ဘာသာရေးမှိုင်းမိခြင်း၊ အစွဲသန်ခြင်း၏ ဆိုးကျိုးများစွာထဲက အဆိုးဆုံးတစ်ခုကတော့ ဆင်ခြင်တုံတရားတွေ အသိဉာဏ်တွေ ကန်းသွားခြင်းပါပဲ။ ၁။ “မိလ္လာရေကို သောက်မိသူများ” အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့က ကတ်သလစ်ဘုရားကျောင်းတကျောင်းဖြစ်တဲ့ Our Lady of Velankanni ဟာ လာရောက်ကြသူ ဘုရားဖူးတွေနဲ့ စည်ကားနေလေ့ရှိပါတယ်၊ အဲဒီလို စည်ကားရခြင်း အကြောင်းရင်းကတော့ ဘုရားကျောင်း ပရဝဏ်ထဲက ယေရှုခရစ်တော်ရဲ့ ရုပ်တု ခြေဖျားကနေ ရေတစက်စက် ကျနေပြီး ဒါဟာ ဘုရားသခင်ရဲ့ တန်ခိုးပြာဋိဟာ အထင်အရှားဖြစ်ခြင်း လို့ ဘာသာဝင်တွေက ယုံကြည်ကြပြီး အဲဒီရေတွေကိုလည်း Holy Water “သန့်စင်တဲ့ ရေကြည်တော်”ရယ်လို့ အနာရောဂါတွေ ပျောက်ကင်းတယ်ဆိုပြီး သောက်သုံးကြပါတယ်။ အဲဒီအကြောင်းနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ အိန္ဒိယနိုင်ငံ Rationalist International ဥက္ကဋ္ဌ “ဆန်နယ် အီဒါမာရူကူ”ကို TV…
မြန်မာပြည်သားတွေ မွဲသွားတာဟာ “ငွေမည်း”တွေကြောင့်လည်း ပါတယ်လို့ ဆိုရမယ်။ မြန်မာပြည်နဲ့ မပြောဘဲ အခြား သန့်ရှင်းတဲ့ နိုင်ငံတစ်ခုခုနဲ့ နှိုင်းယှဉ်ပြောရင် နားလည်လွယ်လိမ့်မယ်။ သန့်ရှင်းတယ်လို့ ပြောပေမယ့် သန့်ရှင်းဖို့ ကြိုးစားနေတဲ့ နိုင်ငံတစ်ခုလို့ ဆိုကြစို့။ ဥပမာ- သန့်ရှင်းနိုင်ငံ။ လူတစ်စုဟာ အရင်က မွဲတယ်။ ရုတ်တရက် ငွေရတယ်။ ကျိကျိတက် ချမ်းသာလာတယ်။ “သူဟာ ဒီငွေကို ဘယ်က ရသလဲ” အပြင်းအထန် လိုက်ကြပါတယ်။ – လာဘ်ပေးလာဘ်ယူလား? – အခွန်ရှောင်လား? – မူးယစ်ဆေးလား? – လိမ်လည်တာလား? – ခိုးလာတာလား?စသည်။ ငွေမည်းဖြစ်နေခဲ့မယ်ဆိုရင် လူကိုလည်း အရေးယူမယ်။ ငွေကိုလည်း သိမ်းမယ်။ ဘာပြုလို့ အပြင်းအထန်လိုက်ကြတာလဲ? ငွေမည်းကလည်း ငွေပါပဲ။ ငွေမည်းကို ဒီအတိုင်း ပေးသုံးလိုက်လို့…
ရန်ကုန်မြို့ လေထုညစ်ညမ်းမှုဟာ ဒီသတင်းပတ်အတွင်း တကမ္ဘာလုံးမှာ အဆင့် ၄ နေရာကို ရောက်ရှိနေတယ်လို့ လေထုအရည်အသွေးစောင့်ကြည့်တိုင်းတာရေး မှတ်တမ်းအဖွဲ့ (IQ Air) ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာတော့ မြန်မာနိုင်ငံရဲ့ လေထု ညစ်ညမ်းမှု အဆင့်ဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ အဆင့် ၂၅ ကို ပြန်လည်လျော့ကျလာခဲ့ပေမယ့် သန့်ရှင်းလေထုအဆင့်ကို ပြန်မရောက်သေးဘဲ အဝါရောင်အဆင့်မှာပဲ ဆက်ရှိနေဆဲဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုဟာ အခုနှစ်တွေထဲမှာ တဖြည်းဖြည်းပိုဆိုးလာပြီး မြို့ပြပြဿနာတခုဖြစ်လာနေပါတယ်။ ကျန်းမာရေးအတွက်လည်း စိုးရိမ်ရတဲ့အဆင့်ကို မကြာခဏ ရောက်တတ်တဲ့အခြေအနေ ဖြစ်နေပါတယ်။ လေထု ညစ်ညမ်းမှုတွေ ဘာကြောင့်ဖြစ်ရတာပါလဲ။ နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးပြဿနာ ဘာတွေဖြစ်လာနိုင်သလဲဆိုတာနဲ့ ကာကွယ်ရမယ့် နည်းလမ်းတွေကို သိနိုင်ဖို့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်နေတဲ့ ဒေါက်တာသူရက အခုလိုရှင်းပြထားပါတယ်။
