အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ရန် အသင့်ပြင်နေချိန်တွင် အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA)သည် အရေးအကြီးဆုံး ပစ်မှတ်ဖြစ်သည့် အီရန်ဦးသျှောင်အယာတိုလာ အလီ ခါမေနီ တည်ရှိရာနေရာကို အတိအကျ စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။ စီအိုင်အေသည် ခါမေနီ၏ သွားလာလှုပ်ရှားမှုပုံစံများနှင့် တည်နေရာများကို လပေါင်းများစွာ စောင့်ကြည့် ထောက်လှမ်းခဲ့ခြင်းဖြင့် ခိုင်လုံသောသတင်းအချက်အလက်များ ရရှိခဲ့ကြောင်း စစ်ဆင်ရေးနှင့် နီးစပ်သူများက ပြောသည်။ ထို့နောက် တီဟီရန်မြို့လယ်ရှိ ခေါင်းဆောင်မှုဝင်းအတွင်း၌ အီရန်ထိပ်တန်းခေါင်းဆောင်များ၏ အစည်းအဝေးတခုကို စနေနေ့နံနက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း စီအိုင်အေက သိရှိခဲ့သည်။ အရေးကြီးဆုံးအချက်မှာ အဆိုပါနေရာ၌ အီရန်ဦးသျှောင်ကိုယ်တိုင် ရှိနေမည်ဟူသော အချက်ပင်ဖြစ်သည်။ ရရှိလာသော ထောက်လှမ်းရေးသတင်းသစ်ကို အမိအရအသုံးချရန်အတွက် အမေရိကန်နှင့် အစ္စရေးတို့သည် ၎င်းတို့၏ တိုက်ခိုက်မည့်အချိန်ဇယားကို ညှိနှိုင်းပြင်ဆင်ခဲ့ကြကြောင်း ဆုံးဖြတ်ချက်အကြောင်း သိရှိနားလည်သူများက ဆိုသည်။ ယင်းသတင်းအချက်အလက်သည် အီရန်ထိပ်တန်းခေါင်းဆောင်များနှင့် ဦးသျှောင်ခါမေနီတို့ကို…
ကမ္ဘာ့ရွှေဈေး အတက်ကြမ်းလာတာကြောင့် ပြည်တွင်းက အခေါက်ရွှေ တကျပ်သားဈေးဟာလည်း လက်ရှိမှာ ကျပ် သိန်း ၁၁၀ ဝန်းကျင်အထိ ခုန်တက်လာတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။ လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ဒေါ်လာ ၅၂၈၀ ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး တရက်အတွင်း တအောင်စ ဒေါ်လာ ၁၀၀ နီးပါး ထပ်မံ မြင့်တက်လာတာ ဖြစ်ပါတယ်။ “အီရန်ကို အစ္စရေးက တိုက်နေပြီဆိုပြီးတော့ သတင်းတွေ တက်လာတော့ ကမ္ဘာ့ရွှေဈေးတွေ တက်တာပေါ့။ ဒါကြောင့် ဒီမှာလည်း ၁၁၀ လောက်အထိ တက်သွားတယ်လို့ သတင်းကြားတယ်။ ဈေးကတော့ တက်တာက ဆက်တက်ဦးမယ်ထင်တယ်” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။ လက်ရှိမှာ ကမ္ဘာ့ရွှေဈေးကြောင့် ပြည်တွင်းရွှေဈေး လိုက်ပါ မြင့်တက်လျက်ရှိတာမှာ တရက်အတွင်း ကျပ်…
