Author: Baby Yit Lone
-

ကွဲပြားသွားပြီ ဖြစ်တဲ့ လူတန်းစား နှစ်မျိုး
ကွဲပြားသွားပြီ ဖြစ်တဲ့ လူတန်းစား နှစ်မျိုး (အတွေးအမြင်ဆောင်းပါး) ရန်ကုန်၊ မန္တလေး မြို့ပေါ်တွေမှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ များလာချိန်၊ တဖက်မှာ စစ်မှုထမ်းဖို့ မဲနှိုက်နေကြရလို့ မိဘတွေ ငိုကြွေးသတိလစ်နေကြတဲ့ မြင်ကွင်း တက်လာပါတယ်။ တဖက်မှာကြပြန်တော့ ဆိုင်ကယ်ကြီးတွေ အုပ်လိုက် စီးကြပြီး ပျော်ပွဲတခုလို လှည့်ပတ်နေတဲ့ လူငယ်တွေ၊ ဘားတွေ ကလပ်တွေ ငွေတွေ သုံးဖြုန်းနေတဲ့ လူတန်းစားတွေ၊ ရှိုးပွဲတွေမှာ ညအထိ သာယာနေတဲ့ လူတန်းစားတွေရဲ့ မြင်ကွင်းက ရှေ့ရောက်လာပါတယ်။ ဆိုတော့ ပြောရရင် မြန်မာပြည်မှာ လူတန်းစားက နှစ်မျိုး လုံးဝ ကွဲပြားခြားနားသွားတာ တွေ့ရပါတယ်။ ဥပမာ- ရန်ကုန်မှာ ပေါ်တာဆွဲခံရတာ၊ဖမ်းဆီးခံနေရတာက အလုပ်လုပ်နေတဲ့ အခြေခံလူတန်းစားတွေ ဖြစ်ပါတယ်။ စစ်တပ်၊ ရဲ၊ လူမိုက်၊ ပျူစောထီးတွေ ပေါ်တာဆွဲ…
-

မန္တလေးမြို့က ဝမ်းနည်းမှတ်တမ်း
မနေ့က မန္တလေးမြို့မှာ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ရှိုးပွဲ လူနှစ်သောင်းကျော် လာရောက်အားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ တချို့ဆို လူများလွန်းလို့ ရာသီဥတုကလည်း ပူနေတာကြောင့် မူးလဲတာတွေအထိ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲ အတော်လေး အောင်မြင်ခဲ့တယ်လို့ ပြောဆိုနေကြပါတယ်။ တကယ်တော့ စိုင်းစိုင်းခမ်းလှိုင် ရှိုးပွဲလာလုပ်ချိန် မန္တလေးမြို့မှာ လူငယ်တွေ အကြီးအကျယ် ပေါ်တာဆွဲခံနေရတာပါ။ အလုပ်သွားအလုပ်ပြန် ဆေးသုတ်သမား၊ ပန်းရံသမားလေးတွေ၊ နေ့စားအလုပ်သမားလေးတွေ၊ ပုဂ္ဂလိကဝန်ထမ်းလေးတွေဟာ အိမ်ပြန်ရောက်မလာတော့ဘဲ စစ်သင်တန်းကျောင်းတွေဆီ ခေါ်ဆောင်သွားခြင်း ခံနေရတဲ့အချိန်ပါ။ ညတင်မဟုတ်။ နေ့ခင်းမှာတင် အဆွဲခံနေရတာပါ။ ညဘက်ထွက်ဖို့တောင် ခက်ခဲနေကြချိန် ညဘက်လုပ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲအောင်မြင်တာဟာ အံ့သြစရာပါ။ စစ်တပ်က လက်နက်အားကိုးနဲ့ ပြည်သူ့အစိုးရက အနိုင်ကျင့်ပြီး၂၀၂၁ အာဏာသိမ်းတော့ အနုပညာရှင်တွေလည်း ပြည်သူတွေရဲ့ရှေ့ကနေလက်သီးလက်မောင်းတန်းပြီး ဆန္ဒပြခဲ့ကြတယ်။ အဲဒီအချိန်က Mask တပ်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်ကိုလည်း…
-

လေဖိအားနည်းရပ်ဝန်းနဲ့အတူ တနိုင်ငံလုံး ထစ်ချုန်းဦးမယ်
လေဖိအားနည်းရပ်ဝန်းကြောင့် နိုင်ငံတဝန်း မိုးထစ်ချုန်းရွာနိုင်၊ တာချီလိတ်တွင် ရေကြီးနေ ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေမှုနှင့် ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နိုင်ငံတဝန်းမိုးထစ်ချုန်းရွာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူမှုရေးရာ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MSLHA) က ထုတ်ပြန်သည်။ ယနေ့ (စက်တင်ဘာလ ၇ ရက်)ထုတ်ပြန်သည့် စက်တင်ဘာလ ၁၃ ရက်နေ့အထိ မိုးလေဝသခန့်မှန်းချက်တွင် အဆိုပါကာလအတွင်း မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တွင် မုတ်သုံလေအားကောင်းနိုင်ပြီး ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြသည်။ မြန်မာတနိုင်ငံလုံးတွင် နေရာစိပ်စိပ်နှင့် နေရာအနှံအပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း ဆိုသည်။ ချင်းပြည်နယ်နှင့် ကရင်နီပြည်နယ်(ကယား)မှလွဲ၍ ကျန်တိုင်းနှင့်ပြည်နယ်များတွင် နေရာကွက် မိုးကြီးနိုင်ကြောင်း အသိပေးသည်။ အရပ်သားတပိုင်းစစ်အုပ်ချုပ်ရေးအဖွဲ့လက်အောက်ခံ မိုးဇလဌာန၏ ယနေ့ ထုတ်ပြန်သည့် မိုးကြီးမည့် သတိပေးချက်၌ မုတ်သုံလေနှင့် မိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့် စက်တင်ဘာလ ၈…
-