အာဏာရှင်အဆက်ဆက်တို့သည် ဆန့်ကျင်တော်လှန်ကြသူများကို ဖမ်းဆီးပြီး စစ်ကြောရေးစခန်းများတွင် ချုပ်နှောင်ကာ သေခြင်းတရားနှင့် အနီးစပ်ဆုံးနေရာဆီသို့တွန်းပို့ နှိပ်စက်ခဲ့ကြသည်။ ထိုငရဲခန်းများမှ အကောင်းပကတိ ပြန်လည်ထွက်လာနိုင်သော ရာခိုင်နှုန်း အလွန်နည်းသည်။ စစ်အာဏာရှင် လက်ဝေခံများ၏ နှိပ်စက်မှုကြောင့် ခန္ဓာကိုယ်တွင် သေရာပါဒဏ်ရာများ၊ မနောစိတ်တွင် သေသည်အထိ စွဲမြဲသွားစေနိုင်သည့် ဒဏ်ချက်များကြောင့် ထိုစစ်ကြောရေးစခန်း လူလုပ်ငရဲခန်းများသည် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ နိုင်ငံတဝန်းရှိ ငရဲခန်းများအနက် ရန်ကုန်၊ မရမ်းကုန်းမြို့နယ်ရှိ ကိုးမိုင် စစ်ကြောရေးစခန်းလည်း ပါဝင်သည်။ ထိုငရဲခန်းတွင် ခုနစ်ရက်တာ နေခဲ့ရပြီး ရန်သူ၏လက်မှ ရှားရှားပါးပါး လွတ်မြောက်လာခဲ့သည့် တော်လှန်ရေးရဲဘော်မှာ ကိုနေရိပ် ဖြစ်သည်။ ယခုမူ လွတ်မြောက်နယ်မြေ တစ်နေရာရှိ သစ်ပင်များအုံ့ဆိုင်းနေသော တောအုပ်အတွင်း ဝါးတဲငယ်များကြား သစ်ငုတ်တိုတစ်ခုပေါ်တွင် အသက် ၃၁ နှစ် ရှိပြီဖြစ်သော ကိုနေရိပ် ထိုင်နေသည်။…
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကျွန်းဒိတ်ကျေးရွာမှာ လယ်ကန်သင်းပေါက်ရာကနေ ဘုရားဆင်းတုတော်တဆူ ပေါ်ထွက်လာလို့ စိတ်ဝင်တစား ဖူးမြော်နေကြတဲ့သူတွေ များပြားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖေဖော်ဝါရီလ ဒုတိယအပတ်ကစတင်ပြီး ကျွန်းဒိတ်ကျေးရွာက ဒေါ်သန်းအေးရဲ့ လယ်ကွက်ထဲကနေ လယ်ကန်သင်းပေါက်ရာက ဘုရားဆင်းတော်တဆူကို တွေ့ရှိတာကြောင့် ယာယီကျောင်းဆောင်လုပ်ကာ ဖူးမြော်နေကြတာလို့ သိရပါတယ်။ ကျွန်းဒိတ်ရွာသားတယောက်က “လောလောဆယ် ယာယီစံကျောင်းနဲ့ ပူဇော်ထားတာ တွေ့ရတယ်။ အတိတ်နိမိတ်ကောင်းတယ်ဆိုပြီး ဒီအနီးအနားရွာတွေက တော်တော်များများ လာဖူးကြတယ်” လို့ ပြောပါတယ်။ အဲဒီဘုရားဆင်းတုတော်ကို ပေါ်တော်မူစေတီလို့ ခေါ်ဆိုပြီး လာရောက်ဖူးမြော်ကြတဲ့အပြင် ဘုရားဆင်းတုတော် ပေါ်ပေါက်လာတဲ့ လယ်ကွက်အတွင်းက ရေတွေကိုလည်း အန္တရာယ်ကင်းစေတဲ့ ရေစင်တော်အဖြစ် ယုံကြည်မှုနဲ့ ရေသန့်ဘူးတွေနဲ့ အလုအယက် ခပ်ယူမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ အဲဒီဆင်းတုတော်ကို လာရောက်ဖူးမြော်သူတယောက်က “အတိတ်ကောင်း နိမိတ်ကောင်းပေါ့၊ ရောဂါအန္တရာယ် အသွယ်သွယ်ကနေ…