Author: Baby Yit Lone
-

နေပြည်တော်နှင့်ပြည်နယ်/တိုင်းဒေသကြီးအားလုံးတွင် တရုတ်တစ်သျှူးငှက်ပျောများ စိုက်ပျိုးကြရန်နှင့် နို့စားနွားများမွေးမြူကြရန် အကြမ်းဖက် မင်းအောင်လှိုင်က အမိန့်ပေးပြန်
နေပြည်တော်နှင့်ပြည်နယ်/တိုင်းဒေသကြီးအားလုံးတွင် တရုတ်တစ်သျှူးငှက်ပျောများ စိုက်ပျိုးကြရန်နှင့် နို့စားနွားများမွေးမြူကြရန် အကြမ်းဖက် မင်းအောင်လှိုင်က အမိန့်ပေးပြန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် စားရေရိက္ခာ ပေါများစေရေးအတွက်ဟုဆိုကာ နေပြည်တော်နှင့်ပြည်နယ်/တိုင်းဒေသကြီးအားလုံးတွင် တရုတ်တစ်သျှူးငှက်ပျောများ စိုက်ပျိုးရန်နှင့် နို့စားနွားများမွေးမြူကြရန် အမိန့်တစ်ရပ် ထုတ် ပြန်သည်။ မြန်မာနိုင်ငံအတွင်း တရုတ်တစ်သျှူးငှက်ပျောမျိုးများ ရယူပြီး နေပြည်တော်၊ ပြည်နယ်/တိုင်းအားလုံးတွင် သက်ဆိုင်ရာ တိုင်း/ပြည်နယ်အစိုးရများ၏ အစီ အစဉ်ဖြင့် တစ်သျှူးငှက်ပျောစိုက်ခင်းများ မဖြစ်မနေ ထူထောင်ကြရန်အတွက် အမိန့် ထုတ်ပြန်လာခြင်းဖြစ်သည်။ ယင်းအပြင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိုင်းနှင့်ပြည်နယ်အားလုံးတွင် နို့စားနွားမျိုးများနှင့် မွေးမြူရေးဇုန်များ ထားရှိ၍ နို့စားနွားများ တိုင်း/ပြည် နယ်အစိုးရများ၏ အစီအစဉ်နှင့် မွေးမြူကြရန်လည်း ညွှန်ကြားထားသည်။ နေပြည်တော်ကောင်စီ၊တိုင်း/ပြည်နယ်အစိုးရများက စိုက်ပျိုးရရှိထားသော တစ်သျှူးငှက်ပျောများ၊ နွားနို့များကို အခြေခံပညာမူလတန်းကျောင်းများ၊ အလယ် တန်းကျောင်းများသို့ ပေးပို့ကာ ကျောင်းသားများကို…
-

သထုံနှင့်ပုလော နေသူ ၂ ဦး ပဲခူးတွင် ဓားထောက်ပြီး အိုးဝေလုယက်မှုဖြင့်ဖမ်းဆီးခံရ
ပဲခူးမြို့နယ်၊ ကျွန်းသာယာရပ်ကွက်နေ အိုးဝေယာဉ်မောင်း မျိုးဝေအောင်သည် ဇွန်လ ၂၃ ရက် ညနေ ၁၈:၄၅ နာရီအချိန်ခန့်က ပဲခူးဘူတာကြီးတွင် ခရီးသည်စောင့်ဆိုင်းနေစဉ် ရထားဆိုက်ရောက်လာပြီး အမည်မသိ အမျိုးသား (၂) ဦးမှ ကလိကားဝင်းသို့ (၁၅,၀၀၀) ကျပ်ဖြင့် ငှားရမ်းခဲ့သဖြင့် လိုက်ပို့ခဲ့ပါသည်။ ကလိကားဝင်းသို့ ရောက်ရှိသော်လည်း ထိုလူ (၂) ဦးမှ ရှေ့သို့ ဆက်မောင်းရန် ပြောသဖြင့် ဆက်လက်မောင်းနှင်ပေးခဲ့ရာ ပြည်တော်အေးကျေးရွာအလွန် မြေဩဇာဂိုဒေါင်ရှေ့အရောက်တွင် အပေါ့သွားမည်ဟုဆိုကာ အိုးဝေအား ရပ်ခိုင်းခဲ့သည်။ ထို့နောက် အမျိုးသား (၁) ဦးမှ အောက်သို့ဆင်းကာ ကျန် (၁) ဦးက အိုးဝေနောက်ခန်းမှနေ၍ မျိုးဝေအောင်၏ လည်ပင်းအား ဓားဦးချွန်ဖြင့် ထောက်ကာ “မအော်နဲ့ သတ်ပစ်မယ်” ဟု ခြိမ်းခြောက်ပြီး ခြေထောက်နှစ်ဖက်အား နိုင်လွန်ကြိုးဖြင့်တုပ်ကာ…
-

