Author: Baby Yit Lone

  • တနိုင်ငံလုံးကို ပထွေး အမွေပေးထားသလို လုပ်ချင်တိုင်းလုပ်နေပြီ

    တနိုင်ငံလုံးကို ပထွေး အမွေပေးထားသလို လုပ်ချင်တိုင်းလုပ်နေပြီ

    မင်းအောင်လှိုင် သားအဖ ဖော်ဆောင်နေသော ပြင်ဦးလွင်ရတနာပုံမြို့သစ်စီမံကိန်းတွင် မွေးမြူရေးနှင့် စက်ရုံလုပ်ငန်းရှင်များကို ရင်းနှီးမြုပ်နှံကြရန် အစည်းအဝေး ခေါ်ယူ အတင်းအဓမ္မ အမိန့်ဖြင့် ဖိအားပေးနေ

    မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ မင်းအောင်လှိုင်နှင့်သားဖြစ်သူ အောင်ပြည့်စုံတို့ အကောင်အထည်ဖော်နေသော ရတနာပုံမြို့သစ်စီမံကိန်းတွင် မွေးမြူရေးလုပ်ငန်းများနှင့် စက်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံကြရန် စစ်တပ်က လုပ်ငန်းရှင်များကို အစည်းအဝေးခေါ်ယူကာ အတင်းအဓမ္မ အမိန့်ဖြင့် ဖိအားပေးစေခိုင်းနေကြောင်း လုပ်ငန်းရှင်များက ပြောဆိုသည်။

    မေလ ၈ ရက်နေ့ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာရှိ ဓမ္မာရုံတွင် မွေးမြူရေးလုပ်ငန်းရှင်ကြီးအားလုံးကို စစ်တပ်က အရေးပေါ်အစည်းအဝေးခေါ်ယူတွေ့ဆုံခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ရတနာပုံမြို့သစ် စီမံကိန်းနယ်မြေအတွင်း မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရန်နှင့် စက်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံရန် အဓိကထား စေခိုင်းခဲ့သည်။

    ရတနာပုံမြို့သစ်စီမံကိန်းတွင် မွေးမြူရေးဇုန်နှင့်စက်မှုဇုန်များ ထည့်သွင်းထားပြီး မြေကွက်များကို လုပ်ငန်းရှင်များ လုပ်ကိုင်နိုင်ရန် ချထားပေးမည်ဖြစ်သည်။

    သတ်မှတ်နှုန်းများဖြင့် မြေများ ဝယ်ယူကာ လုပ်ငန်းများ ရင်းနှီးမြှုပ်နှံရမည်ဟု စစ်တပ်က ဖိအားပေးလာကြောင်း သိရှိရသည်။

    ယင်းအပြင် ရတနာပုံမြို့သစ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရမည့် စက်ရုံများနှင့် လုပ်ငန်းရှင်များကိုလည်း တစ်လတစ်ကြိမ် အစည်းအဝေး ခေါ်ယူမည်ဖြစ်ပြီး ယခုနှစ်အတွင်း ရတနာပုံမြို့သစ် စီမံကိုန်း မဖြစ်မနေ အသက်သွင်းရမည်ဟု စစ်တပ်က အမိန့်ပေးကြောင်း သိရှိရသည်။

    ” လုပ်ငန်းရှင်တွေနဲ့ စက်ရုံတွေကိုလည်း မြေနေရာတွေ သတ်မှတ်ငွေကြေးနဲ့ချပေးမယ်။ ပြီးရင် တစ်လတစ်ကြိမ် အစည်းအဝေးလုပ်ပြီး ဒီနှစ်မှာ မြို့သစ်စီမံကိန်းကို စရမယ်။ အသက်သွင်းရမယ်။

    ဆိုလာစက်ရုံလည်း လုပ်မယ်။ လူကြီး(မင်းအောင်လှိုင်) နောက်တစ်ခေါက်ပြန်လာရင် မြို့သစ်စီမံကိန်းစတင်နေတာ၊ အဆင်သင့်ဖြစ်နေတာ မြင်ချင်တယ်လို့ ပြောထားလို့ လုပ်ငန်းရှင်တွေကို ခေါ်ယူပြီး လုပ်ငန်းစခိုင်းတာ”ဟု အစည်းအဝေး တက်ရောက်ခဲ့သော လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

    စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရတနာပုံမြို့သစ်စီမံကိန်း ယခုနှစ်မကုန်မီ စတင်နေသည်ကိုမြင်တွေ့လိုသည်ဟု ရာဇသံပေးထားသည့်အတွက် စစ်တပ်နှင့် မန္တလေးတိုင်းအစိုးရက လုပ်ငန်းရှင်များအပေါ် နည်းလမ်းမျိုးစုံဖြင့် ရတနာပုံမြို့သစ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် ဖိအားပေးမှုများ ရှိနေခြင်း ဖြစ်သည်ဟု သိရှိရသည်။

    လက်ရှိတွင် ရတနာပုံစီမံကိန်းနယ်မြေအတွင်းရှိ ဂရန်မြေကွက်များနှင့် ဧကကွက်များကို စစ်တပ်မှ ထိပ်တန်းအရာရှိကြီးများရယူနေပြီး အောင်ပြည့်စုံက ရတနာပုံမြို့သစ်၏ အခြေခံအဆောက်အအုံ ရေလိုင်း၊ မီးလိုင်းနှင့် လမ်း လုပ်ငန်းတင်ဒါများ လုပ်ကိုင်နေကြောင်း သိရှိရသည်။

    ရတနာပုံ မြောက်ပိုင်းအိမ်ရာဝင်းအတွင်း၌ စစ်ခေါင်းဆောင်၏သားဖြစ်သူ အောင်ပြည့်စုံ၏ ကုမ္ပဏီက ကုတင် ၃၀၀ ဆံ့ ဆေးရုံကြီးတည်ဆောက်ရန် စတင်ပြင်ဆင်နေသည်။

    အဆိုပါစီမံကိန်းအတွက် ထင်းရှူးတောအတွင်းရှိ ကျူးကျော်နေထိုင်သူများကိုလည်း အတင်းအဓမ္မ စတင်ဖယ်ရှားနေပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

    “ကိုအောင်ပြည့်စုံကုမ္ပဏီက ကုတင် ၃၀၀ ဆေးရုံကြီးဆောက်ဖို့ စတင်ပြင်ဆင်နေပြီး ထင်းရှူးတောက ကျူးတွေကို စတင်ဖယ်ရှားနေပါပြီ။ လူကြီးက ရတနာပုံမြို့သစ်စီမံကိန်း စတင်နေတာ မြင်ချင်တယ်လို့ ရာဇသံပေးထားပါတယ်” ဟု လုပ်ငန်းရှင်က ဆက်လက်ပြောဆိုသည်။

    လက်ရှိတွင် ပြင်ဦးလွင်ရတနာပုံမြို့သစ်စီမံကိန်းသည် စစ်ခေါင်းဆောင်မိသားစုနှင့် ၎င်း၏အသိုင်းအဝိုင်းအတွက် စီးပွားရေးအမြတ်ထုတ်ရာနေရာ ဖြစ်နေသည်။

    လုပ်ငန်းရှင်များအား အတင်းအဓမ္မ ရင်းနှီးမြှုပ်နှံခိုင်းခြင်းနှင့် ဒေသခံများအား ဖိနှိပ်ဖယ်ရှားခြင်းများဖြင့် အကောင်အထည်ဖော်နေကြောင်း သိရှိရသည်။

    အကြမ်းဖက် မင်းအောင်လှိုင်နှင့်သားဖြစ်သူ အောင်ပြည့်စုံတို့ ဦးစီးလုပ်ကိုင်နေသော ရတနာပုံမြို့သစ်စီမံကိန်းတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံလိုသူ အလွန်နည်းပါးနေပြီး အထူးသဖြင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ရရှိရန် မျှော်မှန်းထားသော်လည်း လက် တွေ့ ဖြစ်လာရန် အခွင့်အလမ်း နည်းပါးနေကြောင်း ယင်းစီမံကိန်းနှင့်ချိတ်ဆက် အလုပ်လုပ်နေသော UMCCI မှ စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုထားသည်။

    မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာအနီးတွင် စစ်အာဏာရှင်ဟောင်း သန်းရွှေ ခေတ်နှင့် NLD အစိုးရခေတ်တွင် အောင်မြင်မှုမရှိဘဲ ရပ်ဆိုင်းခဲ့သော ရတနာပုံမြို့သစ်စီမံကိန်းကို မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံကို စီမံကိန်းနှင့်လုပ်ငန်း တင်ဒါအများစု လုပ်ပိုင်ခွင့်ချထားပေးပြီး စီမံကိန်း ပြန်လည် စတင်ရေး ကြိုးပမ်းလျက်ရှိသည်။

    လတ်တလော ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရန် Expression Of Interest (EOI) ထားသော်လည်း စိတ်ဝင်စားသူ အလွန်နည်းပါးနေသည်။

    ရတနာပုံမြို့သစ်စီမံကိန်းတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ရရှိရန် မျှော်မှန်းထားသော်လည်း လက်တွေ့တွင် ဖြစ်မလာကြောင်း သိရှိရသည်။

    လက်ရှိ ရတနာပုံမြို့သစ်စီမံကိန်းမှာ အကြမ်းထည် အဆင့်တွင်သာရှိသေးပြီး ရင်းနှီးမြှုပ်နှံသူများအပေါ် မူတည်၍ လူနေအိမ်ရာများ အကောင်အထည်ဖော်ဆောင်ရန် ၊ လမ်းဖောက်လုပ်ခြင်း၊ ရေရှိရေး၊ လျှပ်စစ်မီးရရှိရေးနှင့် အခြေခံအဆောက်အဦများ ဆောင်ရွက်ထားရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

    ယင်းစီမံကိန်းတွင် နည်းပညာစက်မှု ဇုန်များကိုပါ ထည့်သွင်းသွားရန် စီစဉ်ထားခြင်းဖြစ်​ကြောင်း သိရှိရသည်။

    လက်ရှိ စစ်တပ်၏ အတင်းအကျပ် ဖိအားပေးမှုကြောင့် ရတနာပုံမြို့သစ်စီမံကိန်းတွင် စက်ရုံနှင့်လုပ်ငန်းများ လုပ်ဆောင်ကြမည့် ပြည်တွင်း ကုမ္ပဏီကြီးတချို့ရှိသော်လည်း ယင်းကုမ္ပဏီကြီးများပင်လျှင် စီမံကိန်းတွင် မည်သို့မည်ပုံ ရှေ့ဆက်ပါဝင်ရမည်ကို တုံ့ဆိုင်းနေကြကြောင်း သိရှိရသည်။

    ရတနာပုံမြို့သစ်စီမံကိန်းကို သန်းရွှေခေတ်တွင် ရတနာပုံဆိုက်ဘာစီးတီးအဖြစ် စတင်ခဲ့သော်လည်း မအောင်မြင်ဘဲ ရပ်နားခဲ့ကြောင်း၊ ယင်းနောက် NLD အစိုးရလက်ထက်တွင် New Mandalay Resort City စီမံကိန်းအဖြစ် ပြောင်းလဲလုပ်ဆောင်ခဲ့သည်။

    သို့ရာတွင် မအောင်မြင်ဘဲ ဆက်လက်ရပ်ဆိုင်းခဲ့ပြီး အကြမ်းဖက် မင်းအောင်လှိုင်က ယင်းစီမံကိန်းကို သန်းရွှေခေတ်အချိန် စီမံကိန်းဒီဇိုင်းဖြင့် ပြန်လည် စတင်ခြင်းဖြစ်သည်။

    မင်းအောင်လှိုင်က စီမံကိန်းကို ပြန်လည်စတင်ချိန် သားဖြစ်သူ အောင်ပြည့်စုံက မြို့သစ်စီမံကိန်းတစ်ခုလုံး၏ ရေ၊မီး၊ လမ်းနှင့် အခြေခံ အဆောက်အအုံများကို တည်ဆောက်ခွင့်နှင့် လုပ်ပိုင်ခွင့်များရရှိထားပြီး မြေကွက်အများအပြားလည်း ရယူထားကြောင်း ယင်းစီမံကိန်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။

