📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်
အမြန်လမ်းမှာ ယာဥ်မောင်းအိပ်ငိုက်လို့ ဖြစ်ကြပြန်ပြီ

ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှု ၂ ကြိမ်ဖြစ်ပွား၊ ထိခိုက်ဒ-ဏ်ရာရသူမရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက အရှိန်မထိန်းနိုင်ခြင်းနှင့် ယာဉ်မောင်းအိပ်ငိုက်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်နှစ်ခုစလုံးတွင် ထိခိုက်ဒ-ဏ်ရာရရှိသူ မရှိကြောင်း သိရသည်။ ပထမဖြစ်စဉ်မှာ နံနက် ၁၂ နာရီခွဲခန့်က ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် “ရွှေလရောင်” အဝေးပြေးခရီးသည်တင်ယာဉ်သည် ကျွဲကောသီးအိတ်များ တင်ဆောင်လာစဉ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၇/၆ အရောက်၌ အရှိန်မထိန်းနိုင်ဘဲ အတွင်းယာဉ်ကြောနှင့် ကပ်လျက်ရှိသည့် မြေသားလမ်းပုခုံးပေါ်သို့ ရောက်ရှိရပ်တန့်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း အဝေးပြေးခရီးသည်တင်ယာဉ်မှာ ပျ-က်စီးမှုအချို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမြန်လမ်းအသုံးပြုသည့် ခရီးသည်တင်ယာဉ်များအနေဖြင့် ကုန်ပစ္စည်းများ တင်ဆောင်ခြင်းမပြုရန်၊ လမ်းပေါ်မထွက်မီ ယာဉ်ကြံ့ခိုင်မှုကို သေချာစွာ စစ်ဆေးရန်နှင့် […]

AA ကို ချေမှုန်းမယ်ဆိုတဲ့ လပ်တီး အခြေအနေ

AA ကို ချေမှုန်းရန် ရွေးတုအစိုးရစစ်တပ်က အင်အားသုံး ထိုးစစ်ဆင်နေသော်လည်း အထိနာကာ စခန်းအချို့ လက်လွှတ်နေရ ရခိုင်ပြည်နယ်အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီး၌ ရွေးတုအစိုးရစစ်တပ်က အင်အားအလုံးအရင်းဖြင့် အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်လျက်ရှိသော်လည်း အာရက္ခတပ်တော် (AA) ၏ တန်ပြန်တိုက်ခိုက်မှုများကြောင့် အထိနာကာ သေဆုံးမှု များပြားနေကြောင်း သိရသည်။ ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့မှစ၍ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တို့တွင် “ရန်နိုင်အောင် (၄၉၂၆)” စစ်ဆင်ရေး အမည်တပ်ကာ အင်အားအလုံးအရင်းဖြင့် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။ “စစ်တပ်အထက်လူကြီးများက ရခိုင်ပြည်နယ်ကြီးကို အမြစ်ပါမကျန် သုတ်သင်ပစ်ဖို့အတွက် အမြို့မြို့အနယ်နယ် အဘက်ဘက်မှ စစ်မြေပြင်ကိုဖြန့်ပြီး စစ်ခင်းထားသည်” ဟု AA ဖမ်းဆီးရမိခဲ့သည့် သုံ့ပန်းတပ်သား မိုက်ကယ်၏ ထွက်ဆိုချက်အရ သိရသည်။ […]

