Author: Baby Yit Lone
-

လူ ၂၁၀၀ ကျော် Tဆုံးသည်ထိ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု ဆိုးရွားနေတဲ့ ကွန်ဂို
ကွန်ဂိုတွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု ဆိုးရွားစွာ မြင့်တက်လာပြီး သေဆုံးသူ ၂,၁၀၀ ကျော်လွန် မိနစ် ၃၀ တွင်လူတစ်ဦးနူန်း သေဆုံးလျက် ရှိနေဟုဆို ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အရှေ့ပိုင်းတွင် စိုးရိမ်ဖွယ်ရာ ဖြစ်ပွားနေသော အီဘိုလာ (Ebola) ကပ်ရောဂါကြောင့် လက်ရှိတွင် မိနစ် ၃၀ တိုင်း၌ လူတစ်ဦးနှုန်း သေဆုံးလျက်ရှိကြောင်း သိရှိရသည်။ ဤဖြစ်စဉ်သည် သမိုင်းတစ်လျှောက် ရောဂါကူးစက် ပြန့်ပွားမှုနှုန်း အမြန်ဆုံးအခြေအနေများထဲမှ တစ်ခု ဖြစ်လာနေသည်ဟု ဆိုသည်။ အဆိုပါ ရောဂါဖြစ်ပွားမှုသည် DRC ၏ ပြည်နယ် ၆ ခုအထိ ပျံ့နှံ့ ရောက်ရှိသွားပြီဖြစ်ကာ ကမ္ဘာ့သမိုင်းတွင် ဒုတိယအကြီးမားဆုံး အီဘိုလာ ကပ်ရောဂါ ဖြစ်စဉ်အဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်သည်။ လက်ရှိ ကူးစက်မှု အရှိန်အဟုန်အတိုင်း…
-

ဖထီးတို့မြေမှာ ခေါင်းစိမ်းတို့ D-B တွေ တောင်လိုပုံနေပြီ
မြဝတီနှင့်ဖာပွန်မြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ လက်နက်များ သိမ်းဆည်းရရှိ စစ်တပ်က လေကြောင်း တိုက်ခိုက်နေပြီး ထိုင်းဘက်သို့ ကျည်များကျရောက် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နှင့် ဖာပွန်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ လက်နက် ၈ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ဩဂုတ်လ ၁၅ ရက်နေ့မှစတင်၍ မြဝတီမြို့နယ်၊ ဖလူးနှင့် ကျောက်ခက်ကျေးရွာများကြားရှိ သဲဖြူချောင်းကျေးရွာဘက်သို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် KNLA ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး သေဆုံးသူများ၏ ရုပ်အလောင်းများကို တွေ့ရှိနေရကြောင်း ကရင် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။…
-

Gas မီးဖိုသုံးသူတွေ အထူးသတိထားကြဖို့
Gas မီးဖိုနဲ့ ဟင်းချက်ဖို့ မီးမွှေးရာက အနားက ဓာတ်ဆီပုံးကို မီးကူးပြီး နေအိမ်အပေါ်ထပ်တခုလုံး မီးလောင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ Gas မီးဖို ကတဆင့် ဓာတ်ဆီပုံးပေါ်ကို မီးကူးစက်ကာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၆ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က မုပွန်ရပ်ကွက်၊ တိုးချဲ့ (၈)လမ်းမှာရှိတဲ့ နေအိမ်တခုမှာ Gas မီးဖိုနဲ့ ဟင်းချက်ဖို့ မီးမွှေးရာက မီးဖိုဘေးမှာထားတဲ့ ဓာတ်ဆီပုံးပေါ်ကို မီးကူးပြီး နေအိမ်တိုက်ခန်းရဲ့ အပေါ်ထပ်တခုလုံး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ “အပေါ်ထပ်မှာက အိမ်ငှားနေတဲ့သူတွေပါ၊ Gas အိုးနဲ့ ဟင်းချက်ဖို့ မီးမွှေးတာကနေ လောင်တာ၊ ဓာတ်ဆီပုံးက အဖုံးပိတ်ထားပေမယ့် ဘယ်လိုမီးကူးတယ် မသိဘူးလို့ ပြောတယ်၊ အိမ်တလုံးလုံး…
-

