Category: Feature
-

ဂုဏ်ထူး (၄) ဘာသာပါပေမယ့် ကျောင်းဆက်မတက်နိုင်လို့ Deli ပို့နေရတဲ့ လူငယ်လေး
ကိုယ်တိုင် ဘယ်လောက်ပဲ ထူးချွန်နေပါစေ၊ ငွေကြေးအခက်အခဲကြောင့် အိပ်မက်တွေ စွန့်လွှတ်ရတော့မယ့် ဆဲဆဲမှာ ကယ်တင်ရှင်ပေါ်လာလို့ ဘဝကြီး တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ရတဲ့ မျက်ရည်ကျရလောက်အောင် ပီတိဖြစ်ဖွယ် လူငယ်လေး တစ်ဦးရဲ့ အဖြစ်အပျက်ကို တင်ဆက်ပေးလိုက်ပါတယ်။ 😭 မိဘမဲ့ပေမယ့် ကြိုးစားလွန်းတဲ့ ဂုဏ်ထူးရှင်လေး သူ့နာမည်ကတော့ “မောင်မင်းမင်း” လို့ ခေါ်ပါတယ်။ သူဟာ အသက် (၂) နှစ်အရွယ်ကတည်းက မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့ပြီး၊ ဖခင်ကလည်း အဝေးမှာရှိနေတာကြောင့် အဒေါ်တွေရဲ့ စောင့်ရှောက်မှုနဲ့ ကြီးပြင်းလာခဲ့ရသူပါ။ မိဘစုံစုံလင်လင် မရှိပေမယ့် လိမ္မာရေးခြားရှိပြီး ကြိုးစားလွန်းတဲ့ သူဟာ ဒီနှစ် တက္ကသိုလ်ဝင်တန်း (သိပ္ပံတွဲ) မှာ ဂုဏ်ထူး (၄) ဘာသာနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့ပါတယ်။ မောင်မင်းမင်းရဲ့ အိပ်မက်က “ရေကြောင်း” တက္ကသိုလ် တက်ချင်တာပါ။…
-

မက်လုံးတွေပေးတဲ့ (၁၀) ယောက်ကိုကျော်ပြီး… ၄ ဘာသာဂုဏ်ထူးရှင် သမီးလေးနေကို သမီးအရင်းလို စောင့်ရှောက်ဖို့ ကပ္ပိယဦးမိုးကိုပဲ ရွာက ဘာကြောင့် ရွေးချယ်လိုက်တာလဲ?
မက်လုံးတွေပေးတဲ့ (၁၀) ယောက်ကိုကျော်ပြီး… ၄ ဘာသာဂုဏ်ထူးရှင် သမီးလေးနေကို သမီးအရင်းလို စောင့်ရှောက်ဖို့ ကပ္ပိယဦးမိုးကိုပဲ ရွာက ဘာကြောင့် ရွေးချယ်လိုက်တာလဲ? တက္ကသိုလ်ဝင်တန်းမှာ (၄) ဘာသာဂုဏ်ထူးနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့တဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က သမီးလေး “မနေခြည်ထွေး” ရဲ့ ပညာရေးကို တာဝန်ယူပေးချင်သူ (၁၀) ဦးဝန်းကျင်လောက် ရှိခဲ့ပါတယ်။ ဒါပေမယ့် ရွာဦးဆရာတော်နဲ့ ရပ်ရွာကတော့ တခြားသူတွေကို မရွေးချယ်ဘဲ ကပ္ပိယဦးမိုးကိုသာ အပြည့်အဝ ယုံကြည်စွာနဲ့ လွှဲအပ်လိုက်ပြီပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလို ဆုံးဖြတ်ခဲ့တာလဲဆိုတဲ့ နောက်ကွယ်က အကြောင်းရင်းလေးက တကယ့်ကို လေးစားစရာပါ။ ❤️ အသုံးချလိုစိတ်မရှိတဲ့ စေတနာစစ် ဦးမိုးဟာ တခြားသူတွေလို “ကလေးအတွက် ဒါလုပ်ပေးမယ်၊ ဟိုလုပ်ပေးမယ်” ဆိုတဲ့ မက်လုံးတွေ လုံးဝ…
-

