Category: Feature
-
အပင်ကြီးကိုဖယ်ရှားပြီး သမိုင်းဝင်ခေါင်းဆေးမင်္ဂလာရေတွင်း ပြန်ဆယ်လို့ လူပြောများ ဆရာဦးမင်းကို
ကျွန်တော်ဘုရားတည်သည့်နေရာမှာ မထင်မှတ်ဘဲပါလာသည့်နှစ်ပေါင်း ရာချီပြီဖြစ်တဲ့ သမိုင်းဝင်ခေါင်းဆေးမင်္ဂလာရေတွင်းအား ပြန်လည်ပြုပြင်မွမ်းမံနေပါပြီ။ စေတီတော်ပြီးစီးရန်ဦးစားပေးနေရသည့်အတွက်ကျန့်ကြာနေခြင်းဖြစ်ပါတယ်။ ကံဆိုးကံညံ့ကြုံနေသူများ၊ကျန်းမာရေးအညံ့ကြုံနေသူများ၊လာတ်လာဘပိတ်နေသူများ၊စီးပွားရေ အောင်မြင်ချင်သူများနဲ့ ကံဆိုးကံညံ့ဝဋ်ကြွေးတွေကျေချင်သူများအတွက် ခေါင်းဆေးမင်္ဂလာရေတွင်းတော်အဖြစ်စီရင်ဆောင်ရွက်မှာဖြစ်ပါတယ်။ သိန်းပေါင်း နှစ်ရာကျော်ကုန်ကျမည့်အနုစိတ် မြန်မာမှုလက်ရာများဖြင့်ခမ်းနားစွာ ပြုပြင်မွမ်းမံရန် စတင်နေပြီမို့ ပဌာန်းဆက် မိတ်ဆွေအလှူရှင်များမှလည်း ရေတွင်းရေကန်ဆယ်ခြင်း၊ပြုပြင်မွမ်းမံခြင်းကုသိုလ်ထူးကိုအရယူနိုင်ရန် ကုသိုလ်မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ… ကုသိုလ်အမျှရကြပါစေသော်…🙏🙏🙏 ရှေးဟောင်းသမိုင်းဝင်ရေတွင်းကိုအပင်ကြီးခုတ်လှဲပြီးပြန်လည်ပြုပြင်မွမ်းမံလို့ဆိုပြီးကျွန်တော့်ကိုဝိုင်းအပြစ်ပြောနေသူများကြောင့်စိတ်မကောင်းကြီးစွာဖြစ်ရပါတယ်၊ကျွန်တော့်အတွက်ကြောင့် အကုသိုလ်မယူကြပါနဲ့ခင်ဗျာ🙏🙏🙏 တကယ်တော့ကျွန်တော်ကရေတွင်းနားမှာကပ်ပေါက်နေတဲ့နဘဲပင်ကြီးနဲ့ကုက္ကိုလ်ပင်အိုငုတ်ကြီးကိုမရှင်းပစ်ဘဲသဘာဝကျကျလေးထားချင်ခဲ့တာပါ။ ဒီဆေးရိုးတောအုပ်လေးကိုလည်း အပင်တွေအုံ့အုံ့ဆိုင်းဆိုင်းနဲ့ ဓနိမိုးကျောင်းသင်္ခန်းလေးတွေဆောက်ပြီး တရားအားထုတ်ဖို့နေရာလေးအဖြစ်ရည်ရွယ်ထားခဲ့တာပါ။ ဒါကြောင့် ကျွန်တော်က တန်ဖိုးရှိရှိ မရှိရှိဘယ်အပင်မှမခုတ်လှဲစေခဲ့ပါဘူး။ ဒါပေမယ့် လူကြီးသူမတွေအားလုံးက ဒီရေတွင်းသမိုင်းလေးကိုရှင်းပြပါတယ်။ ပထမတုန်းက ဒီရွာမှာ ဒီလိုမျိုးရေတွင်းကြီးကိုးတွင်းရှိကြောင်း၊ တန်ဖိုးမသိတဲ့သူတွေကအမှိုက်တွေဖို့၊ရေတွင်းထဲကအုတ်တွေကိုခွာထုတ်ပြီးဘုန်းကြီးကျောင်းမှာအဆောက်အဦးဆောက်ဖို့လှူပစ်ခဲ့တာတွေကြောင့် ရေတွင်းတွေပျောက်ကွယ်ကုန်ကြောင်း၊ဒီရေတွင်းကလက်ရာအကောင်းဆုံးနဲ့ရေအထွက်ဆုံးတွင်းဖြစ်တာကြောင့်အားထားခဲ့ရကြောင်း၊ နှစ်တွေကြာလာသည်နှင့်အမျှဒီကုက္ကိုလ်ပင်ကြီးနဲ့ နဘဲပင်ကြီးကတစစကြီးလာပြီးနေရာယူလာတာကြောင့်ရေတွင်းနံရံတွေအက်ကွဲပြိုကျပြီး ရေမထွက်တော့တာကြောင့်အသုံးမပြုကြတော့ဘဲတိမ်ကောသွားကြောင်းပြောပြကြပါတယ်။ အခုလည်း ကျွန်တော့်အနေနဲ့ အပင်ကြီးတွေကိုနှမြောပြီးမခုတ်ပစ်ဘဲထားမယ်ဆိုရင်အပင်ကြီးတွေက လှလှပပစီထားတဲ့အုတ်တွေကိုတွန်းဖယ်ပစ်ပြီးနေရာယူလာပြီမို့ရေတွင်းပုံစံပျောက်ကွယ်ပြီးပြိုကျသွားနိုင်ကြောင်း၊ ရှေးမူမပျက်ထိန်းသိမ်းထားချင်တယ်ဆိုရင်အပင်ကိုစနစ်တကျလှဲ၊အမြစ်တွေကိုသေချာတူးဖော်မှသာရေတွင်းအလှမပျက်စီးမှာဖြစ်ကြောင်းရှင်းပြကြပါတယ်။ ဒါနဲ့ကျွန်တော်လည်းရှေးဟောင်းရေတွင်းကြီးကိုအပင်ကြီးတွေကနေရာယူလို့ပြိုကျပျက်စီးသွားတာခံမလား၊ နောင်နှစ်ပေါင်းများစွာခံအောင်ပြုပြင်မွမ်းမံပြီးမတိမ်ကော မပျောက်ကွယ်အောင်စီမံမလားဆိုတာသေချာစဥ်းစားဆုံးဖြတ်ရပါတော့တယ်။ အပင်ကြီးတွေကိုနှမြောပြီးဒီတိုင်းထားမယ်ဆိုရင်နောင်ဆယ်နှစ်လောက်ဘဲခံမယ်။ စနစ်တကျရှေးမူလက်ရာမပျက်စီးစေဘဲပြုပြင်မွမ်းမံမယ်ဆိုရင်နောင်နှစ်ပေါင်းများစွာ ရှေးမူလက်ရာတွေကို နောင်လာနောက်သားတွေဆက်ပြီးတွေ့မြင်ခွင့်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ရေတွင်းကြီးကစောင့်အရှောက်တွေကိုပွဲပေးတိုင်တည်၊အပင်ကြီးတွေကိုလှဲပြီးအမြစ်ကြီးတွေကို စနစ်တကျတူးဖော်ရပါတော့တယ်။…
-
မီနီအိုးဝေသမားတွေကို တကျော့ပြန် ပညာပြသွားတဲ့ ဘဲကွဲ ၂ ယောက်