US ကြေညာချက် တိုင်းပြည်ကို ပတ်ရမ်းတော့မယ်

အမေရိကန်က မြန်မာနိုင်ငံကို မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးသည့် အဓိကနိုင်ငံစာရင်းတွင် ထည့်သွင်း စစ်‌ကောင်စီက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လိုက်နာဖို့ ပျက်ကွက်ခဲ့ဟုဆို သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံကို အဓိကမူးယစ်ဆေးဝါး ထုတ်လုပ်တာနဲ့ ဖြတ်သန်းသယ်ဆောင်တဲ့နိုင်ငံအဖြစ် သတ်မှတ်လိုက်ပြီး စစ်ကောင်စီဟာမူးယစ်ဆေးဝါးတိုက်ဖျက်ရေး သဘောတူညီချက်တွေကို ဆောင်ရွက်ဖို့ ထင်ရှားစွာပျက်ကွက်ခဲ့တယ်လို့ အမေရိကန်အစိုးရက စက်တင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံဟာ ၂၀၂၇ ဘဏ္ဍာနှစ်အတွက် အဓိကမူးယစ်ဆေးဝါး ထုတ်လုပ်တာ ဒါမှမဟုတ် ဖြတ်သန်းသယ်ဆောင်တဲ့ အဓိကနိုင်ငံအဖြစ် သတ်မှတ်လိုက်တာပါ။ အဲဒီလို သတ်မှတ်ခံရတဲ့ နိုင်ငံတွေကတော့ အာဖဂန်နစ္စတန်၊ ဘာဟားမား၊ ဘလိဇ်၊ ဘိုလီးဗီးယား၊ မြန်မာ၊ တရုတ်၊ ကိုလံဘီယာ၊ ကော့စတာရီကာ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ အီကွေဒေါ၊ အယ်လ်ဆာဗေးဒိုး၊ ဂွါတီမာလာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ […]

အညာတခွင် ပဲ့တင်ထပ်နေတဲ့ တောင်းပန်တိုးလျှိုး အော်ညည်းသံတွေ

အညာတခွင် ပဲ့တင်ထပ်နေတဲ့ တောင်းပန်တိုးသျှိုး အော်ညည်းသံတွေ ပေါက်နဲ့မြိုင်နယ်က ပြည်သူတွေကို စစ်အုပ်စု ဘယ်လို အမဲလိုက် သတ်ဖြတ်နေလဲ မိခင်ဖြစ်သူ ကြိုတင် စစ်ဘေးရှောင် ထွက်ပြေးမယ့်နောက် မစုဌေး တစ်ယောက် လိုက်ပါဖို့ အထုပ် တပြင်ပြင်။ ယခင်အကြိမ်တွေလို မဟုတ်ဘဲ ဒီတစ်ကြိမ် မစုဌေးကို ကြည့်ရတာ တော်တော်လေး ကြောက်ရွံ့ ထိတ်လန်နေတယ်လို့ မစုဌေးရဲ့ ညီမက ပြန်ပြောပြပါတယ်။ “ခေါ်မသွားရလို့ စိတ်မကောင်းတာ ရှိတယ်၊ ဖြစ်မယ့်နေ့က လိုက်ချင်တယ်နဲ့ ပြောတယ်၊ လိုက်လို့ မရဘူး၊ သူက လျှောက်ပြောတာကိုး၊ လမ်းကြောင်း စစ်ကြောင်းနဲ့တွေ့ရင် လျှောက်ပြောမှာမို့လို့ မလိုက်ခိုင်းတာ၊ အဲဒီ သူတို့သွားတဲ့နေ အဲဒီညနေ ထွက်ပြေးရတဲ့နေ့ပဲ၊ သူက ဒီတစ်ခါ အကြောက်ဆုံးပဲ လိုက်ချင်တာ” အသက် ၃၀ ကျော်အရွယ် […]

ဆူးလေးပန်းခြံက သနားလို့ ခေါ်လာတဲ့ ကလေး ဖုန်း ၃ လုံး လစ်ပြေး

ဆူးလေးပန်းခြံကနေ သနားလို့ ခေါ်လာမိတဲ့ ကလေးက သူများအပ်ထားတဲ့ ဖုန်း (၃) လုံးကို ခိုးယူထွက်ပြေး ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့က ဆူးလေးပန်းခြံထဲမှာ အုပ်ထိန်းသူမဲ့နေတဲ့ ကလေးငယ်တစ်ဦးကို တွေ့ရှိခဲ့ရာကနေ ဒီစိတ်မကောင်းစရာ ဖြစ်စဉ်လေး စတင်ခဲ့ပါတယ်။ မိဘတွေအကြောင်း မေးကြည့်တဲ့အခါမှာ ကလေးဖြစ်သူက သူ့ကိုခေါ်ထားတဲ့သူတွေက အမြဲနှိပ်စက်တတ်တယ်လို့ ရင်ဖွင့်လာတဲ့အတွက် ကြားရသူအဖို့ နှလုံးသားမကောင်းဖြစ်ကာ၊ သနားစိတ်အပြည့်နဲ့ ကူညီစောင့်ရှောက်ပေးဖို့ ဆုံးဖြတ်ခဲ့မိပါတယ်။ ဥပဒေနဲ့အညီ ဖြစ်စေဖို့အတွက် လမ်းမတော်ရဲစခန်းကို စနစ်တကျ သတင်းပို့ အသိပေးပြီးမှသာ ထိုကလေးကို အိမ်သို့ ခေါ်ဆောင်လာခဲ့တာပါ။ ဒါပေမယ့် မိမိရဲ့ ယုံကြည်မှုနဲ့ စေတနာတွေဟာ အဲ့ဒီနေ့ ညပိုင်းမှာပဲ ရိုက်ချိုးခံလိုက်ရပါတယ်။ အိမ်ရှင်တွေ အလစ်မှာ ကလေးဖြစ်သူဟာ အိမ်တံခါးသော့ကို ကိုယ်တိုင်ဖွင့်ပြီး အိမ်ထဲမှာရှိနေတဲ့ ဖုန်း […]