    ဓာတ်ပုံ- မင်းအောင်လှိုင်သားအဖ၏ ရတနာပုံမြို့သစ်စီမံကိန်းပြမြေပုံနှင့် မေလ ၈ ရက်နေ့ မွေးမြူရေးနှင့် စက်ရုံလုပ်ငန်းရှင်များကို ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာရှိ ဓမ္မာရုံတွင် စစ်တပ်က အစည်းအဝေး ခေါ်ယူခဲ့စဉ်။

  • ငါတို့ကပဲ ခင်မို့မို့အေးလား

    ငါတို့ကပဲ ခင်မို့မို့အေးလား

    နောက်ကရှာရှာရဲ့ ရုပ်ကိုလဲ ကြည့်ပါဦး မရိုးသားတာ.အသိသာကြီး

    နင်ငါပြောတဲ့အတိုင်းလိုက်ပြောနော် လို့မှာထားတဲ့ ရုပ်ပါ.

    အနောက်ကို သေချာကြည့်ပါ.မျက်နှာမကောင်းပါဘူး

    အဲ့ကောင်ပဲ ဦးဆောင်ပီးပြောသွားတာနေမာ🤌🙄

    ငါ့တို့ကပဲ့ ခင်မို့မို့အေးလားအေ🫠🫠🫠

    9-5-2026

    ဟိုကောင်က ဟုတ်ကိုမဟုတ်နေဘူး

    ရှာရှာအတွက်ပဲ့ စိတ်မကောင်းဖြစ်ရတယ်

    အဟုတ်ပဲ့ ဘယ်လိုတွေ ခြိမ်းခြောက်ထားလဲမသိ

    အကြပ်ကိုင်ထားတာတဲ့နော်

    အေးဆေးဖြစ်မှ မြန်မာပြည်ကို ပြန်လွှတ်ပေးမယ်ဆိုပဲ

    YMLနဲ့သူကောင်မလေးက ခုနက လေးတင် Tiktok ကသူတို့ Live မှာconfirmလုပ် သွားပါပြီ

    ပတ်ထရစ်ရှာကိုဆဲချင်ရင်သွားဆဲလို့ ရပါပြီတဲ့

    ဟိုအကောင်နဲ့တကယ်ကြီးတွဲနေကျတာပါတဲ့

    ဟိုတယ် Location မပို့ရတဲ့အကြောင်းကလဲ မြန်မာတွေစုပြုံပြီးဟိုတယ်ကိုလာရောက်ဖမ်း တာမျိုးတွေမလိုလားလို့ပါတဲ့

    (ပတ်ထရစ်ရှာ said — သူကတကယ်တော့ညီမကိုမချစ်ဘူး သူမှာအချစ်မရှိဘူးအဲ့တာအချစ်မဟုတ်ဘူးသူ ဘေးနားမှာညီမကိုလူယုံလိုထားပြီနေစေချင်တာတဲ့ ကဲ ပီးပါပီ🤌🥲

  • မုန်တိုင်းတဲ့ဟေ့…

    မုန်တိုင်းတဲ့ဟေ့…

    မုန်တိုင်းအထူးသတိပေးချက် 🌀 မြန်မာပြည်အနှံ့ မိုးသည်းထန်စွာရွာသွန်းမည့် အခြေအနေ

    မိုးလေဝသကျွမ်းကျင်သူ ဒေါက်တာစိုင်းခွန်အာကာ ရဲ့ နောက်ဆုံးရတွက်ချက်မှုများအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်နေပြီဖြစ်ပြီး နောက် ၄ ရက်မှ ၅ ရက်အတွင်း မုန်တိုင်းငယ် (Depression) အဆင့်အထိ အားကောင်းလာနိုင်ကြောင်း အထူးသတိပေးထားပါတယ်။ ⚠️