မီနီအိုးဝေ မောင်းသူတွေကို တကျော့ ပြန် လိမ် မည့် ဘောပြား 🛺🛺🛺🛺🛺 41 အနောက်ကမ်းနားလမ်း မှာ ဂိတ်ဝင်တာ သုံးရက်ပဲရှိသေးတဲ့ အိုးဝေကို ဘောပြားငှားတယ် တစ်တော့မှာ တင်တာတွေ လည်း ကြည့်ပြီးလို့ အကျယ်မရေးတော့ပါဘူး 2019 နှစ်ကုန်ခါနီးလောက်က 35/53 ထောင့်နားမှာ အိုးဝေဂိတ်ရှိတယ် ဂိတ်လို့သာပြောရတာ သုံးစီးလောက်ပဲရှိတာပါ 🤔🤔🤔🤔🤔🤔 🛺🛺🛺 သူ့အမည်က ကိုတင်ငှေး ဘီးသစ်လေးဝယ်ပြီး 35/53 ထောင့်နားထိုးတယ် 🛺🛺🛺🛺🛺 အသက်က 50 နားကပ်ပြီး နယ်ကတက်လာသူလည်းဖြစ် လူရိုးလူအ လည်း ဖြစ်တယ် တရက်မနက်ခင်းမှာပဲ ဘောပြားနှစ်ယောက် 53/35 ထနောင်းပင်နားလာပြီး ဘီးငှားတယ် နေ့စဉ်ရက်ဆက် 5 ရက်လောက် ငှားတယ် ကျသင့်ငွေထက် ငွေအပိုဆောင်းတွေ ပေး💵💵💶💶💶💶 ဖောက်သည်…
-

သေချာပေါက်ရမယ့် ပေါင်ငါးသောင်းကို ယူမလား၊ တစ်ဝက်သေချာတဲ့ပေါင်တစ်သန်းကို ယူမလား
ဗြိတိသျှ စတာလင်ပေါင်ငွေ ငါးသောင်း (အမေရိကန်ဒေါ်လာ ၆ သောင်းခွဲကျော်)ကို ချက်ချင်းယူမလား ဒါမှမဟုတ် ရဖို့ တစ်ဝက်ပဲ သေချာတဲ့ ပေါင်ငွေ တစ်သန်း (အမေရိကန်ဒေါ်လာ ၁.၃၆ သန်း) ကို အရဲစွန့် ယူမလားဆိုရင် ဘာရွေးကြမှာပါလဲ။ အရွယ်ရောက်ပြီး ဗြိတိန်နိုင်ငံသား ၄,၆၀၀ ကို ယူဂေါ့(YouGov) နိုင်ငံတကာ သုတေသနနဲ့ အချက်အလက်ရှာဖွေရေး ကုမ္ပဏီက ဒီမေးခွန်းကို မေးပြီး မကြာသေးခင်က စစ်တမ်းကောက်ယူကြည့်ခဲ့ပါတယ်။ အဖြေက ဘာဖြစ်မယ် ထင်ပါလဲ။ မေးခဲ့သူ စုစုပေါင်းရဲ့လေးပုံ သုံးပုံ နီးပါး (၇၃ ရာခိုင်နှုန်း) လောက်က ပေါင်ငါးသောင်းကိုပဲ ချက်ချင်းယူမယ်လို့ ဖြေကြပါတယ်။ ငါးပုံတစ်ပုံကျော်လောက် (၂၁ ရာခိုင်နှုန်း)ကတော့ ပေါင် ၁ သန်းကို အရဲစွန့်ယူမယ်လို့ ဆိုပါတယ်။ ၆…
-

မိခင်ကို ခု-/တ်T-တ်နေတာ ဝင်ဆွဲရင်း လက်မတစ်ချောင်းနဲ့ မျက်လုံးတဖက် ဆုံးရှုံးလိုက်ရတဲ့ ၁၄ နှစ်သားလေး
မိခင်ဖြစ်သူကို ငှက်ကြီးတောင်နဲ့ ခုတ်နေတာတွေ့လို့ ဝင်ဆွဲ ကာကွယ်ဆွဲရင်း လက်မတစ်ချောင်းနဲ့ မျက်လုံးတဖက် ဆုံးရှုံးလိုက်ရပြီး မျက်နှာနဲ့ ခေါင်းမှာလည်း ပုံပျက်လောက်တဲ့အထိ ဒဏ်ရာများစွာ ရှိခဲ့သူ ၁၄ နှစ်အရွယ် သားငယ်လေးရဲ့ မိခင်ကိုတမ်းတလွမ်းဆွတ်မှုလေး ကျောင်းကနေအပြန် သူ့ရဲ့ မိခင်ဖြစ်သူကို