📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Category: Celebrity

  • ကိုငြိမ်းမောင် ကျေးဇူးနဲ့ ကမ္ဗည်းစံချိန်သစ် ရေးထိုးနိုင်ခဲ့တဲ့ “အမွေ” ရုပ်ရှင်ဇာတ်ကားကြီး

    ကိုငြိမ်းမောင် ကျေးဇူးနဲ့ ကမ္ဗည်းစံချိန်သစ် ရေးထိုးနိုင်ခဲ့တဲ့ “အမွေ” ရုပ်ရှင်ဇာတ်ကားကြီး

    နေအောင်ပါဝင်တဲ့ “အ​မွေ”ရုပ်ရှင် ပထမရက်မှာတင် ဝင်ငွေအနည်းဆုံး စံချိန်တင် စစ်မှူထမ်းတာကို ထောက်ခံပြောဆိုခဲ့တဲ့ ရုပ်ရှင်မင်းသား နေအောင်ပါဝင်ထားတဲ့ “အမွေ” ရုပ်ရှင်ဇာတ်ကားဟာ ပထမရက်မှာတင် ဝင်ငွေအနည်းဆုံး စံချိန်တင်သွားခဲ့ကြောင်း ရုပ်ရှင်လောကနဲ့ နီးစပ်သူအချို့က ပြောပါတယ်။ စက်တင်ဘာ ၂၅ ရက်မှာ စတင်ရုံတင်ပြသတဲ့ ဒါရိုက်တာ သြရသ ရိုက်ကူးပြီး နေအောင်၊ နေတိုး၊ ဇင်အောင်၊ နော်ဖော်အယ်ထားတို့ပါဝင်ထားတဲ့”အမွေ” ရုပ်ရှင်ဇာတ်ကားဟာ စတင်ပြသတဲ့ ဒီကနေ့မှာတင် ဝင်ငွေအနည်းဆုံး စံချိန်တင်သွားခဲ့တာဖြစ်ကြောင်း ရုပ်ရှင်လောကနဲ့ နီးစပ်သူအချို့က ပြောပါတယ်။ “မြန်မာ့ရုပ်ရှင်လောကရဲ့ ဝင်ငွေစံချိန် အနည်းဆုံးကား အဖြစ် စံချိန်တင်သွားပြီဖြစ်။ နာမည်ကြီး မင်းသား နေတိုး ပါသည့်တိုင် ၊ နာမည်ကြီး ဒါရိုက်တာ သြရသ ရိုက်ကူးသည့်တိုင် ကို နေအောင်ကြောင့်ဖြစ်သွား..”လို့ မြန်မာ့ရုပ်ရှင်လောကသားတစ်ဦးက ပြောပါတယ်။ အမွေရုပ်ရှင်ဇာတ်ကားကို…

  • သူတို့အလှည့် လာချေပြီ

    သူတို့အလှည့် လာချေပြီ

    အနုပညာရှင်၊ အတတ်ပညာရှင်၊ လုပ်ငန်းရှင်နှင့် ၎င်းတို့သားသမီးများကို စစ်မှုထမ်းဆင့်ခေါ်မည်ဟု ဦးမင်းအောင်လှိုင်အစိုးရ၏ ကာကွယ်ရေးဒုဝန်ကြီးသတိပေး လတ်တလောတွင်စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရနေသည့် အနုပညာရှင်၊ အတတ်ပညာရှင်၊ လုပ်ငန်းရှင်များနှင့် ၎င်းတို့၏သားသမီးများကို အလှည့်ကျစစ်မှုထမ်းဆင့်ခေါ်မည်ဟု ယမန်နေ့က နေပြည်တော်တွင်ကျင်းပခဲ့သည့် စစ်အုပ်စု၏ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကာကွယ်ရေးဒုဝန်ကြီးက သတိပေးလိုက်သည်။ ထိပ်တန်းစစ်ဗိုလ်ချုပ်များ၏ သားများပင်လျှင်စစ်မှုထမ်းဆင့်ခေါ်ခံနေရချိန်တွင် ကင်းလွတ်ခွင့်ရနေသည့် သူများအကြောင်း ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်ကိုယ်စားပြု ကြံ့ခိုင်ရေးအမတ် ဦးဥာဏ်ဝင်းထိုက်က မေးခွန်းထုတ်ချိန်တွင် အရပ်သားအရေခြုံစစ်အစိုးရ၏ ကာကွယ်ရေးဒုဝန်ကြီးက ယင်းကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ အနုပညာရှင်၊ အတတ်ပညာရှင်၊ လုပ်ငန်းရှင်များနှင့် ၎င်းတို့၏သားသမီးများသည် စစ်မှုထမ်းဥပဒေပါ ကင်းလွတ်ခွင့်နှင့် မကိုက်ညီပါက ‘အလှည့်ကျတာဝန်ထမ်းဆောင်ရမယ်’ ဟု ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့်ကဆိုသည်။ စစ်မှုထမ်းဥပဒေကို အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေကရေးဆွဲခဲ့ပြီး အာဏာရှင်လက်သစ် ဗိုလ်ချုပ်မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်တွင်အတည်ပြုခဲ့သည်။ ထိုဥပဒေဖြင့် ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ…