အီကြာကွေးတစ်ချောင်း ၁၀၀၀ ခေတ်မှာ ရန်ကုန် ကုမ္ပဏီဝန်ထမ်းတွေရဲ့ လူနေမှုဘဝ
ကုမ္ပဏီဝန်ထမ်းတို့၏ နံနက်စာ အိမ်တွင်းဖြစ် ထမင်းကိုသာ အားပြုနေကြဟုဆို အီကြာကွေးတစ်ချောင်း ၁၀၀၀ ခေတ်တွင် ကုမ္ပဏီဝန်ထမ်းအများစု၏ နံနက်စာမှာ အိမ်တွင်းဖြစ် ထမင်းသာလျှင် ဖြစ်ကြောင်း သိရသည်။ လစာ ကျပ် ၁၀ သိန်းကျော်မှ သိန်း ၂၀ ကျော် ရရှိသော ရန်ကုန်အခြေစိုက် ကုမ္ပဏီဝန်ထမ်း ၈ ဦးတို့ကို မေးမြန်းခဲ့ရာ ၎င်းတို့က အထက်ပါအတိုင်း ပြောကြသည်။ “ကျနော့်လစာက သိန်းအစိတ်ကျော်ပါတယ်။ လင်မယား ၂ ယောက်ပဲ ရှိတယ်။ မိဘတွေကို လစဉ် နည်းနည်း ကန်တော့တယ်။ အိမ်ငှားရတယ်။ ပုံမှန် ကျနော်တို့ လင်မယားရဲ့ မနက်စာက အိမ်မှာလုပ်တဲ့ ဟုမ်းမိတ်ပါပဲ။ ထမင်းကြော်တယ်။ ထမင်းနဲ့ ပဲပြုတ်နဲ့စားတယ်။ ထမင်းနဲ့ဟင်းနဲ့စားတယ်။ အပြင် ဆိုင်တွေမှာ သွားမစားနိုင်တာ တော်တော်ကြာပါပြီ”ဟု…
-

မိတ္ထီလာမှာ အမျိုးသားက ဇနီးဖြစ်သူကို အိမ်တံခါးပိတ် ဓာတ်ဆီလောင်း 🔥
ဇနီးကို ယောက်ျားဖြစ်သူက နေအိမ်တံခါးပိတ်ကာ ဓါတ်ဆီလောင်း မီးရှို့မှု ဖြစ်ပွား မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ယောက်ျားဖြစ်သူက ဇနီးဖြစ်သူကို ဓာတ်ဆီလောင်း မီးရှို့ရာက ဇနီးဖြစ်သူ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၁ ရက်နေ့ ညပိုင်းက မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ပြည်သာယာ(မ)ရပ်ကွက်မှာ ယောက်ျားဖြစ်သူက ဇနီးဖြစ်သူကို နေအိမ်တံခါးပိတ်ကာ ဓါတ်ဆီလောင်းမီးရှို့မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ဒေသခံတွေရဲ့ ပြောကြားချက်အရ အမျိုးသမီးဖြစ်သူဟာ စုမဲငွေတွေကို ယူသုံးကာ ဖုန်းဝယ်လိုက်တာကြောင့် ခုလိုလုပ်ခဲ့တာလို့ ပြောဆိုနေကြပါတယ်။ “စုမဲ စုထားတဲ့ သူများငွေတွေကို သူ့မိန်းမကယူပြီး ဖုန်းဝယ်လိုက်တာကြောင့် စိတ်ဆိုးပြီး ခုလိုလုပ်လိုက်မိတာလို့ ပြောတယ်၊ ဓါတ်ဆီနဲ့ပတ်ပြီး မီးခြစ်နဲ့ ရှို့လိုက်တာ” လို့ ဒေသခံတဦးက ပြောပါတယ်။ မီးရှို့ခံခဲ့ရတဲ့ အမျိုးသမီးဟာ မန္တလေးဆေးရုံမှာ ဩဂုတ်လ…