Category: Feature


  • ကရင်နီ အမျိုးသမီး စနိုက်ပါ

    ကယား(ကရင်နီ) ဖားဆောင်း တိုက်ပွဲမှာ စနိုက်ပါ လူငယ်အမျိုးသမီးတစ်ဦးကို လူတွေ သတိထားမိခဲ့ကြပါတယ်။ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က မသန္တာမိုး ဖြစ်ပါတယ်။ ဆေးတပ်သားအဖြစ် တိုက်ပွဲတွေကိုလိုက်ပါခဲ့ပေမယ့် သူတကယ်ဖြစ်ချင်ခဲ့တာကတော့ စနိုက်ပါသမား ဖြစ်ပါတယ်။ တိုက်ပွဲထဲမှာ စနိုက်ပါ ချေမှုန်းရေးသမားအဖြစ် ပါဝင်ချင်ခဲ့တဲ့ ဆန္ဒက ဖားဆောင်း တိုက်ပွဲမှာပြည့်ခဲ့ပါတယ်။

  • ဘာသာရေး အဆုံးအမ မဟုတ်ဘူး ဆင်းရဲတဲ့ ပြယုဂ်သာဖြစ်တယ်

    ဘာဆေး ညာဆေး ဘာအစွမ်းထက်တယ် မထက်ဘူးဆိုတာ ဗုဒ္ဓဘာသာမှာ မပါဘူး။ တော​တောင်​တွေမှာ နေကြတဲ့ ရဟန်း​တွေအတွက် ရိုးရာဆေးမီးတို​အ​ကြောင်း ဘုရား​ပြောပြထားတာ နည်းနည်း​တော့ရှိတယ်။ ဒီ​တော့ လောကီပညာတွေ မရှိဘူးလားဆိုတော့ ရှိပါတယ်။ ဒါပေမယ့် အဲဒါတွေက ဘာသာရေးမဟုတ်ဘူး။ လူတို့ရဲ့ စီးပွါးရေးနှင့် သူတို့ရဲ့ ကျန်းမာရေးသာဖြစ်ပါတယ်။ မြောင်းမြမှာ လယ်ကွင်းကရေကို တန်းစီပြီးသောက်နေကြတာ ဘာသာရေးမဟုတ်ဘူး။ ဒါက အဲဒီဘုရားကို စပြီးတွေ့တဲ့ လယ်ပိုင်ရှင်ရဲ့ စီးပွါးရေးသာ ဖြစ်တယ်။ ဟုတ်ပြီ ဒီလိုဆိုရင်၊ စုန်းလိုလို နတ်လိုလို ဂမ္ဘီရလိုလို နက္ခတ်လိုလို ကိစ္စတွေပေါ်လာရင် ဒါသည် ဘာသာရေးလို့ ဘာကြောင့် လူတွေထင်ရသလဲ။ ဒီကိစ္စမျိုးပေါ်လာတိုင်း ဘာသာရေးအဆုံးအမ လွဲမှားမှုလို့ လူတွေ ဘာကြောင့်ထင်ရသလဲ။ ပုံမှန်အားဖြင့် အဲသလို ဓာတ်လိုလို နတ်လိုလို လုပ်စားကြတဲ့လူတွေဟာ၊ သူတို့ကိုသူတို့…

  • ဘာသာရေးမှိုင်းမိခြင်း၊ အစွဲသန်ခြင်း

    ဘာသာရေးမှိုင်းမိခြင်း၊ အစွဲသန်ခြင်း၏ ဆိုးကျိုးများစွာထဲက အဆိုးဆုံးတစ်ခုကတော့ ဆင်ခြင်တုံတရားတွေ အသိဉာဏ်တွေ ကန်းသွားခြင်းပါပဲ။ ၁။ “မိလ္လာရေကို သောက်မိသူများ” အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့က ကတ်သလစ်ဘုရားကျောင်းတကျောင်းဖြစ်တဲ့ Our Lady of Velankanni ဟာ လာရောက်ကြသူ ဘုရားဖူးတွေနဲ့ စည်ကားနေလေ့ရှိပါတယ်၊ အဲဒီလို စည်ကားရခြင်း အကြောင်းရင်းကတော့ ဘုရားကျောင်း ပရဝဏ်ထဲက ယေရှုခရစ်တော်ရဲ့ ရုပ်တု ခြေဖျားကနေ ရေတစက်စက် ကျနေပြီး ဒါဟာ ဘုရားသခင်ရဲ့ တန်ခိုးပြာဋိဟာ အထင်အရှားဖြစ်ခြင်း လို့ ဘာသာဝင်တွေက ယုံကြည်ကြပြီး အဲဒီရေတွေကိုလည်း Holy Water “သန့်စင်တဲ့ ရေကြည်တော်”ရယ်လို့ အနာရောဂါတွေ ပျောက်ကင်းတယ်ဆိုပြီး သောက်သုံးကြပါတယ်။ အဲဒီအကြောင်းနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ အိန္ဒိယနိုင်ငံ Rationalist International ဥက္ကဋ္ဌ “ဆန်နယ် အီဒါမာရူကူ”ကို TV…