  • မြေးဖြစ်သူကို နိုင်ငံခြားလွှတ်ဖို့ ပြင်နေပြီဖြစ်တဲ့ နေအောင်

    မြေးဖြစ်သူကို နိုင်ငံခြားလွှတ်ဖို့ ပြင်နေပြီဖြစ်တဲ့ နေအောင်

    တိုင်းပြည်အတွက် အသက်စွန့်ပြီးစစ်မှုထမ်းရန် တိုက်တွန်းသူ နေအောင် မြေးဖြစ်သူကို နိုင်ငံခြားသို့ စေလွှတ်ရန် ပြင်ဆင်နေ တိုင်းပြည်အတွက် အသက်စွန့်၍ စစ်မှုထမ်းရန် ပြည်သူလူထုကို တိုက်တွန်းပြောဆိုထားသူ သရုပ်ဆောင် နေအောင်သည် မြေးဖြစ်သူအား အနုပညာအမွေ ဆက်ခံခိုင်းတော့မည်မဟုတ်ဘဲ နိုင်ငံခြားသို့ ပညာသင်ကြားရန် ပို့ဆောင်မည်ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။ မြေးဖြစ်သူ အောင်ဘုန်းလှိုင်မှာ အရပ် ၆ ပေကျော်၊ အသက် ၁၈ နှစ်ပြည့်ပြီး ကျန်းမာသန်စွမ်းသဖြင့် စစ်မှုထမ်းနိုင်သည့် အခြေအနေရှိသူ ဖြစ်သည်။ လက်ရှိတွင် International School တစ်ခု၌ ပညာသင်ကြားနေပြီး အနာဂတ်တွင် နိုင်ငံခြား၌ ဆက်လက်ပညာသင်ယူရန် စီစဉ်ထားကြောင်း သိရသည်။ ထိုသို့ မြေးဖြစ်သူကို နိုင်ငံခြားသို့ ပို့ရန် စီစဉ်နေသော်လည်း နေအောင်သည် ပြည်သူလူထု၏ သားသမီးများ နိုင်ငံရပ်ခြားသို့ သွားရောက်ပညာသင်ကြားခြင်းနှင့် အလုပ်လုပ်ကိုင်ခြင်းတို့အပေါ်…