သိန်း ၅,၄၀၀ ကျော် မိခဲ့တဲ့ နာမည်ကျော် ကြက်ဝိုင်းကြီး

ညောင်တုန်းတွင် အနုပညာရှင်များပင် လာရောက်လေ့ရှိသည့် နာမည်ကြီး ကြက်ဝိုင်းကို အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ ဖမ်းဆီး၊ လောင်းကြေးငွေသိန်းရာချီ အပျောက်ရိုက် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင် နာမည်ကြီး အနုပညာရှင်များပင် လာရောက် လောင်းကစားလေ့ရှိသည့် င် ကြက်တိုက်လောင်းကစားဝိုင်းကို အကြမ်းဖက်စစ်အုပ်စု၏ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ရာ၌ လောင်းကြေးငွေ ကျပ်သိန်း ၁၄၀ ကျော်သာ သက်သေခံအဖြစ် ဖမ်းဆီးပြပြီး ကျန်ရှိသည့် ငွေကြေးများကို အပျောက်ရိုက် သောက်သုံးသွားကြကြောင်း ဒေသခံများ၏ ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၈ ရက်နေ့က ညောင်တုန်းမြို့နယ်၊ နတ်ပေးကျေးရွာအုပ်စု၊ ဇရပ်ကွင်းကျေးရွာရှိ ကျော်သူ ပိုင်ဆိုင်သည့် နေအိမ်ခြံဝင်းအတွင်း အလျား ပေ ၁၀၀၊ အနံ ပေ ၄၀ ခန့်ရှိ ဓနိမိုးတဲအတွင်း ပေ ၂၀ […]

အမေစုအပေါ် အလွန်သက်ညှာပေးခဲ့တယ်ဆိုတဲ့ မင်းအောင်လှိုင်

ဒေါ်အောင်ဆန်းစုကြည်အပေါ် အလွန် သက်ညှာပေးခဲ့သည်ဟု မင်းအောင်လှိုင် ပြော မြန်မာနိုင်ငံ၏ သမ္မတနေရာ ရယူထားသော ၂၀၂၆ သမ္မတ မင်းအောင်လှိုင်က ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အလွန် သက်ညှာ ပေးခဲ့ကြောင်းနှင့် သူမ၏ အခြေအနေကို ပြန်လည်သုံးသပ်နိုင်မည့် အခြေအနေများ ပေါ်ပေါက်လာပါက အနာဂတ်တွင် ပြောင်းလဲမှုများ ရှိလာနိုင်ကြောင်း TIME မဂ္ဂဇင်းနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြောခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်အနေဖြင့် အနောက်တိုင်းမီဒီယာတခုနှင့် ပထမဆုံး အင်တာဗျူးအဖြစ် TIME မဂ္ဂဇင်းမှ အကြီးတန်း အယ်ဒီတာ ချာလီကမ်းဘဲလ်နှင့် နေပြည်တော်ရှိ စစ်အုပ်စုသမ္မတရုံးတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်သည်။ အင်တာဗျူးအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ မေးမြန်းရာတွင် မင်းအောင်လှိုင်က သူမအပေါ် “အလွန်သက်ညှာ […]

ရဟတ်ယာဉ်ကွင်းပါတဲ့စခန်းကြီး တက်သိမ်းပြီ (ရုပ်သံ)

