Category: Feature


  • ဘာကို စိတ်ဓါတ်ကျရမှာလဲ ?

    ဘာကိုစိတ်ဓါတ်ကျရမှာလဲ ? စစ်ရှုံးမအလ အကြမ်းဖက်စစ်တပ်က အချိန်တန်ရင် ကျိန်းသေ ပြိုကိုပြိုကျမှာ။ —————————— မအလက ဘာ​ရွေး​ကောက်ပွဲ​တွေလုပ်​နေ​နေ။ ဘာပလန်​တွေ ဆွဲ​နေ​နေ​။ အချိန်တန်ရင် ဒီ​တော်လှန်​ရေး ကျိန်း​သေ နိုင်ကိုနိုင်လိမ့်မယ်။ သူထိမ်းချုပ်နိုင်တဲ့ လက်တစ်ဆုပ်စာ မြို့ကြီးတွေပေါ်မှာသာ သွားလာပြနေတဲ့ မအလ။ နောင်ချို ၊ သပိတ်ကျင်း နဲ့ လားရှိုး မြို့လေး ၃ မြို့လောက်ပြန်ရသွားတာကို ပွဲခံဂုဏ်ဆာပြနေတဲ့ မအလ ။ အောက်မှာဖေါ်ပြထားတဲ့ မြေပုံကိုကြည့်လိုက်ပါ။ တစ်နိုင်ငံလုံးမှာ မြို့ပေါင်း ၉၃ မြို့ကိုသိမ်းထားတာ။ အဲဒီထဲက ၃ မြို့လောက် ပြန်ပါသွားတာ။ ယ​နေ့အချိန်ထိ တော်လှန်ရေးအင်အားစုတွေက မြို့ပေါင်း ၉၀ လောက်ကို ထိမ်းချုပ်သိမ်းပိုက်ထားဆဲဖြစ်တယ်။ မအလ စစ်အုပ်စု​တွေ ရှက်တတ်ရင် လဲ​သေလို့ရတယ်။ ဒါ့​ကြောင့် လူ​တွေက စစ်ရှုံး…

  • သေဒဏ်ကို အံတုပြီး စစ်တပ်ရဲ့ ရွေကောက်ပွဲကို ဆန့်ကျင်ကြောင်း အရှိန်မြင့် တိုက်ခိုက်နေတဲ့ ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့များ

    သေဒဏ်ကို အံတုပြီး စစ်တပ်ရဲ့ ရွေကောက်ပွဲကို ဆန့်ကျင်ကြောင်း အရှိန်မြင့် တိုက်ခိုက်နေတဲ့ ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့များ စစ်တပ်က ရွေးကောက်ပွဲအတွက် နှောက်ယှက် ဟန့်တားခြင်း၊ ဖျက်ဆီးပါက သေဒဏ်အထိပေးနိုင်ကြောင်း ဥပဒေပြဌန်းပြီး သတင်းထုတ်ပြန်ခဲ့ပေမယ့် ရန်ကုန်မြို့က မြေအောက်တော်လှန်ရေးအဖွဲ့တွေကတော့ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဖြစ်မြောက်ရေး အထောက်ပံ့ပေးနေတဲ့ နေရာတွေကို အရှိန်မြင့် ဗုံးခွဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေပါတယ်။ အခုလို ဗုံးခွဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာဟာ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ လုပ်ဆောင်နေကြတာ ဖြစ်တယ်လို့ ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။ “ကျွန်တော်တို့ အခုလို လုပ်နေတယ်ဆိုတဲ့က ရှင်းရှင်းလေးပါ ရိုင်းသလို ဖြစ်သွားရင် ခွင့်လွတ်ပါဗျ။ မအလရဲ့ ရွေးကောက်ပွဲကို ဖျက်စီးလို့ သေဒဏ်ပေးရင် သောက်ဂရုကို မစိုက်တာ သေမှာ မကြောက်လို့လည်း တော်လှန်ရေးလမ်းကြောင်းပေါ်…

  • စစ်အုပ်စု သက်ဆိုးရှည်ဖို့ ပြည်သူ့စစ်မှုထမ်းတွေ အသက်ကို စတေးနေ

    အာရက္ခတပ်တော် (AA) က သူတို့ထံ အလင်းဝင်ရောက်လာသည့် စစ်သားများနှင့် အင်တာဗျူး ပြုလုပ်ထားသည့် ရုပ်သံများကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းကစပြီး AA Info Desk Facebook စာမျက်နှာမှတဆင့် ထုတ်ပြန်လာခဲ့သည်။ ထိုသို့ထုတ်ပြန်လာသည့် ရုပ်သံများအနက် နောက်ဆုံး ရုပ်သံနှစ်ခုကို နားထောင်ပြီးသည့်နောက် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မလူသစ်စုဆောင်းခံခဲ့ရသူများအကြောင်းကို ပို၍စိတ်ဝင်စားခဲ့ရပါသည်။ အထက်ဖော်ပြပါ ရုပ်သံ နှစ်ခုတွင်ပါသည့် စစ်သည် နှစ်ဦးအနက် ပထမတဦးမှာ မကွေးတိုင်းအတွင်းရှိ ပဒါန်းနယ်၊ နတ်ရေကန်စခန်းဘက်တွင် စစ်ဆင်ရေးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ကျန်တဦးမှာ ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူဘက်တွင် စစ်ဆင်ရေးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ နတ်ရေကန်ဘက်က အလင်းဝင်လာခဲ့သည့် စစ်သည်မှာ တပ်မ (၉၉) လက်အောက်ခံ ခမရ (၁၅) က ကိုယ်ပိုင်အမှတ် ပစ/၁၄၇၅၅၁ တပ်သား နေသူရမျိုးဖြစ်ပြီး မကွေးတိုင်း၊…

  • KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တွေ့ဆုံမှုအရွေ့

    KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တွေ့ဆုံမှု တပ်ပေါင်းစု ပေါ်ပေါက်ရေး ဦးတည်လား ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)ရဲ့ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်တချို့က ကိုယ်စားလှယ်အဖွဲ့တွေရဲ့တွေ့ဆုံမှုတွေအကြောင်း ၂၀၂၅ သြဂုတ်လအတွင်းမှာ ထုတ်ပြောလာကြပါတယ်။ မြင်းခြံက Zero ပြောက်ကျားတပ်ဖွဲ့၊ ချင်းညီနောင်အဖွဲ့(CB)အပြင် ယောတပ်တော်(YA) က ကိုယ်စားလှယ်တွေဟာ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့ တွေ့ဆုံခဲ့ကြတာပါ။ “တော်လှန်ရေး ငါးနှစ်နီးပါးကြာမှ မြေပြင်မှာ ပထမဆုံး တွေ့ဆုံဖို့ ဖြစ်လာတာပါ” လို့ ချင်းညီနောင်အဖွဲ့ (CB) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြုပြင်ပြောင်းလဲရေးအပါအဝင် တော်လှန်ရေးတပ်ပေါင်းစုပေါ်ပေါက်ရေး လုပ်ချိန်တန်ပြီလို့ ဝေဖန်မှုမြင့်တက်နေတဲ့ကာလမှာပဲ ပေါ်ပေါက်လာတဲ့ KIA နဲ့ တော်လှန်ရေးတပ်တွေရဲ့ ဖိတ်ခေါ်တွေ့ဆုံမှုတွေကနေ ဘာတွေ ဆက်တွေ့လာရနိုင်လဲ။ KIA နဲ့ တွေ့ဆုံမှု ဘာထူးလဲ တော်လှန်ရေးအဖွဲ့ သုံးဖွဲ့ရဲ့ထုတ်ပြန်ချက်…

  • ပသုံးလုံးကို နိုင်ငံရေးနည်းနဲ့ ထိုးနှက်မယ့် ခြေလှမ်းတွေ

    ဒီမိုကရေစီ။ ဒီမိုကရေစီရဲ့ အနက်အဓိပ္ပာယ်ကို ယခုကာလမှာ လူအများ သိပြီးဖြစ်တာမို့ ဋီကာချဲ့ပြနေစရာ လိုမှာမဟုတ်ပါဘူး။ ဒီမိုကရေစီရဲ့ သဘောသဘာဝထဲမှာ မိမိရဲ့ဆန္ဒကို လွတ်လပ်ငြိမ်းချမ်းစွာ ထုတ်ဖော်ပြသခွင့် ရှိခြင်းဆိုတဲ့ အချက်တရပ်လည်း ပါဝင်ပါတယ်။ ဒီအချက်တရပ်ကိုပဲ ကိုင်စွဲပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် လိုလားသူ (ဝါ) စစ်အာဏာရှင်စနစ်ကို အပြီးအပြတ် အမြစ်ဖြတ်နိုင်ရေးအတွက် လတ်တလော လက်နက်ကိုင်တိုက်နေရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို နိုင်ငံရေးနည်းလမ်းနဲ့ ထိုးနှက်မယ့် ခြေလှမ်းတွေ ပေါ်ထွက်လာပါပြီ။ စကစ အသွင်ပြောင်း စစ်ကော်မရှင်က ရွေးကောက်ပွဲ လေသံပစ်လာချိန်မှာ စစ်တပ် နောက်မြီးဆွဲ ပါတီတွေလည်း တရေးနိုးလာကြပြီပေါ့။ နောက်မြီးဆွဲအကြီးစား ကြံ့ဖွံ့ပါတီလည်း စစ်တပ်ဘက်ကနေ နိုင်ငံရေးနည်းလမ်းတွေနဲ့ အခြားအင်အားစုတွေကို ထိုးနှက်တိုက်ခိုက်မယ်လို့ သတင်းတွေ ကြိုကြားနေရပါတယ်။ ကြားနေရတာ မှန်တယ်ဆိုတာကို ဒီနေ့တော့ တွေ့မြင်လာရပါပြီ။ Voice…