    ⛈ ဒေသအလိုက် မိုးရွာသွန်းမည့် ခန့်မှန်းချက်များ –

    ရှမ်းမြောက်၊ မန္တလေးအထက်ပိုင်းနှင့် ရခိုင်အလယ်ပိုင်း: ယနေ့မှစ၍ ၄၈ နာရီအတွင်း နေရာကွက်ကျား မိုးကြီးနိုင်သဖြင့် အထူးသတိပြုရန်။

    (ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် မေလ ၁၇ ရက်အထိ မိုးဆက်တိုက်ရွာပါမည်။)

    တနင်္သာရီတိုင်း: နောက် ၄၈ နာရီအတွင်း မုတ်သုံလေ စတင်ဝင်ရောက်ပါမည်။

    မွန်နှင့် ကရင်ပြည်နယ်: နောက် ၇၂ နာရီအတွင်း မုတ်သုံလေ အရှိန်ရလာပါမည်။

    ပဲခူးတိုင်း: မေလ ၁၆ ရက်အထိ မိုးရွာသွန်းမှု ရှိနေပါမည်။

    ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်နှင့် ချင်းပြည်နယ်: မေလ ၂၀ ရက်အထိ မိုးဆက်တိုက် ရွာနိုင်ပါတယ်။

    မကွေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်: မေလ ၁၈ ရက်အထိ နေရာကွက်ကျား မိုးရွာနိုင်ပါတယ်။

    ဒေါက်တာ စိုင်းခွန်အာကာ

    ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် လာမယ့် ၇ ရက်အတွင်း တိုင်းဒေသကြီး/ပြည်နယ် အချို့မှာ စံချိန်တင် မိုးကြီးနိုင်တယ်လို့ဆို

    မေလ ၁၁ ရက်နေ့မှ လာမယ့် (၇) ရက်အတွင်းမှာ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့မှာ မိုးရွာသွန်းမှု အလွန်များပြီး မိုးရေချိန် သိသိသာသာ မြင့်တက်လာမယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။

    အထူးသဖြင့် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့မှာ မိုးရေချိန် ၇၀၀ မီလီမီတာမှ ၈၀၀ မီလီမီတာ (၂၈ လက်မခန့်) အထိ စံချိန်တင် ရွာသွန်းနိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။

    လေဖိအားနည်းရပ်ဝန်းရဲ့ ရွေ့လျားမှုလမ်းကြောင်းအရ ရခိုင်ပြည်နယ်မှာ လာမယ့် ၇ ရက်အတွင်း ၅၀၀ မီလီမီတာ အထက်အထိ ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။

    မကွေး၊ ပဲခူးနှင့် နေပြည်တော်တို့မှာလည်း ၅ ရက် ကျော်လာတာနှင့်အမျှ မိုးရေချိန် သိသိသာသာ မြင့်တက်လာပြီး မိုးရေချိန် ၅ လက်မမှ ၇ လက်မခန့် အထိ ရရှိလာနိုင်တယ်လို့ ဆိုပါတယ်။

    မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ မေလ ၁၁ ရက် ဒီကနေ့ ညနေ ၃ နာရီခွဲခန့်က တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်း (သီရိလင်္ကာနိုင်ငံမြောက်ပိုင်းကမ်းလွန်)မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်တယ်လို့ ဆိုပါတယ်။

    မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်ကတော့ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်နှင့် ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ ရွာရန် ရာနှုန်းပြည့် ဖြစ်တယ်လို့ ဆိုပါတယ်။

    မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့မှာ ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါတယ်လို့ ဆိုပါတယ်။

    နောက် ၂ ရက်အတွက် ခန့်မှန်းချက်ကတော့ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ဆိုပါတယ်။

    နေပြည်တော်၊ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန် မနက်အထိ ခန့်မှန်းချက်ကတော့ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာနိုင်ပြီး ရွာရန် ရာနှုန်းပြည့် ဖြစ်တယ်လို့ ဆိုပါတယ်။

    ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန် မနက်အထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

  • အုတ်ဖိုမြို့နယ်နှင့်လက်ပံတန်းမြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းနှင့်ကင်းပုန်းများကို တိုက်ခိုက်

