Author: Baby Yit Lone
-

ဥပုသ်စောင့်ပြန်လာတဲ့ ဆရာမကြီးကို T-တ်သွားတဲ့သူတွေ မိပြီ
နေ့ခင်းကြောင်တောင် ရွှေနဲ့ငွေအတွက် အငြိမ်းစားဆရာမကြီးကို ရက်ရက်စက်စက် အန္တရာယ်ပြုခဲ့သည့် ဇနီးမောင်နှံ ၆ ရက်အကြာတွင် ရန်ကုန်မှာဖမ်းမိ နှစ်ပေါင်း ၃၀ နီးပါး စာသင်ကျောင်းလေးမှာ ပညာသင်ကြားပေးခဲ့ပြီး အေးချမ်းစွာ အနားယူနေတဲ့ အငြိမ်းစား ဆရာမကြီးတစ်ဦးရဲ့ ဘဝနိဂုံးဟာ နေအိမ်မှာတင် ရက်ရက်စက်စက် အဆုံးသတ်သွားခဲ့ရတဲ့ ရင်နာဖွယ်ဖြစ်ရပ်တစ်ခု ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ နေ့ခင်းကြောင်တောင် ဝင်ရောက်လုယက်ပြီး ရန်ကုန်အထိ ထွက်ပြေးတိမ်းရှောင်သွားခဲ့တဲ့ အမျိုးသမီးတစ်ဦး ပါဝင်တဲ့ ကျူးလွန်သူအဖွဲ့ကိုတော့ ဖြစ်စဉ်ဖြစ်ပွားပြီး ၆ ရက်အကြာမှာပဲ ရဲတပ်ဖွဲ့က အမိဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကြေကွဲဖွယ်ရာ ဖြစ်စဉ်ဟာ ဩဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲလောက်က ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်တိုက်နယ်၊ ရှားခဲအုပ်စု၊ နဲမနိတ်ကျေးရွာမှာရှိတဲ့ နေအိမ်မှာ ဖြစ်ပွားခဲ့တာပါ။ အသက်ဆုံးရှုံးခဲ့ရသူကတော့ ပညာရေးဝန်ကြီးဌာန၊…
-

ရှေ့နောက်မကြည့် ကားတံခါးဖွင့်လိုက်မှုကြောင့် အT-က်ပါပေးလိုက်ရတဲ့ သားအမိနှစ်ယောက်
ရုတ်တရက် ကားတံခါးဖွင့်လိုက်ရာမှ စက်ဘီးလေးနဲ့ငြှိ လဲကျပြီး အနောက်မှ ဒိုင်နာကားကြိတ်မိသွားခဲ့သည့် သားအမိနှစ်ဦး၏ ရင်နင့်ဖွယ်ဖြစ်စဉ် မိဘတိုင်းအတွက် ရင်ကွဲနာကျစရာ အဆိုးရွားဆုံး နေ့တစ်နေ့ပါပဲ။ ကျောင်းဆင်းချိန် သားလေးကို အိမ်ပြန်ခေါ်လာတဲ့ မိခင်တစ်ယောက်ရဲ့ မျက်စိရှေ့မှာတင် မျှော်လင့်ချက်တွေ အကုန်ရိုက်ချိုးခံလိုက်ရတဲ့ ရင်နင့်ဖွယ်ဖြစ်စဉ်တစ်ခု ဩဂုတ်လ ၂၆ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်အစအဆုံးကတော့ အမှတ် (၁၂) ရပ်ကွက်၊ ပုဂံလမ်းမကြီးပေါ်မှာ အမှတ် (၁၀) အခြေခံပညာ အလယ်တန်းကျောင်းခွဲကနေ Grade 3 တက်နေတဲ့ သားလေး မောင်ပြည့်သုတကို မိခင်ဖြစ်သူက ဘတ္ထရီစက်ဘီးလေးနဲ့ ခေါ်ဆောင်လာခဲ့တာပါ။ သာယာတဲ့ အိမ်အပြန်လမ်းလေးမှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ အဖြစ်ဆိုးကြီးက စောင့်ကြိုနေခဲ့ပါတယ်။ လမ်းဘေးမှာ ရပ်ထားတဲ့ ကားတစ်စီးက…
-

