Author: Baby Yit Lone
-

ကုလ နဲ့အပြိုင် မဟန ရဲ့ အစည်းအဝေးက တားမြစ်မှု
သံဃာတွေ လူမှုကွန်ရက်မှာ မသင့်လျော်တာတွေ မတင်ဖို့ မဟနအဖွဲ့ တားမြစ် သံယာတော်တွေအနေနဲ့ လူမှုကွန်ရက်မှာ သာသနာနဲ့ မဆိုင်တဲ့ မသင့်လျော်တာတွေ မတင်ကြဖို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(မဟန)က တားမြစ်လိုက်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ မတရားတဲ့ လုပ်ရပ်တွေအပေါ် နှုတ်ဆိတ်နေလို့ ဝေဖန်ခံနေရတဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင်က ကျင်းပခဲ့တဲ့ နဝမအကြိမ်မြောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ပထမအစည်းအဝေးက ဆုံးဖြတ်ချက် အချက် ၅ ချက်ကို ဇူလိုင် ၂၈ ရက်က ထုတ်ပြန်ခဲ့ရာမှာ နံပါတ် ၂ အချက်အနေနဲ့ အထက်ပါအချက်ကိုပါ ထည့်သွင်းခဲ့တာပါ။ ရဟန်း၊ သာမဏေ၊ သီလရှင်တွေ လူမှုကွန်ရက် စာမျက်နှာမှာ သာသနာတော်နဲ့ မသင့်လျော်တာတွေ ပြုမူလွှင့်တင်မှုတွေ မပြုစေရေးဆိုပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က တားမြစ်ခဲ့ပါတယ်။…
-

ဓမ္မာစရိယဘွဲ့ရ ရဟန်းကိုမှ သွားဖမ်းမိတဲ့ ကျောက်ဆည်လှရွှေတို့အဖြစ်
ကျောက်ဆည်တွင် ဓမ္မာစရိယဘွဲ့ရ ရဟန်းတစ်ပါးအား ရဲက မတရားဖမ်းဆီးချုပ်နှောင်၍ လူဝတ်လဲရိုက်နှက်ခဲ့မှုအပေါ် နစ်နာသူရဟန်းမှ နိုင်ငံတော်သို့ တိုင်ကြား မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သာသနဓဇဓမ္မာစရိယဘွဲ့ရ ရဟန်းတစ်ပါးကို ရဲက ဖမ်းဆီးခေါ်ဆောင်သွားပြီး (၁၁) ရက်ကြာ မတရားချုပ်နှောင်ကာ သင်္ကန်းအား အဓမ္မချွတ်၍ လူဝတ်လဲကာ ထိုးကြိတ်ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ကျောက်ဆည်မြို့နယ်၊ ဟန်မြင့်မိုရ်ရွာ (သရက်ခြံရွာ)၊ ရွှေသိမ်တော်ကျောင်းတိုက်၌ သီတင်းသုံးနေထိုင်တော်မူသော သက်တော် (၃၉) နှစ်၊ ဝါတော် (၂၀) ရှိ ရဟန်းဖြစ်သူ ဦးတေဇဝန္တအား ကျောက်ဆည်မြို့နယ်၊ သံရွာရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲအင်အား (၁၀) ဦးခန့်က လက်ထိပ်ခတ်၍…
-

ဗူဗူကို အမ်းနေတဲ့ဟာတွေထက် လုလုအောင် Only Fan တွေက ကုသိုလ်ရသေးတယ်
လေးကေ့ကော်က စစ်ဘေးရှောင်တွေအတွက် ကျပ်သိန်း ၄၀ လှူဒါန်းတဲ့ လုလုအောင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့ အနီးမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူတွေအတွက် ကျပ်သိန်း ၄၀ ထောက်ပံ့ပေးခဲ့တယ်လို့ မော်ဒယ် လုလုအောင်က အသိပေးထားပါတယ်။ “ချစ်တဲ့ သွေးချင်းမောင်နှမများတွက် ခေးကြီးရဲ့ မေတ္တာရေကြည်တပေါက်” လို့ အလှူမှတ်တမ်းဓာတ်ပုံတွေနဲ့အတူ လုလုအောင်ရဲ့ဖေ့စ်ဘွတ်ခ်မှာ ဒီနေ့(ဩဂုတ်၁၄)မှာ မျှဝေထားပါတယ်။ ဒီအလှူငွေတွေက စစ်ဘေးရှောင်တွေအတွက် အစားအသောက်နဲ့ ရိက္ခာခြောက်တွေဝယ်ယူဖို့ လှူဒါန်းတာလို့ လေးကေ့ကော်ဒေသ စစ်ဘေးရှောင်အကူအညီပေးရေးကော်မတီရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ လုလုအောင်က ဖေဖော်ဝါရီကလည်း ရခိုင်ပြည်နယ်က စစ်ဘေးရှောင်ကလေးတွေရဲ့ နို့မှုန့်အာဟာရအတွက် ငွေကျပ်သိန်း ၃၀လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ပြိးခဲ့တဲ့နှစ် ၂၀၂၅ နိုဝင်ဘာတုန်းကလည်း ကချင်ပြည်နယ်က စစ်ဘေးရှောင်တွေအတွက် ငွေကျပ်သိန်း ၃၀ လှူဒါန်းခဲ့ပါတယ်။ လုလုအောင်ရဲ့ ပရိသတ်တွေကတော့…
-