    အုတ်ဖိုမြို့နယ်နှင့်လက်ပံတန်းမြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းနှင့်ကင်းပုန်းများကို တိုက်ခိုက်

    အုတ်ဖိုမြို့နယ်နှင့်လက်ပံတန်းမြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းနှင့်ကင်းပုန်းများကို တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၆ ဦး သေဆုံး

    ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်နှင့် လက်ပံတန်းမြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းနှင့်ကင်းပုန်းများကို တိုက်ခိုက် ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၆ ဦး သေဆုံးခဲ့ကြောင်း

    အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ထုတ်ပြန်ချက်နှင့် ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြောဆိုချက်အရ သိရသည်။

    ယမန်နေ့ မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်၊ မြို့အဝင်ရှိ ပျူစော ထီးစခန်းကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ

    စစ်တပ်လက်အောက်ခံ ပျူစောထီး ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

    ထို့ပြင် မေလ ၅ ရက်နေ့ မွန်းလွဲပိုင်းကလည်း အုတ်ဖိုမြို့နယ်၊ လွှစင်ကျေးရွာ၌ အကြမ်းဖက်စစ်တပ်၏ ကင်းပုန်းတပ်ဖွဲ့များနှင့် ပဲခူးတိုင်း စစ်ဌာန၊ အမှတ် ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ ၅ တို့ကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

    အလားတူ မေလ ၉ ရက်နေ့တွင် ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်ဂိတ်စခန်းကိုလည်း ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့များ နှင့် သာယာဝတီခရိုင်၊ ပကဖ တပ်ဖွဲ့ ၁ ၊ ၂ တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ

    စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

    “လက်ပံတန်းမြို့နယ် ရန်ကုန်-ပြည် လမ်းဘေးက စစ်ခွေး အင်အား ၂၀ ခန့်နဲ့ တပ်စွဲထားတဲ့ ကွမ်းခြံဂိတ်ကို ၄၀ မမ ဗုံး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်လောက် ဖြစ်ပွားခဲ့တယ်။

    ဂိတ်စခန်းထဲက ဘန်ကာတွေ ပျက်စီးသွားပြီး စစ်ခွေးတွေလည်း ထိခိုက်ဒဏ်ရာရတယ်” ဟု ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    ရန်ကုန်-ပြည်လမ်းရှိ ကွမ်းခြံစစ်တပ်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိပြီး ဘန်ကာများ ပျက်စီး

    ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရန်ကုန်-ပြည်လမ်းရှိ ကွမ်းခြံ စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိပြီး ဘန်ကာများ ပျက်စီးခဲ့ကြောင်း ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    မေလ ၉ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် လက်ပံတန်းမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ အင်အား ၂၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ကွမ်းခြံဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ ဗုံးများ၊ လက်နက်ငယ်များဖြင့် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထိုတိုက်ခိုက်မှုသည် ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများရှိကာ စစ်တပ်ဂိတ် အတွင်းရှိ ဘန်ကာများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

    ” လက်ပံတန်းမြို့နယ် ရန်ကုန်-ပြည် လမ်းဘေးက စစ်ခွေး အင်အား ၂၀ ခန့်နဲ့ တပ်စွဲထားတဲ့ ကွမ်းခြံဂိတ်ကို ၄၀ မမ ဗုံး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်လောက် ဖြစ်ပွားခဲ့တယ်။ ဂိတ်စခန်းထဲက ဘန်ကာတွေ ပျက်စီးသွားပြီး စစ်ခွေးတွေလည်း ထိခိုက်ဒဏ်ရာရတယ်” ဟု ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်ပကဖ၊ အမှတ်(၁)တိုက်ခိုက်ရေးတပ်ဖွဲ့ (ရွှေတန်းမြေပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့) က လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

  • Miss World Thailand ရရှိခဲ့သည့် ရှမ်းအမျိုးသမီး နမ်ဖူး၏ ထူးခြားဆန်းကြယ်သော အောင်မြင်မှုခရီး