မငြိမ်းစုဝါပြောပြလာတဲ့ MDY PDF အကြောင်း
“နင်က ပြောင်စိုး (စိုးသူရဇော်)အကြောင်း ဘာသိလို့လဲ” တဲ့။ ဒီ Video ကို ရိုက်ထားခဲ့တာက လေးစားတဲ့စိတ်နဲ့ အမှတ်တရလည်း ဖြစ်အောင် မှတ်တမ်းအနေနဲ့ ယူထားခဲ့တာ။ အဲ့ဒီ့ညမရောက်ခင်လည်း ဒေါက်တာစိုးသူရဇော်ကို မဖိတ်ပေးလို့ဆိုပြီး ကိုယ့်အကိုတယောက်နဲ့ စကားများခဲ့သေးတော့ အဲ့ Private Zoom Meeting လေးက ပြသနာပြေလည်သွားတဲ့အခြေအနေတခုမို့ အမှတ်တရလေးဖြစ်အောင် မှတ်တမ်းတင်ထားခဲ့တာလို့လည်းပြောလို့ရတယ်။ မန္တလေးလို့ ပြောလိုက်တာနဲ့ MDY PDF လို့ပြောလိုက်တာနဲ့ Social Media မှာ လူသိများကြတဲ့ ဒေါက်တာတေဇာဆန်း၊ ဒေါက်တာစိုးသူရဇော် ကို မသိတဲ့သူ ရှားတယ်။ ကိုယ်တွေလည်း အတူတူပဲ။ ဒေါက်တာစိုးသူရဇော်ကို MDY PDF ဦးစီးတည်ထောင်သူ ခေါင်းဆောင်လို့ပါ ထင်ထားတာ။ သိထားတာ။ ခြေသံလုံတဲ့တပ်ကို Media ပေါ်ချပြသလောက်ပဲ သိမှာပေါ့။ မဟုတ်ဖူးလား။…
-

ဟင်းဝယ်စားစရာ ပိုက်ဆံမရှိလို့ ထမင်းဖြူကို ကော်ဖီမစ်နဲ့ ဖျော်စားနေရရှာတဲ့ အသက် (၉၀) အရွယ် အဖိုးနဲ့အဘွားရဲ့ ရင်ကွဲစရာ ဘဝ
“ဟင်းဝယ်စားစရာ ပိုက်ဆံမရှိလို့ ထမင်းဖြူကို ကော်ဖီမစ်နဲ့ ဖျော်စားနေရရှာတဲ့ အသက် (၉၀) အရွယ် အဖိုးနဲ့အဘွားရဲ့ ရင်ကွဲစရာ ဘဝ ကိုယ့်အိမ်က အဖိုးအဘွားတွေဆိုရင် ထမင်းပူပူ ဟင်းကောင်းကောင်းလေးတွေနဲ့ ကျွေးမွေးပြုစုချင်ကြပေမယ့်… လောကကြီးမှာ ကိုးကွယ်ရာမဲ့ပြီး ထမင်းတစ်နပ်ကိုတောင် ဟင်းမပါဘဲ ဖြစ်သလို စားသောက်နေရတဲ့ သက်ကြီးရွယ်အိုတွေ ရှိနေတယ်ဆိုတာကို သိရင် ဘယ်လောက်တောင် ရင်နာဖို့ ကောင်းလိုက်မလဲနော်။ အခုလည်း မှော်ဘီမှာ နေထိုင်တဲ့ အသက် (၉၀) အရွယ် အဖိုးနဲ့ (၈၈) နှစ်အရွယ် အဘွားတို့ရဲ့ မျက်ရည်မဆည်နိုင်စရာ အဖြစ်လေးကို စာနာနားလည်နိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။ 😭 ထမင်းကို ကော်ဖီမစ်နဲ့ နယ်စားရတဲ့ အဖြစ် အဖိုးက အသက် (၉၀) ရှိနေပြီဖြစ်သလို၊ အဘွားကလည်း (၈၈) နှစ် ရှိနေပါပြီ။…
-

ရဟန်းဝတ်ပြီး အမေ့ကျေးဇူးဆပ်မယ်ဆိုတဲ့ အိပ်မက် မပြည့်တော့ဘူး
မိသားစုဝင် ၆ ယောက်ကို ထောက်ပံ့ဖို့ အိမ်နဲ့ ၇၇၅ ကီလိုမီတာကျော် ဝေးတဲ့နေရာအထိ သွားရောက် အလုပ်လုပ်ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦးရဲ့ အိပ်မက်တွေကတော့ အခုအခါ မပြည့်စုံနိုင်တော့ပါဘူး။ ချင်းရိုင်ခရိုင် ဒွိုင်လွမ်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ မီးရထားဥမင်လိုဏ်ခေါင်း ပြိုကျမှုအတွင်း အသက်ဆုံးရှုံးခဲ့သူတွေထဲမှာ “နောင်ပလွမ်” (Apidet Kaewpraken) လည်း ပါဝင်ခဲ့ပါတယ်။ နောင်ပလွမ်ဟာ ကန်ချနဘူရီပြည်နယ်က ဆင်းရဲနွမ်းပါးတဲ့ မိသားစုက မွေးဖွားလာသူဖြစ်ပြီး၊ လျှပ်စစ်မီးတောင် မရရှိတဲ့ သစ်သားအိမ်ဟောင်းလေးမှာ နေထိုင်ခဲ့ရသူ ဖြစ်ပါတယ်။ ဒီနှစ်အစပိုင်းမှာတော့ မိသားစုဘဝကို ထောက်ပံ့နိုင်ဖို့ ချင်းရိုင်ကို လာရောက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လုပ်ခဲ့ပါတယ်။ လစဉ် မပျက်မကွက် အိမ်ကို ငွေပို့ပေးခဲ့ပြီး မိခင်၊ အဘွားနဲ့ ကျောင်းတက်နေတဲ့ ညီအစ်ကိုမောင်နှမတွေကို စောင့်ရှောက်ပေးခဲ့တာပါ။ နောင်ပလွမ်ရဲ့…