအတွင်းသို့ ယနေ့ ဩဂုတ် ၇ ရက်နေ့တွင် ခရီးသည်တင်ကားတစ်စီးမှ ဝင်တိုက်မိခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူ ၁၅ ဦးထိရှိခဲ့ကြောင်း သိရသည်။ အဆိုပါ မော်တော်ယာဉ်သည် ကလေးထိန်းမူကြိုကျောင်းအတွင်းသို့ အရှိန်လွန် ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်ရေး ဝန်ထမ်းများ၊ အရေးပေါ် ဆေးဘက်ဆိုင်ရာအဖွဲ့များနှင့် ရဲတပ်ဖွဲ့တို့မှ ဒဏ်ရာရရှိသူများကို အလျင်အမြန် လာရောက်ကူညီပေးခဲ့ကြကြောင်းလည်း သိရသည်။ ကလေးငယ်အများအပြား ဒဏ်ရာရရှိခဲ့ပြီးနောက် တာဝန်ရှိသူများက ဒဏ်ရာရရှိထားသူများကိုစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ရှေးဦးသူနာပြုစုခြင်းများ ပြုလုပ်ပေးခဲ့ပြီး နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြသည်။ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီရှိ ကလေးထိန်းကျောင်းအတွင်း သို့ ကားဝင်တိုက်မိ၍ ကလေး ၁၃ ဦး ဒဏ်ရာရ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ မောင်းမြို့နယ်၊ ဘန်နောင်ဆောင်တုန်ရှိ ကလေးသူငယ်ဖွံ့ဖြိုးရေးဗဟိုဌာန…

  • သိန်း ၇၀၀ ကျော်လှူပြီးအပြန် အားမရသေးဘဲ လမ်းမှာတွေ့တဲ့ ဈေးသည်လေးကို နားကပ်တွေ၊ လက်စွပ်တွေပါ ချွတ်လှူခဲ့တဲ့ သူဌေးမကြီး

    သိန်း ၇၀၀ ကျော်လှူပြီးအပြန် အားမရသေးဘဲ လမ်းမှာတွေ့တဲ့ ဈေးသည်လေးကို နားကပ်တွေ၊ လက်စွပ်တွေပါ ချွတ်လှူခဲ့တဲ့ သူဌေးမကြီး

    သိန်း ၇၀၀ ကျော်လှူပြီးအပြန် အားမရသေးဘဲ လမ်းမှာတွေ့တဲ့ ဈေးသည်လေးကို နားကပ်တွေ၊ လက်စွပ်တွေပါ ချွတ်လှူခဲ့တဲ့ သူဌေးမကြီး လူ့လောကကြီးမှာ ဒီလို ပေးဆပ်ချင်စိတ်အပြည့်နဲ့ စေတနာရှင်တွေ ရှိနေသေးသရွေ့ အားကိုးရာမဲ့နေသူတွေအတွက် မျှော်လင့်ချက် ရောင်ခြည်လေးတွေက အမြဲလင်းလက်နေမှာ အသေအချာပါပဲ။ မကြာသေးခင်ကပဲ ဧရာဝတီတိုင်းက ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူ (၆) ဦးအပြင် ဆရာ၊ ဆရာမတွေနဲ့ မိသားစုဝင်တွေအတွက် ဘာအနှောင်အဖွဲ့၊ ဘာမျှော်လင့်ချက်မှ မထားဘဲ ကျပ်သိန်း (၇၀၀) ကျော်အထိ ရက်ရက်ရောရော ချီးမြှင့်လှူဒါန်းခဲ့တဲ့ စေတနာရှင် အစ်မကြီး “ဒေါ်ခင်မာဝင်း” ရဲ့ အလှူဟာ ပီတိဖြစ်စရာ အလွန်ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီအလှူကြီးအပြီး အပြန်လမ်းခရီးမှာ ကြုံတွေ့ခဲ့ရတဲ့ သူမရဲ့ နောက်ထပ် မထင်မှတ်ထားတဲ့ လုပ်ရပ်လေးကတော့ မြင်တွေ့ရသူတိုင်းရဲ့ ရင်ကို ပိုပြီး…

  • ထိုင်း နွန်ထဘူရီ ဖြစ်စဉ် အိမ်မှာ အဘိုးနဲ့အဘွားကိုပါ P-စ်T-တ်ထားခဲ့တာ

    ထိုင်း နွန်ထဘူရီ ဖြစ်စဉ် အိမ်မှာ အဘိုးနဲ့အဘွားကိုပါ P-စ်T-တ်ထားခဲ့တာ

    နွန်ထဘူရီ ဖြစ်စဉ်တွင် သေနတ်သမားက အဘိုး နှင့်အဘွားကိုပါ အိမ်မှာ ပစ်သတ်ထားခဲ့ ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်ရှိ Debsirin ကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်က ကျောင်းတွင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ သေဆုံးနှင့် ထိခိုက် ဒဏ်ရာရရှိသူ ၂၀ကျော်ရှိကြောင်း သိရသည်။ အဆိုပါ ပြစ်မှုကို ကျူးလွန်သူမှာ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်ပြီး ကျောင်းသို့မလာရောက်မီ ၎င်း၏ နေအိမ်တွင် အဘိုးနှင့် အဘွားဖြစ်သူကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဘန်ကူရတ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ပြောကြားချက်အရ အတည်ပြုနိုင်ခဲ့သည်။ တာဝန်ရှိသူများက အဆိုပါ ကျောင်းသား၏ နေအိမ်သို့ သွားရောက်စစ်ဆေးကြည့်ရှုရာတွင် ၎င်း၏ အဖိုးနှင့် အဖွားတို့၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်းနှင့် ကျောင်းသားအသုံးပြုခဲ့သည့် သေနတ်မှာ…