Author: Baby Yit Lone
-
ဖော်တကာ နိုင်ငံလို့ အမည်တွင်ခဲ့တဲ့ နိုင်ငံကိုတောင် လိုက်မမှီတော့တဲ့အဖြစ်
နားနဲ့မနာ ဖဝါးနဲ့မနာ နှလုံးသားနဲ့ နာတော်မူပါ။ ။ အေးဗျာ။ ကျုပ်တို့စာရေးသူတွေများ ခံစားပြင်းပြင်းနဲ့ စာရေးချင်ပြီဟေ့ ဆိုရင် စကားလုံးရှာရတဲ့ ဒုက္ခဟာ အင်မတန်ကြီးသဗျာ။ တကယ်တော့ ကျုပ်စာရေးတဲ့အခါ ကျုပ်ရင်ထဲမှာ ခံစားနေရတာကို စာဖတ်သူတွေ မူရင်းအတိုင်း ခံစားရလေအောင်၊ ဆရာကြီးရွှေဥဒေါင်းရဲ့ စကားကို ငှားသုံးရရင် နားသယ်ကိုရော နှလုံးသားကိုပါ တူနဲ့နှက်လိုက်သလို ဒုတ်ဒုတ်ထိ ခံစားနိုင်အောင် ရေးပြချင်တာပါ။ ဖြစ်နိုင်ရင်ဖြင့် စလေဆရာဦးပုညလို ဖတ်သူရင်ထဲ နင့်ကနဲ ဖြစ်သွားစေတဲ့ ပျစ်ပျစ်နှစ်နှစ် စကားလုံးအသစ်အဆန်းတွေ ရေးပြဖို့ ဆိုတာကလည်း ကျုပ်မှာပါရမီ မပါပြန်ဘူးဗျာ။ ခက်လှပါသကော။ ဒီကြားထဲ စာပေအလင်္ကာ ပျို့ကဗျာ စသည်တွေမှာ ဂါမ္မဒေါသ မသင့်အပ်ဘူးလို့ ရှေးဆရာကြီးများရဲ့ မိန့်မှာချက်ကလည်း ရှိနေသေးဗျာ။ ဂါမ္မဒေါသဆိုတာ “မယဉ်ကျေးတဲ့ အသုံးအနှုန်း၊ အရပ်စကား သို့မဟုတ်…
-

ကိုယ်ပိုင်စာပေ သင်ကြားနေပြီဖြစ်တဲ့ ရက္ခိုင်ပုရ
AA နယ်မြေများတွင် ၁၂ တန်းကို ရခိုင်ဘာသာသင်ရိုးသစ်ဖြင့် စတင်ဖြန့်ဝေသင်ကြား အာရက္ခတပ်တော်(AA) ထိန်းချုပ်ရာ ဒေသများရှိ အခြေခံပညာစာသင်ကျောင်းများတွင် ယခုလဆန်းမှ စတင်၍ ၁၂ တန်းတွင် မြန်မာဘာသာရပ်အစား ရခိုင်ဘာသာဖြင့် ရေးသားထားသည့် ပြဋ္ဌာန်းစာအုပ်များဖြင့် အစားထိုးသင်ကြားပေးနေကြောင်း ဒေသခံများ၊ သင်ကြားပေးနေသူ ဆရာများထံက သိရသည်။ AA ၏ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခအမျိုးသားပညာရေးဌာနက အသစ်ရေးဆွဲထားပြီး ရခိုင်ဘာသာဖြင့် ရေးသားထားသည့် ထိုပြဋ္ဌာန်းစာအုပ်များကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ် စတင်သည့် ယခုလအတွင်း ၁၂ တန်း (ဒွါဒသမတန်း) ကျောင်းသားကျောင်းသူများထံ ဖြန့်ဝေခဲ့သည်။ ထိုပြဋ္ဌာန်းစာအုပ်တွင် သဒ္ဒဗေဒ မိတ်ဆက်၊ နရာဓိပတိကျောက်စာ၊ စာစီစာကုံးရေးနည်း၊ ရုံးစာ ရေးသားနည်း အပါအဝင် ပညာရေးနှင့်သက်ဆိုင်သည့် သင်ကြားပို့ချမှုများ ပါဝင်သည်၊ မြန်မာ့ သမိုင်းမှာ သင်ကြားမှုတွင် မပါဝင်ကြောင်း…
-

လဖက်သုပ်ဝယ်ဖို့ထွက်သွားရာက အိမ်ပြန်ရောက်မလာတော့တဲ့ ၁၁ နှစ်သားလေး