ကယား(ကရင်နီ) ဖားဆောင်း တိုက်ပွဲမှာ စနိုက်ပါ လူငယ်အမျိုးသမီးတစ်ဦးကို လူတွေ သတိထားမိခဲ့ကြပါတယ်။ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က မသန္တာမိုး ဖြစ်ပါတယ်။ ဆေးတပ်သားအဖြစ် တိုက်ပွဲတွေကိုလိုက်ပါခဲ့ပေမယ့် သူတကယ်ဖြစ်ချင်ခဲ့တာကတော့ စနိုက်ပါသမား ဖြစ်ပါတယ်။ တိုက်ပွဲထဲမှာ စနိုက်ပါ ချေမှုန်းရေးသမားအဖြစ် ပါဝင်ချင်ခဲ့တဲ့ ဆန္ဒက ဖားဆောင်း တိုက်ပွဲမှာပြည့်ခဲ့ပါတယ်။
ဘာဆေး ညာဆေး ဘာအစွမ်းထက်တယ် မထက်ဘူးဆိုတာ ဗုဒ္ဓဘာသာမှာ မပါဘူး။ တောတောင်တွေမှာ နေကြတဲ့ ရဟန်းတွေအတွက် ရိုးရာဆေးမီးတိုအကြောင်း ဘုရားပြောပြထားတာ နည်းနည်းတော့ရှိတယ်။ ဒီတော့ လောကီပညာတွေ မရှိဘူးလားဆိုတော့ ရှိပါတယ်။ ဒါပေမယ့် အဲဒါတွေက ဘာသာရေးမဟုတ်ဘူး။ လူတို့ရဲ့ စီးပွါးရေးနှင့် သူတို့ရဲ့ ကျန်းမာရေးသာဖြစ်ပါတယ်။ မြောင်းမြမှာ လယ်ကွင်းကရေကို တန်းစီပြီးသောက်နေကြတာ ဘာသာရေးမဟုတ်ဘူး။ ဒါက အဲဒီဘုရားကို စပြီးတွေ့တဲ့ လယ်ပိုင်ရှင်ရဲ့ စီးပွါးရေးသာ ဖြစ်တယ်။ ဟုတ်ပြီ ဒီလိုဆိုရင်၊ စုန်းလိုလို နတ်လိုလို ဂမ္ဘီရလိုလို နက္ခတ်လိုလို ကိစ္စတွေပေါ်လာရင် ဒါသည် ဘာသာရေးလို့ ဘာကြောင့် လူတွေထင်ရသလဲ။ ဒီကိစ္စမျိုးပေါ်လာတိုင်း ဘာသာရေးအဆုံးအမ လွဲမှားမှုလို့ လူတွေ ဘာကြောင့်ထင်ရသလဲ။ ပုံမှန်အားဖြင့် အဲသလို ဓာတ်လိုလို နတ်လိုလို လုပ်စားကြတဲ့လူတွေဟာ၊ သူတို့ကိုသူတို့…
ဘာသာရေးမှိုင်းမိခြင်း၊ အစွဲသန်ခြင်း၏ ဆိုးကျိုးများစွာထဲက အဆိုးဆုံးတစ်ခုကတော့ ဆင်ခြင်တုံတရားတွေ အသိဉာဏ်တွေ ကန်းသွားခြင်းပါပဲ။ ၁။ “မိလ္လာရေကို သောက်မိသူများ” အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့က ကတ်သလစ်ဘုရားကျောင်းတကျောင်းဖြစ်တဲ့ Our Lady of Velankanni ဟာ လာရောက်ကြသူ ဘုရားဖူးတွေနဲ့ စည်ကားနေလေ့ရှိပါတယ်၊ အဲဒီလို စည်ကားရခြင်း အကြောင်းရင်းကတော့ ဘုရားကျောင်း ပရဝဏ်ထဲက ယေရှုခရစ်တော်ရဲ့ ရုပ်တု ခြေဖျားကနေ ရေတစက်စက် ကျနေပြီး ဒါဟာ ဘုရားသခင်ရဲ့ တန်ခိုးပြာဋိဟာ အထင်အရှားဖြစ်ခြင်း လို့ ဘာသာဝင်တွေက ယုံကြည်ကြပြီး အဲဒီရေတွေကိုလည်း Holy Water “သန့်စင်တဲ့ ရေကြည်တော်”ရယ်လို့ အနာရောဂါတွေ ပျောက်ကင်းတယ်ဆိုပြီး သောက်သုံးကြပါတယ်။ အဲဒီအကြောင်းနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ အိန္ဒိယနိုင်ငံ Rationalist International ဥက္ကဋ္ဌ “ဆန်နယ် အီဒါမာရူကူ”ကို TV…