Se disse sidene: Utforsk come on og plattformens offisielle funksjoner for brukere. Les om kontohandtering, tjenestestruktur, spillutvalg og relevante vilkår.; Utforsk energy casino med fokus på plattformens struktur, kontohåndtering, lisenser og regulatoriske rammer for spillere i Norge.; Gratisspinn uten innskudd; Les en grundig gjennomgang av vegaz casino med fokus på plattformstruktur, transaksjonsvilkår og regulatoriske rammer for brukere i Norge.; Viggoslots casino; Chicken road game casino; Jalla casino; En analytisk gjennomgang av zoome casino, dets plattformstruktur, regulatoriske posisjon og vilkår for brukere i det norske markedet.; En helhetlig gjennomgang av betsafe casino med fokus på merkevarens plattform, internasjonale lisenser og de regulatoriske rammene i Norge.; King billy casino: Få en grundig oversikt over merkevarens plattformstruktur, spillutvalg, lisensforhold og rammer for brukere i det norske markedet.; Utforsk de tekniske mekanismene bak spilleautomater på nettet, fra tilfeldighetsgeneratorer til regulatoriske rammer og ansvarlig spill i Norge.; Artic casino; Alt du trenger å vite om astropay casino for norske spillere. Les om innskudd, uttak, gebyrer, transaksjonsflyt og regulatoriske rammer.; Lær hvordan casino sider fungerer i Norge, hva formelle lisensieringsstrukturer betyr for brukerbeskyttelse, og hvordan betalingsflyten er regulert.; Er det casino lovlig i norge? Få en oversikt over enerettsmodellen, betalingsrestriksjoner og hva som gjelder for pengespill på nett.; Casino nettsider; Dolly casino; Utforsk hvordan casino muchbetter fungerer for norske spillere. Få oversikt over app-baserte transaksjoner, sikkerhet og overføringer til pengespill.; Utforsk come on norge, dens offisielle plattformfunksjoner, kontohåndtering og de faktiske rammene for brukere i det norske markedet.; Comoen; Biglucky casino; Guts casino; Joo casino; Neosurf casino norge; Lucky spin casino; Beste betting side; Nv casino bonus forklarer de underliggende mekanismene bak omsetningskrav, bonusstrukturer og de faktiske regulatoriske rammene i Norge.; Lær alt om crash casino, mekanismene bak sanntidsbaserte multiplikatorer, betalingsflyt og regulatoriske rammer for norske spillere.; Astropay casino norge - En grundig gjennomgang av Astropay som betalingsløsning, transaksjonsflyt og regulatoriske rammer for norske brukere.; En analytisk gjennomgang av casinosider i Norge. Les om det nasjonale monopolet, internasjonale lisenser og betalingsrestriksjoner.; Betting side; Gratis penger casino uten innskudd - En grundig mekanisk analyse av vilkår, omsetningskrav, gevinsttak og juridiske grenser i det norske markedet.; Forstå de gjeldende casino regler i det norske markedet. Les om enerettsmodellen, internasjonale lisenser, betalingsrestriksjoner og ansvarlig spill.; Spille gratis på spilleautomater på nettet. Lær forskjellen på demomodus, lekepenger og vilkår knyttet til ulike typer tilbud i det norske markedet.; Les en grundig oversikt over 777 casino, plattformens internasjonale lisensstatus og hva som gjelder for brukere i det norske markedet.; Gates of olympus; Utforsk vilkår, betalingsflyt og nasjonale restriksjoner for mastercard online casino i Norge. En grundig gjennomgang av transaksjonsforhold.; Utforsk hvordan gambling spill er regulert i Norge, forstå tekniske mekanismer som utbetalingsprosent, og se hvordan betalingsformidling fungerer.; Utforsk hvordan et playtech casino fungerer, hvilke programvarestrukturer som benyttes, og hva de norske regulatoriske rammene betyr for spillere.; Prontobet casino; Anmeldelser; Bonuser; Spill; Kasinoer.

📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်
အာဏာရှင် ထောက်တိုင် ဒုညွှန်မှူးကို ရုံးထဲထိဝင်ဆွဲ

ရာထူးတိုးနဲ့ ပြောင်းလာတာ မကြာသေးတဲ့ ဒုညွှန်မှူးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ရုံးထဲအထိ ဝင်ရောက်ဖမ်းဆီးသွား ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ဆည်မြောင်းဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ပိုင် ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက ရုံးထဲအထိ ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီခန့်က ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်၊ ဂေါက်ကွင်းလမ်းဆုံအနီးရှိ ဆည်မြောင်းဦးစီးဌာနရုံးထဲကို အမည်မသိလက်နက်ကိုင် လူငယ်အဖွဲ့တခုက ဝင်ရောက်လာကာ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ပိုင် ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ “ဒီကို ရာထူးတိုးနဲ့ ပြောင်းလာတာ ၂ လလောက်ပဲ ရှိသေးတယ်၊ တခြားလူတွေနဲ့ ပြဿနာတက်ထားတာ မရှိဘူး၊ အဲ့နေ့က ဆိုင်ကယ်တွေနဲ့ ရုံးထဲရောက်လာပြီး ဒုညွှန်မှူးကို ဖမ်းသွားတာ၊ ဒီနေ့အထိ မိသားစုနဲ့ကော ရုံးကလူတွေနဲ့ကော အဆက်သွယ် […]

