Author: Baby Yit Lone
-
မြောင်နယ် တရားစခန်း 🛩🚀ကြဲမှုမှာ T-ဆုံးသွားရပြန်တဲ့ ဆယ်ကျော်သက်လူငယ်လေး
မြောင်နယ် တရားစခန်းဗုံးကြဲမှု ဆယ်ကျော်သက် ယောကျာ်းလေးတစ်ဦး ထပ်မံသေဆုံးပြီး စုစုပေါင်း သေဆုံးသူ ၁၆ ဦးအထိရှိလာ ပြီးခဲ့တဲ့ သြဂုတ် ၂၁ရက်နေ့က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာ ဘုန်းကြီးကျောင်း ဗုံးကြဲတဲ့ ဖြစ်စဉ်မှာ ပြင်းထန်ဒဏ်ရာရခဲ့ပြီး ဆေးကုသမှုခံနေရသူတွေထဲက ဆယ်ကျော်သက် ယောကျာ်းလေးတစ်ဦး ထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာပြီလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ မြောင်-ပရိမ္မ လမ်းပေါ်ရှိ ဆွဲလဲအိုကျေးရွာ တရားစခန်းပွဲကို ဩဂုတ် ၂၁ ရက် မနက် ၉ နာရီအချိန်မှာ စစ်အုပ်စု တံတားဦးလေဆိပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကနဦး သေဆုံးသူ ၁၄ ဦးရှိခဲ့ပြီး ဩဂုတ် ၂၃ ရက်မှာ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး…
-

ရွှေကူက မဟာဗျူဟာစခန်းကြီး ဆို့အောက်သွားပြန်ပြီ
ရွှေကူမြို့နယ်ရှိ စစ်တပ်၏ ဇင်းဘုံမဟာဗျူဟာစစ်စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြား ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ စစ်တပ်၏ ဇင်းဘုံ (Zin Bung) မဟာဗျူဟာစစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်၍ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးသူနှင့် ထိခိုက်ဒဏ် ရာရသူများ များပြားခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ ဩဂုတ်လ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေကူမြို့နယ်၊ ဇင်းဘုံဒေသရှိ စစ် တပ်၏ အခြေစိုက်ကာကွယ်ရေးစခန်းကို KIA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် ထိုးစစ်ဆင်တိုက်ခိုက်ကာ စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “ဩဂုတ်လ ၃၀ ရက်နေ့…
-
ဦးပိုင် အတွင်းပိုင်း အာဏာ လုမှုတွေ စ,ပြီ
အဂတိမှုဖြင့် ဦးပိုင်အကြီးတန်းအရာရှိ ၃ ဦး ဖမ်းဆီးခံရ ထိပ်တန်းဗိုလ်ချုပ်များအထိ စုံစမ်းမည်လား မေးခွန်းထုတ်စရာဖြစ်လာ ပုဂ္ဂလိကကုမ္ပဏီများအတွက် သွင်းကုန်လိုင်စင်များကို မိမိ၏ လုပ်ပိုင်ခွင့်ကိုကျော်ကာ လျှောက်ထားပေးမှုနှင့် ဆက်နွှယ်သည့် အဂတိလိုက်စားမှုစွပ်စွဲချက်များဖြင့် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီ၏ အကြီးတန်းအရာရှိ သုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း စုံစမ်းသိရှိရသည်။ ဖမ်းဆီးခံရသူသုံးဦးလုံးမှာ စစ်တပ်မှ အငြိမ်းစားအရာရှိများဖြစ်ပြီး စစ်တပ်၏ အင်အားအကြီးဆုံး စီးပွားရေးအင်ပါယာကြီးဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် (MEHL) တွင် အကြီးတန်းရာထူးများ ရယူထားသူများဖြစ်သည်။ မြန်မာ့စီးပွားရေးကဏ္ဍစုံတွင် လက်ဝါးကြီးအုပ်ထားသော စစ်တပ်၏ ဦးပိုင်ကုမ္ပဏီအတွင်း အကြီးတန်းအရာရှိများကို ယခုကဲ့သို့ အဂတိမှုဖြင့် ဖမ်းဆီးစစ်ဆေးခြင်းမှာ ရှားပါးဖြစ်စဉ်တစ်ခုဖြစ်သည်။ သွင်းကုန်လိုင်စင်လျှောက်ထားမှုတစ်ခုတွင် မသမာမှုများရှိနေသည်ကို ဩဂုတ်လ ၂၅ ရက်တွင် တွေ့ရှိခဲ့ပြီးနောက် ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့…
-

တိဘက်-နီပေါ ရေကြီးမှုမှာ ကျောင်းသား ၉၀၀ လောက်ကို အT-က်ဘေးက ကယ်တင်ခဲ့တဲ့ ကျောင်းအုပ်ကြီး
တိဘက်-နီပေါ ရေကြီးမှုအတွင်း ကျောင်းအုပ်ကြီးရဲ့ ဆုံးဖြတ်ချက်ကြောင့် နီပေါကျောင်းသား ၉၀၀ လောက် လွတ်မြောက်ခဲ့ နီပေါနိုင်ငံက ကျောင်းအုပ်ကြီး တစ်ဦးရဲ့ ဆုံးဖြတ်ချက် တစ်ခုဟာ ကျောင်းသူကျောင်းသား ၉၀၀ လောက်ဟာ လူသတ် တောင်ကျရေတွေရဲ့ အန္တရာယ်ဆိုးကြီးကနေ ကပ်ပြီး လွတ်မြောက်ခဲ့ကြပါတယ်။ ဩဂုတ် ၂၆ ရက်နေ့တုန်းက ဟိမဝန္တာ တောင်တန်းတွေနဲ့ ဆက်စပ်တည်ရှိတဲ့ ရေခဲမြစ်တစ်ခု ကျိုးပျက်တဲ့ သက်ရောက်မှုကြောင့် ဘိုတေးကောရှီ မြစ်ရဲ့ ရေလမ်းကြောင်း ပိတ်ဆို့ပြီး တရုတ်ပိုင် တိဘက်ကုန်းမြင့်ဒေသနဲ့ နီပေါ နိုင်ငံ နယ်စပ်မှာ ရုတ်တရက် တောင်ကျရေတွေ အလုံးအရင်း စီးဆင်းခဲ့ပါတယ်။ ညိုညစ်နေတဲ့ ရေထုကြီးနဲ့အတူ ရွာလုံးကျွတ် မျောပါ ပျောက်ဆုံးမှုတွေ ဖြစ်ခဲ့သလို လူနေဧရိယာတွေ အများအပြားဟာလည်း ရွှံ့ထုကြီးတွေ ဖုံးလွှမ်းကုန်ပါတယ်။ ဩဂုတ် ၃၀…
-
၁၄ နှစ်သမီးလေးကို $×ပြုကျင့်ပြီး T-ဖြတ်ခဲ့သူရဲ့ ဇာတ်သိမ်း
အသက်မပြည့်သေးသည့်အမျိုးသမီးငယ်တစ်ဦးအား အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့သူကို (SSPP/SSA) အထက်တရားရုံးက သေဒဏ်ချမှတ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် အ သက်မပြည့်သေးသည့် အမျိုးသမီးငယ်တစ်ဦးအား အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူ စိုင်းဆာစံအား ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟိုဌာနချုပ် အထက်တရားရုံးမှ စစ်ဆေးစီရင်ပြီးနောက် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ် သည်။ ပြစ်မှုကျူးလွန်သူ စိုင်းစံ(ခေါ်)စိုင်းဆာစံမှာ မြို့နယ်အမှတ် (၁၉)၊ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာနေ အသက် (၂၄) နှစ်အရွယ်ရှိသူဖြစ်ပြီး၊ ကျူးလွန်ခံရသူမှာ ၎င်း၏ ညီမဝမ်းကွဲတော်စပ်သူ လွယ်ကျိုင်းကျေးရွာနေ အသက် (၁၄) နှစ်အရွယ် နန်းစံဟွမ်ဖြစ်သည်။ ဖြစ်စဉ်မှာ ဇွန်လ (၁၄) ရက်၊ ၂၀၂၆ ခုနှစ် နေ့လယ်ပိုင်းတွင် စိုင်းစံက နန်းစံဟွမ်အား အလုပ်သွားရှာပေးမည်ဟု အကြောင်းပြကာ ခေါ်ဆောင်သွားခဲ့ပြီး၊ သီပေါမြို့နယ် ဘော်ကြိုကျေးရွာအုပ်စု၊ နမ့်ဟူးနွဲ့ကျေးရွာအနီးရှိ…