စဥ့်ကူးအတွက် TRI ရဲ့ ရာဇသံ
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ TRI ဗျူဟာ ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၁၄)ရက် စဉ့်ကူးမြို့နယ် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ အုပ်ချုပ်ရေးနယ်မြေတွင် နေထိုင်ကြသော အများပြည်သူများ သိရှိစေရန် ထုတ်ပြန်ကြေညာချက် ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်းသည် အကြမ်းဖက်စစ်ကောင်စီများ လှုပ်ရှားသွားလာ အုပ်ချုပ်ရာ နယ်မြေဖြစ်သည့်အတွက် ကျွန်ုပ်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တို့ စစ်ရေး လှုပ်ရှားမည့်၊ လက်နက်ကြီးငယ် ပစ်ခွင်းမည့်နယ်မြေဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရန်သူ့နယ်မြေဖြစ်သည့် စဉ့်ကူးမြို့နယ် ၊ ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်းတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် စစ်ဖြစ်သည့် ကာလဖြစ်သည့်အတွက် အကြမ်းဖက်စစ်ကောင်စီ အထိုင်ချနေရာများနှင့် လွတ်ကင်းရာနေရာဒေသများသို့ ခေတ္တပြောင်းရွှေ့ နေထိုင်ကြပါရန် ယခု ထုတ်ပြန်သည့် နေ့မှစ၍ စစ်မအေးခင်ကာလအထိ (သို့မဟုတ်) တပ်မှ စစ်အေးကာလဖြစ်ကြောင်း ပြန်လည်ရွေ့ပြောင်းနေထိုင်လို့ရပြီဟု မထုတ်ပြန်ခင်ကာလအထိ…
-

ဓာတ်ဆားဆိုတိုင်း ကြုံရာ ကောက်မသောက်ပါနဲ့
ဝမ်းပျက်ဝမ်းလျှောဖြစ်ချိန် ဓာတ်ဆားဆိုတိုင်း ကောက်မသောက်ပါနဲ့ (ဘယ်အမျိုးအစားက သင့်အတွက် အမှန်ကန်ဆုံးလဲဆိုတာ အခုပဲ ကြည့်လိုက်ပါ) လက်ရှိ အချိန်မှာ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ အဖြစ်များနေတဲ့အတွက် အိမ်တိုင်းမှာ ဓာတ်ဆားထုပ်တွေကို မဖြစ်မနေ ဆောင်ထားကြပါတယ်။ ဒါပေမယ့် အရေးကြီးဆုံး သိထားရမယ့် အချက်တစ်ခုက “ဓာတ်ဆားရေ သောက်ပါ” ဆိုတိုင်း တွေ့တဲ့ ဓာတ်ဆားကို ကောက်သောက်လိုက်လို့ လုံးဝ (လုံးဝ) မရပါဘူး။ အထူးသဖြင့် ဝမ်းရောဂါဖြစ်နေချိန်မှာ ဓာတ်ဆားမှားသောက်မိရင် ရောဂါပိုဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေရဲ့ အကြံပြုချက်အရ ဘယ်ဓာတ်ဆားထုပ်က ဘယ်လို အခြေအနေအတွက် ထုတ်လုပ်ထားတာလဲ ဆိုတာကို ကွဲကွဲပြားပြား သိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ BPI အပြာထုပ် (သာမန်လူများအတွက်) လက်ရှိ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေသူတွေ အဓိက သောက်သုံးရမယ့် ဓာတ်ဆားကတော့ BPI…