လှိုင်သာယာက လူနေအဆောင်ကြီး တစ်ခြမ်းနိမ့်ကျ၊ နောက်လှန်ကျ

လှိုင်သာယာတွင် လူနေအဆောင်ကြီး တစ်ခြမ်းနိမ့်ကျ၍ နောက်ဘက်သို့ လှန်ကျမှုဖြစ်ပွား၊ အဆောင်နေသူများ အရေးပေါ် ပြေးထွက်ခဲ့ရ ​ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ၃ ထိပ်မှတ်တိုင်အနီး မင်းရဲကျော်စွာ ၁၁ လမ်းအတွင်းရှိ လူနေအဆောင်ကြီးတစ်လုံးသည် စက်တင်ဘာ ၁၉ ရက် ညပိုင်းက ငလျင် သို့မဟုတ် လေပြင်းတိုက်ခတ်ခြင်း မရှိဘဲ အဆောက်အအုံ၏ တစ်ခြမ်း နိမ့်ကျကာ နောက်ဘက်သို့ လှန်ကျသွားခဲ့ကြောင်း သိရသည်။ ​ဖြစ်စဉ်အကျဉ်း အဆိုပါ အဆောက်အအုံ၏ တစ်ခြမ်းမှာ မြေသားဘက်သို့ နိမ့်ကျသွားခဲ့ပြီး အဆောက်အအုံ ကိုယ်ထည်တစ်ခုလုံးတွင်လည်း အက်ကွဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားချိန်တွင် အဆောင်အတွင်း နေထိုင်သည့် အလုပ်သမားများမှာ အရေးပေါ် စွန့်ခွာထွက်ပြေးခဲ့ကြရသဖြင့် ထိခိုက်ဒဏ်ရာ ရရှိသူ အခြေအနေကိုမူ ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိသည်။ ​ပတ်ဝန်းကျင်၏ စိုးရိမ်မှုများ သဘာဝဘေးအန္တရာယ် […]

ကိုငြိမ်းမောင် ကျေးဇူးနဲ့ ကမ္ဗည်းစံချိန်သစ် ရေးထိုးနိုင်ခဲ့တဲ့ “အမွေ” ရုပ်ရှင်ဇာတ်ကားကြီး

နေအောင်ပါဝင်တဲ့ “အ​မွေ”ရုပ်ရှင် ပထမရက်မှာတင် ဝင်ငွေအနည်းဆုံး စံချိန်တင် စစ်မှူထမ်းတာကို ထောက်ခံပြောဆိုခဲ့တဲ့ ရုပ်ရှင်မင်းသား နေအောင်ပါဝင်ထားတဲ့ “အမွေ” ရုပ်ရှင်ဇာတ်ကားဟာ ပထမရက်မှာတင် ဝင်ငွေအနည်းဆုံး စံချိန်တင်သွားခဲ့ကြောင်း ရုပ်ရှင်လောကနဲ့ နီးစပ်သူအချို့က ပြောပါတယ်။ စက်တင်ဘာ ၂၅ ရက်မှာ စတင်ရုံတင်ပြသတဲ့ ဒါရိုက်တာ သြရသ ရိုက်ကူးပြီး နေအောင်၊ နေတိုး၊ ဇင်အောင်၊ နော်ဖော်အယ်ထားတို့ပါဝင်ထားတဲ့”အမွေ” ရုပ်ရှင်ဇာတ်ကားဟာ စတင်ပြသတဲ့ ဒီကနေ့မှာတင် ဝင်ငွေအနည်းဆုံး စံချိန်တင်သွားခဲ့တာဖြစ်ကြောင်း ရုပ်ရှင်လောကနဲ့ နီးစပ်သူအချို့က ပြောပါတယ်။ “မြန်မာ့ရုပ်ရှင်လောကရဲ့ ဝင်ငွေစံချိန် အနည်းဆုံးကား အဖြစ် စံချိန်တင်သွားပြီဖြစ်။ နာမည်ကြီး မင်းသား နေတိုး ပါသည့်တိုင် ၊ နာမည်ကြီး ဒါရိုက်တာ သြရသ ရိုက်ကူးသည့်တိုင် ကို နေအောင်ကြောင့်ဖြစ်သွား..”လို့ မြန်မာ့ရုပ်ရှင်လောကသားတစ်ဦးက ပြောပါတယ်။ အမွေရုပ်ရှင်ဇာတ်ကားကို […]