ခေါင်လန်ဖူးတွင် စစ်တပ်၏ ရဟတ်ယာဉ်ကွင်းပါစစ်စခန်းကြီးတစ်ခုကို KIA နှင့် ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက် ‎ ‎ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ရွေးတုအစိုးရ စစ်တပ်၏ ဗျူဟာမြောက် နယ်ခြား မှတ်တိုင် (၃၀) စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက စက်တင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းတွင် အပြီးသတ် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။ ‎ KIA နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များသည် ခေါင်လန်ဖူး၊ အမတ်ပေါ်ဒေသရှိ နယ်ခြားစောင့်စခန်း အမှတ် (၃၀) ကို ‎ယနေ့ နေ့လယ်ပိုင်းက သိမ်းယူနိုင်ခဲ့ပြီး ရှင်းလင်းရေးလုပ်ဆောင်နေကြောင်း သိရသည်။ ‎ ‎”BP 30 က ရဟတ်ယာဉ်ကွင်းပါ စခန်းကြီးကို KIA က သိမ်းလိုက်နိုင်ပါတယ်”ဟု […]

ရန်ကုန် မြို့လယ်ခေါင်မှာ အိမ်စီးကားတွေပေါ် အလစ်ငိုက်တက် ဓားထောက်လုမှုတွေ ခပ်စိပ်စိပ်ဖြစ်လာ

ရန်ကုန်တွင် အိမ်စီးကားများပေါ်သို့ အလစ်အငိုက်တက်ကာ ဓားထောက်လုယက်မှုများ ရှိနေ ရန်ကုန်မြို့ရှိ လူစည်ကားရာနေရာများတွင် အိမ်စီးကားများပေါ်သို့ အလစ်အငိုက်တက်ကာ ဓား ထောက်လုယက်မှုများ ရှိနေကြောင်း သိရသည်။ ကားပိုင်ရှင်က လမ်းဘေး၌ ရပ်ထားသော ကားပေါ် တက်သည့်အချိန်တွင် ကားရှေ့ခန်းနှင့် နောက်ခန်းထဲသို့ လူ ၃ ဦး အလစ်အငိုက်တက်ထိုင်ကာ ဓားဖြင့်ထောက်ပြီး လူရှင်းသည့်နေရာ သို့ မောင်းခိုင်းကာ လုယက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံအချို့ထံက သိရသည်။ “ကားပါကင်ထိုးတဲ့နေရာတွေမှာ အဲကောင်တွေက စောင့်ကြည့်နေကြတာ။ ရေခိုင်တဲ့သူ(ပိုက်ဆံရှိ တဲ့သူ)လို့ ထင်ရင် ကားပေါ်ပြန်အတက်မှာ လုပ်တာ။ အော်တယ် ဟစ်တယ်ဆို အသေလုပ်မယ့်ပုံပဲ။ ရန်ကုန်မှာ ဒါမျိုး လုပ်နေကြတာ ကြာပြီ။ လက်ဆုပ်လက်ကိုင် မပြနိုင်တာပဲ ရှိတယ်။ အလုပ်ခံရတဲ့ သူတွေက သေမှာကြောက်လို့ မအော်ရဲဘူး။ ခံရပြီးရင် ရဲတိုင်လည်း […]

ရပ်ကွက်ဓမ္မာရုံတွေ ဘူဒိုဇာနဲ့ထိုးမယ်ဆိုတဲ့ “စိုး” လျှပ်စစ်တည်ထောင်သူ ဦးစိုးတင့်ရဲ့သား

“စိုး” လျှပ်စစ်တည်ထောင်သူ ဦးစိုးတင့်ရဲ့သား ကိုကျော်မင်းထွန်းက ဓမ္မာရုံတွေကို မြေထိုးစက်နဲ့ ထိုးပစ်မယ်လို့ ခြိမ်းခြောက်ပြောဆို နေပြည်တော်၊ ပျဉ်းမနားမြို့၊ “စိုး” လျှပ်စစ် တည်ထောင်သူ ဦးစိုးတင့်ရဲ့ သားဖြစ်သူ ကိုကျော်မင်းထွန်းက ပျဉ်းမနားမြို့အတွင်းရှိ ဓမ္မာရုံတွေမှာ တာဝန်ယူထားတဲ့ ရပ်မိရပ်ဘ လူကြီးတွေကို ရိုင်းစိုင်းစွာ ပြောဆိုခဲ့တဲ့အပြင် ဓမ္မာရုံတွေကိုလည်း မြေထိုးစက်နဲ့ ထိုးပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့မှုအရ သိရပါတယ်။ ပျဉ်းမနားမြို့အတွင်းမှာ ရပ်ကွက်အလိုက် ဓမ္မာရုံ ၈ ရုံ ရှိပြီး ကိုကျော်မင်းထွန်း ဟာ စက်တင်ဘာလ ၁၉ ရက်နေ့က သွားရောက်ခဲ့ကာ ဓမ္မာရုံက တာဝန်ရှိ ရပ်မိရပ်ဘ လူကြီးတွေနဲ့ တွေ့ဆုံခဲ့ပြီး အာဏာရှင်ဆန်စွာ ပြောဆိုဆက်ဆံခဲ့တယ်လို့ ဆိုပါတယ်။ “မြို့ထဲမှာ ရှိတဲ့ ဓမ္မာရုံ ၈ ရုံက […]