စေ့စပ်ထားသူကို လျှို့ဝှက်ချစ်သူနဲ့ ပူးပေါင်းပြီး ချောက်ထဲတွန်းချ သတ်ခဲ့တဲ့ သတို့သမီးလောင်း
😱 စေ့စပ်ထားသူကို လျှို့ဝှက်ချစ်သူနဲ့ ပူးပေါင်းပြီး ချောက်ထဲတွန်းချ သတ်ခဲ့တဲ့ သတို့သမီးလောင်း (ဘောလိဝုဒ်ဇာတ်ကားလိုပဲ ဖတ်ကြည့်ပါ) အိန္ဒိယနိုင်ငံမှာ ဘောလိဝုဒ်ရုပ်ရှင်ဆန်ဆန် ရက်စက်တဲ့ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးက သူမနဲ့ စေ့စပ်ထားတဲ့ သတို့သားလောင်းကို ပေ (၄၀၀) မြင့်တဲ့ ချောက်ထဲ တွန်းချသတ်ဖြတ်ခဲ့ပြီးနောက် ဓာတ်ပုံရိုက်ရင်း ခြေချော်ကျသွားတာလို့ ရဲတပ်ဖွဲ့ထံ လိမ်ညာပြောခဲ့တဲ့ လူသတ်မှု ဖြစ်ပါတယ်။ ချောက်ထဲတွန်းချခံရပြီး သေဆုံးသွားသူက အသက် (၂၆) နှစ်အရွယ် Ketan Vishal Agrawal ဖြစ်ပြီး သူဟာ မိသားစုပိုင် အိမ်ခြံမြေလုပ်ငန်းကို လုပ်ကိုင်နေတဲ့ သူဌေးသားတစ်ဦး ဖြစ်ပါတယ်။ Ketan ကို ချောက်ထဲ တွန်းချပြီး သတ်ခဲ့တဲ့ အမျိုးသမီးက အသက် (၂၀) အရွယ် တက္ကသိုလ်ကျောင်းသူ Siya…
-

မငြိမ်းစုဝါပြောပြလာတဲ့ MDY PDF အကြောင်း
“နင်က ပြောင်စိုး (စိုးသူရဇော်)အကြောင်း ဘာသိလို့လဲ” တဲ့။ ဒီ Video ကို ရိုက်ထားခဲ့တာက လေးစားတဲ့စိတ်နဲ့ အမှတ်တရလည်း ဖြစ်အောင် မှတ်တမ်းအနေနဲ့ ယူထားခဲ့တာ။ အဲ့ဒီ့ညမရောက်ခင်လည်း ဒေါက်တာစိုးသူရဇော်ကို မဖိတ်ပေးလို့ဆိုပြီး ကိုယ့်အကိုတယောက်နဲ့ စကားများခဲ့သေးတော့ အဲ့ Private Zoom Meeting လေးက ပြသနာပြေလည်သွားတဲ့အခြေအနေတခုမို့ အမှတ်တရလေးဖြစ်အောင် မှတ်တမ်းတင်ထားခဲ့တာလို့လည်းပြောလို့ရတယ်။ မန္တလေးလို့ ပြောလိုက်တာနဲ့ MDY PDF လို့ပြောလိုက်တာနဲ့ Social Media မှာ လူသိများကြတဲ့ ဒေါက်တာတေဇာဆန်း၊ ဒေါက်တာစိုးသူရဇော် ကို မသိတဲ့သူ ရှားတယ်။ ကိုယ်တွေလည်း အတူတူပဲ။ ဒေါက်တာစိုးသူရဇော်ကို MDY PDF ဦးစီးတည်ထောင်သူ ခေါင်းဆောင်လို့ပါ ထင်ထားတာ။ သိထားတာ။ ခြေသံလုံတဲ့တပ်ကို Media ပေါ်ချပြသလောက်ပဲ သိမှာပေါ့။ မဟုတ်ဖူးလား။…
-

MDY PDF စစ်ဦးစီးအဖွဲ့ဝင် ကိုမုန်တိုင်း ပြည်သူထံထွက်ဆိုထားသည့် ရုပ်သံဖိုင်
မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY PDF) ၏ စစ်ဦးစီးအဖွဲ့ဝင်လည်းဖြစ်၊ စစ်ဆင်ရေးနှင့် စုဖွဲ့မှုတာဝန်ခံလည်းဖြစ်သူ ကိုမုန်တိုင်း၏ ပြည်သူလူထုထံ ထွက်ဆိုရှင်းလင်းထားသည့် ရုပ်သံဗီဒီယိုဖိုင်တစ်ခုကို ဇွန် ၂၄ ရက် တွင် ပြည်သူ့ထံသို့ ထုတ်ပြန်ချပြခဲ့သည်။ အဆိုပါ ရုပ်သံဖိုင်ကို MDY PDF စစ်ဦးစီးအဖွဲ့ဝင်၊ လေ့ကျင့်ရေးဌာနကြီးမှူးဖြစ်သူ ကိုဖြိုးဝေက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဗီဒီယိုဖိုင်သည် လွန်ခဲ့သည့် ၂ လခန့်က တော်လှန်ရေးရဲဘော်တစ်ဦးက နယ်မြေဒေသအသီးသီးကို ဖြတ်ကျော်ကာ လူကိုယ်တိုင် လာရောက်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။