သရက်ခရိုင်က PDF တပ်ဖွဲ့ဝင် ၆ ဦး ဘက်ပြောင်း

သရက်ခရိုင်အတွင်း စစ်ရေးတင်းမာနေချိန် PDF တပ်ဖွဲ့ဝင် ၆ ဦး အကြမ်းဖက်စစ်တပ်ထံ ဘက်ပြောင်း ​မကွေးတိုင်း၊ သရက်ခရိုင်အတွင်း စစ်ရေးတင်းမာနေချိန် အကြမ်းဖက်စစ်တပ်လက်အောက်ကို တပ်ဖွဲ့ဝင် ၆ ဦး လက်နက်တွေနဲ့အတူ ထွက်ပြေးအညံ့ခံသွားကြောင်း သရက်ခရိုင် အမှတ်-၄တပ်ရင်းရဲ့ သတင်းတာဝန်ခံ ကိုမြတ်ကမောင်းကိုပြောပါတယ်။ သရက်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ PDF သရက်ခရိုင် အမှတ်- ၄ တပ်ရင်းရဲ့ တပ်ဖွဲ့ဝင် ၆ ဦးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ပထမပတ်အတွင်းမှာပဲ အကြမ်းဖက်စစ်တပ်ရှိရာကို လက်နက်တွေနဲ့အတူ ထွက်ပြေးဘက်ပြောင်းသွားတယ်လို့ သိရပါတယ်။ အညံ့ခံဘက်ပြောင်းသွားသူတွေကတော့ ရန်ပိုင်စိုး(ခ) ပိုင်လေး၊ လမင်းသန့်၊ ဇင်မိုးအောင်၊ မိုးထက်ကျော်၊ မျိုးထက်နိုင်နဲ့ သူထူးစံ တို့ဖြစ်ကြပြီး ပထမဆုံးထွက်ပြေးသွားတဲ့ ရန်ပိုင်စိုး(ခ) ပိုင်လေးရဲ့ ဆက်လက်ချိတ်ဆက်မှုကနေ နောက်ထပ်ရဲဘော် ၅ ဦး ပါ […]

ဖွတ်ပါတီမှာ ပလစ်ခံလိုက်ရတဲ့ မအလ ရဲ့ လူယုံကြီး

ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ အဖြစ် အကြမ်းဖက်ခင်ရီ ပြန်လည် အရွေးချယ်ခံရပြီး မူလလူဟောင်းများကသာ အဓိကနေရာများ ရယူကာ မင်းအောင်လှိုင်လူယုံ အောင်လင်းဒွေးမှာ ပါတီထိပ်တန်းနေရာများတွင် ပါမလာ စစ်တပ်လက်အောက်ခံကြံ့ဖွတ်ပါတီဥက္ကဋ္ဌ အဖြစ် အကြမ်းဖက် ခင်ရီ ပြန်လည် အရွေးချယ်ခံရပြီး မူလလူဟောင်းများကသာ ပါတီ၏ အဓိကနေရာများ ရယူကာ မငးအောင်လှိုင်၏ လူယုံ အောင်လင်းဒွေးမှာ ပါတီအဓိကနေရာများတွင် ပါဝင်မလာကြောင်း ကြံ့ဖွတ်ပါတီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ ကြံ့ဖွတ်ပါတီညီလာခံ နောက်ဆုံးနေ့တွင် ပါတီဥက္ကဋ္ဌနှင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့များကို ပြန်လည် ရွေးချယ်ရာတွင် ခင်ရီက ဥက္ကဋ္ဌ အဖြစ် ထပ်မံ အရွေးချယ်ခံရကြောင်း၊ ဒုဥက္ကဋ္ဌများအဖြစ် မြတ်ဟိန်း နှင့် သောင်းအေး၊ အထွေထွေအတွင်းရေးမှူးအဖြစ် တင်အောင်ချစ်နှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် အောင်စိုးတို့ကို ရွေးချယ်လိုက်ကြောင်း […]