    Miss World Thailand ရရှိခဲ့သည့် ရှမ်းအမျိုးသမီး နမ်ဖူး၏ ထူးခြားဆန်းကြယ်သော အောင်မြင်မှုခရီး

    Miss World Thailand ၂၀၂၆ ခုနှစ်အတွက် ကန်သီရာ ‘နမ်ဖူး’ တေချဖတ်သနာကူးလ်က သရဖူ ဆွတ်ခူးနိုင်ခဲ့ခြင်းသည် ထိုင်းအလှမယ်လောကအတွက် အပြောင်းအလဲကြီးတခုဖြစ်ကြောင်း ချီးကျူး ပြောဆိုနေကြသည်။

    အသက် ၂၅ နှစ်အရွယ်ရှိ ‘သမုဒ္ဒရာဧကရီ’ဟု အမည်ပေးထားသော နမ်ဖူးက စင်မြင့်ထက်မှနေ၍ အလှတရားဖြင့် ဒိုင်လူကြီးများကို ဖမ်းစားနိုင်ခဲ့သော်လည်း၊ ထိုင်းပြည်သူများကို ပိုမိုဆွဲဆောင်နိုင်ခဲ့သည်မှာ သူမ၏ ထက်မြက်သော ဉာဏ်ရည်ဉာဏ်သွေးနှင့် ဇွဲနပဲကြီးစွာ ဖြတ်သန်းခဲ့ရသော ဘဝဇာတ်ကြောင်းပင် ဖြစ်သည်။

    နမ်ဖူး သရဖူဆွတ်ခူးနိုင်ခဲ့ခြင်းသည် အစဉ်အလာအလှမယ်လောက၏ ပုံစံခွက်များမှ သိသိသာသာ ခွဲထွက်လာခြင်း ဖြစ်သည်။ ချင်းရိုင်ပြည်နယ်တွင် ရှမ်းတိုင်းရင်းသား မိသားစုမှ မွေးဖွားလာသူဖြစ်ရာ သူမသည် ငယ်စဉ်ဘဝ အချိန်အတော်များများကို ဥပဒေကြောင်းအရ အကာအကွယ်မဲ့ခဲ့သည့်အပြင် နိုင်ငံသားဖြစ်ခွင့်ပင် မသေချာသော “နိုင်ငံမဲ့ကလေးငယ်” ဘဝဖြင့် ဖြတ်သန်းခဲ့ရသည်။

    ယနေ့တွင် သူမသည် အရည်အချင်းပြည့်မီသော ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တဦး ဖြစ်နေသည့်အပြင် နိုင်ငံရေးသိပ္ပံမဟာဘွဲ့တက်ရောက်နေသူတဦးလည်း ဖြစ်သည်။ ‘ဘဝအစတွင် ပိုင်ဆိုင်ခဲ့သော အရင်းအနှီးသည် လူတဦး၏ ပန်းတိုင်ကို မဆုံးဖြတ်နိုင်’ ဆိုသည်ကို နမ်ဖူးက သက်သေပြနေသည်။

    ဘဝအလှည့်အပြောင်း

    သူမ၏ ဘဝခရီးလမ်းသည် ၂၀၁၉ ခုနှစ်တွင် လမ်းဆုံလမ်းခွရောက်ရှိလာခဲ့သည်။ အရေးပါသလို စိတ်နှလုံးထိခိုက်ဖွယ်ကောင်းသော အလှည့်အပြောင်းတခုနှင့် ရင်ဆိုင်ခဲ့ရသည်။ အမေရိကန်တွင် ကျင်းပသည့် ဂုဏ်သတင်းကြီးသော သိပ္ပံပြိုင်ပွဲတခုအတွက် နိုင်ငံကိုယ်စားပြု လူငယ်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသော်လည်း၊ ထိုင်းနိုင်ငံသား မဖြစ်သေးသည့်အတွက် ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခံ ရပြီး သွားရောက်ခွင့် ပိတ်ပင်ခံခဲ့ရသည်။