ဘေးအိမ်ကလူက ငှက်ကြီးတောင် နဲ့ အဆက်မပြတ်ခုတ်နေတာ တွေ့ရလို့ ကျောင်းလွယ်အိတ်လေးချပြီး မိခင်ဆီအပြေးသွား အဆိုပါသူရဲ့ ဓားချက်တွေကနေ သက်သာလိုသက်သာငြား ကိုယ်လုံး၊ လက်တို့နဲ့ ဝင်ဆွဲ ဝင်ကာကွယ်ခဲ့ပေမယ့် ယုတ်မာရိုင်းစိုင်းလွန်းတဲ့ တဖက်လူရဲ့ ငှက်ကြီးတောင် ဒဏ်ကို ဘယ်လိုမှ မကာကွယ်နိုင်ဘဲ မိခင်ဖြစ်သူလည်းသေ အဆိုပါ ဝင်ဆွဲသူ ၁၄ နှစ်အရွယ်သားလေးမှာလည်း မျက်လုံးတစ်ဖက် လက်မတစ်ချောင်း ဆုံးရှုံးခဲ့ပြီး ဦးခေါင်းနဲ့ မျက်နှာမှာလည်း ပုံပျက်လောက်တဲ့အထိ ဒဏ်ရာတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ နေပြည်တော်…
-
ချစ်သူနဲ့တွေ့ဆုံဖို့ဆိုပြီး အပြင်ထွက်သွားရာက ဘယ်တော့မှ အိမ်ပြန်မလာနိုင်တော့တဲ့မိန်းကလေး
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မရမ်းအင်းရွာက အသက်ငယ်ငယ် အမျိုးသမီးတစ်ဦး ချစ်သူနဲ့တွေ့ဆုံဖို့ဆိုပြီး အပြင်ထွက်သွားရာကနေ အိမ်ပြန်မရောက်တော့ဘဲ နောက်ပိုင်းမှာ အသက်ဆုံးရှုံးထားတဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဥ်မှာ နန်းနေခြည်ဝင်းဟာ ဇူလိုင် ၂၂ ရက်နေ့မှာ နေအိမ်ကနေ အပြင်ထွက်သွားခဲ့တာဖြစ်ပြီး အဲ့ဒီနောက် အိမ်ကို ပြန်မရောက်လာတော့ဘဲ ပျောက်ဆုံးနေခဲ့တာပါ။ သမီးဖြစ်သူ အိမ်ပြန်မရောက်လာတာကြောင့် မိခင်ဖြစ်သူက ပျောက်ဆုံးနေကြောင်း အကူအညီတောင်းခံခဲ့ပြီး ရက်အနည်းငယ်ကြာတဲ့အခါမှာတော့ နန်းနေခြည်ဝင်းရဲ့ ရုပ်အလောင်းကို ရွာအနီးတစ်နေရာမှာ ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မိသားစုဘက်က သံသယရှိသူ ၂ ဦးကို ထိန်းသိမ်းကာ ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။ ကနဦးသိရှိရတဲ့ အချက်အလက်တွေအရ နန်းနေခြည်ဝင်းဟာ ချစ်သူနဲ့တွေ့ဆုံဖို့ သွားရောက်ခဲ့ပြီးနောက် အခုလို အသက်ဆုံးရှုံးခဲ့ရတာလို့ သိရပေမယ့် ဖြစ်စဉ်အတိအကျ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကိုတော့ လက်ရှိအချိန်အထိ…