မြေးဖြစ်သူကို နိုင်ငံခြားလွှတ်ဖို့ ပြင်နေပြီဖြစ်တဲ့ နေအောင်

တိုင်းပြည်အတွက် အသက်စွန့်ပြီးစစ်မှုထမ်းရန် တိုက်တွန်းသူ နေအောင် မြေးဖြစ်သူကို နိုင်ငံခြားသို့ စေလွှတ်ရန် ပြင်ဆင်နေ တိုင်းပြည်အတွက် အသက်စွန့်၍ စစ်မှုထမ်းရန် ပြည်သူလူထုကို တိုက်တွန်းပြောဆိုထားသူ သရုပ်ဆောင် နေအောင်သည် မြေးဖြစ်သူအား အနုပညာအမွေ ဆက်ခံခိုင်းတော့မည်မဟုတ်ဘဲ နိုင်ငံခြားသို့ ပညာသင်ကြားရန် ပို့ဆောင်မည်ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။ မြေးဖြစ်သူ အောင်ဘုန်းလှိုင်မှာ အရပ် ၆ ပေကျော်၊ အသက် ၁၈ နှစ်ပြည့်ပြီး ကျန်းမာသန်စွမ်းသဖြင့် စစ်မှုထမ်းနိုင်သည့် အခြေအနေရှိသူ ဖြစ်သည်။ လက်ရှိတွင် International School တစ်ခု၌ ပညာသင်ကြားနေပြီး အနာဂတ်တွင် နိုင်ငံခြား၌ ဆက်လက်ပညာသင်ယူရန် စီစဉ်ထားကြောင်း သိရသည်။ ထိုသို့ မြေးဖြစ်သူကို နိုင်ငံခြားသို့ ပို့ရန် စီစဉ်နေသော်လည်း နေအောင်သည် ပြည်သူလူထု၏ သားသမီးများ နိုင်ငံရပ်ခြားသို့ သွားရောက်ပညာသင်ကြားခြင်းနှင့် အလုပ်လုပ်ကိုင်ခြင်းတို့အပေါ် […]

အညာတခွင် ပဲ့တင်ထပ်နေတဲ့ တောင်းပန်တိုးလျှိုး အော်ညည်းသံတွေ

အညာတခွင် ပဲ့တင်ထပ်နေတဲ့ တောင်းပန်တိုးသျှိုး အော်ညည်းသံတွေ ပေါက်နဲ့မြိုင်နယ်က ပြည်သူတွေကို စစ်အုပ်စု ဘယ်လို အမဲလိုက် သတ်ဖြတ်နေလဲ မိခင်ဖြစ်သူ ကြိုတင် စစ်ဘေးရှောင် ထွက်ပြေးမယ့်နောက် မစုဌေး တစ်ယောက် လိုက်ပါဖို့ အထုပ် တပြင်ပြင်။ ယခင်အကြိမ်တွေလို မဟုတ်ဘဲ ဒီတစ်ကြိမ် မစုဌေးကို ကြည့်ရတာ တော်တော်လေး ကြောက်ရွံ့ ထိတ်လန်နေတယ်လို့ မစုဌေးရဲ့ ညီမက ပြန်ပြောပြပါတယ်။ “ခေါ်မသွားရလို့ စိတ်မကောင်းတာ ရှိတယ်၊ ဖြစ်မယ့်နေ့က လိုက်ချင်တယ်နဲ့ ပြောတယ်၊ လိုက်လို့ မရဘူး၊ သူက လျှောက်ပြောတာကိုး၊ လမ်းကြောင်း စစ်ကြောင်းနဲ့တွေ့ရင် လျှောက်ပြောမှာမို့လို့ မလိုက်ခိုင်းတာ၊ အဲဒီ သူတို့သွားတဲ့နေ အဲဒီညနေ ထွက်ပြေးရတဲ့နေ့ပဲ၊ သူက ဒီတစ်ခါ အကြောက်ဆုံးပဲ လိုက်ချင်တာ” အသက် ၃၀ ကျော်အရွယ် […]

ယောနယ်ပြန် ခေါင်းစိမ်းများ

ကျောက်ထုမှ ပြန်ဆုတ်လာသည့် စစ်တပ်စစ်ကြောင်းတွင် တိုက်ပွဲအတွင်း အင်္ဂါမသန်ဖြစ်သွားသည့် အ‌ကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများ ပါဝင်လာ ယောဒေသ၊ ကျောက်ထုမြို့ အမှတ် (၃၆၈) အမြောက်တပ်မှ စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ထွက်ခွာလာသည့် အင်အား ၂၀၀ ပါ အကြမ်းဖက် စစ်အုပ်စု စစ်ကြောင်းတွင် ကြီး-ရွှေအောင်သာ တိုက်ပွဲများအတွင်း ကိုယ်လက်အင်္ဂါ မသန်မစွမ်း (တို/ပြတ်) ဖြစ်သွားသည့် စစ်ခွေးများနှင့် ပျူစောထီး ဒဏ်ရာရ လူနာများ ပါဝင်လာပြီး ပင်ထောင်ရွာသို့ ရောက်ရှိနေ။ ဆောမြို့နယ်အတွင်း တိုက်ပွဲများ၌ ဒဏ်ရာရရှိခဲ့သည့် အကြမ်းဖက် စစ်အုပ်စု တပ်ဖွဲ့ဝင်များကိုလည်း စက်တင်ဘာ ၂၀ ရက်နေ့တွင် လောင်းရှည်မြို့သို့ ပို့ဆောင်ခဲ့ပြီး အဆိုပါ စစ်ကြောင်းသည် ခရီးစဉ်အတွင်း အရပ်သား ပြည်သူ ၄ ဦးအား […]