  • မြန်မာပြည်သားတွေ မွဲသွားတာဟာ “ငွေမည်း”တွေကြောင့်လည်း ပါတယ်

    မြန်မာပြည်သားတွေ မွဲသွားတာဟာ “ငွေမည်း”တွေကြောင့်လည်း ပါတယ်လို့ ဆိုရမယ်။ မြန်မာပြည်နဲ့ မပြောဘဲ အခြား သန့်ရှင်းတဲ့ နိုင်ငံတစ်ခုခုနဲ့ နှိုင်းယှဉ်ပြောရင် နားလည်လွယ်လိမ့်မယ်။​ သန့်ရှင်းတယ်လို့ ပြောပေမယ့် သန့်ရှင်းဖို့ ကြိုးစားနေတဲ့ နိုင်ငံတစ်ခုလို့ ဆိုကြစို့။ ဥပမာ- သန့်ရှင်းနိုင်ငံ။ လူတစ်စုဟာ အရင်က မွဲတယ်။ ရုတ်တရက် ငွေရတယ်။ ကျိကျိတက် ချမ်းသာလာတယ်။ “သူဟာ ဒီငွေကို ဘယ်က ရသလဲ” အပြင်းအထန် လိုက်ကြပါတယ်။ – လာဘ်ပေးလာဘ်ယူလား? – အခွန်ရှောင်လား? – မူးယစ်ဆေးလား? – လိမ်လည်တာလား? – ခိုးလာတာလား?စသည်။ ငွေမည်းဖြစ်နေခဲ့မယ်ဆိုရင် လူကိုလည်း အရေးယူမယ်။ ငွေကိုလည်း သိမ်းမယ်။ ဘာပြုလို့ အပြင်းအထန်လိုက်ကြတာလဲ? ငွေမည်းကလည်း ငွေပါပဲ။ ငွေမည်းကို ဒီအတိုင်း ပေးသုံးလိုက်လို့…

  • ရန်ကုန်မြို့ လေထုညစ်ညမ်းမှုဟာ ဒီသတင်းပတ်အတွင်း တကမ္ဘာလုံးမှာ အဆင့် ၄ နေရာကို ရောက်ရှိနေတယ်လို့ လေထုအရည်အသွေးစောင့်ကြည့်တိုင်းတာရေး မှတ်တမ်းအဖွဲ့ (IQ Air) ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာတော့ မြန်မာနိုင်ငံရဲ့ လေထု ညစ်ညမ်းမှု အဆင့်ဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ အဆင့် ၂၅ ကို ပြန်လည်လျော့ကျလာခဲ့ပေမယ့် သန့်ရှင်းလေထုအဆင့်ကို ပြန်မရောက်သေးဘဲ အဝါရောင်အဆင့်မှာပဲ ဆက်ရှိနေဆဲဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုဟာ အခုနှစ်တွေထဲမှာ တဖြည်းဖြည်းပိုဆိုးလာပြီး မြို့ပြပြဿနာတခုဖြစ်လာနေပါတယ်။ ကျန်းမာရေးအတွက်လည်း စိုးရိမ်ရတဲ့အဆင့်ကို မကြာခဏ ရောက်တတ်တဲ့အခြေအနေ ဖြစ်နေပါတယ်။ လေထု ညစ်ညမ်းမှုတွေ ဘာကြောင့်ဖြစ်ရတာပါလဲ။ နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးပြဿနာ ဘာတွေဖြစ်လာနိုင်သလဲဆိုတာနဲ့ ကာကွယ်ရမယ့် နည်းလမ်းတွေကို သိနိုင်ဖို့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်နေတဲ့ ဒေါက်တာသူရက အခုလိုရှင်းပြထားပါတယ်။