‎ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မှာ သောက်²လဲ ကိန်ခဲ့ကြပြန်ပြီ

‎ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်စစ်ဆင်ရေး ရွေးတုအစိုးရစစ်တပ် သေဆုံးမှုများပြီး AA တန်ပြန်ထိုးစစ်ကြောင့် ခြေကုတ်စခန်းနှင့် ကာကင်းအချို့ လက်လွှတ်ရ ‎ ‎ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်တွင် ရွေးတုအစိုးရစစ်တပ်က စက်တင်ဘာလ ၄ ရက်နေ့မှစတင်ကာ လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးပစ်ကူများအသုံးပြု၍ စစ်ကြောင်းထိုးစစ်ဆင်ခဲ့သော်လည်း အာရက္ခတပ်တော် (AA) ၏ တန်ပြန်ထိုးစစ်ကြောင့် စစ်တပ်၏ ခြေကုတ်စခန်းများနှင့် ကာကင်းအချို့ကို AA က သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း သိရသည်။ ‎ ‎စက်တင်ဘာ ၁၇ ရက်နေ့အထိ စစ်တပ်၏ ကာကင်းစခန်း လေးခုအထိကို AA ကထိန်းချုပ်လိုက်ပြီး စစ်တပ်ဘက်မှ နောက်ကြောင်းပြန်ဆုတ်ပြေးရသည်ဟုလည်း သိရသည်။ ‎ ‎စစ်တွေမြို့ဘက်မှ ပုဏ္ဏားကျွန်းဘက်သို့ စစ်ကြောင်းထိုးလာသည့် ရွေးတုအစိုးရစစ်တပ်သည် ရှေ့ဆက်မတိုးနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရပြီး အမြင့်ကျွန်းတံတား၊ ရွှေမင်းဂံရေတပ်စခန်းအနီး ကံကော်ကျွန်းဝန်းကျင်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ […]

ကလေးမှာ ကွန်ပြူတာဆိုင် 🔥🚒မှု အမျိုးသမီးဝန်ထမ်းသုံးဦး ပိတ်မိT-ဆုံး

ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ ကလေးမြို့မှာ ကွန်ပြူတာဆိုင် မီးလောင်ပြီး အမျိုးသမီးဝန်ထမ်းသုံးဦး ပိတ်မိသေဆုံး စစ်ကိုင်းတိုင်း၊ကလေးမြို့ ၊တပ်ဦးသီတာရပ်ကွက်မှာ စက်တင်ဘာ(၂၁)ရက် ညပိုင်းက ကွန်ပြူတာဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးဝန်ထမ်းသုံးဦး ပိတ်မိသေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ စက်တင်ဘာ(၂၁)ရက် ည(၁၁)နာရီဝန်းကျင်မှာ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက် ကမ္ဘာ့ရတနာဘဏ်နဲ့ အင်ပါယာစတိုးဆိုင်ကြားက (Apple) ကွန်ပြူတာဆိုင် မီးလောင်ခဲ့တာဖြစ်ပြီး ဆိုင်အတွင်းရှိနေတဲ့ အမျိုးသမီးသုံးဦး ပိတ်မိသေဆုံးခဲ့တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။ “ညကြီးမီးလောင်တာ၊တံခါးတွေ ရိုက်ချိုးဖွင့်ကြသေးတယ်။ဘယ်လိုဖွင့်လို့မရဘူး ။မီးတောက်ကပြင်းတော့ မီးထဲပါသွားတာ ” မီးလောင်နေချိန်မှာ ဆိုင်အတွင်း အလုပ်လုပ်ကိုင်နေတဲ့ မင်းကင်းမြို့နယ် ၊ ဆိတ်သာကျေးရွာက အမျိုးသမီးနှစ်ဦးနဲ့ ကလေးဝမြို့နယ်က အမျိုးသမီးတစ်ဦးတို့ ရှိနေတာဖြစ်ပြီး ဆိုင်တံခါးတွေ ရိုက်ချိုးဖွင့်ကြပေမယ့် ဖွင့်မရတဲ့အတွက် မီးလောင်သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ကလေးမြို့မှာ လျှပ်စစ်မီးမရရှိတာကြောင့် ဘထ္ထရီအိုး အသုံးပြုရာက […]