ရှောင်နေရတဲ့ အကြောင်းအရင်းတွေ ဖြေရှင်းလာတဲ့ မေဘယ်ဦး (ရုပ်သံ)
နှလုံးရောဂါနဲ့ ကွ.ယ်လွ.န်သွားပြီဆိုလို့ ဝမ်းနည်းလိုက်ရတာ 😰 သူကတော့ အကြွေ:မပေးနိုင်လို့ ရှော.င်ပြေ:နေတာတဲ့ မေဘယ်ဦးကတော့ ပိုင်တံခွန့်ညီ ရှင်ဘုန်းပြည့်နဲ့တွဲရင်း ပွဲတွေဖြစ်ခဲ့တာကြောင့် လူမှုကွန်ရက်မှာ နာမည်ကြီးခဲ့သူပါ။ လက်ရှိမှာတော့ မေဘယ်ဦးဟာ ဆံပင်ညှပ်ဆရာ ကိုအောင်သီဟနဲ့ သိပ်မကြာခင်ကမှ လက်ထပ်ထားတာလည်း ဖြစ်ပါတယ်။ မေဘယ်ဦးရဲ့ခင်ပွန်းဖြစ်သူ ကိုအောင်သီဟက မေဘယ်ဦး အသက် ၂၉ နှစ်အရွယ်မှာပဲ နှလုံးရောဂါနဲ့ ရု-တ်တရက်ကွ.ယ်လွ.န်သွားပြီဆိုပြီး သူ့ရဲ့အကောင့်ကနေ ကြေငြာခဲ့ပါတယ်။ အားလုံးက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံ:ပါ:သွားရတဲ့ မေဘယ်ဦးအတွက် စိတ်မကောင်းဖြစ်နေကြတဲ့ အချိန်မှာပဲ နောက်ကွယ်က ဖြစ်ရပ်မှန် အချို့ပေါ်ပေါက်လာခဲ့ပါတယ်။ အဲ့တာကတော့ မေဘယ်ဦးဟာ အမှန်တကယ် ကွယ်လွန်သွားတာမဟုတ်ပဲ အကြွေ:တွေမပေးနိုင်လို့ မဟုတ်မမှန် သတင်းလွှင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ကိုအောင်သီဟ တင်ထားတဲ့ မေဘယ်ဦး ကွ.ယ်လွ.န်သွားပြီဆိုတဲ့ ပိုစ့်ကိုလည်း ပြန်ဖျက်သွားတာကြောင့် ထွက်ပေါ်နေတဲ့ သတင်းဟာ…
-

ညအမှောင်ကို ရင်မဆိုင်ရဲကြတော့တဲ့ ရန်ကုန် အခြေခံလူတန်းစားတွေ
စစ်မှုထမ်း ပြန်ပေးဆွဲ သောင်းကျန်းနေသဖြင့် ရန်ကုန်မြို့တွင်းလုပ်ငန်းများ မမှောင်ခင် အလုပ်ဆင်း ခွင့်ပေး စစ်မှုထမ်းအတွက် ပြန်ပေးဆွဲမှုများ သောင်းကျန်းလာခြင်းကြောင့် ရန်ကုန်မြို့တွင်းရှိ လုပ်ငန်းများမှာ ညနေဘက် စောစောအလုပ်ဆင်းပေးနေကြောင်း သိရသည်။ ရန်ကုန်မြို့တွင်းရှိ ကုမ္ပဏီအများစုမှာ ညနေ ၅ နာရီနောက်ဆုံးထားကာ အလုပ်ဆင်းခိုင်းနေပြီး စတိုး ဆိုင်ကဲ့သို့သော အလုပ်များမှာ ည ၇ နာရီနောက်ဆုံးထားကာ ပြန်လွှတ်နေကြောင်း ရန်ကုန်မြို့တွင်းရှိ ကုမ္ပဏီဝန်ထမ်းအချို့ထံက သိရသည်။ “ဖယ်ရီရှိတဲ့ ကုမ္ပဏီတချို့ကျတော့ မနက်၈၊ညနေ ၄ အလုပ်ချိန်ပြောင်း သတ်မှတ်တယ်။ ဖယ်ရီမရှိတာကျတော့ မနက် ၉၊ ညနေ ၅။ အခု ဒီလပိုင်းမှ ပြောင်းသတ်မှတ်ကြတာ များတယ်။ ပေါ်တာကို အကုန်ကြောက်နေရတယ်”ဟု ရန်ကုန်မြို့တွင်း ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသော အကြီးတန်းအ ရာရှိတစ်ဦးက ပြောသည်။ နေ့စဉ်…