အာရက္ခတပ်တော်(AA) သိမ်းပိုက် အုပ်ချုပ်နေတဲ့ အမ်းမြို့နယ်၊ ဒါးလက်ချောင်း ဒေသမှာရှိတဲ့ စစ်သုံ့ပန်း အကျဉ်းစခန်းကို မတ်လ ၈ ရက်နေ့က ဂျက်ဖိုက်တာ လေး စီး ၊ Y-12 လေးစီးနဲ့ စစ်ကောင်စီက ဗုံးကြဲခဲ့လို့ စခ အရာရှိကြီးတွေ အပါအဝင် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံး ခဲ့တဲ့ ဖြစ်စဉ်က တွေးကြည့်ရင် စကစ ဘက်တော်သားတွေ အတွက် တော်တော် ရင်နာစရာ ကောင်းပါတယ်။ စကစ က သူတို့အတွက် အသုံးမဝင်တော့ဘူး၊ ဒါမှမဟုတ် သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ်ဆိုရင် ကိုယ့်လူကိုတောင် ပြန်သတ်ဖို့ ဝန်မလေးဘူးဆိုတာ အရင်ကလည်း အကြိမ်ကြိမ် မြင်တွေ့ ခဲ့ရပြီးပါပြီ။ ကိုယ့်အတွက် အသက်ပေး တိုက်ပွဲဝင်ပေးခဲ့တဲ့ အရာရှိတွေ၊ စစ်ဆေးဆရာဝန်တွေ…
အာဏာသိမ်းစစ်တပ်၏ လိုရာဆွဲ ကျင်းပခဲ့သည့် ၂၀၂၅-၂၀၂၆ အတုအယောင် ရွေးကောက်ပွဲ ပြီးဆုံးသွားပြီ ဖြစ်၍ အစိုးရဖွဲ့ရေး စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီတို့ စစ်ခေါင်းဆောင် အလိုကျ တံခါးပိတ်စတင် ဆွေးနွေးနေကြပြီ ဖြစ်သည်။ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်ပွဲကာလ၌ တချို့သောအမတ်လောင်းများသည် ပြည်သူအတွက် ကြီးမားသော ကတိကဝတ်များ မစားရဝခမန်း ကတိများ ပေးကြခြင်းဖြင့် ရွေးကောက်ပွဲဝင်ခဲ့ကြသည်။ ထို မစားရဝခမန်းထဲ စစ်ကိုင်းမှ ဝင်ပြိုင်သည့် ဒုဗိုလ်ချုပ်ကြီး သက်ပုံ၏ မဖြစ်နိုင်သည့် သိန်း ၁၀၀ ဖိုး ကား ၃ စီး၊ စစ်ခေါင်းဆောင် ဖျက်၍ ပျက်နေပြီဖြစ်သည့် မြန်မာ့စီးပွားရေးကို ဦးသိန်းစိန် လက်ထက်ကကဲ့သို့ စီးပွားပြန်ဖြစ်ရမည် ဆိုသည့် ခင်ရီ၏ မဖြစ်နိုင်သော ကြွေးကြော်သံတို့သည် လူအများကြား ဟာသ ဖြစ်ခဲ့ရသည်။ ပြိုင်တိုင်းနိုင် NLD…
စစ်ကော်မရှင်ဟာ နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့ အမည်ပျက်စာရင်းထဲကနေလွတ်မြောက်နိုင်ရေး အဖမ်းအဆီးနဲ့ ပိတ်ဆို့မှုတွေ တိုးလုပ်ပြီး အပူတပြင်းကြိုးပမ်းနေပါတယ်။ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဖေဖော်ဝါရီလအတွင်း မက္ကဆီကို နိုင်ငံမှာ ကျင်းပခဲ့တဲ့ FATF အစည်းအဝေးကို လူကိုယ်တိုင်တက်ရောက်ရှင်းလင်းခဲ့တာကလည်း ဒီကြိုးပမ်းမှုရဲ့ အထင်ကရ လှုပ်ရှားမှုတစ်ရပ် ဖြစ်ပါတယ်။ ဒီလိုလှုပ်ရှားဆောင်ရွက်မှုတွေကြောင့် မြန်မာဟာ FATF သတ်မှတ်ချက်များကို “လုံးဝ မလိုက်နာသောနိုင်ငံ” ဆိုတဲ့အဆင့်ကနေ “တစိတ်တပိုင်း လိုက်နာဆောင်ရွက်နေတယ်”ဆိုတဲ့ အခြေအနေအထိ ဖြစ်လာပါတယ်။ စစ်ကော်မရှင်အနေနဲ့ FATF အမည်ပျက်စာရင်းက လွတ်မြောက်ရေးဟာ နိုင်ငံတကာရဲ့ ဘဏ္ဍာရေးဆိုင်ရာတားဆီးပိတ်ပင်မှုတွေကို လျော့ချနိုင်ရေးအတွက် အရေးကြီးတဲ့လှည့်ကွက်တစ်ခုအဖြစ် ရှုမြင်ထားပုံရတယ်လို့ စီးပွားရေးအကဲခတ်တချို့က ပြောပါတယ်။ အမည်ပျက်စာရင်းက ပယ်ဖျက်ခံရဖို့ လုပ်ဆောင်ရမယ့် အချက်တွေ ဘယ်လောက်ကျန်ရှိနေသေးသလဲ။ စစ်ကော်မရှင်နဲ့ ဗဟိုဘဏ်တို့ရဲ့ ဒီလိုကြိုးပမ်းမှုတွေက နိုင်ငံတွင်းမှာ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ…
စစ်ကောင်စီဆိုတဲ့ ရန်သူမှာ ချီးကျူးစရာတခုရှိပါတယ်။ အဲဒါကတော့ သူတို့ အာဏာတည်မြဲဖို့ လုပ်စရာရှိတာကို မြဲမြဲမြံမြံ ရဲရဲဝံ့ဝံ့ လုပ်ကိုင်တတ်တဲ့ အကျင့်ပါပဲ။ အခုလည်း မဲလိမ်မဲခိုးပွဲကနေတဆင့် တရားမဝင် အစိုးရတရပ် ဖွဲ့စည်းဖို့ အပူတပြင်းလုပ်နေပါတယ်။ ပေါ်တာဆွဲတာတွေကလည်း နေ့စဉ်ရက်ဆက် တရက်မှမနားဘူး။ အခုလည်း လာပြန်ပြီ နောက်တခု။ ဖုန်းတွေရဲ့ IMEI နံပါတ်တွေကို CEIR (Central Equipment Identity Register) စနစ်မှာ မဖြစ်မနေ မှတ်ပုံတင်ရမယ်ဆိုတဲ့ ကိစ္စပါပဲ။ ၂၀၂၆ ခုနှစ် မတ်လ ၅ ရက်မှာ စစ်ကောင်စီက တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်ပါပြီ။ မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး အခွန်လွတ် မှတ်ပုံတင်ခိုင်းပါတယ်။ ဧပြီလ ၁ ရက်နေ့ကစပြီး မှတ်ပုံမတင်ထားရင် ဖုန်းတွေကို…
မြန်မာပြည်သူတွေဟာ အသက်ရှင်ဖို့အတွက် အန္တရာယ်များတဲ့ ခရီးတွေသွားနေရပြီး ဘေးဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရဟု ဖော်ပြ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုတွေနဲ့ ကန့်သတ်ချက်တွေကြောင့် တချို့မိသားစုတွေဟာ ထမင်းနပ်မှန်အောင်မစားနိုင်တော့ဘူးလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး(UNOCHA)က မတ်လ ၉ရက်ကထုတ်ပြန်ပါတယ်။ စီးပွားရေးကလည်း တောက်လျှောက်ကျဆင်းနေတာကြောင့် အခြေအနေတွေက တစ်နှစ်ထက် တစ်နှစ် ပိုမိုဆိုးရွားလာနေတယ်လို့လည်း ဆိုပါတယ်။ “ပြီးခဲ့တဲ့ ၂နှစ်လောက်က တထောင်တန်ပစ္စည်းတစ်ခုက ဒီနေ့ သုံးထောင် ဖြစ်နေပြီ။တစ်သောင်းတန် တစ်ရွက်က ရှာလို့သာခက်တာ အဲဒါပိုက်ဆံနဲ့ စျေးသွားလို့မရတော့ဘူး”လို့ ရန်ကုန်မြို့နေ အသက်(၄၀)အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ပြည်သူတွေဟာ အတော်လေး ဒုက္ခရောက်နေကြရပြီး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေကြောင့် လူပေါင်းများစွာဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေဟာ အသက်ရှင်ဖို့အတွက် အန္တရာယ်များတဲ့ ခရီးတွေကို သွားနေကြရပြီး ဘေးဒုက္ခမျိုးစုံနဲ့…