“ပျူနွယ်တောင်သား ဓလေ့အကများနဲ့ ချည်ထည်ရက်ကန်းခတ်သံများ၊ ချည်ထည်ယောပုဆိုးများ ဝတ်ဆင်ကြီးပြင်းခဲ့တဲ့ ကျွန်တော်ယောသားတစ်ယောက်ပါ” ဆိုတဲ့ ယောဒေသခံ အဆိုတော် ကိုတောသားကြီးရဲ့ သီချင်းစာသားက ယောဒေသကို ကွက်ကွက်ကင်းကင်း မြင်ယောင်လာစေပါတယ်။ ယောဒေသဆိုတာက ပုံတောင်ပုံညာတောင်တန်းကြီးနဲ့ ချင်းတောင်တန်းတွေကြားမှာ တည်ရှိနေတဲ့ ဒေသတစ်ခုဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတစ်ခုလည်း ဖြစ်တဲ့အတွက် ယော လို့ ပြောလိုက်ရင် လူသိနည်းကြပါတယ်။ ယောဒေသမှာ ဂန့်ဂေါ၊ ကျောက်ထု၊ ဆော၊ ကျော၊ လောင်းရှည်နဲ့ ထီးလင်းမြို့နယ်တို့ ပါဝင်ပြီး တောင်သား၊ ချင်းပုံ၊ ပျူနဲ့ ဗမာလူမျိုးတွေ စုပေါင်းနေထိုင်ကြပါတယ်။ အဲ့ဒီလို လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အပြင် လူသိနည်းပါးပေမဲ့ အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ ယောဒေသမှာ စစ်အာဏာရှင်ကို တွန်းလှန်ဖို့ ရရာလက်နက်ကိုင်စွဲပြီးတော့ တိုက်ပွဲဝင်ကြတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ အလျှိုလျှို ပေါ်ပေါက်လာကြပါတယ်။…
ချင်းပြည်နယ်အတွင်း အမျိုးသမီးတပ်ဖွဲ့ဝင်များ သီးသန့်စုဖွဲ့လှုပ်ရှားနေသည့် WITCH (ခေါ်) စုန်းမအဖွဲ့နှင့် အပြည်ပြည်ဆိုင် ရာ ဖက်ဆစ်ဆန့်ကျင်ရေးတပ်ဦး (AIF)တို့သည် ယခုနှစ် ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့သော ဒရုန်းစစ်ဆင်ရေး မှတ်တမ်း ရုပ်သံများအား ထုတ်ပြန်လိုက်ရာ တော်လှန်ပြည်သူများကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့သည်။ အဆိုပါမှတ်တမ်းများအတွင်း အဆင့်မြင့် FPV ဒရုန်းများ အသုံးပြုပြီး အာဏာသိမ်းစစ်တပ်၏ ဆက်သွယ်ရေးတူးမြောင်း များ၊ ဘန်ကာများထဲအထိ ပစ်မှတ်ကို တိကျစွာတိုက်ခိုက်ချေမှုန်းနိုင်ခဲ့မှုအား တွေ့မြင်ရသည်။ ထူးခြားချက်အနေဖြင့် ယင်းအဖွဲ့နှစ်ခုစလုံးတွင် ပြည်ပမှစစ်ရေးလှုပ်ရှားသူများ ပါဝင်နေခြင်းဖြစ်ပြီး ၎င်းတို့သည် ကမာ္ဘ့နိုင်ငံ အသီးသီးမှ အာဏာရှင်ဆန့်ကျင်ရေးစစ်ပွဲများ၌ ပါဝင်ခဲ့ဖူးသည့် စစ်ရေးအတွေ့အကြုံရင့်သူများဖြစ်ကာ လက်ရှိ မြန်မာ့နွေဦး တော်လှန်ရေးအင်အားစုများနှင့်အတူ မဟာဗျူဟာမြောက်ပူးပေါင်း၍ အာဏာသိမ်းစစ်တပ်ကို ပြန်လည်ခုခံတိုက်ခိုက်နေကြ ခြင်း ဖြစ်သည်။ AIF နှင့် WITCH အဖွဲ့ကြားက မဟာဗျူဟာမြောက်ဆက်ဆံရေး၊…
စနိုက်ပါရိုင်ဖယ်ကို ကိုင်ထားပြီး ရန်သူ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ ဒီအမျိုးသမီးက ရဲဘော် အန်နာပါ။ သူက နိုင်ငံအနှံ့က တက္ကသိုလ်နဲ့ အခြေခံပညာကျောင်းတွေက ကျောင်းသားလူငယ်တွေ စုဖွဲ့ထားတဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး PRF ရဲ့ တပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ တော်လှန်ရေးအစမှာကတည်းက တိုက်ခိုက်ရေးရဲဘော်အဖြစ်ပဲ ရွေးချယ်ပါဝင်ခဲ့သူပါ။ ၂၀၂၅ နှစ်လယ်ပိုင်းက ချင်းပြည်နယ်ထဲမှာ ၆လကြာ စနိုက်ပါသင်တန်းတက်ပြီး စနိုက်ပါရဲဘော်တစ်ယောက် ဖြစ်လာပါတယ်။ ခုဆိုရင် မကွေးတိုင်းထဲမှာ စစ်ရေးလှုပ်ရှားနေတဲ့ ရဲဘော်အန်နာရဲ့ လှုပ်ရှားမှုတွေကို စစ်တပ်ဘက်က သတိထားလာပြီး တချို့ အချိန်တွေမှာ ပျူရွာတွေထဲကနေ အသံချဲ့စက်နဲ့ ဆဲဆိုခြိမ်းခြောက်တာတွေပါ ရှိလာပါတယ်။ သူရဲ့ ဇာတိက စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ပါ။ ငယ်စဉ်ကတည်းက ပန်းချီဆွဲတာကို ဝါသနာ ပါတာကြောင့် ပန်းချီဆရာတစ်ယောက်ဖြစ်ဖို့ ရည်မှန်းခဲ့ပါတယ်။ အိပ်မက်က ပန်းချီ… အခု စနိုက်ပါသမားဖြစ်နေတဲ့…
🛑 ကျားဖြန့်တွေလက်ခံထားမိတဲ့ မြန်မာအပါအ၀င်အရှေ့တောင်အာရှနိုင်ငံတွေအတွက်တော့ တကယ့်သေရေးရှင်ရေးဖြစ်သွားပြီ 🌡️ • Trump ရဲ့ ဒီနေ့ထုတ်ပြန်လိုက်တဲ့ အထူးအမိန့်တရပ်က မြန်မာ့နယ်စပ်ကို ဘယ်လိုတုန်လှုပ်စေမလဲ ? “အရင်က လိမ်တာကို ကာကွယ်ခဲ့တယ်၊ အခုတော့ လိမ်တဲ့သူကိုရော ကာကွယ်ပေးထားသူတွေကိုပါအမြစ်ဖြတ်တော့မယ်” တဲ့။ ဒါဟာ ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့မှာ သမ္မတ Donald Trump လက်မှတ်ရေးထိုးလိုက်တဲ့ အထူး အမိန့်ရဲ့ အနှစ်ချုပ်ပါပဲ။ ဒီအမိန့်ဟာ ရိုးရိုးဆိုက်ဘာလုံခြုံရေးအမိန့် မဟုတ်ပါဘူး။ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှတကြောက ကျားဖြန့်လောကကို အပြီးတိုင် ချေမှုန်းမယ့် War on Scams စစ်ကြေညာချက် ဖြစ်နေလို့ပါ။ ဘာကြောင့် မြန်မာ့ကျားဖြန့်ခေါင်းဆောင်တွေ အိပ်ရေးပျက်တော့မလဲဆိုတာ ဒီအချက်တွေကြောင့်ပါ။ ၁။ ကျားဖြန့်ဆိုတာ…
စစ်ကောင်စီရဲ့ CEIR စနစ်ဟာ အများပြည်သူတွေရဲ့ တည်နေရာကို စောင့်ကြည့် ခြေရာခံနိုင်တဲ့ အန္တရာယ်ကြီးမားလာပြီဖြစ်ကြောင်း Myanmar Internet Project (MIP)သတိပေးလိုက်ပြီး ကြိုတင်ကာကွယ်ရန် အချက် (၁၀) ချက် ထုတ်ပြန်လိုက်ပါတယ်။ မတ်လ ၅ ရက်နေ့က စစ်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်တဲ့စနစ် (CEIR)ဟာ အခွန်ကောက်ခံရန်နဲ့ တရားမဝင်တင်သွင်းမှု တားဆီးရန်လို့ အကြောင်းပြထားပါတယ်။ဒါပေမဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးရှုထောင့်ကနေ ကြည့်ပါက စောင့်ကြည့်ရေးယန္တရားတွေကို ဖော်ဆောင်နိုင်တာကို အချက် ၅ ချက်နဲ့ တွေ့ရှိနေတယ်လို့ Myanmar Internet Project က အသိပေးပါတယ်။ Myanmar Internet Project (MIP) ဆိုတာ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်အခွင့်အရေး၊ အင်တာနက်လွတ်လပ်ခွင့်နဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အခြေအနေတွေကို စောင့်ကြည့်လေ့လာပြီး အချက်အလက်ထုတ်ပြန်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။…