သမင်ဖြူပေါက်လို့ ရွာကနှင်ထုတ်ခံရတဲ့ ၇၂ နှစ်အရွယ် အဘိုးအို

ကျောက်တစ်လုံးကြီးတွင် အသက် ၇၂ အရွယ် အဖိုးအိုတစ်ဦးကို သမင်ဖြူများပေါက်သည်ဆိုကာ ရွာမှနှင်ထုတ် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျောက်တစ်လုံးကြီးမြို့နယ်၊ ဆောင်ဖိုးကျေးရွာ (တခေါ့ရွာ) တွင် အသက် ၇၂ အရွယ် အဖိုးအိုတစ်ဦးကို သမင်ဖြူများပေါက်နေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ရွာသားများက နှင်ထုတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာ ၁၈ ရက်တွင် ကျေးရွာသူကြီး၊ အုပ်ချုပ်ရေးမှုအဖွဲ့ဝင်များနှင့် ရွာသားများက နှင်ထုတ်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာသားများ၏ စိုးရိမ်မှု လျော့ပါးစေရန် တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက လာရောက်စစ်ဆေးပြီး သမင်ဖြူရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည့် ရောဂါမဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့သော် လည်း ရွာသားအချို့က လက်မခံဘဲ မောင်းထုတ်ရန် ဆက်လက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။​ “အသက် ၇၂ အရွယ်ဆိုတာ သက်ကြီးရွယ်အိုတစ်ယောက်ပါ။ ဒီအရွယ်မှာ နေစရာတစ်ခုရှိပြီး အေးအေးချမ်းချမ်း နေထိုင်နိုင်ဖို့ပဲ […]

တစ်ရှက်ကနေ နှစ်ရှက်ဖြစ်ခဲ့ရပြန်ပြီ

ရွေးတုအစိုးရက TIME မဂ္ဂဇင်းပါ ဆောင်းပါးကို ပြစ်တင်ခြင်းသည် နိုင်ငံတကာ မီဒီယာကို နားလည်မှု မရှိ၍ အရှက်ကွဲခြင်းဖြစ်ဟု ဆို ကမ္ဘာ့အဆင့်မီ TIME မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် မြန်မာ့အရေးဆောင်းပါးနှင့် ပတ်သက်၍ ရွေးတု အစိုးရက သတင်းမီဒီယာကျင့်ဝတ်မရှိဟု ပြစ်တင်ထုတ်ပြန်ခဲ့ခြင်းသည် မီဒီယာသဘောတရားကို နားလည်မှုမရှိခြင်းကြောင့်ဖြစ်ပြီး စစ်အုပ်စု၏ အရှက်ကွဲမှုကို ပေါ်လွင်စေခဲ့ကြောင်း မြန်မာ့သတင်းစာ ဆရာများက သုံးသပ်ပြောကြားသည်။ ယမန်နေ့ စက်တင်ဘာ ၂၃ ရက်နေ့က TIME မဂ္ဂဇင်းတွင် “အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်နေသော မြန်မာအာဏာရှင်” ခေါင်းစဉ်ဖြင့် ဆောင်းပါးထွက်ပေါ်လာပြီးနောက် ယင်းနေ့မှာပင် TIME မဂ္ဂဇင်းသည် အင်တာဗျူးကို အမေးအဖြေပုံစံအတိုင်း ရေးသားဖော်ပြခြင်းမရှိဘဲ ဆောင်းပါးပုံစံရေးသားဖော်ပြခြင်းသည် မီဒီယာကျင့်ဝတ်နှင့် မကိုက်ညီကြောင်း ရွေးတုအစိုးရက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ TIME မဂ္ဂဇင်း၏ […]

ထိုင်ဝမ်နိုင်ငံသား နောက်ကွယ်က ကြိုးကိုင်ထားသည့် ရန်ကုန်မြို့လယ်က လောင်းကစားဂိုဏ်းကြီး

