Author: Baby Yit Lone
-

နောက်ဘဲထားလို့ဆိုပြီး ရည်းစားဟောင်းက ကားနဲ့ တို\_က်T-တ်
ဘန်ကောက်တွင် စုံတွဲတစ်တွဲကို ရည်းစားဟောင်းဖြစ်သူက ကားဖြင့်တိုက်သတ် ဘန်ကောက်မြို့၊ ဝေါင်းဆဝမ် (Wong Sawang) ဧရိယာတွင် အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း၏ ရည်းစားဟောင်းဖြစ်သူနှင့် အမျိုးသားတစ်ဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ်ကို ပစ်ကပ်ကားဖြင့် တိုက်ခိုက်ခဲ့သဖြင့် ဆိုင်ကယ်ပေါ်ပါသူ နှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ အဆိုပါ ဖြစ်စဉ်မှာ စက်တင်ဘာ ၂ ရက် (ဗုဒ္ဓဟူးနေ့) အစောပိုင်း နံနက် ၁ နာရီခန့်တွင် ဘန်ကောက်-နွန်သဘူရီ လမ်းကြိုလမ်းကြား (Soi 39) အနီး၊ ပန်းရောင်လိုင်း (Pink Line) ရထားလမ်းအောက်ရှိ ကွေ့ကောက်လမ်းဆုံအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်အတွင်း အသက် ၂၄ နှစ်အရွယ် အမျိုးသမီးနှင့် အသက် ၄၅…
-
အလွန်ပြင်းထန် အယ်လ်နီညိုကြောင့် ၂၀၂၇ ခုနှစ်အထိ ဖောက်ပြန် ဆိုးရွားနေမယ့် ရာသီဥတု
အလွန်ပြင်းထန်မည့် အယ်လ်နီညိုကြောင့် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု အန္တရာယ် ၂၀၂၇ ခုနှစ်အထိ ဆိုးရွားနေမည်ဟု WMO ထုတ်ပြန် အလွန်ပြင်းထန်မည့် အယ်လ်နီညိုကြောင့် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု အန္တရာယ် ၂၀၂၇ခုနှစ်အထိ ဆိုးရွားနေမည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO) က ယနေ့(စက်တင်ဘာ ၃ရက်)တွင် ထုတ်ပြန်ထားသည်။ WMO ၏ ခန့်မှန်းချက်များအရ အယ်လ်နီညိုသည် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက်ဖြစ်ပေါ်နေမည့် ဖြစ်နိုင်ခြေမှာ ၁၀၀ ရာခိုင်နှုန်းနီးပါးရှိနေကြောင်း၊ ယင်းကဲ့သို့ ဖြစ်နိုင်ခြေ အလွန်မြင့်မားသည့် ခန့်မှန်းချက်ကို WMO ၏ El Niño/La Niña ဆိုင်ရာ ထုတ်ပြန်ချက်များတွင် ယခုအကြိမ်သည် အထူးထင်ရှားသည့် အခြေအနေတစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။ အယ်လ်နီညို ပိုမိုအားကောင်းလာနိုင်ခြင်း၏ အဓိကအကြောင်းရင်းမှာ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာအတွင်း ပုံမှန်ထက်…
-

လက်မှတ်တွေ လျော့ဈေးနဲ့ ပြန်ရောင်းနေရတဲ့ ဘစိုင်းရှိုးပွဲ
စိုင်းစိုင်းခမ်းလှိုင် မန္တလေးရှိုးပွဲ မြို့အစွန်ရွှေ့လိုက်လို့ မသွားရဲတဲ့ပရိသတ်အချို့ လက်မှတ်တွေစျေးလျှော့ပြန်ရောင်း ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးရွားနေတဲ့ မန္တလေးမြို့မှာ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲ ပြုလုပ်ဖို့ စီစဥ်နေပြီး ရှိုးပွဲကို မြို့အစွန်ရွှေ့လိုက်တာကြောင့် လက်မှတ်ဝယ်ထားတဲ့ ပရိသတ်အချို့မသွားရဲတော့ဘဲ လက်မှတ်တွေစျေးလျှော့ပြီး ပြန်ရောင်းနေရကြောင်း မြို့ခံအချို့က ပြောပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ဘက်က ရပ်တည်ခြင်းမရှိဘဲ အနုပညာလှုပ်ရှားမှုတွေ ဆက်လုပ်နေလို့ Boycott လုပ်ဖို့ တိုက်တွန်းခံရတဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ရဲ့ မန္တလေးရှိုးပွဲကို စက်တင်ဘာ ၆ ရက်မှာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က မန္တလာသီရိ အားကစားကွင်းမှာ ပြုလုပ်ဖို့ စီစဥ်ထားခဲ့တယ်လို့ သိရပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲကြည့်ပြီး တည်းခိုဖို့အတွက် မန္တလာသီရိ အားကစားကွင်းအနီးက ဟိုတယ်တွေပါ Booking တွေ ပြည့်ခဲ့တယ်လို့ ပရိသတ်အချို့က ပြောပါတယ်။ ဒါပေမယ့် ပွဲရောက်ဖို့ တစ်ပတ်ခန့် အလိုမှာတော့…
-