အမှောင်ခေတ်၏ ပြန်လည်ဆန်းသစ်လာသော လမ်းမပေါ်က စည်းမဲ့ကမ်းမဲ့ လူငယ်များ (ရုပ်သံ)
၁၉၉၀ ပြည့်လွန်နှစ်များက စစ်အာဏာရှင်စနစ်အောက်တွင် လူငယ်များကို နိုင်ငံရေးနှင့် ကင်းဝေးစေရန်အတွက် အပျော်အပါး၊ ဂိုဏ်းစတားစနစ်၊ ဉာဏ်မဲ့ အကြမ်းဖက်မှုများနှင့် မူးယစ်ဆေးဝါးတို့၌ ရောထွေးပျော်ပါးခွင့်ပြုခဲ့သည့် ပေါ်လစီမှာ အထင်အရှားရှိခဲ့ဖူးသည်။ “နိုင်ငံရေးမလုပ်ရင် ပြီးရော၊ ကျန်တာကြိုက်တာလုပ်” ဆိုသည့် လွှတ်ပေးထားသော အနေအထားသည် လူငယ်များ၏ အနာဂတ်နှင့် တွေးခေါ်နိုင်စွမ်းကို တမင်တကာ ပျက်စီးစေခဲ့သည်။ ယနေ့ခေတ်တွင်လည်း ထိုဆိုးဝါးသော သမိုင်းဆိုးသည် မင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှုနှင့်အတူ ပြန်လည်ခေါင်းထောင်ထလာသည်ကို တွေ့မြင်နေရသည်။ တရားဥပဒေစိုးမိုးမှု လုံးဝကင်းမဲ့သွားသည့် လူမှုအသိုင်းအဝိုင်းတွင် ပျူစောထီးများ၊ အခွင့်အရေးယူ လူမိုက်များ၏ အရှိန်အဝါကြီးထွားလာပြီး လူငယ်များကြား၌လည်း သေးငယ်သော အကြောင်းပြချက်များ၊ နယ်မြေလုမှု၊ ရည်းစားလုမှုများဖြင့် စည်းမဲ့ကမ်းမဲ့ ရန်ပွဲများ၊ အုပ်စုလိုက် ရိုက်ပွဲများမှာ လမ်းမများပေါ်တွင် ဗြောင်ကျကျ ဖြစ်ပွားလာခဲ့သည်။ ဗီဒီယိုထဲတွင် တွေ့မြင်ရသည့်အတိုင်း လူငယ်များမှာ လမ်းမထက်တွင်…
-

နေဝင်းမြေးနဲ့ သက်ပုံသား နောက်ကွယ်က ဇာတ်ထုပ်
အာဏာရှင်ဟောင်း နေဝင်း၏ မြေး ကျော်နေဝင်းက ဒုဗိုလ်ချုပ်ဟောင်း သက်ပုံ၏သား မင်းပြည့်သက်ပုံကို Omni Focus တွင် Project Coordinator အဖြစ် လစဉ်လစာ ကျပ်သိန်း ၅၀ နှင့် အခြားအခွင့်အရေးများ ပေးကာ ခန့်အပ်ထား အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်း၏ မြေးဖြစ်သူ ကျော်နေဝင်းပိုင် Omni Focus က ဗိုလ် ချုပ်ဟောင်း သက်ပုံ၏သားဖြစ်သူ မင်းပြည့်သက်ပုံကို Project Coordinator ရာထူးဖြင့် လစဉ်လစာ ကျပ်သိန်း ၅၀ နှင့် အခြားအခွင့်အရေးများ ပေးအပ်ခန့်ထားကြောင်း တပ် သတင်းရင်းမြစ်ထံမှ သိရသည်။ မင်းပြည့်သက်ပုံသည် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း သက်ပုံ၏ သားအရင်းဖြစ်ပြီး လက်ရှိ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေသူ၊ ယခင် လေတပ်စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး…
-

ခရစ်ယာန်သင်းအုပ်ဆရာကို T-တ်လိုက်တဲ့ မအလ ကို ထရမ့် ကြိမ်းပြီ
ချင်းတိုင်းရင်းသားခရစ်ယာန်သင်းအုပ်ဆရာကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်ပြီး မြန်မာနိုင်ငံရှိ ဖိနှိပ်ခံ ခရစ်ယာန်များကို ကာကွယ်ပေးရန် အမေရိကန်သမ္မတထရမ့်ကို တောင်းဆို ချင်းပြည်နယ် ဟားခါးမြို့နယ်၊ ချုံချောင်းကျေးရွာရှိ Chungcung Baptist Church ၏ အကြီးတန်းသင်းအုပ်ဆရာ Reverend William နှင့် အရပ်သားပြည်သူ ဦးနမ်စူးတို့ကို မြန်မာစစ်တပ်က ဖမ်းဆီး သတ်ဖြတ်လိုက်ကြောင်း Burma Research Institute (BRI) မှ Zo Tum Hmungက ပြောဆိုသည်။ ခရစ်ယာန် သင်းအုပ် Reverend William သည် ချုံချောင်းနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင် အကြီးတန်းသင်းအုပ်ဆရာအဖြစ် ၂၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဇွန်လ ၄ ရက်တွင် ဦးနမ်စူးနှင့်အတူ စစ်တပ်၏ သတ်ဖြတ်မှုခံခဲ့ရခြင်းဖြစ်ကြောင်း၊ ခရစ်ယာန် သင်းအုပ်ဆရာတွင် ဇနီးနှင့် သားသမီး ၅…