ထိုင်ဝမ်နိုင်ငံသား နောက်ကွယ်က ကြိုးကိုင်ထားသည့် ရန်ကုန်မြို့လယ်က ငွေကျပ် သိန်း ၄ ထောင်တန် လောင်းကစားဂိုဏ်းကြီး ဖမ်းမိ ရန်ကုန်မြို့ရဲ့ အပြင်ပန်း အေးချမ်းတဲ့ ညချမ်းတွေနောက်ကွယ်မှာ တိတ်တဆိတ် လည်ပတ်နေတဲ့ အွန်လိုင်းလောင်းကစား ငွေမည်းကွန်ယက်ကြီးတစ်ခုကိုတော့ သက်ဆိုင်ရာက အမြစ်ပြတ် ဖြိုခွင်းလိုက်ပါပြီ။ ဒီဖြစ်စဉ်ဟာ ရုပ်ရှင်ကားတစ်ကားလိုပါပဲ။ သဲလွန်စတစ်ခုကနေ စတင်လိုက်တဲ့ စစ်ဆင်ရေးဟာ နိုင်ငံဖြတ်ကျော် ခိုင်းစေနေတဲ့ အွန်လိုင်းဂိမ်း လျှို့ဝှက်ချက်တွေကိုပါ ဆွဲထုတ်နိုင်ခဲ့တာပါ။ ဇာတ်လမ်းစတာကတော့ ပြီးခဲ့တဲ့ ဩဂုတ်လ (၂၁) ရက်နေ့ ညပိုင်းကပါ။ မြောက်ဒဂုံမြို့နယ်၊ (၃၁) ရပ်ကွက်က နေအိမ်တစ်လုံးမှာ အွန်လိုင်းလောင်းကစားတွေ လုပ်နေတယ်ဆိုတဲ့ သတင်းကြောင့် ဝင်ရောက်စီးနင်းရာကနေ အေးဉာဏ်ပိုင်ဆိုသူ ဦးဆောင်တဲ့ အဖွဲ့ဝင် (၂၄) ဦးကို ကွန်ပျူတာတွေ၊ ဖုန်းတွေနဲ့အတူ ပထမဆုံး ဖမ်းမိခဲ့ပါတယ်။ ဒီကနေမှတစ်ဆင့် […]

မအလ တယ်လီနောကို ခြိမ်းခြောက်ခဲ့သမျှ ဖော်ပြီ

စစ်တပ်၏ အမိန့်မလိုက်နာလျှင် ဝန်ထမ်းများ ထောင်ချ နှိပ်စက်ခံရခြင်းနှင့် သေဒဏ်ချမှတ်ခံရနိုင်သဖြင့် ရွေးချယ်စရာမရှိခဲ့” ဟု Telenor က တရားစွဲအမှုဖွင့်ခံထားရမှုအပေါ် အကြောင်းပြတုံ့ပြန်လာ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများလုပ်ကိုင်ခဲ့စဉ် စစ်တပ်၏ အမိန့်များကို မလိုက်နာပါက Telenor ဝန်ထမ်းများအနေဖြင့် ထောင်ချခံရခြင်း၊ နှိပ်စက်ခံရခြင်း သို့မဟုတ် သေဒဏ်ချမှတ်ခံရခြင်းများ ရင်ဆိုင်ရနိုင်သောကြောင့် ဝန်ထမ်းများ၏ အသက်အန္တရာယ်ကို မစွန့်စားနိုင်သဖြင့် ရွေးချယ်စရာမရှိခဲ့ကြောင်း Telenor က တရားစွဲဆိုမှုနှင့် စုံစမ်းစစ်ဆေးမှုအပေါ် တုံ့ပြန်ပြောဆိုသည်။ နော်ဝေနိုင်ငံအခြေစိုက် Telenor ASA က မြန်မာနိုင်ငံတွင် ယခင်က လုပ်ကိုင်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်၍ နော်ဝေဥပဒေအရ Sanctions Act ကို ချိုးဖောက်ခဲ့သည်ဟု သံသယရှိခြင်းနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ပါဝင်ကူညီခဲ့မှုတို့ဖြင့် ကုမ္ပဏီအပေါ် နော်ဝေအာဏာပိုင်များက […]

🍉စကေးလ်ကို ကျော်စွာလင်း 💩ချမ်းနေပြီ

စစ်တပ်အတွင်းသတင်းလုံခြုံမှုများ ကျိုးပေါက်ပါက ထိခိုက်မှုနှင့် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နိုင်၍ အလေးအနက်ထား ထိန်းသိမ်းရန် ဒုတပ်ချုပ် ကျော်စွာလင်း ပြောဆို အကြမ်းဖက် စစ်တပ်အတွင်းသတင်းလုံခြုံမှုများ ကျိုးပေါက်ပါက ထိခိုက်မှုနှင့် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နိုင်၍ အလေးအနက်ထား ထိန်းသိမ်းရန် ဒုတပ်ချုပ် ကျော်စွာလင်းက ပြောဆိုခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ ၂၁ ရက်နေ့တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ခန်းမ၌ ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဝင်းအတွင်းရှိ ရုံးဌာနအသီးသီးမှ အရာရှိကြီးများနှင့် တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်တပ်အတွင်း သတင်းလုံခြုံမှု ကျိုးပေါက်ပါက ထိခိုက်မှုနှင့် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နိုင်သဖြင့် လုံခြုံရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်မှန်သမျှကို အလေးအနက်ထား ထိန်းသိမ်းကြရန် လိုအပ်ကြောင်း ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ စစ်သားတစ်ဦးချင်းစီအနေဖြင့် သတင်းလုံခြုံရေးကို အထူးဂရုပြု […]