နစ်မြုပ်လုဆဲမို့ ကြိုးလေးတစ်မျှင်တောင်းခဲ့ပေမယ့် ပလစ်ခံလိုက်ရတဲ့ စခ တစ်အုပ်

နစ်မြုပ်ခါနီး စစ်သင်္ဘောထဲက စစ်သားတွေ ကြိုးတမျှင်တောင်းခဲ့ပေမယ့် စစ်ဗိုလ်ချုပ်တွေမကူညီခဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့ကို တက်လာတဲ့စစ်သင်္ဘောတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်မှုအတွင်း နစ်မြုပ်ခါနီးစစ်သင်္ဘောတစီးထဲက စစ်သားတွေအကူအညီတောင်းခံနေတဲ့ အသံဖိုင်ကို တော်လှန်ရေးတပ်ဖွဲ့တွေရရှိခဲ့ပါတယ်။ အဲ့ဒီ့အသံဖိုင်ထဲမှာတော့ စစ်သင်္ဘော ဟာနစ်မြုပ်ခါနီးဖြစ်နေတဲ့အတွက် ကြိုးတမျှင်လောက်နဲ့ နောက်ထပ်သင်္ဘောတစီးကနေ ထိန်းခေါ်ပေးသွားဖို့ အကူအညီတောင်းခံခဲ့ပေမယ့် စစ်ဗိုလ်ချုပ်တွေကတော့ အကြောင်းမပြန်ခဲ့တာကိုတွေ့ရပါတယ်။ မန္တလေးမှ ဗန်းမော်မြို့သို့ ဆန်တက်လာသော စစ်သင်္ဘောအုပ်စုမှ သင်္ဘော ၂၀ နီးပါးကို ဖျက်ဆီးနိုင်ပြီဟု KIA က တရား၀င်ထုတ်ပြန်ကြေညာ မန္တလေးမှ ဗန်းမော်မြို့သို့ ဆန်တက်လာသော စစ်သင်္ဘောအုပ်စုမှ သင်္ဘော ၂၀ နီးပါးကို ဖျက်ဆီးနိုင်ပြီဖြစ်ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာန LAIZA TVက ယမန်နေ့ညပိုင်း တရား၀င်ထုတ် ပြန်ကြေညာသည်။ ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်း ရွှေကူမြို့မှ […]

သရက်ခရိုင်က PDF တပ်ဖွဲ့ဝင် ၆ ဦး ဘက်ပြောင်း

သရက်ခရိုင်အတွင်း စစ်ရေးတင်းမာနေချိန် PDF တပ်ဖွဲ့ဝင် ၆ ဦး အကြမ်းဖက်စစ်တပ်ထံ ဘက်ပြောင်း ​မကွေးတိုင်း၊ သရက်ခရိုင်အတွင်း စစ်ရေးတင်းမာနေချိန် အကြမ်းဖက်စစ်တပ်လက်အောက်ကို တပ်ဖွဲ့ဝင် ၆ ဦး လက်နက်တွေနဲ့အတူ ထွက်ပြေးအညံ့ခံသွားကြောင်း သရက်ခရိုင် အမှတ်-၄တပ်ရင်းရဲ့ သတင်းတာဝန်ခံ ကိုမြတ်ကမောင်းကိုပြောပါတယ်။ သရက်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ PDF သရက်ခရိုင် အမှတ်- ၄ တပ်ရင်းရဲ့ တပ်ဖွဲ့ဝင် ၆ ဦးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ပထမပတ်အတွင်းမှာပဲ အကြမ်းဖက်စစ်တပ်ရှိရာကို လက်နက်တွေနဲ့အတူ ထွက်ပြေးဘက်ပြောင်းသွားတယ်လို့ သိရပါတယ်။ အညံ့ခံဘက်ပြောင်းသွားသူတွေကတော့ ရန်ပိုင်စိုး(ခ) ပိုင်လေး၊ လမင်းသန့်၊ ဇင်မိုးအောင်၊ မိုးထက်ကျော်၊ မျိုးထက်နိုင်နဲ့ သူထူးစံ တို့ဖြစ်ကြပြီး ပထမဆုံးထွက်ပြေးသွားတဲ့ ရန်ပိုင်စိုး(ခ) ပိုင်လေးရဲ့ ဆက်လက်ချိတ်ဆက်မှုကနေ နောက်ထပ်ရဲဘော် ၅ ဦး ပါ […]