မိခင်ဖြစ်သူ ရင်ကွဲမတတ် အရူးတစ်ပိုင်း စိတ်ပူပြီး တစ်ညလုံး တစ်နေ့လုံး လိုက်လံရှာဖွေနေရတဲ့ သားငယ်လေး အိမ်သို့ အမြန်ဆုံး အန္တရာယ်ကင်းကင်း ပြန်ရောက်နိုင်ဖို့အတွက် မိဘပြည်သူများအားလုံး တစ်ယောက် တစ်ချက်အားနဲ့ ဝိုင်းဝန်း မျှဝေ (Share) ပေးပြီး ကူညီပေးကြပါဦးရှင်…။ 🙏🙏🙏 🚨26ရက်ညနေကပျောက်ဆုံးသွားသည့် အခြေအနေ မနေ့က (26.8.2026) ရက်နေ့ ညနေ6နာရီလောက်မှာ ညစာထမင်းနဲ့စားဖို့ အိမ်ကနေ လမ်းထိပ် လဖက်သုပ်ဝယ်ဖို့ထွက်သွားခဲ့တာ ဖြစ်ပါတယ်(အမေလုပ်သူ နေမကောင်းဖျားနေ၍)။ ၆ နာရီခွဲအထိ နာရီဝက်ကြာလို့ ပြန်ရောက်မလာလို့ အမေလုပ်သူလိုက်သွား လိုက်ရှာကာမှ သားလေးပျောက်သွားပီလို့ သိလိုက်ရ၍ တစ်ညလုံး လိုက်မေး လိုက်ရှာနေရာတွေအနှံ့ လိုက်လံရှာဖွေခဲ့ပေမယ့် အခုထိ မတွေ့ရသေးပါဘူး 🥺😢 📝 ပျောက်ဆုံးသူ သားငယ်လေး၏ အချက်အလက်များ အမည် – မောင်ရဲခန့်ကို…
-
ရွှေဒါးကျရွာ ဆရာတော် ပျံလွန်တော်မူမှု နောက်ဆက်တွဲတွေ လာပြီ
ပြည်သူ့စစ် သံသယဖြင့် ဖမ်းဆီးစစ်ဆေးစဉ် ရဟန်း ၁ ပါး ပျံလွန် ရွှေဒါးကျကျေးရွာတွင် ပြည်သူ့စစ်ဖွဲ့စည်းရန် ဦးဆောင်သူများနှင့် ဆက်စပ်သံသယရှိသည့် စွပ်စွဲချက်ဖြင့် ဆရာတော်တစ်ပါး ဖမ်းဆီးစစ်ဆေးခံရစဉ် သေဆုံးမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၌ ပြည်သူ့စစ်ဖွဲ့စည်းရေး ပါဝင်သည်ဟူသော သံသယဖြင့် ရဟန်းတစ်ပါးကို အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံအဖွဲ့များက သီတင်းတစ်ပတ်အကြာ ဖမ်းဆီးစစ်ဆေးပြီးနောက် ဩဂုတ်လ ၂၅ ရက်တွင် ပျံလွန်တော်မူသွားကြောင်း ဒေသခံများထံက သိရသည်။ ချောင်းဦးနှင့် မုံရွာမြို့နယ်နှစ်ခု နယ်စပ် ချောင်းဦးမြို့အနောက်ဘက် ခုနစ်မိုင်အကွာ ရွှေဒါးကျကျေးရွာမှ သက်တော် ၅၂ နှစ်အရွယ် ဦးက္ကန္ဒာစာရ နှင့်အတူ ဒေသခံလေးဦးကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဩဂုတ်လ ၁၈ ရက် ညပိုင်း၌ လာရောက်ဖမ်းဆီးခဲ့သည်။ တချိန်တည်းမှာပင် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ကလည်း…
-
အယ်ဘတို့အတွက် 💄ရှေ့ကလာမလား နောက်ကလာမလား
ရခိုင်ရိုးမပေါ် အသေခံတက်ရမည့် ပစ များ တပ်အရာရှိကို လုပ်ကြံရှင်းလင်းပြီး အလင်းဝင်လျှင် ကျပ်သိန်း ၁၀၀၀ ထိ ဆုချီးမြှင့်မည် မကွေးတိုင်း၊မင်းတုန်းမြို့နယ်ရောက် စစ်မှုထမ်းတပ်သားများအနေဖြင့် တပ်အရာရှိများကို လုပ်ကြံ ရှင်းလင်းပြီး အလင်းဝင်လာပါက ကျပ်သိန်း ၁၀၀၀ အထိ ဆုချီးမြှင့်မည်ဟု သရက်ခရိုင်ပကဖ တာဝန်ခံ ကိုဗဟိန်းက ထုတ်ပြန်လိုက်သည်။ ဗိုလ်မှူးကြီး အဆင့်ကို လုပ်ကြံပြီး အလင်းဝင်လာသူကို ကျပ်သိန်း ၁၀၀၀၊ ဒုဗိုလ်မှူးကြီးအဆင့် သိန်း ၇၀၀၊ ဗိုလ်မှူးအဆင့် သိန်း ၅၀၀၊ ဗိုလ်ကြီးအဆင့် သိန်း ၃၀၀၊ ဗိုလ်အဆင့် သိန်း ၂၀၀ နှင့် ဒုဗိုလ်အဆင့် သိန်း ၁၀၀ ချီးမြှင့်မည်ဟု ကိုဗဟိန်းကဆိုသည်။ စစ်မှုထမ်းတပ်သားများကို ယခုလို ရာသီဥတုမျိုးတွင် မင်းတုန်းမြို့အနောက်ဘက်ရှိ ရခိုင်ရိုးမပေါ် တက်ကာ…