တောင်ကြီးမြို့က ပထမဆုံး အမျိုးသမီးအုပ်ကြီး

တောင်ကြီးမြို့မှာ ပထမဆုံး အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ခံရ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ကန်ရှေ့ရပ်ကွက်မှာ ဒေါ်သီတာလှိုင်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်လိုက်ပြီး တောင်ကြီးမြို့မှာ ပထမဆုံး အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ကန်ရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကို စက်တင်ဘာ ၁၈ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရာအိမ်မှူးအမျိုးသမီး ၄ ဦးအနက် မဲအများဆုံးရရှိတဲ့ ဒေါ်သီတာလှိုင်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခဲ့တာလို့ သိရပါတယ်။ ဒေါ်သီတာလှိုင်ဟာ ယခင်အုပ်ချုပ်ရေးမှူးဟောင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ရွေးချယ်ပွဲမှာ ၁၆ မဲရရှိခဲ့ပြီး ယခင်အုပ်ချုပ်ရေးမှူးဟောင်းက ၂ မဲ ရရှိခဲ့တယ်လို့ သိရပါတယ်။ တောင်ကြီးမြို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတာဝန်တွေကို ယခင်က အမျိုးသားတွေက အများအားဖြင့် တာဝန်ယူခဲ့ကြတာဖြစ်ပြီး ဒေါ်သီတာလှိုင်ဟာ တောင်ကြီးမြို့မှာ ပထမဆုံး အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံရသူ […]

ရန်ကုန် မြို့လယ်ခေါင်မှာ အိမ်စီးကားတွေပေါ် အလစ်ငိုက်တက် ဓားထောက်လုမှုတွေ ခပ်စိပ်စိပ်ဖြစ်လာ

ရန်ကုန်တွင် အိမ်စီးကားများပေါ်သို့ အလစ်အငိုက်တက်ကာ ဓားထောက်လုယက်မှုများ ရှိနေ ရန်ကုန်မြို့ရှိ လူစည်ကားရာနေရာများတွင် အိမ်စီးကားများပေါ်သို့ အလစ်အငိုက်တက်ကာ ဓား ထောက်လုယက်မှုများ ရှိနေကြောင်း သိရသည်။ ကားပိုင်ရှင်က လမ်းဘေး၌ ရပ်ထားသော ကားပေါ် တက်သည့်အချိန်တွင် ကားရှေ့ခန်းနှင့် နောက်ခန်းထဲသို့ လူ ၃ ဦး အလစ်အငိုက်တက်ထိုင်ကာ ဓားဖြင့်ထောက်ပြီး လူရှင်းသည့်နေရာ သို့ မောင်းခိုင်းကာ လုယက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံအချို့ထံက သိရသည်။ “ကားပါကင်ထိုးတဲ့နေရာတွေမှာ အဲကောင်တွေက စောင့်ကြည့်နေကြတာ။ ရေခိုင်တဲ့သူ(ပိုက်ဆံရှိ တဲ့သူ)လို့ ထင်ရင် ကားပေါ်ပြန်အတက်မှာ လုပ်တာ။ အော်တယ် ဟစ်တယ်ဆို အသေလုပ်မယ့်ပုံပဲ။ ရန်ကုန်မှာ ဒါမျိုး လုပ်နေကြတာ ကြာပြီ။ လက်ဆုပ်လက်ကိုင် မပြနိုင်တာပဲ ရှိတယ်။ အလုပ်ခံရတဲ့ သူတွေက သေမှာကြောက်လို့ မအော်ရဲဘူး။ ခံရပြီးရင် ရဲတိုင်လည်း […]

ရပ်ကွက်ဓမ္မာရုံတွေ ဘူဒိုဇာနဲ့ထိုးမယ်ဆိုတဲ့ “စိုး” လျှပ်စစ်တည်ထောင်သူ ဦးစိုးတင့်ရဲ့သား