နေရာတင်

တရုတ်နိုင်ငံတွင် လျှပ်စစ်စကူတာ ရုတ်တရက် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသမီးတစ်ဦး သေဆုံး တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ်၌ အမျိုးသမီးတစ်ဦး လျှပ်စစ်စကူတာ မောင်းနှင်ရန် ပြင်ဆင်နေစဉ် မော်တော်ယာဉ် ရုတ်တရက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ ပေါက်ကွဲမှုကြောင့် အဆိုပါ အမျိုးသမီးမှာ အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးခဲ့ပြီး ပေါက်ကွဲရသည့် အကြောင်းအရင်းကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိ တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ်ရှိ လမ်းတစ်နေရာတွင် စက်တင်ဘာ ၂၂ ရက်နေ့က လျှပ်စစ်စကူတာတစ်စီး ရုတ်တရက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ဖြစ်စဉ်မှာ အမျိုးသမီးတစ်ဦးသည် လျှပ်စစ်စကူတာကို စီးနင်းရန် ပြင်ဆင်နေစဉ် အဆိုပါ စကူတာမှာ ရုတ်တရက် ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့ခြင်း ဖြစ်သည်။ […]

ပြည်ပရောက် လူငယ်များ ကိုယ်စားမဲနှိုက်ရတော့မယ့်စနစ်

ပြည်ပရောက်ရှိနေသော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားလူငယ်များကို စစ်မှု ထမ်းမဲနှိုက်သူများစာရင်းတွင် ထည့်သွင်းပြီး မဲပေါက်ပါက မြန်မာနိုင်ငံပြန်လာ၍ စစ်မှုထမ်းဆောင်ခိုင်းရေး လုပ်ဆောင်ရန် ညွှန်ကြား အကြမ်းဖက်စစ်တပ်က ပြည်ပရောက်ရှိနေသော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုး သားများကို စစ်မှုထမ်းမဲနှိုက်သူများစာရင်းတွင် ထည့်သွင်းခိုင်းထားပြီး မဲပေါက်ပါက မြန်မာနိုင်ငံပြန် လာ၍ စစ်မှုထမ်းဆောင်ခိုင်းရေး လုပ်ဆောင်ရန် ညွှန်ကြားလာကြောင်း ရန်ကုန်တိုင်းမှ မြို့နယ်စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်တစ်ဦးကပြောဆိုသည်။ ယခင်က မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက စစ်မှုထမ်းများခေါ်ယူခြင်းနှင့်မဲနှိုက်ပွဲများ လုပ် ဆောင်ခြင်း အပါအဝင် စစ်မှုထမ်ဆိုင်ရာ အပြီး သတ်အဆုံးအဖြတ် စီမံခန့်ခွဲခွင့်ရရှိခဲ့သော်လည်း ဩ ဂုတ်လနှောင်းပိုင်းမှစတင်၍ ခရိုင်စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များက သက်ဆိုင်ရာမြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို စီမံညွှန်ကြားတိုက်ရိုက် ထိန်းချုပ်လာကြောင်း၊ မြို့နယ်များတွင် […]

