Author: Baby Yit Lone
-

သေချာပေါက်ရမယ့် ပေါင်ငါးသောင်းကို ယူမလား၊ တစ်ဝက်သေချာတဲ့ပေါင်တစ်သန်းကို ယူမလား
ဗြိတိသျှ စတာလင်ပေါင်ငွေ ငါးသောင်း (အမေရိကန်ဒေါ်လာ ၆ သောင်းခွဲကျော်)ကို ချက်ချင်းယူမလား ဒါမှမဟုတ် ရဖို့ တစ်ဝက်ပဲ သေချာတဲ့ ပေါင်ငွေ တစ်သန်း (အမေရိကန်ဒေါ်လာ ၁.၃၆ သန်း) ကို အရဲစွန့် ယူမလားဆိုရင် ဘာရွေးကြမှာပါလဲ။ အရွယ်ရောက်ပြီး ဗြိတိန်နိုင်ငံသား ၄,၆၀၀ ကို ယူဂေါ့(YouGov) နိုင်ငံတကာ သုတေသနနဲ့ အချက်အလက်ရှာဖွေရေး ကုမ္ပဏီက ဒီမေးခွန်းကို မေးပြီး မကြာသေးခင်က စစ်တမ်းကောက်ယူကြည့်ခဲ့ပါတယ်။ အဖြေက ဘာဖြစ်မယ် ထင်ပါလဲ။ မေးခဲ့သူ စုစုပေါင်းရဲ့လေးပုံ သုံးပုံ နီးပါး (၇၃ ရာခိုင်နှုန်း) လောက်က ပေါင်ငါးသောင်းကိုပဲ ချက်ချင်းယူမယ်လို့ ဖြေကြပါတယ်။ ငါးပုံတစ်ပုံကျော်လောက် (၂၁ ရာခိုင်နှုန်း)ကတော့ ပေါင် ၁ သန်းကို အရဲစွန့်ယူမယ်လို့ ဆိုပါတယ်။ ၆…
-
မန်းမှာ ငပေါက်ရဲ့ သားတပည့်တွေ ပွဲကြမ်းနေပြီ
မန္တလေး ကျောက်ဝိုင်းတွင် မဘသ အမျိုးသားရေး အစွန်းရောက် ပေါက်သင်္ကန်းဝတ် တပည့်ရင်း ပျူစောထီး ဇင်မျိုးထက်(ခ) ဖိုးသားလေးနှင့်အဖွဲ့က ကျောက်ကုန်သည်တစ်ဦးကို ဓားထောက်လုယက် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ ၈၇ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားရှိ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းတွင် ကျောက်ကုန်သည်တစ်ဦးထံမှ ငွေသားနှင့် ကျောက် မျက်ရတနာများကို ဓားထောက်လုယက်ခဲ့သည့် ပျူစောထီး အဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ ဩဂုတ်လ ၁၈ ရက် နံနက် ၁၀ နာရီခွဲခန့်က ကျောက်ကုန်သည် ကိုထက်အောင်ကို အမျိုးသား ၂ ဦးက စစ်ဆေးစရာရှိသည်ဟုဆိုကာ ပခုံးဖက်ပြီး ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းအပြင်ဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ထို့နောက် ကိုထက်အောင်ထံတွင် ပါရှိသည့်…
-
ခေါင်းစိမ်း D.B ဖြစ်သလိုပစ်သွားကြလို့ ရှင်းပေးရပြန်ပြီ
မြိုင်နယ်၊ တောင်စုံရွာမှာ ဖြစ်သလိုမြေမြှုပ်ထားတဲ့ စစ်အုပ်စု ရုပ်အလောင်း ၁၀လောင်းကျော်ကို တော်လှန်ရေးအဖွဲ့တွေ ရှင်းလင်းပေးခဲ့ရ စစ်အုပ်စု ဆယ်ရက်ကြာ အထိုင်ချတပ်စွဲသွားတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ် ၊တောင်စုံကျေးရွာမှာ ဖြစ်သလို မြေမြှုပ်ပစ်ထားခဲ့တဲ့ စစ်အုပ်စု ရုပ်အလောင်း(၁၀)လောင်းထက်မနည်းကို တော်လှန်ရေးတပ်တွေက ရှင်းလင်းပေးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်အုပ်စုဟာ မြိုင်နယ် တောင်စုံကျေးရွာမှာ ဩဂုတ်လ ၁၄ ရက်နေ့ကတည်းက ၁၀ရက်ကြာ အထိုင်ချတပ်စွဲကာ အဆိုပါကျေးရွာအနီး တော်လှန်ရေးတပ်တွေနဲ့ နေ့စဉ်နီးပါးတိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ အဆိုပါရုပ်အလောင်းတွေဟာ တော်လှန်ရေးတပ်ပူးပေါင်းတပ်တွေက အညာတမာစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေအတွင်းမှာ သေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေဖြစ်နိုင်ပြီး အထိနာခဲ့တဲ့ စစ်အုပ်စုက ကျေးရွာအတွင်း ဖြစ်သလို ထားရှိခဲ့တာဖြစ်တယ်လို့ နယ်မြေရှင်းလင်းရေးမှာ ပါဝင်တဲ့ ဒေသခံရဲဘော်တစ်ဦးက ပြောပါတယ်။ စစ်အုပ်စုဟာ သေဆုံးသွားတဲ့ စစ်အုပ်စုဝင်တွေရဲ့ ရုပ်အလောင်းတချို့ စောင်နဲ့ထုပ်ပြီး…
-