    ထိုသို့သော အခက်အခဲများကို အရှုံးမပေးခဲ့ဘဲ ယင်းအခက်အခဲများကပင် သူမ၏ ကိုယ်ပိုင်အခွင့်အရေးနှင့် အခြားသူများ၏ အခွင့်အရေးများအတွက် တိုက်ပွဲဝင်ရန် ပြင်းပြသော စိတ်ဓာတ်ကို ဖြစ်ပေါ် စေခဲ့သည်။

    သူမသည် နောက်ဆုံးတွင် နိုင်ငံသားဖြစ်ခွင့် ရရှိခဲ့ပြီးနောက်၊ ကျေးလက်တောင်သူများ၏ လူမှုစီးပွားဘဝကို အကာအကွယ်ပေးရန် ရည်ရွယ်သည့် ‘မိုးခေါင်ရေရှားဒဏ်ခံနိုင်သော မျိုးစေ့အပေါ်ယံလွှာ’ ဆိုင်ရာ သိပ္ပံနည်းကျသုတေသနဖြင့် USAID ၏ အထူးဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

    ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ရှိသော အလှမယ်

    နမ်ဖူးသည် ‘ရည်ရွယ်ချက်ရှိသော အလှမယ်’ဆိုသည့် ခံယူချက်ကို အသက်ဝင်စေသူ ဖြစ်သည်။ သူမသည် ချင်းမိုင်တက္ကသိုလ်တွင် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ထူးချွန်စွာ ပညာသင်ကြားခဲ့ပြီးနောက် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူအဖြစ် ဆောင်ရွက်ရန် အုတ်မြစ်ချနိုင်ခဲ့သည်။

    သူမသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) နှင့် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကိုယ်စားလှယ်များနှင့် ပြုလုပ်သော အဆင့်မြင့်ဆွေးနွေးပွဲများတွင် လူငယ်သံတမန်အဖြစ် တာဝန်ယူခဲ့ပြီး၊ အာရှပစိဖိတ်ဒေသအတွင်းရှိ အိုးအိမ်စွန့်ခွာရသူများကို ကူညီနိုင်မည့် မူဝါဒများကို ရေးဆွဲခဲ့ဖူးသည်။

    ထို့ပြင် သူမသည် ‘အိပ်မက်ရဲရဲမက်ပါ’ စီမံကိန်းကို လေးနှစ်ကျော်ကြာ ဦးဆောင်လာခဲ့သည်။ ယင်းစီမံကိန်းသည် သူမ၏ ငယ်ဘဝကဲ့သို့ပင် အဆင့်မြင့်ပညာသင်ကြားခွင့်နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အိမ်မက်များ ပိတ်ပင်ခံထားရလေ့ရှိသော နိုင်ငံမဲ့ကလေးငယ်များအတွက် လိုအပ်သည့် ပညာသင်ဆုနှင့် ဥပဒေကြောင်းအရ အထောက်အပံ့များ ရရှိစေရန် အဓိကထား ဆောင်ရွက်ခဲ့သည်။

    ယခုအခါ Miss World Thailand အသစ်ဖြစ်သူ သူမသည် လာမည့် စက်တင်ဘာလတွင် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းစီးတီး၌ ကျင်းပမည့် (၇၃) ကြိမ်မြောက် Miss World ပြိုင်ပွဲကြီးတွင် ထိုင်းနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နိုင်ရန် ပြင်းပြင်းထန်ထန် လေ့ကျင့်မှုများ ပြုလုပ်နေသည်။

    သိပ္ပံပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု၊ သံတမန်ရေးရာ အတွေ့အကြုံနှင့် ကြံ့ကြံ့ခံနိုင်သော ဘဝဇာတ်ကြောင်းတို့ ပေါင်းစပ်ထားသည့် နမ်ဖူးသည် ထိုင်းနိုင်ငံအတွက် နှစ်ပေါင်းများစွာ ဝေးကွာနေသော ကမ္ဘာ့အဆင့်သရဖူကြီးကို ဆွတ်ခူးပေးနိုင်မည့် အတောက်ပဆုံးသော မျှော်လင့်ချက်ဖြစ်နေပါသည်။

    The Nation မှ The Extraordinary Rise of Kanteera Techaphatthanakul အား သောမတ် ဘာသာပြန်သည်။