နစ်မြုပ်လုဆဲမို့ ကြိုးလေးတစ်မျှင်တောင်းခဲ့ပေမယ့် ပလစ်ခံလိုက်ရတဲ့ စခ တစ်အုပ်

နစ်မြုပ်ခါနီး စစ်သင်္ဘောထဲက စစ်သားတွေ ကြိုးတမျှင်တောင်းခဲ့ပေမယ့် စစ်ဗိုလ်ချုပ်တွေမကူညီခဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့ကို တက်လာတဲ့စစ်သင်္ဘောတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်မှုအတွင်း နစ်မြုပ်ခါနီးစစ်သင်္ဘောတစီးထဲက စစ်သားတွေအကူအညီတောင်းခံနေတဲ့ အသံဖိုင်ကို တော်လှန်ရေးတပ်ဖွဲ့တွေရရှိခဲ့ပါတယ်။ အဲ့ဒီ့အသံဖိုင်ထဲမှာတော့ စစ်သင်္ဘော ဟာနစ်မြုပ်ခါနီးဖြစ်နေတဲ့အတွက် ကြိုးတမျှင်လောက်နဲ့ နောက်ထပ်သင်္ဘောတစီးကနေ ထိန်းခေါ်ပေးသွားဖို့ အကူအညီတောင်းခံခဲ့ပေမယ့် စစ်ဗိုလ်ချုပ်တွေကတော့ အကြောင်းမပြန်ခဲ့တာကိုတွေ့ရပါတယ်။ မန္တလေးမှ ဗန်းမော်မြို့သို့ ဆန်တက်လာသော စစ်သင်္ဘောအုပ်စုမှ သင်္ဘော ၂၀ နီးပါးကို ဖျက်ဆီးနိုင်ပြီဟု KIA က တရား၀င်ထုတ်ပြန်ကြေညာ မန္တလေးမှ ဗန်းမော်မြို့သို့ ဆန်တက်လာသော စစ်သင်္ဘောအုပ်စုမှ သင်္ဘော ၂၀ နီးပါးကို ဖျက်ဆီးနိုင်ပြီဖြစ်ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာန LAIZA TVက ယမန်နေ့ညပိုင်း တရား၀င်ထုတ် ပြန်ကြေညာသည်။ ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်း ရွှေကူမြို့မှ […]

သမီးငယ်အား ခြင်ထောင်ထဲပိတ်လှောင်ပြီး ရက်စက်ခဲ့တဲ့ ဖခင်ကို တရားစွဲတော့မယ့် ခိုင်နှင်းဝေ

ခြင်ထောင်ထဲပိတ်လှောင်ပြီး သမီးငယ်ကို ရက်စက်ခဲ့သည့် ဖခင်အရင်းအား ခိုင်နှင်းဝေဂေဟာမှ တရားလိုပြုလုပ်၍ တရားစွဲဆို အိမ်ဆိုတာ ကလေးငယ်တွေအတွက် အလုံခြုံဆုံး၊ အနွေးထွေးဆုံး နားခိုရာဖြစ်ရမယ့်အစား ဖခင်အရင်းရဲ့ ရက်စက်မှုတွေအောက်မှာ နေ့စဉ်နဲ့အမျှ ငရဲခန်းသဖွယ် ဖြတ်သန်းခဲ့ရတဲ့ ၈ နှစ်အရွယ် သမီးငယ်လေးရဲ့ ဖြစ်ရပ်ဆိုးဟာ ကြားရသူတိုင်း ရင်ကွဲမတတ်ပါပဲ။ ကယ်တင်နိုင်ခဲ့တဲ့ သတင်းကို မနေ့ညကတည်းက ကြားသိခဲ့ရပြီး ဝမ်းသာခဲ့ရပေမယ့်၊ အခုအခါမှာတော့ ပိုပြီးထိုက်တန်တဲ့ တရားမျှတမှုတစ်ခုကိုပါ ထပ်မံလုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ သမီးငယ်လေးကို ခြင်ထောင်ထဲပိတ်လှောင်ပြီး ကြောက်လန့်တကြား ငိုကြွေးနေတဲ့ကြားက ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခဲ့တဲ့ ဖခင်အရင်းဖြစ်သူကို “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ” ကနေ ကိုယ်တိုင်တရားလိုပြုလုပ်ပြီး “ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှု” နဲ့ တရားစွဲဆိုမှုတွေ ဆက်လက်လုပ်ဆောင်နေပြီလို့ ဒီကနေ့နံနက်မှာ ထပ်မံအသိပေးလာပါတယ်။ ဖြစ်စဉ်ကို ပြန်ကြည့်ရင် အသက် ၈ […]