  • Project K အဖွဲ့ဝင်ဟောင်း Morris မြန်မာပြည်သို့ ပြန်ရောက်နေထိုင်

    Project K အဖွဲ့ဝင်ဟောင်း Morris မြန်မာပြည်သို့ ပြန်ရောက်နေထိုင်

    အကြွေးသိန်းသောင်းချီချေးယူပြီး ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားတဲ့ Project K အဖွဲ့ဝင်ဟောင်း Morris မြန်မာပြည်သို့ ခပ်တည်တည်ဖြင့် ပြန်ရောက်နေထိုင်🙏🏻🙏🏻 နာမည်ကြီး Boy Band တစ်ခုဖြစ်တဲ့ Project K အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်း Morris ဟာ လွန်ခဲ့တဲ့လေးနှစ်ကျော်က ငွေကြေးဆိုင်ရာ အရှုပ်အရှင်းတွေနဲ့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီးနောက် အခုအခါမှာတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။ ဖြစ်စဉ်ရဲ့အစမှာတော့ Morris ရဲ့အမွှာညီအကိုတော်စပ်သူ ဘုန်းနေလင်းခိုင် က မြန်မာပြည်ပြန်ရောက်လာတဲ့အမှတ်တရအနေနဲ့ ” ၄ နှစ်ကြာမှ ပထမဆုံး ညီကိုနှစ်ယောက်အတူရိုက်တဲ့ ပုံ ” ဆိုပြီး ဆိုရှယ်မီဒီယာမှာ ဝမ်းသာအားရ တင်ပြလာခဲ့ပါတယ်။ အဲ့ဒီလို တင်လိုက်ချိန်မှာပဲ လွန်ခဲ့တဲ့လေးနှစ်ကျော်ကတည်းက ကျန်ရစ်ခဲ့တဲ့ အကြွေးရှင်တွေနဲ့ အနုပညာရှင်အသိုင်းအဝိုင်းကပါ Comment မှာ ဝိုင်းဝန်းတောင်းဆိုလာကြပါတော့တယ်။ “ဘယ်လိုဖြေရှင်းပေးမှာလဲ”၊…

  • သမီးငယ်အား ခြင်ထောင်ထဲပိတ်လှောင်ပြီး ရက်စက်ခဲ့တဲ့ ဖခင်ကို တရားစွဲတော့မယ့် ခိုင်နှင်းဝေ

    သမီးငယ်အား ခြင်ထောင်ထဲပိတ်လှောင်ပြီး ရက်စက်ခဲ့တဲ့ ဖခင်ကို တရားစွဲတော့မယ့် ခိုင်နှင်းဝေ

    ခြင်ထောင်ထဲပိတ်လှောင်ပြီး သမီးငယ်ကို ရက်စက်ခဲ့သည့် ဖခင်အရင်းအား ခိုင်နှင်းဝေဂေဟာမှ တရားလိုပြုလုပ်၍ တရားစွဲဆို အိမ်ဆိုတာ ကလေးငယ်တွေအတွက် အလုံခြုံဆုံး၊ အနွေးထွေးဆုံး နားခိုရာဖြစ်ရမယ့်အစား ဖခင်အရင်းရဲ့ ရက်စက်မှုတွေအောက်မှာ နေ့စဉ်နဲ့အမျှ ငရဲခန်းသဖွယ် ဖြတ်သန်းခဲ့ရတဲ့ ၈ နှစ်အရွယ် သမီးငယ်လေးရဲ့ ဖြစ်ရပ်ဆိုးဟာ ကြားရသူတိုင်း ရင်ကွဲမတတ်ပါပဲ။ ကယ်တင်နိုင်ခဲ့တဲ့ သတင်းကို မနေ့ညကတည်းက ကြားသိခဲ့ရပြီး ဝမ်းသာခဲ့ရပေမယ့်၊ အခုအခါမှာတော့ ပိုပြီးထိုက်တန်တဲ့ တရားမျှတမှုတစ်ခုကိုပါ ထပ်မံလုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ သမီးငယ်လေးကို ခြင်ထောင်ထဲပိတ်လှောင်ပြီး ကြောက်လန့်တကြား ငိုကြွေးနေတဲ့ကြားက ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခဲ့တဲ့ ဖခင်အရင်းဖြစ်သူကို “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ” ကနေ ကိုယ်တိုင်တရားလိုပြုလုပ်ပြီး “ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှု” နဲ့ တရားစွဲဆိုမှုတွေ ဆက်လက်လုပ်ဆောင်နေပြီလို့ ဒီကနေ့နံနက်မှာ ထပ်မံအသိပေးလာပါတယ်။ ဖြစ်စဉ်ကို ပြန်ကြည့်ရင် အသက် ၈…