နီပေါနှင့် တရုတ် ရေဘေးသင့်သူများအတွက် ငွေနဲ့ စားသောက်ကုန်တွေ လှူဒါန်းလိုက်တဲ့ မအလ
ရေကြီးမှု ဖြစ်ပေါ်ခဲ့သည့် နီပေါနှင့် တရုတ်နိုင်ငံနယ်စပ်ဒေသရှိ ရေဘေးဒဏ်သင့်သူများအတွက် မြန်မာနိုင်ငံက အလှူငွေနှင့် စားသောက်ကုန်များ လှူဒါန်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်ဒေသမှ သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် အလှူငွေနှင့် စားသောက်ကုန်များကို စက်တင်ဘာ ၂ ရက်က တပ်မတော်လေယာဉ် Y8 ဖြင့် ရန်ကုန်မြို့မှ နီပေါနိုင်ငံ ကတ္တမန္ဒူးမြို့ရှိ Tribhuvan International Airport (KTM) သို့ သွားရောက်၍လှူဒါန်းခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကိုယ်စား အလှူငွေနှင့်စားသောက်ကုန်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုးနှင့် တာဝန်ရှိသူများက ထိုသို့သွားရောက်ပေးအပ်လှူဒါန်းခြင်းဖြစ်သည်။ ထိုသို့ ပေးအပ်လှူဒါန်းရာတွင် ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက ယခုလှူဒါန်းမှုသည် နီပေါပြည်သူများအပေါ် မြန်မာနိုင်ငံအစိုးရနှင့်ပြည်သူများ၏ လူသားချင်းစာနာထောက်ထားမှုအရ ကူညီထောက်ပံ့ခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊…
-

သင်္ကန်းခြုံထားတိုင်း သံဃာထင်နေသူများ သတိချပ်ဖို့
အုတ်တွင်းဈေးအတွင်း သင်္ကန်းဝတ်၍ အလှူခံနေသူအား လူဝတ်လဲစေပြီး ပုဒ်မ ၂၉၅(က) ဖြင့် အမှုဖွင့်အရေးယူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ရှိ ဈေးအတွင်း သင်္ကန်းဝတ်ဆင်၍ တစ်ဦးတည်း အလှူခံနေသူတစ်ဦးအား သာသနာရေးဆိုင်ရာ စည်းကမ်းနှင့် ကိုက်ညီမှုရှိ၊ မရှိ စစ်ဆေးပြီးနောက် လူဝတ်လဲစေကာ သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ အပ်နှံ၍ ပုဒ်မ ၂၉၅(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း အုတ်တွင်းမြို့နယ် သာ/ထိန်းအဖွဲ့ထံမှ သိရသည်။ ဖြစ်စဉ်မှာ အုတ်တွင်းမြို့နယ် ဈေးအတွင်း သင်္ကန်းဝတ်ဆင်ထားသူတစ်ဦးတည်း ဖရိုဖရဲအနေအထားဖြင့် အလှူခံနေကြောင်း သိရသဖြင့် သာ/ထိန်းအဖွဲ့က ခေါ်ယူစစ်ဆေးရန် တပည့်ရဟန်းများကို စေလွှတ်ခဲ့ရာ အဆိုပါအလှူခံသူက တပည့်ရဟန်းများအား လက်သီးဖြင့် ထိုးရန်ပြုမူသဖြင့် ခေါ်ယူဖမ်းဆီးစစ်ဆေးခဲ့ရာ ၎င်းသည် ဒိုက်ဦးမြို့နယ် ကတုတ် ဘုရားကြီးဒေသမှ ဖြစ်ကြောင်းလည်း သိရသည်။ ထို့အပြင် ၎င်းထံမှ ရဟန်းရက်ချုပ်စာရွက်တွင်…