မိခင်ကို ခု-/တ်T-တ်နေတာ ဝင်ဆွဲရင်း လက်မတစ်ချောင်းနဲ့ မျက်လုံးတဖက် ဆုံးရှုံးလိုက်ရတဲ့ ၁၄ နှစ်သားလေး
မိခင်ဖြစ်သူကို ငှက်ကြီးတောင်နဲ့ ခုတ်နေတာတွေ့လို့ ဝင်ဆွဲ ကာကွယ်ဆွဲရင်း လက်မတစ်ချောင်းနဲ့ မျက်လုံးတဖက် ဆုံးရှုံးလိုက်ရပြီး မျက်နှာနဲ့ ခေါင်းမှာလည်း ပုံပျက်လောက်တဲ့အထိ ဒဏ်ရာများစွာ ရှိခဲ့သူ ၁၄ နှစ်အရွယ် သားငယ်လေးရဲ့ မိခင်ကိုတမ်းတလွမ်းဆွတ်မှုလေး ကျောင်းကနေအပြန် သူ့ရဲ့ မိခင်ဖြစ်သူကို ဘေးအိမ်ကလူက ငှက်ကြီးတောင် နဲ့ အဆက်မပြတ်ခုတ်နေတာ တွေ့ရလို့ ကျောင်းလွယ်အိတ်လေးချပြီး မိခင်ဆီအပြေးသွား အဆိုပါသူရဲ့ ဓားချက်တွေကနေ သက်သာလိုသက်သာငြား ကိုယ်လုံး၊ လက်တို့နဲ့ ဝင်ဆွဲ ဝင်ကာကွယ်ခဲ့ပေမယ့် ယုတ်မာရိုင်းစိုင်းလွန်းတဲ့ တဖက်လူရဲ့ ငှက်ကြီးတောင် ဒဏ်ကို ဘယ်လိုမှ မကာကွယ်နိုင်ဘဲ မိခင်ဖြစ်သူလည်းသေ အဆိုပါ ဝင်ဆွဲသူ ၁၄ နှစ်အရွယ်သားလေးမှာလည်း မျက်လုံးတစ်ဖက် လက်မတစ်ချောင်း ဆုံးရှုံးခဲ့ပြီး ဦးခေါင်းနဲ့ မျက်နှာမှာလည်း ပုံပျက်လောက်တဲ့အထိ ဒဏ်ရာတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ နေပြည်တော်…
-

အိမ်ပြန်မရောက်လာတော့တဲ့ G7 ကျောင်းသားလေး
ရေတွေတအားတတ်နေလို စိတ်ပူပြီး အဖေ့ရဲ့ အုတ်ဂူကို သွားကြည့်ရာကနေ ရေစီးနဲ့မြောပြီးအိမ်ပြန်မရောက်လာတော့တဲ့ ၇ တန်း ကျောင်းသားလေး လတ်တလော ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ ကြားရသူတိုင်း ရင်နာစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခု ရေကြည်မြို့နယ်အပိုင် ဆင်ကူးချောင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ အသက်မပြည့်သေးတဲ့ (၇) တန်းအရွယ် ကျောင်းသားလေး နှစ်ယောက်ဟာ အဖေ့ရဲ့ အုတ်ဂူကို သွားရောက်ကြည့်ရှုရာကနေ အပြန်လမ်းမှာ မထင်မှတ်ဘဲ ချောင်းရေနဲ့အတူ ရုတ်တရက် မျောပါသွားခဲ့တာပဲ ဖြစ်ပါတယ်။ စိတ်ပူပြီး သွားကြည့်ရာကနေ ကြုံလိုက်ရတဲ့ အဖြစ်ဆိုး ဖြစ်စဉ်ကတော့ ရေကြည်မြို့နယ်အပိုင် ဆရာစံရပ်ကွက်နဲ့ ဆင်ကူးရပ်ကွက်အကြား အလယ်မှာရှိတဲ့ ဆင်ကူးချောင်းမှာ ဖြစ်ပွားခဲ့တာပါ။ ကလေးငယ် နှစ်ဦးဟာ ရေတွေကြီးနေတဲ့အချိန် ဖခင်ဖြစ်သူရဲ့ အုတ်ဂူကို စိတ်ပူပြီး သွားရောက်ကြည့်ရှုခဲ့ကြတာပါ။ ဒါပေမယ့် အပြန်လမ်းမှာတော့ ရေစီးသန်နေတဲ့ ချောင်းထဲကို အမှတ်မထင်…