“စိုး” လျှပ်စစ်တည်ထောင်သူ ဦးစိုးတင့်ရဲ့သား ကိုကျော်မင်းထွန်းက ဓမ္မာရုံတွေကို မြေထိုးစက်နဲ့ ထိုးပစ်မယ်လို့ ခြိမ်းခြောက်ပြောဆို နေပြည်တော်၊ ပျဉ်းမနားမြို့၊ “စိုး” လျှပ်စစ် တည်ထောင်သူ ဦးစိုးတင့်ရဲ့ သားဖြစ်သူ ကိုကျော်မင်းထွန်းက ပျဉ်းမနားမြို့အတွင်းရှိ ဓမ္မာရုံတွေမှာ တာဝန်ယူထားတဲ့ ရပ်မိရပ်ဘ လူကြီးတွေကို ရိုင်းစိုင်းစွာ ပြောဆိုခဲ့တဲ့အပြင် ဓမ္မာရုံတွေကိုလည်း မြေထိုးစက်နဲ့ ထိုးပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့မှုအရ သိရပါတယ်။ ပျဉ်းမနားမြို့အတွင်းမှာ ရပ်ကွက်အလိုက် ဓမ္မာရုံ ၈ ရုံ ရှိပြီး ကိုကျော်မင်းထွန်း ဟာ စက်တင်ဘာလ ၁၉ ရက်နေ့က သွားရောက်ခဲ့ကာ ဓမ္မာရုံက တာဝန်ရှိ ရပ်မိရပ်ဘ လူကြီးတွေနဲ့ တွေ့ဆုံခဲ့ပြီး အာဏာရှင်ဆန်စွာ ပြောဆိုဆက်ဆံခဲ့တယ်လို့ ဆိုပါတယ်။ “မြို့ထဲမှာ ရှိတဲ့ ဓမ္မာရုံ ၈ ရုံက […]

ကျောင်းအုပ်ဆရာမ လက်စွမ်းပြလိုက်ပြန်ပြီ

လွိုင်လင် ဟွေးတောက်မူလွန်ကျောင်းတွင် ကျောင်းအုပ်ဆရာမက ကျောင်းသားတစ်ဦးကို ညိုမဲစွဲသည်အထိ ရိုက်နှက် ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ဟွေးတောက်မူလွန်ကျောင်းတွင် ကလေးငြိမ်ငြိမ်မနေသည်ဟုဆိုကာ ကျောင်းအုပ်ဆရာမဖြစ်သူက ကျောင်းသားတစ်ဦးကို ညိုမဲစွဲသည်အထိ ရိုက်နှက်ခဲ့ပြီး ဆေးကုသခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါဖြစ်စဉ်သည် စက်တင်ဘာ ၁၇ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းအုပ်ဆရာမက ကျောင်းသားတစ်ဦးကို ရိုက်နှက်ခဲ့ခြင်းကြောင့် ကလေး၏ ခန္ဓာကိုယ်တွင် ညိုမဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ ကိုယ်ထိလက်ရောက် ရိုက်နှက်ဆုံးမမှုများ ဖြစ်ပွားနေခြင်းအပေါ် မိဘများနှင့် ဒေသခံအချို့က စိုးရိမ်နေကြပြီး ကလေးများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ပေးရန် လိုလားနေကြသည်။ “ကလေးတွေကို ဒီလောက်အထိ ရိုက်နှက်တာကတော့ လွန်လွန်းတယ်။ ကလေးတောင် ဆေးခန်းသွားပြရတဲ့အထိ ဖြစ်သွားတယ်။ ကလေးတစ်ယောက်ကို ဆုံးမတယ်ဆိုတာနဲ့ ဒီလောက်အထိ ရိုက်နှက်လို့ရတာ မဟုတ်ဘူး။ တစ်ခုခု […]

သူ့ရဲ့ ဘုန်းတော်ဘွဲ့တွေမရေးလို့ Time မဂ္ဂဇင်းကို စိတ်ကောက်သွားတဲ့ အပုလေး

မင်းအောင်လှိုင်ကို အမွှန်းတင်ရေးသားမှု မရှိသဖြင့် Time မဂ္ဂဇင်းအား မီဒီယာကျင့်ဝတ်မရှိဟု စစ်ကောင်စီ စွပ်စွဲ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ကမ္ဘာကျော် Time မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် ဆောင်းပါးနှင့် ပတ်သက်၍ မီဒီယာကျင့်ဝတ်နှင့် မညီဟု ဆိုကာ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ယနေ့တွင် ထုတ်ပြန်ခဲ့သည်။ Time မဂ္ဂဇင်းသည် “The Feature of Myanmar” ဆိုသည့် ခေါင်းစဉ်ဖြင့် စစ်ကောင်စီ၏ သမိုင်းဝင် အခန်းကဏ္ဍ၊ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင်မှုများကို ရေးသားဖော်ပြရန် စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးမှတစ်ဆင့် အင်တာဗျူးခွင့် တောင်းခံခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။ Time မဂ္ဂဇင်းသည် ဂုဏ်သိက္ခာရှိသည့် သတင်းဌာနတစ်ခု ဖြစ်သည့်အတွက် အပြုသဘောဆောင်သည့် အနေဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် […]